Thursday, May 24, 2012

Candle Case

(ဘာရယ်ဟုတ်ပါဘူး..။ဒီပုံလေး ကြိုက်တယ်ဆိုလို့ ထပ်တင်ပေးလိုက်တား)

ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် စာရေးမလို့ပါဘဲ..။ မရေးဖြစ်တဲ့အကြောင်းကို...ဟိုကြောင့်၊ဒီကြောင့် အကြောင်းပြချက်တွေ မပေးတော့ ပါဘူး။ကိုယ်တိုင် အားမထုတ်ဖြစ်တာလည်းပါပါတယ်။တောင်းရော ဇကောပါ ပန်ပါတယ်။လွှတ်ချင်ရာ လွှတ်ကြပါ :D။

ဒီကနေ့မှာ လူကြီးမင်းတစ်ယောက်က ကိုယ့်ဘ၀အစကို မှတ်မိစေပါတယ်။“သတင်းထောက်” တဲ့း)။ မှန်ပါတယ်။ သတင်းထောက်ရင်း ဒီလောကထဲ ရောက်လာတဲ့ ကိုယ့်ဘ၀ ကိုယ်မေ့နေတာအပြစ်ပါ။ ဘကြီးအောင် ကို ကျေးဇူးတင်ပါတယ်။သူပြောလို့ ခန်းမနားကို(သွားပြီး) စနည်းနာဖြစ်တာပါး)။ပထမနေ့ ကလည်း သွားပါတယ်။ကိုက်နှစ်ရာလောက်အကွာတင်.. ပြန်လှည့်လာခဲ့တာပါ။( သတ္တိမရှိဘူးလေ...း))

မြို့လယ်ခေါင်ရဲ့ တစ်ဖက်တစ်ခြမ်းမှာ ဈေးဝယ်သူ၊ အိမ်ပြန်သူ၊ဘတ်(စ်)ကားစောင့်သူတွေနဲ့ ပုံမှန် စည်ကား သွားလာနေကြသလို..နောက်တစ်ခြမ်းမှာတော့ ယုံကြည်ချက်ကြောင့် ဖယောင်းတိုင်မီးထွန်းရင်း အသံတိတ် ဆန္ဒဖော်ထုတ်နေသူတွေနဲ့ ပြည့်ကြပ်နေပါတယ်။မြင်ကွင်းတစ်ခုက နေ့စဉ်မြင်တွေ့နေကျ  မြင်ကွင်းဖြစ်နေတာ မို့သမရိုးကျမဟုတ်တဲ့ နောက်ထပ်မြင်ကွင်းတစ်ခုဆီကို စနည်းနာဖို့ (တောင်ကြည့်၊မြောက်ကြည့်ရင်း) သွားခဲ့ ပါတယ်။(ဘယ်သူ့မှ ဘာမှမလုပ်ဘူး အသံကြားလို့) လမ်းလျှောက်ရင်းပါ။

ဟိုရောက်တော့ ကိုယ်ကလည်း တဖျတ်ဖျတ် သူကလည်းတဖျတ်ဖျတ်နဲ့ ဖယောင်းတိုင်မထွန်းခင် လင်း ထိန် နေပါတယ်။ကိုယ့်ဆန္ဒကိုယ် ငြိမ်းချမ်းစွာ ဖော်ထုတ်ကြတယ်ဆိုတဲ့ပွဲကို သွားကြည့်ဖူးတာ ဒါပထမ ဆုံးပါ။ ဒါတောင် သွားကြည့်ရုံသက်သက်ပါဘဲး)။သွားကြည့်တဲ့ထဲ ဖယောင်းတိုင် ကိုင်သူတွေကနည်းနည်း (ကိုယ်အပါအ၀င်) ဘေးကရပ်ကြည့်နေသူတွေက များများပါ။

အတော်စည်ကားပါတယ်။

ရေးတာတော့ရေးပါ။သူများဆိုင် ပျက်စီးရအောင်တော့..


ဒီနေ့..ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ကြတယ်ဆိုတာ..ဒီလိုပါ။တစ်စုံတစ်ဦးက သူ့ရင်ထဲမှာရှိတဲ့၊ သူပြောချင်တဲ့ စကားကို သာမာန်ထက် နည်းနည်းခပ်ကျယ်ကျယ် ပြောလိုက်ရင် သူ့နားကို သတင်းထောက်တွေကော လူတွေအား လုံးပါ ရောက်လာကြပါတယ်။ပြောချင်တာပြောပြီးရင် သတင်းထောက်တွေက သူတို့သိချင်တာ နည်း နည်းပြန်မေးပေါ့။ ပြီးရင် အားလုံးက လက်ခုပ်ဝိုင်းတီးကြပါတယ် ။ဒါပါဘဲး)။

တစ်ယောက်ယောက်က “ဟိုနေရာမှာဟေ့”ဆို..အပြေးအလွှားသွားကြ၊ ဒီနေရာဟေ့ဆို အပြေး အလွှာ ပြန်လာလိုက်ကြနဲ့တတ်ကြွနေကြပုံများ...း)

“လုံထိန်း”တွေလား..? ရှိပါတယ်။ ကားလမ်းရှင်းပေးနေကြတာ။ သူတို့အချင်းချင်းတော့“ ကြားလား ကြားလား ကြားရင်အကြောင်းပြန်၊ ခြေနေဘယ်လိုရှိလဲ”... ဒါလောက်ပါဘဲ။(အဟမ်း..)

တစ်ယောက်ယောက်က ပြောလိုက်ရင် အဲသလို ၀ိုင်းအုံးသွားကြတာ..

ဒါက..နောက်တစ်ဦး..အနားရောက်တော့ အံ့သြရပါတယ်။ဘယ်သူတွေလို့ထင်ပါသလဲ?

စိတ်ဝင်စားနေတဲ့လူအုပ်ကြီး..


မီးမလာ.၊ရေမရလို့ မြို့ပေါ်တက်လာတဲ့ တောင်သူဦးကြီးများပါ။“တစ်ချို့တွေက ကိုယ်တိုင်ခက်ခဲနေလည်း မပြောရဲကြဘူး။ကျုပ်တို့ကတော့ ကိုယ့်အခက်ခဲကိုယ်ပွင့်ပွင့်လင်းလင်းပြောရမှာဘဲ ခင်ဗျားတို့ရိုက်ချင်လည်း ရိုက်သွားကြ..မျက်နှာပါ ပါအောင်ရိုက်ကြ”တဲ့..။


ပုံတွေထပ်ကုန်ရင် ဆောတီးပါ။မထပ်ဘူးလို့တော့ ထင်တာပါဘဲး)

မျက်နှာကြီးပေါ်လာလို့ ဖမ်းအုပ်ရပါသေးတယ်။
(တစ်ခါ မန္တလေးမစိုးရိမ်ကျောင်းတိုက်ကြီး ရေကြီးတော့ အဲလိုလေးတွေ အုပ်ထားတာတွေ့မိလို့ သဘောကျသွားတာ။ကျေးဇူးပါအစ်မ...း)

လူများပြီး ပွဲစည်တား)

အသွားတုန်းက ရိုက်တာပါ။ တင်လိုက်တော့ အောက်ဆုံးရောက်သွားတယ်


“အစ်မ ... ပါလား”
“ဟင့်အင်း..မပါဘူးညီမ..အစ်မတို့က..ကြည့်ရုံဘဲလာတာ”း)






တစ်ဖက်ကလည်း ရှိတုန်းကတော့ ပိုလျှံနေတယ်ပြောပြီး..မရှိတော့မှ ပြည်သူပေးတဲ့ပြစ်ဒဏ် ခံယူ မယ်ပြောပါ တယ်။ရှိခဲ့တုန်းကရော (အခု) မရှိလာတဲ့ အခြေနေထိအောင်...အကျိုးဆက်ချင်း၊ခံစားရတာချင်း တူနေပေမယ့် အပြစ်မ ဆိုသာ ...း)

တစ်ဖက်ကလည်း နှစ်ပေါင်းဆယ်စုနှစ်ကျော်(မတတ်သာလို့) မသိချင်ယောင်ဆောင်၊ ဘာသိ ဘာသာ နေခဲ့ ရသမျှ ခံစားချက်တွေ ထုတ်ဖော်ကြတာ..။သူတို့ လိုချင်တာလေးတွေ (တကယ်)လိုအပ်နေတာတွေကိုပါ။ ဒါကြောင့်မို့ အပြစ်မတင်ရက်..း)


တစ်ယောက်နဲ့တစ်ယောက်  (ပြည်သူ ထဲက ပြည်သူ ချင်း ချင်းတွေဘဲမို့) ကူညီနားလည် ဖေးမမှုတွေနဲ့ တစ်ဦး လိုအပ်ချက်ကို တစ်ဦး (တတ်နိုင် သလောက်)ဖြည့် ဆည်းပေးစေချင်ပါတယ်။ညှိညှိနှိုင်းနှိုင်းလေး လုပ်ကြပါ။ ဓာတ်ဆီ၊ဒီဇယ်ဖိုး မတတ်နိုင်တော့လို့ပါ။း)



ချစ်ခင်လေးစားလျှက်

18 comments:

  1. စီအိုင်အေ ပစ်ပစ်May 25, 2012 at 12:38 AM

    ညမတော်..ပိုစ့်တင်ပုံထောက်ရင်တော့
    အိမ်းးး
    ဒီညမီးလာသကိုးးးး

    ReplyDelete
  2. တောင်သူလယ်သမားတွေ တက်လာပေမဲ့
    မြို့သူ အလယ်သမားတွေတော့ မတက်လာဘူး ထင်ပါ့။း)

    သီတင်းကျွတ်မီးထွန်းပွဲကျနေတာဘဲ ပျော်စရာကြီး။
    တတ်နိုင်ရင် မီးပုံးပျံတွေမှာ မြို့လုံးပြည့် လွတ်တင်ပေးရမှာ။

    ReplyDelete
  3. မြန်မာပြည် မီးရပါစေ အင်တာနက် ရပါစေ..
    လို့ ဘယ်မှာဆုတောင်းရမလဲ တိန်...

    ReplyDelete
  4. သတင်းထောက်သမီးစံရေ..
    ချောင်းဆိုးပျောက်သွားပြီလား..သတင်းလေးဖတ်ရလို့ ကျေးဇူးပါ..

    ဓာတ်ဆီ၊ဒီဇယ်ဖိုး မတတ်နိုင်တော့လို့ပါ။း)

    ဟုတ်တယ်သမီးစံရေ...ဖုန်းဆက်တိုင်းလဲ အိမ်က ဒါပဲ ပြောတယ်..မွဲတော့မယ်တဲ့..

    ခင်တဲ့
    အိမ်မက်စေရာ

    ReplyDelete
  5. ပုံတွေကြည့်သွားတယ်။ တခါမှ မကြုံဖူးလို့ ထူးထူးခြားခြားဖြစ်တာတော့ အမှန်ပဲ။ လျှပ်စစ်မီးလဲ လာဦးမှ။

    ReplyDelete
  6. အင်း မီး မီး မီး ဘယ်တော့များမှ ပြန်လာမှာလဲကွယ်

    ReplyDelete
  7. ငါ့ညီမ ရေးထားတဲ့ပုံစံလေး သဘောကျတယ်...
    ဖတ်ပြီး ပြုံးချင်ချင်ဖြစ်ရတယ်
    နောက်ဆုံးစာပိုဒ်ကတော့ တကယ်ကိုထိတယ်။

    ReplyDelete
  8. အဟမ်းးးးးး အဟမ်းးးးးး
    ဖယောင်းတိုင် performance ဆိုတာ သမီးစံက စခဲ့တာပါး)))

    ReplyDelete
  9. အစ်မတစ်သက် ဒီလိုဆန္ဒပြပွဲ ဒီတစ်ခါသာကြုံဘူးတယ်...
    အားလုံးအမြန် အဆင်ပြေစေချင်တယ်...
    ပုံလေးတွေမြင်ရတော့ သမီးစံရဲ့ အားထုတ်မှုအတွက် ကျေနပ်စရာ..

    ReplyDelete
  10. တမီးစံရေ....ပုံတွေရော ဗီဒီယိုတွေရော အကုန်ကြည့်သွားတယ်.....နှစ်ဦးနှစ်ဖက် အဆင်ပြေပြေ ဖြစ်ကြပါစေဗျာ....

    ReplyDelete
  11. ဒါကြောင့် ကိုး
    မီးဒုက္ခမသေးဘူးနော်
    ပြည်သူတွေဘယ်လိုနေပါသလဲ/?????

    ReplyDelete
  12. တမှီးချန် နီနာ့ကိုများ ဘကြီးအောင်တဲ့...CNNတမှီးချန် ဖယောင်းတိုင် ရောင်းတဲ့သူတွေတော့ ချမ်းသာလောက်ပြီနော်...ပုံတွေ အစအဆုံးကြည့်သွားပါကြောင်း

    ReplyDelete
  13. ပထမဆုံးပုံလေးကတော့ တကယ်အထိဆုံးပဲ.. သမီးစံရေ..း)

    ReplyDelete
  14. မြန်မာပြည်ကြီး မီးအမြန်ရပါစေ...

    ReplyDelete
  15. dear, i got only for this month. are you busy?

    ReplyDelete
  16. dear, i got only one for this month. are you busy?

    ReplyDelete
  17. ဖယောင်းတိုင်တော့ရောင်းကောင်းနေပြီ...း)

    ReplyDelete
  18. Pls speed up. I can't certified with only one in a month. Are you busy or not well?

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..