Tuesday, July 17, 2012

ဥယျာဉ်မှူးများ အလိုရှိသည်

သင်တိုက်သည့် သွေး
သင်ပေးသည့် အား
သင့် သွေးဓါးကား
ထောင်လွှား တစ်ရက်
ကောင်းကင် ထက်၌ လွင့်တက် ၀ဲပျံ
ထောင်စု အလံ
ဦးမှာ ပန်၍ ။

ကမ္ဘာမကြေ
တေးကို စေကြ
လှိုင်းကြွ ဖြင်းဖြင်း
သွေးခင်း ဖြန့်ဖြန့်
သန့်သန့် ရဲနီ
ငါသည် မြန်မာ
သင် ကြွေးပါလော့။

ထိုမည် တစ်ရက်
အနာဂတ်၌
လွင့်တက် ၀ဲပျံ
ပြည့် အလံ ဆီ
ငါတို့ရည်လျှက်

ချွေးစက် ကိုလောင်း

ပင်ပေါင်း ပန်းဝေ
ကမ္ဘာ မကြေ
တေးချင်း မြေသို့
ကျွန်စေပို့၏...။

နွေတေးရှင်





သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းဆောင်အတွက် အလှုရှင်များစာရင်း 

မလေးရှားနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ 




လေးစားစွာဖြင့်
ကိုရင်(http://madankoo.blogspot.com)
02:12(GMT)



6 comments:

  1. ကဗျာလေးခံစားသွားပြီး အလှူရှင်တွေ အားလုံးကိုလည်း သာဓုခေါ်ခဲ့ပါတယ်ဗျာ...
    နောက်ထပ်အလှူရှင်တွေလည်း ပေါ်ပေါက်လာဦးမှာပါ အမရေ...:-)

    ReplyDelete
  2.း)သာဓုဗျာ သာဓု သာဓု

    ReplyDelete
  3. မင်းဧရာဘလော့မှာ အခုပဲဖတ်လာတယ် သမီးစံရေ။
    နက်ဖြန်လာရင် လှူမယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အားရစရာပဲ .... ဗျာ ... ။

    ReplyDelete
  5. ကဗျာလေးက အားမာန်အပြည့်ပဲ မမရေ ... အလှူရှင်အားလုံးရဲ့ လှူဒါန်းမှုများအတွက် သာဓုခေါ်ဆိုသွားပါတယ် ... :)

    ReplyDelete
  6. မောင်မောင်လည်း အများကြီး လှူနိုင်အောင် ကြိုးစားမယ်ဗျို.။ လက်ရှိလည်း လတိုင်းလှူနေပါတယ်ခင်ဗျာ။ အစ်မစံ ကုသိုလ်တွေအများကြီးရသွားပြီ

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..