Friday, November 30, 2012

ဇိမ်



ညယံအခါ ..... ။

မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်

တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ

ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ

ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍

ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ

စိုပြေသာလ ၊ အခါသမယ၌

ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား

တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ

အေးမြချမ်းအေး ၊ စမ်းရေစီးသံ

နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို

ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ

ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး

ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌

ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း

မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်

ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်

ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ

ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။

[ အင် အင်း သည်လည်း ပါတတ်လျင် ကဗျာ ဆန်ပါသည်။]

                                                                          “ည”


(ဒီကဗျာကိုမှ ဆားမချက်ရင် နိုဝင်ဘာလအတွက်..Label နေရာမှာ ကွက်လပ်ဖြစ်သွားတော့မယ်။း)) 

ပိုင်ရာဆိုင်ရာများကိုလည်း..ပို့စ်အသစ်ကို မှန်မှန်ဆက်ကြေးမပေးနိုင်တဲ့အတွက် တစ်ပါးတည်းတောင်းပန်ပါရစေ ..
ဖေ့ဘုတ်ပေါ်မှာ (တကယ်)အလုပ်များနေလို့ပါ :D

21 comments:

  1. သြော်...သြော်....ဖွဘုတ်ပေါ်မှာ အတော်ကို အလုပ်များနေရှာသကိုး....:P

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)November 30, 2012 at 10:12 PM

    မိစံတစ်ယောက် အင်း အင်း အင်းနဲ့ လပြည့်ညအရသာကို ခံစားခဲ့ဟန်တူပါရဲ့။း)

    ReplyDelete
  3. အင် အင်း ကဗျာပေါ့နော် အပျိုကြီး ..... ။

    ReplyDelete
  4. သမီးစံ
    ဇိမ်....ညလေးမှာအင်အင်း....တွေဖတ်ရင်း
    အားပေးသွားရတယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  5. လေတယ် မိစံ လေတယ်

    ReplyDelete
  6. မိစံလေးရေ .. လာခဲ့တယ်နော် ... ပျော်ရွှင်ဖွယ် ဒီဇင်ဘာလေးပါနော် ညလေး ;)

    ReplyDelete
  7. ဟာာာာာာာာာာာား
    မိစံလုပ်လိုက်မှဖြင့်
    အင်း အင်း ပါတာကိုတောင် ကဗျာဖွဲ့လိုက်သေး။

    ( မင်းဧရာ )

    ReplyDelete
  8. အားပေးရမှာလည်းတမျိုးကြီး

    ReplyDelete
  9. အင်းအင်းနဲ့ ဆားချက်တာတော့ အတော်နံသဟယ်......

    ReplyDelete
  10. ကဗျာလှလှလေးကို ခံစားခဲ့ပါတယ်ဗျာ ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete
  11. အလုပ်များနေတာ ဖေ့ဘုတ်ပေါ်မှာလားးးးးဟရို့ :)

    ဆားချက်တဲ့ အင် ...အင် ကဗျာလည်း ကောင်းလိုက်တာ :P

    ReplyDelete
  12. ရေးတတ်တဲ့သူများကတော့ အင်အင်းး ပါတာတောင် ကဗျာဖြစ်တယ်
    တော်ချက်.. (y) facebook သင်္ကေတနဲ့လက်မထောင်ပြသွားသည်

    ReplyDelete
  13. ဒီဇင်ဘာညချမ်းလေးမှာအလည်လာရင်း စာလေးကိုဖတ်သွားတယ်နော်
    ပျော်ရွှင်နိုင်ပါစေ
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  14. အင်..အင်း
    ပါတဲ့ကဗျာ ပထမဆုံးဖတ်ဖူးခြင်း

    ReplyDelete
  15. အင်..အင်း
    ပါတဲ့ကဗျာ
    ပထမဆုံးအကြိမ် ဖတ်ဖူးခြင်း

    ReplyDelete
  16. တိန်. ဂိန်.. တိန်. (နောက်တစ်ခါ.ရီရင်းနဲ့.. )တိန်

    ReplyDelete
  17. မရောက်တာကြာလို့ ဇိမ် လာကျသွားတယ်။
    ရေးတတ်သူတွေကတော့ ရေးတတ်တာပေါ့
    ဒီလိုဘဲပြောခဲ့တော့မယ်။
    ဖေ့ဘွတ်ထဲအလုပ်ရှုပ်တာလား အရှုပ်လုပ်တာလားဟင်..
    ကဗျာဖတ်ရင်း ရောက်ခဲ့ပါကြောင်း


    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete
  18. ကဗျာကယာ‌ရေးထားတဲ့ကဗျာ

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..