Saturday, December 29, 2012

2012 ကို ပြန်လှည့်ကြည့်ခြင်း (Tag)

အားလုံးဘဲ... မင်္ဂလာပါ။
သမီးစံ ဆိုတဲ့ အပေအတေတစ်ကောင်ကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။း)
ပြီးခဲ့တဲ့ရက်အနည်းက “ခံစားမှုသံစဉ်”အိမ်ပိုင်ရှင် ဘလော့ဂါ(အစ်မ)စီအိုင်အေ ပစ်ပစ်က  ၂၀၁၂ခုနှစ် ကို ပြန်လှည့် ကြည့် ခိုင်းပါတယ်။ ဆရာမောင်ဘုန်း (ကောင်းကင်ဖြူ)ကလည်း ဖေ့ဘုတ်ပေါ်က ဆင်းခဲ့ပါတဲ့း)

ဒီခေါင်းစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တိုင်ကလည်း အုန်း လွဲနေ ပါတယ်။ဒီတော့ .. လှည့်ကြည့်ဖို့ အဆင် မပြေ ဘူးပေါ့နော်။ (တကယ်လွဲနေတာပါ။ မယုံရင် ပုံပြင်လိုမှတ်း)



နှစ်တစ်နှစ် ကုန်သွားတိုင်းမှာ (နှစ်တိုင်းလိုလို)ခံစားမိတာကတော့ ဘယ်အရာမှ မမြဲဘူး ဆိုတာ ပါဘဲး)။ နှစ်ထောင့်ဆယ့်နှစ်မှာ ကိုယ်ကိုယ်တိုင်ခံစားရတာသလို တစ်ပါးသူကိုထိခိုက် နစ်နာစေခဲ့တာတွေ ပါအများကြီးရှိခဲ့တာမို့မသိစေချင်တာလေးတွေကိုထိန်ချန်ပြီးတော့ ရေးသွားပါမယ်…း)။
ဖြစ်ခဲ့ပြီးတဲ့ နောက်ကြောင်းတွေကို ကောင်းသော်ရှိ၊ ဆိုးသော် ရှိ ပြန်မ လှည့်ကြည့်ချင်တော့ပေမယ့် စီအိုင်အေရဲ့ တစ်ချက်လွှတ်အမိန့်ကို မလွန်ဆန်နိုင်ပါဘူး။ အကြောင်း သိသလိုရှိနေတော့ ပို.. ကြောက် ရပါတယ်း)) (အလျှောက်ကောင်း အထောင်းသက်သာသဟဲ့.. :P)

ဒီတော့... ၂၀၁၂မှာ မှတ်မိတာလေးတွေကို “လ”လေးတွေနဲ့ အစဉ်တိုင်း စဉ်းစားပြီး ရမ်းဖြီးသွားပါမယ် :D
ဇန်န၀ါရီလမှာ အမေ့မွေးနေ့လုပ်ပါတယ်။ထူးထူးခြားခြားမဟုတ်ပေမယ့် ရေးတဲ့အထဲမှာ“လ”တစ်လ လိုနေမှာစိုးလို့ရေးဖြစ်လိုက်ပါတယ်။အမေ့မွေးနေ့မှာဘာမှလည်းမပေးခဲ့နိုင်ပါဘူး။
 နှစ်ထောင့်ဆယ့်သုံးမှာတော့ ပေးနိုင်ပါလိမ့်မယ်..း)


ဖေဖော်ဝါရီလမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သန်လျင်မြို့ရဲ့ အထင်ကရ “ဆံတော်ရှင် ကျိုက်ခေါက်စေတီ တော်မြတ်ကြီး” ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ ဘုရားဖူးပြည်သူတွေကို နှစ်စဉ် စတုဒီသာကျွေးမွေးနေတဲ့ “တက္ကသိုလ်များ မိသားစု”ဓမ္မာရုံမှာ ကူညီဖြစ်ခဲ့ပါတယ်။အခုလိုမျိုး ကူညီခဲ့ဖူးတာ ပထမဦးဆုံးအကြိမ်ဆိုတော့ ထူးခြားတယ်ပြောရပါမယ်။ 

မတ်လမှာ နေတော်တော်ပူပါတယ်။ :D

ဧပြီလ(၆)ရက်နေ့မှာ မှာ “မြန်မာမုဒိတာလူငယ်များ”ဆိုတဲ့ လူငယ်ပရဟိတ အဖွဲ့လေးမှာ တစ်တပ်၊တစ်အား ပထမဆုံး ပါဝင်ကူညီပေးခဲ့ပါတယ်။ သဒ္ဒါပေါက်ပြီး လာရောက်လှူဒါန်းတဲ့အလှူရှင်တွေခမျာ အလှူခံပေးတဲ့ သူဆီ အိမ်တိုင်ရာရောက် အလှူငွေ ထည့်လာပေးတာကို လက်ခံပေးရတဲ့အထိအောင် ကူညီဖြစ် ခဲ့ပါတယ်း)။  မုဒိတာအဖွဲ့နဲ့လက်တွဲလုပ်ရတာ ပျော်စရာလည်းကောင်းသလို၊ မိတ်ဆွေ သူငယ်ချင်းတွေ လည်း  အများကြီး ကောက်ရခဲ့ပါတယ်။

ဧပြီလ (သင်္ကြန်တွင်း)မှာသီလရှင်ခဲ့ပါတယ်။
အသက်ခပ်ငယ်ငယ်တုန်းက တစ်ခါဝတ်ခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်သွားပါတယ်။ အစပျိုးပြီးပြီ။ အရှိန်ရလာပြီဖြစ်တဲ့အတွက် နောင်နှစ်တွေလည်း အကောင်အထည်ဖော်သွားနိုင်ဖို့ ရည်ရွယ် ပါတယ်။ အရည်အတွက်ကနေ အရည်အချင်းဖြစ်အောင် ကြိုးစား ရင်းပေါ့လေ (ပြောတာပါဘဲ..း) ။ ဆံပင်တွေကိုပယ်၊ လူဝတ်ကနေ၊ သစ်ခေါက် ဆိုးရောင် လဲတော့ အမေကပြောတယ် “ဆရာလေး နဲ့သိပ်လိုက်တာဘဲ”..တဲ့။ ရာသက်ပန် ၀တ်ဖြစ်ရင် အမေတော့ မယ်တော် ကြီးဖြစ်ရချည်သေးရဲ့..း))။ တိုက်ဆိုင် တာလားတော့ မပြောတတ်ပါဘူး။ ကိုယ်နဲ့ အတူ တရားအားထုတ်မယ့် အခန်းဖော် ဆရာလေး တွေကလည်း ရာသက်ပန်တွေချည်းပါဘဲ။ ဆရာလေးတွေ အကုန်လုံးက ငယ်ဖြူတွေဆိုတော့ ကိုယ့်ကိုလည်း ငယ်ဖြူစေချင်တဲ့စေတနာနဲ့(ထင်ပါရဲ့) အကြောင်း၊အကျိုးတွေ ဆင်ခြင်၊တရားပြပြီး ရာသက်ပန်ဝတ်ဖို့ မိန့်ကြပေမယ့်…ဘယ်လောက်ဘဲ တရားတွေပြပြ ပုတုဇဉ်ပီပီ ဒီဆရာလေးကတော့ ခုနှစ်ရက်နဲ့ လူဝတ်လဲပြီး ပြန်ဖြစ်ခဲ့ပါတယ် :D။ ဒါတောင်ဇွဲမလျှော့ဖြစ်ကြသေးဘဲ နောင်နှစ်ဒီလိုအချိန် လာခဲ့ဖို့၊ ဆရာလေးတို့ ဒီမှာဘဲ ရှိနေမယ် ဆိုတဲ့အကြောင်း စကားလက်ဆောင်ပါးဖြစ်အောင် ပါးလိုက်ပါသေးတယ်။ ဆရာလေး ၀တ်ခဲ့တဲ့ အကြောင်းတွေကို အချိန်ရရင် ပို့စ်တစ်ပုဒ်ရေးပေးပါမယ်။ ပို့စ်ထဲမှာ သရဲလေးပါ ခြောက်ပြ လိုက်ရင် ပိုပြီးစိတ်ဝင်စားကြလေမလားနော်..း)။


မေလ(၁၄)ရက်နေ့မှာ စာရေးဆရာမတစ်ဖြစ်လည်း ဘလော့ဂါ(အစ်မ)မြသွေးနီဆီက “အိပ်မက်ကောက်ကြောင်း” စာအုပ် လေးကို လက်ဆောင်ရခဲ့ပါတယ်။စာရေးဆရာတစ်ယောက်ရဲ့ ကိုယ်တိုင်ရေး အမှတ်တရ လက်မှတ်စာသားနဲ့အတူ စာအုပ်လက်ဆောင်ရတာ ပထမဦးဆုံး အကြိမ် ဘဲဖြစ်ပါတယ်။အဆိုပါ စာအုပ်လေးနဲ့ မေလ(၁၄)ရက်နေ့အတွက် အစ်မမြသွေးနီကို ကျေးဇူးအထူး တင်မိပါတယ်ဆိုတဲ့အကြောင်း ဒီနေရာလေးကနေ ပြောလိုက်ပါရစေ..။( ကျေးဇူးတင်စကားပြောတာ သိပ် မနောက်ကျသေးပါဘူးနော်.အစ်မး)) 

ဂျွန်၊ဂျူလိုင်ကတော့လက်ဆောင်ပဏ္ဍာတွေ တစ်ဖွဲဖွဲ ရောက်လာတဲ့ကာလတွေပေါ့နော်..။ ဘလော့ဂါတွေ ဆီကလည်း ပါ ပါတယ်..။(ကြွားစမ်းအေ.. ကြုံတုန်းး)) ဂျူလိုင်လမှာ www.thameesan.blogspot.com တစ်နှစ်ပြည့်ပါတယ်။ အခုလည်း သူ့ကိုပြစ်ထား တာတော်တော် ကြာပါပြီ။

သြဂုတ်၊စက်တင်ဘာက.. ၀ါတွင်းဖြစ်ပါတယ်။ ((ဟမ်… ဘာမှလည်းမဆိုင်ဘူး)) :P
ဘလော့ဂါ အန်တီတင့်အိမ်ကို ရောက်သွားဖြစ်တာကတော့ ချွင်းချက်ပေါ့နော်း)
တီတင့်ကပြောပါတယ်။ သမီးစံက အေးတယ်နော်တဲ့… ။မျက်မြင်ကိုယ်တွေ့ပြီး ပြောတဲ့စကားမို့ မျက်စိ မှိတ်ပြီးတော့ဘဲဖြစ်ဖြစ် ယုံနိုင်ပါတယ်။ :P

အောက်တိုဘာမှာ သီတင်းကျွတ်ပါတယ်။ ကြုံတုန်းလေး ကိုယ့်အကြောင်းကို နည်းနည်းဖြစ်ဖြစ် သိုးသိုးသန့်သန့် သတင်းလွှင့်ထားချင်ပါတယ်။ သမီးစံဆိုတာ လူကောင်သေးသလို၊အစားလည်းကြီးပြီး အပျော်အပါးမှလွဲ၍ လူစည်ကားရာ ဒါမှမဟုတ် ပွဲလမ်းသဘင်ကို (အင်မတန်) ကြောက်တတ် သူတစ်ဦးဖြစ် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာမတာ ပြောရရင် လူတောမတိုးရဲတဲ့သူပေါ့နော်း))။ (မင်္ဂလာဆောင်တွေ ကလည်း ဖိတ်လိုက်ကြတာနော်…း)))။

နိုဝင်ဘာမှာ အသက်တစ်နှစ်ကြီးသွားတာက လျစ်လျူရှုထားချင်ပေမယ့် မဖြစ်နိုင်တော့ တဲ့ကိစ္စ တစ်ခု လိုပါဘဲ။ ထားပါတော့..ထားပါတော့…. :P


နိုဝင်ဘာ(၉)ရက်နေ့မှာ မန္တလေးရွှေမြို့တော်ရာက်ခဲ့ပါတယ်။အဆင်ပြေရင် ပို့စ်တစ်ပုဒ်ပေါ့။
အကြွေးမှတ်ထားနော် :P

ဒီဇင်ဘာမှာ ထူးထူးခြားခြား ကမ္ဘာပျက်ပါမယ်တဲ့။သတင်းတွေ သိုးသိုးသန့်သန့် ကြားရာကနေ ကျွတ်စီ ကျွတ်စီနဲ့ ကျယ်ကျယ်လောင်လောင်ဖြစ်လာပါတယ်။ကဲဟယ်.. ပျက်လည်း ပျက်ဟဲ့..ဆို သဘော ရှိ နေနေမိတော့.. ဘလော့ဂါ(အစ်မ)ခရစ္စတယ်က  “အဆင်သင့်ပဲ…ဟေ့” ဆို..ဖေ့ဘုတ်ပေါ် မှာ နုတ်(စ်) ထုတ်ပြီး အဆင် သင့်ဖြစ် နေပြီလားမေးတော့ လန့်ဖျား ဖျားသွားပါတယ်း)။ ကိုယ့်ကိုယ်ကိုယ် အဆင်သင့် မဖြစ် သေး တာ သိရတော့ အချိန်မရတော့မှာ စိုးရိမ်မိပါရဲ့..။

နှစ်ထောင့်ဆယ့်နှစ်ခုနှစ် တစ်နှစ်တာ ကာလအတွက်တော့ ဒီမျှပါဘဲ။
နိဂုံချုပ်အနေနဲ့ပြောရရင် ကော်နက်ရှင်က အင်မတန်ဆိုးရွားလှပါတယ် :D
အမှတ်တရအနေနဲ့ ရေးဖြစ်အောင်ဆော်သြပေးတဲ့တဂ်ပို့စ်ပိုင်ရှင် အစ်မပစ်နဲ့ကိုလည်းကျေးဇူးတင်ပါတယ်။ 
ဖေ့ဘုတ်ပေါ်က ဆင်းခိုင်းတဲ့ ဦးလေးမောင်ဘုန်းကိုလည်းကျေးဇူးတင်ပါတယ်း)

နှစ်ဟောင်းအကုန်၊နှစ်သစ်အကူးမှာ....
 ဘလော့ဂါတွေအားလုံး ကျန်းမာပါ၊ချမ်းသာကြပါစေ

ချစ်ခင်လေးစားလျှက်
သမီးစံ




11 comments:

  1. တစ်လ တစ်ပုဒ်ဆို မဆိုးပါဘူးဟ..... :))))

    ReplyDelete
  2. အောင်မြလေး မရွယ်ရည်မိပါဘူး တူမလေးရယ် :)

    2013ခုနှစ်မှာ ပျော်ရွှင်ခြင်းတွေ အောင်မြင်ခြင်းတွေနဲ့ ပြည့်စုံပါစေ။
    ကြီးမေ

    ReplyDelete
  3. သမံစီးရေ..ခုမှပဲ ရောက်ဖြစ်တော့တယ်..ဘလော့ထဲမှာတော့ ပြောင်စပ်စပ်လေး..တီတင့်က အေးတယ်လို့ ပြောတာ မျက်စိမှိတ်လို့ ယုံလိုက်မယ်နော်..မင်္ဂလာနှစ်သစ်ဖြစ်ပါစေ..

    ReplyDelete
  4. စားပွဲပေါ်တင်ထားတဲ့ စားစရာတွေ
    အနီးကပ်ပုံလေးသာဆို
    2012 ကတော်တော်အရသာရှိမှာ...ရှလွတ်...
    ရေးပေးလို့ကျေးဇူးပါညမတော်..
    အမစကားကိုတသွေမတိမ်းနားထောင်တဲ့
    အတွက်လည်း ထပ်ဆင့်ကျေးဇူးပါ...

    ReplyDelete
  5. ဧပြီလမှာ မပြာထားတာ ဘာသဘောလဲ။း)

    ReplyDelete
  6. အပီးစလွယ် လေးလိုပဲ ဖတ်လိုတော့ကောင်းပါတယ် သီလရှင်အပီးဝတ်ရင် ပြောနော် ကဗျာစံစံ လှုချင်လို့း)

    ReplyDelete
  7. ၂၀၁၂ကို နောက်ပြန်လှည့်ကြည့်သွားပါတယ်...း)

    ReplyDelete

  8. ╔═════════ ೋღ❤ღೋ ══════════╗
    ║░ٌٌٌӇ░ٌٌٌƛ░ٌٌٌƤ░ٌٌٌƤ░ٌٌٌƳ ░ٌٌٌ░ٌٌٌƝ░ٌٌٌЄ░ٌٌٌƜ░ٌٌٌ░ٌٌٌ Ƴ░ٌٌٌЄ░ٌٌٌƛ░ٌٌٌƦ░ٌٌٌ!░
    ╚═════════ ೋღ❤ღೋ ══════════╝

    ReplyDelete
  9. သမီးစံ ၂၀၁၂ကိုပြန်လှည်.ကြည်.ခြင်းကိုအားပေး
    ဖတ်ရှု.သွားပါတယ်။တီလေးမေခင်အလည်လာတယ်နော်။
    သမီးစံပြောတဲ.တီလေးမေခင်တစ်ခါထဲလာတာမဟုတ်တော.ဘူးနော်။(၂ခါ)...
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  10. သမီးစံလေးနှစ်သစ်မှာမင်္ဂံလာအပေါင်းနှင်.ပြည်.စုံပြီး
    ရွှင်လန်းချမ်းမြေ.ပါစေကွယ်။ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  11. အပျိုကြီးရေ ... မင်္ဂလာ နှစ်သစ်ပါ ... ။ fb အပေါ်က ဆင်းခဲ့ပေးတဲ့ အတွက်ကျေးဇူးပါကွယ် ... ။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..