Tuesday, January 1, 2013

(၁.၁.၂၀၁၃) မွေးနေ့ရှင်သို့





ကြီးသူရိုသေ၊ရွယ်တူလေးစား၊ငယ်သူ သနားခဲ့သူ

အားနည်းသူကိုဖေးကူခဲ့သူ

တောက်မည့်မီးခဲတစ်ရဲရဲလေးတွေ

အနာဂတ်ရဲ့သားကောင်း၊သမီးမွန်လေးတွေအပေါ်

အထောက်အကူဖြစ်စေခဲ့သူ..

အလေးထားကာ အဖိုး၊အဖွားတွေကို ကူညီ၊ဖေးမ ပေးခဲ့သူ

အကူအညီတွေကို အမြဲမပြတ်နားစွင့်နေသူ


ဒီကနေ့မှာ ကျရောက်တဲ့မွေးနေ့ရက်မြတ်မှသည်..

စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့ 

ရှေ့ဆက်မယ့် သည်ခရီးလမ်းမှာ

အခက်အခဲမရှိ..

ခလုတ်ကန်သင်းဟူသမျှ ကင်းလွတ်ငြိမ်းအေးစွာနဲ့..

ဘာသာ၊သာသနာ၊လူမှုအကျိုးပြု တာဝန်များကို 

ဆထက်တန်ဖိုး ထမ်းဆောင်နိုင်ပါစေ..။

ပြီးတော့..

မွေးနေ့မှာ ပျော်ရွှင်ပါစေ“ မုဒိတာ” 

--------------------- 




မုန့်လေးများ စားရလို၊စားရငြား.. 

 ဆုတောင်းပေးလိုက်ပါကြောင်း...း))





ချစ်ခင်လေးစားစွာနဲ့

သမီးစံ

4 comments:

အလွမ်းမြို့ said...

မီးစံရေ....ဆုတောင်းပေးရင် မုန့်ချားရမှာလား..အဲတာချို မကြီးလွမ်းလည်း ဆုတောင်းပေးမယ်။ အဟီး..နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ ညလေးရေ။ မကြီး
မေလ်းမှာနာမည်ပြင်ထားပြီးစီးပါကြောင်း တစ်ပါတည်း အကြောင်းကြားအပ်ပါတယ်။


ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

မောင်(စွယ်စုံကျမ်း) said...

မေ့နေလိုက်တာ အဲ့နေ့ ကို ။ စံစံ တော်တယ်

ကိုကိုမောင်(ပန်းရနံ့) said...

ကိုင်းကြည့်။
ဂေါပကတွေ မေ့နေကြတာ။ အိမ်ရှင်တွေ မေ့နေကြတာ။
ခေါင်တိုင်ဒေါက်တိုင်တွေ မေ့နေကြတာ။
မံစိလေးကမှ သတိရဖော်ရသေးရဲ့။ တော်လိုက်တာ။

မုဒိတာတစ်နှစ်ပြည့်မှသည် ရာသက်ပန်အဓွန့်ကြာ တည်တံ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

May Khin said...

မုဒိတာတစ်နှစ်ပြည်.မှသည်ရာသက်ပန်ရေရှည်တည်တံ.လို.
စုပေါင်းကာအများအကျိုးသယ်ပိုးထမ်းဆောင်နိုင်ကြပါစေ။
ဆုတောင်းပေးလိုက်ပါတယ်ကွယ်။ခင်တဲ.အန်တီလေးမေခင်

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes