Tuesday, October 18, 2011

လက်မှာခြယ်တဲ့ဆေးပန်းချီ ၊ လတ်တလောအခြေအနေ...

စိတ်ကူးကောင်းကောင်းနဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို ဆေးပန်းချီနဲ့ လက်မှာပုံဖော်ထားတာတွေပါ။
ခလုတ်တိုက်ရင်း...ရှာတွေ့လို့ (ကြည့်စရာအနေနဲ့) တင်ပေးလိုက်တာပါ။
ကိုယ့်လက်..ကိုယ်ကြည့်ပြီး..ဘယ်လိုပုံဖော်ရင်ကောင်းမလဲ..(ဒီပုံလေးတွေရှုစားရင်း)
စဉ်းစားကြတာပေါ့နော်း)














လတ်တလောအခြေအနေ




အနေအထားကတော့...စနေသား....
အဲလေ ..
အဲလိုရှိပါတယ်။
ခုတလော..အုတ်လိုင်းပေါ်မှာ သမီးစံတစ်ယောက် 
ခုပဲပေါ်လိုက်..ခုပဲပျောက်လိုက် (ဘူးသီးခြောက်)ဖြစ်နေတာတွေ့ရင်လည်း
ခွေးလွှတ်ပေးကြပါရှင်း)
လောလောဆယ်တော့..ကွန်နစ်ရှင်က..စိတ်ကောင်းနေတုန်းပါပဲ..
ဘယ်အချိန်"မကောင်း"မယ်..ကြိုမသိလို့စောစောစီးစီးအသိပေးထားတာပါ။
တော်တော်ကြာ..ပို့စ်အသစ်လဲမတင်..အိမ်တွေလည်းလျှောက်မလည်တာတွေ့လို့
သမီးစံတစ်ယောက်..????????
ဆိုပြီး.....
သို့လော....သို့လော...တွေ ဖြစ်ကုန်မှာစိုးလို့ပါရှင်:P


ချစ်ခင်လေးစားလျှက်

Image and video hosting by TinyPic

12 comments:

  1. မိုက်တယ်နော်.. ပန်းချီတွေ လက်ရာမြောက်တယ်..
    သို့လော သို့လောဆိုလို့ အပျိုကြီး ယောက်ျားရသွားပြီ ထင်ကြမှာ.. :P

    ReplyDelete
  2. လက်တွေအားလုံးအရမ်းကိုမိုက်တယ်ခွေးတော့မလွတ်ပါနဲ့
    ခွေးဆိုရင်တော့ချစ်လဲချစ်ပါရဲ့ကြောက်လဲကြောက်တယ်နော်....
    နာလဲတွေးနေတာ ဖိတ်စာဖတ်ရပြီလားလို့
    ခုတော့သူကပြောတာပဲ
    ဘူးသီးခြောက်တဲ့ မထင်

    ReplyDelete
  3. သူပဲ ရှာရှာဖွေဖွေ တွေ့တက်တယ်....:):)
    ကျေးဇူးပါ သမီးစံရေ...:P

    ReplyDelete
  4. သို့လော သို့လော ဖြစ်ပါဘူးကွယ်... နားလည်ပေးပါတယ်... ပြင်ပြီးရင်တော့ လိုင်းတွေ မြန်တော့မယ်ထင်တယ်.. (အကောင်းဘက်က မျှော်လင့်မိတာပဲ) :)

    ReplyDelete
  5. ဟဲ့ သမီးစံ
    အုတ်လိုင်းပေါ် ဘာတက်လုပ်တာတုန်း
    ပြုတ်ကျကုန်မှဖြင့်ကွယ်... မကြီးမငယ်နဲ့ ဆော့စရာလားး)
    ကျုပ်လက်လည်း ဒီထဲကလို ဆေးခြယ်မှထင်တယ်
    ဒါမှမြင်သူတိုင်းက သိပ်လှတယ် ပြောကြမှာ
    ဆေးဖိုး မိစံဆီက တောင်းရမယ် :P

    ReplyDelete
  6. မိုက်တယ်ဗျ လိုအပ်ရင်ပြောပါ ကျွန်တော်မေးထဲမှာတော်တော်များများရှိသေးတယ်ဗျ

    ReplyDelete
  7. ပုံးလေးတွေ မိုက်တယ်။ တော်တော်လေး အသက်ဝင်တယ်...

    ReplyDelete
  8. လက်ပန်းချီတွေ တအားမိုက်တယ်နော်...။
    မြသွေးနီလည်း ရတနာပုံတယ်လီပို့ရဲ့ ကြေညာချက်လေးရပါတယ်။ အခုတော့ ပြန်ကောင်းနေပြီမို့ နေက်တစ်အိမ် ဆက်လည်လိုက်ဦးမယ်နော်။ :)

    ReplyDelete
  9. အုတ်လိုင်းပေါ်ရောက်တာကို နားလည်ပေးလိုက်ပါတယ် သမံစီးရေ။
    သစ်ပုံပေါ်ရောက်နေတာနဲ့စာရင်ပေါ့း)) သစ်ကအုတ်ထက်ဈေးမြောက်နေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ကန်ဒီရေ..ညီမပြောသလိုဖြစ်နေရင်ဒုတ်ကောက်ပဲကွယ်း)
    ဂျက်ရေ..ဆိုးပါလားကွယ်းP
    မမအိမ်ဂျယ်..ကျေးဇူးပါအစ်မရေး)
    မချော..ဆေးဖိုးပေးမယ်လေ..လာယူနော်ရန်ကုန်ကိုး)
    ကိုလွမ်းပိုင်..ကျေးဇူးပါရှင်
    ကိုညီရဲ့ကိုလည်းကျေးကျေးပါး)
    အစ်မမြသွေးနီ..ဟုတ်တယ်အစ်မ..ပြန်ကောင်းနေပြီအစ်မ
    သတင်းကောင်းပဲအစ်မရေ..း))
    ဘလော့ဂါအားလုံးကို
    ချစ်ခင်လေးစားလျှက်ပါရှင်

    ReplyDelete
  11. သမီးစံရေ...မင်္ဂလာပါ... ခရီးသွားရင်း အပြေးအလွား ဟိုရောက် ဒီရောက် မလေးတစ်ခွင်အနှံ့ရှောက်လည်နေရင်း အင်တာနက်သုံးနေရတာဆိုတော့ ခုမှပဲရောက်ဖြစ်တော့တယ်ဗျာ...သမီးစံရဲ့ ရှာရှာဖွေဖွေဓာတ်ပုံဆန်းလေးတွေကို ရှုစားသွားတယ်...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  12. မံစိ..
    လက်ချောင်းလေးတွေကို အမိုက်သားကလား။

    အင်တာနက် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတယ်ပေါ့။ ဒွတ်ခ။

    ခင်မင်လျှက်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..