Sunday, October 16, 2011

ဒဏ်ရာ...




တစ်ချက်တည်းပါပဲ
ဆွဲအားပြင်းပြင်းနဲ့
ငါ့ရင်ကိုခွင်းတဲ့မြှားတစ်စင်း...
စိုက်သွားမှန်းမသိလောက်အောင်
ညင်သာလွန်းတော့
ရင်ဘတ်ဟောင်းလောင်း
သွေးစက်တွေ ဗရပွနဲ့
အသက်မဲ့ပြုံးနေမိခဲ့တယ်...။
သေဆုံးသွားပါပြီ...
တိတ်တိတ်လေးပဲ ၀ိညာဉ်ချုပ်
တစ်စက္ကန့်အတွင်းမှာ
နှလုံးသားဟာ ဆတ်ဆတ်ခါ"နာ"လျှက်ပေါ့...။
အဲဒီလိုလေး...
မပီဝိုးတ၀ါး ကျရှုံးခန်းမှာ
ကောင်းချီးထောပနာသံတွေရဲ့ကြား
ပုံပန်းမကျ အကြည့်နာနဲ့နှုတ်ဆက်
အဲဒီ့အချိန်ဟာ...
ငါ့အတွက်တော့...
သေခြင်းတရားနဲ့လိုက်ကာချတဲ့..နေ့..ပေါ့...။

                မိုးနင်း 


ချစ်ခင်လေးစားစွာဖြင့်...


Image and video hosting by TinyPic

18 comments:

  1. ပလာစတာ လာပေးပါတယ်း)
    ဘာတွေများခံစားရလို့ ဒီိလောက်များ
    သွေးစက်တွေ ဗရပွ ဖြစ်သွားရတာပါလိမ့်...း)
    ခံစားဖတ်ရှုသွားပါတယ် အစ်မသမီးစံ..
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  2. မိုက်တယ်ဟ... ကဗျာက.. :D

    ReplyDelete
  3. ဟာ ကြမ်းလှချီလား ဂျင်ဆန်းမီရေ...

    ReplyDelete
  4. အော်အော် တူများကြတော့မီလွမ်းနဲ့တဲ့တူကျတော့ ဟင့် ဟင့် ဟင့်
    ရ၀ူး လွမ်းမှာပဲ

    ReplyDelete
  5. ညင်သာလွန်းတော့
    ရင်ဘတ်ဟောင်းလောင်း
    သွေးစက်တွေ ဗရပွနဲ့
    အသက်မဲ့ပြုံးနေမိခဲ့တယ်...။
    အရမ်းမိုက်၏

    ReplyDelete
  6. အဲ အဲ ဒို့သမန်စီးအဲလိုဖြစ်နေတာလား လုပ်ကြပါဦး ဘလော့ကတို့ရေး)

    ReplyDelete
  7. အပျိုကြီး ... ဝါကျွတ်မောင်းထုလိုက်ရတော့မလား?

    ReplyDelete
  8. ဘုရားရေ
    ရင်ဘတ်ဟောင်းလောင်းနဲ့ဆိုတော့ ချုပ်ရိုးတွေ အများကြီး ဖြစ်တော့မှာဘဲ။
    သွေးစိမ်းရှင်ရှင်နဲ့ဆိုတော့ မကြည့်ရဲဘူး
    တို့အိမ်ဘက်မလာနဲ့နော်း)
    စကားမစပ်.. မြှားပစ်တဲ့ ဒီလူ လက်တော်တော်တည့်တယ် :P

    ReplyDelete
  9. ရင်ဘတ်ဟောင်းလောင်း
    သွေးစက်တွေ ဗရပွနဲ့
    အသက်မဲ့ပြုံးနေမိခဲ့တဲ့. သမီးစံရေ... သေခြင်းတရားနဲ့လိုက်ကာချတဲ့အထိ ပြင်းရှလွန်းလှပါလားကွယ်...

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  10. မအားပါဘူးလို့ဆိုတာကို
    ခုတော့ကြည့်ပါအုန်း
    ဘာလုပ်နေုကတာလဲ
    အရေးပေါ်ကားခေါ်လေ....
    ဟုတ်ကဲ့ ဟလိုဟလို...ချစ်သူလားမောင်လား.....ရှင့်သမီးစံလေ
    လာကြည့်ပါအုန်း.....
    ဟင်း....ဘာတတ်နိုင်သေးလဲ....

    ReplyDelete
  11. တစ်ချက်တည်းပါပဲ
    ဆွဲအားပြင်းပြင်းနဲ့
    ငါ့ရင်ကိုခွင်းတဲ့မြှားတစ်စင်း...
    စိုက်သွားမှန်းမသိလောက်အောင်
    ညင်သာလွန်းတော့
    ရင်ဘတ်ဟောင်းလောင်း
    သွေးစက်တွေ ဗရပွနဲ့
    အသက်မဲ့ပြုံးနေမိခဲ့တယ်...။

    ကဗျာတစ်ပုဒ်ဆိုတာ ရေးစပ်သူရဲ့
    ရင်ကို ဖောက်ထွက်လာတာဆိုတော့....

    ရင်နဲ့ ခံစားပြိး အားပေးသွားတယ်လို့..

    ReplyDelete
  12. တချက်တည်းပေမဲ့ ထိချက်ပြင်းတော့လဲ သေလုမြောပါးပေါ့...

    ReplyDelete
  13. ကဗျာလေး ဖတ်သွားတယ် ညီမရေ

    ရွှေစင်ဦး

    ReplyDelete
  14. ကဗျာလေးကောင်းတယ်။

    ReplyDelete
  15. ကဗျာလေးခံစားသွားပါတယ်

    ReplyDelete
  16. ကဗျာလေးခံစားအားပေးသွားပါတယ်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..