Tuesday, October 4, 2011

Field အမှတ်တရ

ဒီနေ့တော့ ကျောင်းကို Field ဆင်းဖို့သွားရင်းနဲ့ ကိုယ်ဝင်ရတဲ့ Lab ခန်းတွေကို မှတ်တမ်းတင်ခဲ့လေရဲ့..
(သနားသောအားဖြင့်)ဗဟုသုတအနေနဲ့သည်းခံကာရှုစားကြပါကုန် ........:P

ဒီ Field ကတော့ နည်းပညာကျောင်းသားတိုင်းရဲ့ စာသင်နှစ်တစ်နှစ်ပြီးတိုင်း မဖြစ်မနေလုပ်ရတဲ့ ကိုယ် တစ်နှစ်လုံးသင်ထားတဲ့စာတွေကိုလက်တွေ့အနေနဲ့ကွင်းဆင်းကြတာပါ။အရင်နှစ်တွေတုန်းကတော့ သမီးစံ တို့ငှာနကမှော်ဘီမှာရှိတဲ့ Alpine ရေသန့်စက်ရုံကို သွားရပါတယ်။ "အားအားရှိ"အပြင်ထွက် ချင်နေတဲ့ ကိုယ့် အလှည့်ရောက်ကာမှ ကျောင်းမှာပဲလုပ်ရမယ်တဲ့လေ (စိတ်ဆိုးတယ်.ဂယ်ပဲ)၊ နိုင်ငံခြားက မှာထား တဲ့ စက် အသစ်ကြီးတွေဒီနှစ်မှကျောင်းကိုပို့လိုက်လို့ပါတဲ့။ဒါနဲ့ပဲစက်အသစ်ကြီးတွေကိုပထမဦးဆုံး
စမ်းသပ်ရတဲ့ကျောင်းသားအနေနဲ့ကိုယ့်ကိုယ်ကိုယ်ကြံဖန်ပြီးဂုဏ်ယူလိုက်ပါတယ်လေ။ပထမဆုံးအကြိမ် မြင်ရတာဆိုတော့ကိုယ့်အတွက်အထူးအဆန်းတွေချည်းပါပဲဒါကြောင့်အားရပါးရရိုက်လာတာ(ဓာတ်ပုံပြောပါတယ်)
"မမ" ရိုက်လာခဲ့တဲ့ပုံတွေကို တစ်ခုချင်းစီရှင်းပြပေးမယ်နော် ကလေးတို့
တေတေချာချာမှတ်ထားနော်း))


ဒါကတော့ သိကြမှာပါ "Computer "လို့ခေါ်တယ်လေး))
Program ရေးဖို့ ဆင်ထားတဲ့စက်ပါ၊Program ရေးနေရင်းနဲ့ ဆရာလစ်တုန်းရိုက်လာတာ


ဒါကိုကျတော့ PLC(Programmable Logic Control ) Board လို့ခေါ်ပါတယ်တဲ့။ဆရာကပြောပါတယ် မင်းတို့ PLC ကိုကောင်းကောင်းနိုင်ရင် မြန်မာပြည်တင်ပဲ တစ်လကိုဆယ့်ငါးသိန်းလောက်က အသာလေးပဲတဲ့လေ။ မက်လောက်စရာကြီးနော်း)) ဒီပုံကတော့ အိမ်တစ်လုံးရဲ့...ခြံဝက Bell နဲ့ အိမ်ထဲက Bell ရဲ့ဆက်သွယ်ပုံကို Program ရေးဖို့ ဆင်ပြထားတာပါ။


ဒါကတော့ သူ့အတွက် Guide Book 


အပေါ်က အတန်းနှစ်တန်းကတော့ ပုံသေပဲ အောက်ဆုံးက အတန်းမှာပဲ ကိုယ်လိုချင်တဲ့ Circuit ထည့်ပြီးဆင်ရတာလေ..။ မှတ်ထားနော် ကလေးတို့း))
(Circuit ဘုတ်တွေ အများကြီးစီပြီး ရိုက်ပလိုက်တယ်လေ၊ အေးရောပဲ :P )





ဒါလည်း နောက်ထပ် Boat တွေစီပြီးရိုက်ထားတာ


ဒါကတော့ ME ကျောင်းသူ တစ်ယောက်ရဲ့ ပါဝင်ပစ္စည်း၊ပြုလုပ်ပုံအဆင့်ဆင့်ကိုရေးထားတဲ့စာရွက်နဲ့
ကိုယ်တိုင် ဆင်ထားတဲ့ Boat လေးပါ။
(ကလေးတွေက တော်သားနော် :P)


ဒီပုံကတော့  Cylinder တွေပါတဲ့ Control အပိုင်းပေါ့ ပစ္စည်းကိုမဆင်ခင် ဘယ်လိုအလုပ်လုပ်ရတယ်ဆိုပြီး
ဆရာက Green Boat မှာ အရင်ရှင်းပြပါတယ်။


ပြီးတော့ ဆရာကပဲ လက်တွေ့ ဆင်ပြတယ်


ဒါက "သာမီး"တို့ပြန်ဆင်ထားတား))


ဒီပုံကတော့ လေယာဉ်တံခါးတို့၊နောက်ပြီး ဘတ်စ်ကားတံခါးတို့မှာ သုံးတဲ့ System ကို ဆင်ပြထားတာပါ
ခလုတ်နှိပ်လိုက်တာနဲ့ သူ့ဟာသူပွင့်သွားတာလေသူကကျတော့ ဆီမလိုဘူးကွယ့် Hydraulic အရည်ပဲ လိုတာတဲ့..ပြီးတော့ ရှိသေးတယ်မြေကြီးကော်တဲ့ကရိန်းတွေမှာလည်းသုံးပါတယ်။အများကြီးပဲဆိုပါတော့...း)


အနီးကပ် တစခုချင်းစီ မြင်ရအောင်လို့.....


Compressor ပါ။ (ဗမာလိုဆိုရင်တော့ လေ၊ ဓာတ်ငွေ့ ဖိသိပ်စက်ပေါ့)

 IC တွေ ကောင်းမကောင်းစစ်တဲ့ Boat ပါ။


တန်ဖိုးကတော့ မြန်မာငွေခြောက်သောင်းကနေ တစ်သိန်းကြား ရှိပါသတတ်


ဒါက စက်ရုပ်လက်(အကြမ်း)ဆိုပါတော့ ထိပ်က ၀ိုင်းဝိုင်းကြီးက ပစ္စည်းတွေကို ညှပ်ပြီးလိုရာရွှေ့တာ..


Control Valve ပုံစံတူတွေပေါ့..။သူတို့ရှိမှ Cylinder တွေအလုပ်လုပ်လိုရတာ


အပေါ်က Box နဲ့တူတူပဲ



အားရ စရာပါပဲ ဒီမေဂျာက မြန်မာပြည်မှာ အလုပ်ရှားတယ်တဲ့ :P


စီနီယာအစ်ကိုတစ်ယောက် ဆင်ထားခဲ့တာ


ဆရာပြပေးတဲ့အထဲမှာမပါတော့ ဘယ်နေရာမှာ သုံးတယ်မသိရဘူး
ဘာပဲဖြစ်ဖြစ် ရိုက်လာခဲ့တယ် :D


နောင်နှစ်ဆို ကိုယ့်ကြောင့် ဖလားတစ်ခု ထပ်တိုးမှာ မြင်ယောင်သေးး))


ကိုယ်တိုင် ရိုက်ထားတာဆိုတော့ ငှာနမှူးနေရာမှာ လူမရှိဘူးဖြစ်သွားတာပေါ့ :P

လေ့လာမိခဲ့သမျှ ကိုယ်ဘယ်လောက်နားလည်သလဲ သိချင်တာကတစ်ကြောင်း၊
သူငယ်ချင်းတွေကို ပြောပြပေးချင်တာက တစ်ကြောင်း.. မို့ တင်ပေးလိုက်တာပါ
ဘာပဲဖြစ်ဖြစ် တစ်ခုခု သိသွာတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ ။
ခင်မင်လေးစားလျှက်ပါရှင်
ချစ်ခင်စွာဖြင့်


Image and video hosting by TinyPic

14 comments:

  1. လက်တွေ့ဆင်းရတာ ပညာလည်းရ ပိုလည်းတတ်တယ် သမီးစံရေ။
    တီတင့်တို့တုန်းက နယ်မှာရှိတဲ့ စက်ရုံကြီးတွေမှာ Field ဆင်းခဲ့ရတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. တစ်ခုခုမကပါဘူး
    အများကြီးကိုသိခဲ့ရတယ်
    မသိတာဆိုလို့ သီတင်းကျွတ်တော့မယ်အဲတာဟိုလေ
    ဖိတ်စာရိုက်နေပြီလာပဲသိချင်တာပါ သိချင်တာကိုတော့ရေးမပြထားလို့
    မေးရတာပါ.....
    ချစ်တဲ့ jasmine

    ReplyDelete
  3. တော်လိုက်တဲ့ သမီးစံလေး .....
    တကယ့် သမီးတောင်တော်ချင်သွားပြီ ။ <3<3<3
    အဲ အယ့် သားမရှိတာတခုဘဲ ။ ;(

    ReplyDelete
  4. တော်လိုက်တဲ့ သမီးစံလေး...

    ReplyDelete
  5. တိတော့တိတယ် နားယယ်ဝူးယေ ဟီးးးး
    မြန်မာပြည်ကဆိုတော့ လူတုံးတွေလေ မမ တို့ကျ
    ဟီးး ပြည်ပမှအခြေချ ငွေစု အဲမှာပဲနေ ပြန်မလာနဲ့
    ဒီမှာ နေရတာကောင်းဝူးလေ တားတားတောင်ယာရင်ကောင်းမယားလို့
    အခြေနေကောင်းယားလာရင် ကောင်းရင် တတင်းပေးယေ
    ယာခဲ့မှာပေါ့ ပညာအရည်ချင်းကမြင့်တယ်နော် 10 တန်းတောင်
    မအောင်ဘူးလေ ဟိ
    ကွန်ပျူတာပိုင်းတော့ လာမမေးနဲ့ အမောင်တို့လောက်ကတော့
    ဖလမ်းဖလမ်းဘယ်ထနိုင်မလဲ ဒါပေမဲ့ တော်တော်လေးကိုကျွမ်း တယ်လေ ဟိဟိ ဟာနည်းနည်းများသွားပီ ကျန်တော့မယ်ဂျာ
    မျှော်နေမယ်နော် တက်တက်

    ReplyDelete
  6. ပညာဖြင့်အလင်းဆောင်တဲ့ သမီးကောင်းရတနာလေးဖြစ်ပါစေ။

    ReplyDelete
  7. ဟုတ် ဟုတ် ဟုတ်... မှတ်သားသွားပါတယ်... :D

    ReplyDelete
  8. လာရောက်အားပေးသွားပါတယ်

    ReplyDelete
  9. သမီးစံ တို့ အရိုက်ကောင်းလို့ထင်တယ်..(ဓာတ်ပုံ)..
    ဦးဇော်တို့လည်း အခုမှ စက်အသစ်ကြီးတွေကို မြင်ဖူးတော့တယ်နော်... :)

    သမီးစံလေးလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ဖလားတစ်လုံး...(ရေဖလား ဟုတ်ဘူးနော်) :P ယူပေးနိုင်တဲ့သမီးကောင်းရတနာလေးဖြစ်ပါစေနော်.. :D

    ခင်မင်စွာဖြင့်...
    ဇော်သိင်္ခ

    ReplyDelete
  10. မီးလေး..အလုပ်ရှားရင်ငါပေးမယ် ရွာထိပ်ကရေအိုးစင် လေးယိုင်နေလို့  နင်လာပြင်ပေးစမ်းပါ နင်ယူတြဲ့ဘာသာက လက်ရက်ကန်းဆင်တဲ့ ဟာမလား
    ငါသိပါတယ် (GTC) ဂျလေဗီ Trainging Center ဟဟ
    ငါတို့ ကျောင်းမှာတော့စီးပွားရေ စီမန်ခန့် ခွဲမှုနဲံ့ စာရင်းအင်းတွေ သင်တယ်ကွ
    ရေချမ်းစဉ်ဆောက်ရင် မီးလေးကိုခေါ်လိုက်မယ်နော်...ခင်မင်စွာဖြင့် ကိုကို မောင် မောင် စွယ်စုံကျမ်း(မမ သကြား နဲ့ ငါက အထက်အောက်ပါလား..ဟဟ မမလေးနော်)

    ReplyDelete
  11. အခုလို မျှဝေတာ ဗဟုသုတရပါတယ်ညီမရေ..။
    ဘလော့ဂါဆိုတာ ဒါဘဲ။ ရေးတတ်ရင် ပို့စ်ဖြစ်တယ်...။ :) မသိသေးသူတွေအတွက်လည်း ဗဟုသုတရတယ်။

    ReplyDelete
  12. တခုခု မဟုတ် ပါဘူး အများကြီးတော့ မြင်သွားတယ် ညီမ

    ReplyDelete
  13. သမီးစံ ရှယ်တော်တာဘဲ....
    တချိန်လုံး သမ္ဗာန်စီးနေတာများလားမသိဘူး ဘယ်နဲ့ field ဆင်းသွားတာရေကြီးလို့ လှေစီးသွားနေတာလားမသိဘူး တချိန်လုံး boat ဆိုပြီးဖတ်နေရတာကိုး
    စဉ်းစားမိတာ...မြစ်ဆုံဆည်ဆောက် တော့ လယ်ကွင်းထဲ ရေကြီးလို့ လှေစီးသွားနေရသလားလို့....သမီးစံ အရီးစက

    ကွန်ပျူတာသမားဆိုတော့ အမြဲတမ်း error ရှာနေကြမို့ပါ....
    စိတ်မဆိုးကြေးနော် ...အဟဲ

    ခင်မင်တဲ့
    seesein

    ReplyDelete
  14. သူငယ်ချင်းတစ်ယောက်ကတော့ Mechatronic နဲ့ပြီးတာ S'pore မှအလုပ်ရတော့ construction နဲ့ မီးစံလဲ ကျွန်တော်သူငယ်ချင်းလို ဖြစ်မယ်ထင်တယ်။ ဟီး.. ဒါပေမယ့် သူလစာ ကျွန်တော့ထက်ကောင်းတယ်.. :P

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..