Tuesday, November 15, 2011

ကျိုက်ထီးရိုးသွား..တောလား (၂)


နောက်နေ့မနက်ရောက်တော့..အောက်ထပ်က.ထမင်းကြော်.ကြက်ဥနဲ့တစ်ပွဲ.
ဆတ်သားခြောက်နဲ့တစ်ပွဲ(ဆိုတဲ့)အော်သံတွေကြောင့်သမီးစံတို့မောင်နှမတွေအိပ်ရာကနိုးကြပါတယ် ။
နာရီကြည့်တော့ မနက်ခြောက်နာရီ (သမီးစံရဲ့သက်တမ်းတစ်လျှောက်.စောစောနိုးတဲ့အချိန်တွေက.ရှားပါတယ်။း)
ပြီးတော့..မျက်နှာသစ်သွားတိုက်ကြတယ်။ခပ်တည်တည်နဲ့သွားတိုက်ပီးထွက်လာတာ
ရေးထားတဲ့ဆိုင်းဘုတ်.ပြီးမှမြင်တယ်.မျက်နှာသစ်(၁၀၀)ကျပ်ပါတဲ့.။(မပေးခဲ့ပါဘူး.ကောက်မယ့်သူမရှိလို့း)


ဘာမှာစားကြမယ်ဆိုတာ..မအိပ်ခင်ကတည်းက စဉ်းစားကြပြီးသားမို့.(အေးအေးဆေးဆေးပါပဲ)
ဆတ်သားခြောက်နဲ့.ထမင်းကြော်..မှာစားဖြစ်ကြတယ်။


စားလို့သောက်လို့ဝပြီဆိုတော့..ဟိုနားဒီနား..နည်းနည်းပါးပါး လျှောက်ကြည့်ကြပါတယ်း)


ကင်မွန်းစခန်းနားကပဲလေ။ ရွာလေးနာမည်က ဇရပ်ကွင်းတဲ့


ကဒတ်ခြောက်တွေလေ..(တောင်ပုံရာပုံပဲနော်)
စားကြည့်ပါ.ဆတ်သားခြောက်အတိုင်းပဲတဲ့။ကြော်ပြီးသားကဒတ်ခြောက်ကတော့
တစ်ထုတ်ကို..တစ်ရာပါတဲ့။(၀ယ်စားကြည့်တာ..ကောင်းတယ်တော်.ကျွတ်နေရောပဲး)

ပြီးတော့..ရွှေမြိုင်စိန်ဆီပြန်သွား..အထုတ်အပိုးတွေပြင်ပြီး..တောင်ပေါ်တက်ဖို့ ကားဂိတ်ကိုရောက်ပါတယ်
ဘာကြောင့်ရယ်တော့မသိ..တောင်ပေါ်တက်ဖို့.ကားခတွေကို..ကိုယ်တိုင်ပေးစနစ်နဲ့ထားတာတာတွေ့ပါတယ်


ခရီးသည်တစ်ဦးကို..ကျသင့်တဲ့ဈေးနှုန်းတွေပါ။တောင်ခြေကနေ ရသေ့တောင်ကို.တစ်ဦးထောင့်ငါးရာတောင်ခြေကနေ..တောင်ပေါ်ထိဆိုရင်.တစ်ဦး.သုံးထောင်နှုန်းပါတဲ့.
ခေါင်းခန်းက..စီးမယ်ဆိုရင်တော့.(နှစ်ခုလုံးအတွက်)ငါးရာပိုပေးရပါတယ်။
တောင်တက်ကား..ရောက်လာတော့..အန်ကယ်ဘကြိုင် ပြောတဲ့အတိုင်းပါပဲ အကုန်လုံးသူ့ထက်ငါ..အလုအယက်တက်ကြပါတယ်။
ဘုန်းဘုန်းတွေဆို..တစ်လမ်းလုံး.မတ်တပ်.ကားပေါ်မှာပါလာတဲ့သူအများစုက.မာတုကာမတွေဖြစ်နေလေတော့
တစ်တန်းထဲထိုင်ဖို့.မသင့်တော်လို့ထင်ပါရဲ့..(စကားမစပ်)
ဘုန်းဘုန်းတို့အဖွဲ့က..မန်းလေးကလာဖူးကြတာတဲ့..(အားလုံးဆယ့်ခုနှစ်ယောက်မှာ)
ဘုန်းဘုန်းသုံးပါးပဲပါတယ်။ကျန်တာက.ဒကာမတွေချည်းပဲတဲ့လေ (အဲလိုကြုံတုန်း.စပ်စုလိုက်သေးတာ)

 သာယာလှပလွန်းတဲ့..တောင်ပေါ်ရှုခင်းလေးတွေပါပဲ

ကိုယ်က..အဲလို.ဓာတ်ပုံတွေ(လှိမ့်လှိမ့်)ရိုက်နေတာကိုမြင်တော့.ဘေးကလူတွေက
ခဏခဏလှမ်းကြည့်နေလို့..မသိချင်ယောင်ဆောင်နေလိုက်ရပါသေးတယ်း)

ဘယ်နေရာကြည့်လိုက် ကြည့်လိုက်..စိမ်းစိမ်းစိုစိုနဲ့.ဘယ်လောက်ကြည်နူးဖို့ကောင်းလည်းနော်

ကိုယ့်အသက်ရဲ့..သုံးပုံပုံ..နှစ်ပုံနားကျော်ကျော်ရောက်ရင်..ဒီလိုတောတောင်ရှုခင်းတွေနဲ့


သာသာယာယာနေရာလေးတစ်ခုမှာ အေးအေးချမ်းချမ်းနေခွင့်ရရင်..ဘယ်လောက်ကောင်းမလဲနော်း)
ကားလမ်းတွေကလည်း..အန္တရာယ်ကွေ့.မျက်ကွယ်ကွေ့တွေနဲ့.အများကြီးပါပဲ။
ကားဆရာတွေရဲ့(ကားမောင်း)ကျွမ်းကျွင်မှုကို..ချီးကျူးမိပါရဲ့..
ဒီလိုနဲ့..ခရီးဆက်လာရင်း.ရသေ့တောင်ကိုရောက်ပါတယ်
ပြီးတော့.တောင်ပေါ်က.ဆင်းလာတဲ့ကားကို.ဆယ်မိနစ်လောက်.စောင့်ရပါတယ်
(တစ်လမ်းမောင်းဖြစ်လို့ထင်ပါတယ်)

ဒီကနေ.နည်းနည်းဆက်တက်လိုက်ရင်..ကျိုက်ထီးရိုးဘုရားခြေရင်းကိုရောက်ပါပီ
တစ်ချို့က..ကားနဲ့တက်သလို.တစ်ချို့က.ခြေကျင်တက်ကြပါတယ်။

ဘုရားခြေရင်းရောက်ပါပြီရှင်..(မနေနိုင်လို့.ရှုခင်းတွေထပ်ရိုက်လိုက်သေးတယ်)
ဒီနေရာကနေပဲတည်းမယ့်နေရာကို..ခြေကျင်တက်ကြပါတယ်။ပြီးတော့
အထုတ်တွေတော့..မသယ်နိုင်လို့..ခြင်းတောင်းလေးထဲ.ထည့်ပေးလိုက်ပါတယ်


အထုတ်သယ်ပေးတဲ့ကောင်မလေးပါ.၊ညီမလေးဒီမှာသယ်နေတာကြာပြီလားစပ်စုကြည့်တော့
သိပ်မကြာသေးပါဘူးရှင်တဲ့း)

ခင်လို့..နောက်တစ်ပုံထပ်ရိုက်ပေးလိုက်ပါတယ်း)

တည်းမယ့်နေရာရဲ့..အ၀င်ဝ

နှစ်သက်ရာတစ်ခုခုယူလို့ရပါတယ် (ပြီးရင်.ကိုယ့်ဘာသာရှင်းကြပါး)



အနေအထားကတော့..သိပ်မဆိုးပါ (အဲဒီ့အိပ်ရာကြောင့် အပြန်ကျတော့ခါးတွေနာလို့)

မောလို့ပါ.......း)

ခဏနေရင်..ဘုရားပေါ်တက်ပါမည်။
(connection အခက်အခဲကြောင့်.ဒီနေရာမှာရပ်ရတာကို.နားလည်ပေးစေချင်ပါသည်။း)
ချစ်ခင်လေးစားလျှက်

Image and video hosting by TinyPic

22 comments:

မောင်ဘုန်း said...

အပျိုကြီးရေ နောက်ထပ် မျှော်နေပါတယ် ...

chocolatecupidlay said...

ကျိုက်ထီးရိုးအလှအပတွေကိုခံစားသွာတယ်ဗျာ့

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

လွမ်းထှာအေ..
တက္ကသိုလ်တက်တုန်းကလေ...
ဒီဇင်ဘာဆို..ကျိုက်ထီးရိုးတက်ကြတာ
တောင်ပေါ်ရောက်ရင်ပေပင်တွေမှာသူငယ်ချင်းတွေကသူတို.
ရောက်ပြီးကြောင်းရေးသွားကြတာရယ်..အဲ.တာတွေလိုက်ဖတ်
ကိုယ်ကလဲ ရောက်ပြီးပါကြောင်း...ရေးခဲ.တာ..
ဒီဇင်ဘာတွေ.မယ်အေ....

zmozmo said...

သူ့ကျတော့ဟော်တယ်မှာတည်းပြီး ဓါတ်ပုံတွေရိုက်ထားတယ်... တို့များတုန်းကတော့ ၄ ယောက်ခန်းမှာ ၆ ယောက် ဖင်ချင်းတိုက်လို့ အိပ်ခဲ့ရတာ... ဘာပဲဖြစ်ဖြစ် ကျိုက်ထီးရိုးစေတီ ကို ထပ်သွားချင်သေးတယ် လွမ်းလို့...

mabaydar said...

ဘယ်မှာတည်းတာလဲဟင်... ကျိုက်ထိုဟိုတယ်လား... အဲဒါက ဘယ်လောက်လဲဟင်... ကြို ဘွတ်ကင်ရတာလား.. အဲရောက်မှငှားလို့ရလား... ၀န်ဆောင်မှုရော ဘယ်လိုနေလဲ... အဟီး... မေးတာတွေများပြီ... ဓာတ်ပုံနဲ့ ပိုစ့်တွေအတွက်ကျေးဇူး... ခုတစ်လောမှ ကျိုက်ထီးရိုးကို အရမ်းလွမ်းနေတာ...

လွင်ပြင်လှိုင်းငယ် said...

နောက်လက်တင်မယ့်ဟာကို မျှော်ရအုံးမှာပေါ့

mstint said...

သမီးစံရဲ့ ကျိုက်ထီးရိုးခရီးစဉ်ဖတ်ပြီး ကျိုက်ထီးရိုးကိုပြန်လွမ်းသွားတယ်။
ိတီတင့်ရဲ့ သားတွေ ၁၀တန်းအထိ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ညဆိုရင် ကျိုက်ထီးရိုးတောင်ပေါ်မှာ မိသားစု ရှိခဲ့ကြတယ်။ ရက်ကန်းခတ်ပြိုင်ပွဲကြည့်ပြီး အားပေးရတာ ပျော်စရာကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်(စွယ်စုံကျမ်း) said...

အထုတ်သည်တဲ့ ကောင်မလေးက တူသလိုလိုပဲနော်..သူလည်းအပျိုကြီးနေမယ်..ဇရပ်ကွင်း ရွာမှာ18နှစ်အထက်
ဘယ်နှယောက်ပဲပါတယ်..အပျိုကြီးဘယ်2ယောက် လို့ မပါဘူးနော်....အော်အော်အပျိုကြီး အပျိုကြီး..တာဇံနဲ တွေ့ တာလေး ရေးအုံးနော်..မျော်နေမယ်...

jasmine(တောင်ကြီး) said...

ကြိုက်ထီးရိုးအလွမ်းပြေကြည့်ခဲ့တယ်သိလား
မျက်နှာသစ်ခ၁၀၀ပေးဖြစ်အောင်ပေးခဲ့နော် ရုပ်ဆိုးတတ်တယ်ပိုက်ဆံကောက်မဲ့သူမရှိလဲ ရအောင်ရှာဟယ်
နောက်ပိုင်းတွေဆက်လက်စောင့်နေတယ်နော်
ချစ်တဲ့ မမဂျက်

မဒမ်ကိုး said...

ဟေးး စိတ်နာတယ် နာကျတော့မသွားရဘူး(
ရတယ် ကဒတ်ခြောက်တော့ အိမ်က၀ယ်ထားတယ် ဟဟ
သွားရေတောင်ကျတယ် ရှလွတ်း)

ညီရဲ said...

ကျိုက်ထီးရိုးဘုရားဖူး သွားရတာ တကယ့် တောရိပ်တောင်ရိပ်တွေနဲ့ တော်တော်လေး ပျော်ဖို့ ကောင်းတာ...
အစ်ကိုလဲ ပြန်ရင် နောက်တခေါက်လောက် သွားဖို့ စီစဉ်ထားတာ...
ခုလောလောဆယ်တော့ ညီမရဲ့ ပိုစ့်လေးနဲ့ အရင် သွားထားလိုက်မယ်...

မြတ်ကြည် said...

အထုပ်သယ်တဲ့ ကောင်မလေးက ဟိုတယ်ပေါ်ရောက်နေပါလား? :P

Anonymous said...

း) ပျော်စရာကြီးနော့် ကောင်းပါတယ်ကောင်းပါတယ်
အဘလည်းသွားနိုင်အောင်ကြိုးစားအုံးမယ်း)း)
အင်မတန်ကြည်နှုးစရာကောင်းတဲ့ခရီးကိုးကွဲ့


မောင်ဘကြိုင်

ဇော်သိင်္ခ said...

သမီးစံ က ကျိုက်ထီးရိုး ခမောက်လေး ဆောင်းပြီးတော့ ပဲ... ပေးထားတယ်နော်။ သိပ်လည်း ပဲ မပေးနဲ့အုံး တော်ကြာ တောင်ပေါ်ကနေ ချောကျနေအုံးမယ် ဂရုစိုက်အုံးနော်။ :P
ကျိုက်ထီးရိုး ရှု့ခင်းတွေကို ကြည့်ခွင့်ရတဲ့ အတွက် ကျေးဇူးပဲနော် သမီးစံ.........
:)

ခင်မင်စွာဖြင့်..
ဦးဇော်

လွမ်းပိုင်ရှင် said...

နောက်တစ်ခေါက်တော့လိုက်ဦးမှပါ

blackroze said...

ကျိုက်ထီးရိုးဘုရားကိုလွမ်းလိုက်တာလေ..
အရင်ကတော့ မကြာခဏဆိုသလို
ရောက်ဖြစ်တယ်..
ခုတော့..မရောက်ဖြစ်တာကြာလှပေါ့..လေ

ခင်တဲ့ ပစ်ပစ်

Mishell said...

သမီးစံရေ ကျိုက်ထီးရိုးနားက ရေတံခွန်ကိုရော မဆင်းဖြစ်ဘူးလား။ အရမ်းသာယာတာပဲ။ ဒါပေမဲ့ ပင်ပန်းပြီး အန္တရာယ်ကလည်းများ၊ ကိုင်တွယ်စရာဘာမှမရှိ၊ လျှောစောက်ကလည်းများတော့ မလျှောကျအောင် လေးဘက်ထောက်သွားရတယ်။ ၂ချပြန်မသွားနိုင်ဘူး။ လမ်းတဝက်နား ဘုန်းကြီးကျောင်းက နေ့လည်စာထမင်း ဇီဝဒါနပြုလို့ အားရှိပြီး ဆက်သွားနိုင်တာ။ နို့မိုဆိုရင် အားပြတ်ပြီး သေနိုင်တယ်။ :-(

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်တစ်ခေါက် ကျိုက်ထီးရိုးသွားရင် အဲဒီအထုပ်သယ်တဲ့ကောင်မလေးကို ရှာပြီး အထုပ်တွေ သယ်ခိုင်းဦးမှ
သူ့ကြည့်ရတာ အထုပ်များများသယ်နိုင်မဲ့ပုံပေါက်တယ်..
နာမည်ဘယ်လိုခေါ်လဲ မမေးခဲ့ဘူးလား
ကိစ္စမရှိဘူး နာမည် မမှတ်မိရင်လည်း သမီးစံ လို့ဘဲ ခေါ်လိုက်တော့မယ်
ရှုခင်းတွေ လှတယ်အေ.. အဝေးကနေ ငေးသွားရပါတယ်..
မရောက်နိုင်သေးလို့

ဘုန်းဘုန်းတောက် said...

ဘုန်းဘုန်းတောက်က ကျိုက်ထီးရိုးကို နှစ်ခေါက်တိတိ သွားဖူးဖူးပေမယ့် ကဒတ်ခြောက်တော့ မတွေ့လိုက်မိဘူး။ ပထမတစ်ခေါက်တုန်းက အဆင်းမှာ တစ်ပွေထဲ လမ်းလျှောက်ဆင်းပလိုက်တယ်။ သိလား။ နောက်ထပ်လည်း ဆက်ပါဦးနော်။ မျှော်နေမယ်ဗျို့...

ကိုရင် said...

ဟ..အခုထိကို ဘုရားပေါ် မရောက်သေးဘူးလား
ဟို..ထုပ်သယ်တဲ့ကောင်မလေးကြည့်ရတာ သနားစရာလေး..
နည်းနည်းပါးပါး ပိုပေးလိုက်ပါအေ..နော့.. :D

ညည်းတို့ကလည်း နှေးပ..ရိက္ခာယူတာက များနေတယ်..

KO2 said...

မိုက်တယ်ဟေးး တစ်ခါမှမရောက်ဖူးသေးဘူး တခါလောက်တော့ သွားလည်အုန်းမယ်.. ဓာတ်ပုံရိုက်ချက်တွေက စွဲဆောင်မှုရှိတယ်

ကိုကိုမောင်(ပန်းရနံ့) said...

အထုပ်သယ်တဲ့ ကလေးမလေးကို သေချာမှတ်ထားဦးမှ။ နောက်ကြုံရင် သယ်ခိုင်းရအောင်လို့။း)

ခင်မင်လျှက်

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes