Friday, November 11, 2011

တန်ဆောင်မုန်းည





အားလုံးပဲ..ပျော်ရွှင်ဖွယ်..တန်ဆောင်မုန်းညလေး..ဖြစ်ကြပါစေရှင်း)

ဒီနေ့..တန်ဆောင်မုန်းလပြည့်နေ့လေးကို..လူကြီးသူမတွေကတော့..ဘုရားသွားကျောင်းတက်ရင်း အချိန်ကုန်ကြသလို..လူငယ်တွေကလည်း..နေ့ဘက်မှာ.ဘုရားသွား..ညဖက်မှာ.လိပ်ဥတူးရင်း.အချိန်ကုန်တတ်
ကြပါတယ်.သာမီးစံတို့အပါအ၀င်ပေါ့း)။လိပ်ဥတူးတယ်ဆိုတာကတော့.ဟိုပစ္စည်း.ဒီနေရာရွှေ့.ဒီပစ္စည်း. ဟိုနေရာထား.မျက်စိစူးတဲ့အိမ်တွေ.လျှောက်စ.လွယ်တယ်ဆိုရင်.တွေ့ရာအကောင်ဆွဲ..လူမရှိ.သူမရှိနေရာ 
သွားချက် .ပြီးတော့စားကြတာကိုဆိုလိုချင်တာပါ။ အဲဒီ့ညမှာမှ.လမင်းကြီးကလည်း.ထိန်ထိန်သာ. 
အလင်းပေးနေပြန်တော့အားလုံးအကြိုက်ဖြစ်သွားတာပေါ့။တန်ဆောင်မုန်းလပြည့်ညရောက်ရင်.ဤလို.ဤလို ပြုရတယ်ဆိုတာ.ဘယ်ကလာပြီးဘယ်သူသင်ပေးလိုက်တယ်မသိဘူးနော်။ကျေးဇူးတင်လွန်းလို့ပါ..း)။ 


နောက်ပြီး..အဲဒီ့ည(ဆယ့်နှစ်နာရီ)က.မြန်မာတွေအတွက်.ဆေးပေါင်းခတဲ့ညတဲ့.ဘာစားစား.ဆေးဖြစ်တယ်ဆိုလို့.
ဘာမသိညာမသိနဲ့.မြက်ပင်တွေတောင်နှုတ်ပြီး.၀ါးဘူးလေရဲ့း)။နောက်တော့မှ.(သူ့အချိန်နဲ့သူပွင့်တဲ့)မယ်ဇလီဖူးတွေ သုပ်စားရမှန်းသိတာ။

သမီးစံတို့များဆို..ငယ်ငယ်က အားကြီးဆိုးတာနော် (ခုလည်းမလိမ္မာပါဘူး)၊ ဒီလို. (တစ်နှစ်မှတစ်ခါ) ကြုံတောင်ကြုံခဲ တန်ဆောင်မုန်းညလေးဆို. ကိုယ့်ဇာတိကမနေတော့ဘူးလေ။ အရေးယူမယ့် သူလည်း မရှိပြန်တော့.အားရပါးရကဲ ကြတာပေါ့။

ဒီလိုနေ့မျိုးဆို..မနက်ပိုင်းမှာ.ရှိသမျှအလှူလိုက်စား။ပြီးတော့ညနေမှအိမ်ပြန်၊ညကျတော့လျှောက်ခိုး.အဲလေ.လျှောက်ဆော့ကြပါတယ် ။ဆော့ဖို့လူကတော့..လိုက်ပြီး.တစ်ယောက်ချင်းစုစရာတောင်မလိုဘူး.ကိုယ့်အိမ်တစ်အိမ်တည်းနဲ့ တင်ပြည့်နေတာ။ဒီနေ့ညအတွက်.ဘယ်လို.ဘယ်ပုံ.လှုပ်ရှားကြမယ်။ဘယ်သူဘာလုပ်ရမယ်ဆိုတာ. မနက်ကတည်းကအစီစဉ်ဆွဲထားပြီးသား(အဲလိုတတ်ကြွတာ.သူများမကောင်းကြံဖို့ဆို)။ အရွယ်နည်းနည်းကြီးတဲ့(သမီးစံရဲ့)အစ်ကိုတွေနဲ့.သူ့တို့သူငယ်ချင်းတွေက.(မနက်ကတည်းကချိန်ထားတဲ့ အိမ်က)ကြက်တွေသွားဆွဲ.။ကျန်ခဲ့တဲ့(အမတော်တွေအပါအ၀င်)မိန်းကလေးတွေက.ပါလာတာတွေချက် (ပြီးတော့)တစ်ပျော်တစ်ပါးကြီးစားကြတာ။အတိုင်ဖောက်ကို.ညီလို့နော်း)။

ပြီးတော့.ဆွဲထားတဲ့အစီအစဉ်အရ..သက်ဆိုင်ရာအိမ်တွေ(အိမ်တွေ).စာတွေလိုက်ချိတ်၊လူပျိုကြီးတွေရှိတဲ့ အိမ်တွေဆို.သူတို့သမီးအလိုရှိသည်.စီဗွီဖောင်တင်ပါ၊အပျိုကြီးတွေအိမ်ဆိုလည်း.ဒီအတိုင်းပဲပေါ့ (ဒါကြောင့်ထင်ရဲ့.ခုတော့ဝဠ်လည်နေပြီ)။ပြီးတော့..ရွာတွေရဲ့ထုံးစံအတိုင်း.နတ်ကတော်ကရှိသေးတော့ သူတို့အိမ်တွေအတွက် ဤခြံတွင်နဂါးသိုက်ရှိသည်၊ခုနှစ်ရက်အတွင်းပြောင်းပေးပါပေါ့း)။ရွာလူကြီးအိမ်ကျတော့.အလေးသွား.အပေါ့ဖရီး တစ်ယောက်တစ်ရာတဲ့..အဲလိုချစ်ကြတာ..။

 ပြီးရင်..ရှိသမျှအိမ်တွေက(ရသမျှ)ပစ္စည်းတွေလိုက်ယူ၊ပြီးတော့ ရွာလယ် လမ်းမကြီးမှာ ပုံထားလိုက်ကြတယ်။ ပြီးတော့.(ရွာမှာရှိတဲ့) အရွက်စိုက်ခင်းတွေကို.. လိုက်နှုတ်.ပြီးတော့. မြောင်းဘေးမှာပဲ ပုံထားလိုက်ကြတယ်။ ကိုယ်လိုချင်တာက.ဘူးသီးနဲ့ကြက်သားပဲလေး)။

မနက်မိုးလင်းလို့..လူကြီးတွေက.နိုးနေကြရင်.ကလေးတွေက..အိပ်လို့ကောင်းကြတုန်း
(တညလုံးဆော့ထားကြတာကိုး)အဲတော့မှ..ဟဲ့..ငါ့အိမ်က.ဘာပျောက်တာ၊သူ့အိမ်ကဘာပါသွားတာ၊
ငါ့အိမ်မှာဘယ်လိုလာချိတ်သွားတာနဲ့ပွတ်လောကိုရိုက်နေရောပဲကွယ်။
ပြောလို့.ဆိုလို့ကလည်း..မကောင်းပြန်ဘူးလေ..။သူတို့သားသမီးတွေကိုယ်တိုင် ပါနေတာကိုး။
ဒါက..ငယ်ငယ်တုန်းကပါ..းP

ခုတော့..(အသက်နည်းနည်းရလာပြီဆိုတော့).သိပ်ကလေးဆန်တဲ့အလုပ်တွေလုပ်ချင်တော့ဘူးလေ။
(လေလုံးကတော့ထွားတယ်နော်း)။နို့ပေမယ့်..(ဘလော့ရေးရင်း)ဘလော့ဂါမိတ်ဆွေတွေရဲ့ အိမ်ကိုမြင်တော့..ဇာတိက.ပြလာပြန်ရောကွယ်း)။တစ်အိမ်ပြီးတစ်အိမ်လိုက်ချောင်းကြည့်တော့လည်း. အားလုံးကငြိမ်နေကြလေရဲ့..ရဲဘော်၊ရဲဖက်တွေလိုက်ရှာတော့လည်း..သူတို့သိဘူးတဲ့လေး)။ 

ဒါနဲ့ပဲ..အင်းမလုပ်.အဲမလုပ်ပဲနဲ့. အေးအေး နေလိုက်ရပါတော့တယ်။



(ပြီးတော့..ဒီကြားထဲ..ပို့စ်အသစ်တင်ဖို့.ကျဲသွားတဲ့အတွက်လည်း..အားလုံးကို.တောင်းပန်ပါရစေ
သမီးစံ.တနင်္ဂနွေနေ့ထဲက(ဘုရားဖူး)ခရီးသွားတာ..မနေ့(ည)ကမှ.ပြန်ရောက်ပါတယ်..အဲဒါ့ကြောင့်ပါ)


ရွှင်လန်းချမ်းမြေ့ဖွယ်..တန်ဆောင်မုန်းပေါင်းများစွာကို.ပိုင်ဆိုင်ကြပါစေရှင်
ချစ်ခင်လေးစားလျှက်


Image and video hosting by TinyPic

14 comments:

Angelhlaing(May everybody be happy and healthy! said...

ခုတော့ သမီးစံ လိမ္မာသွားပြီပေါ့လေ... :):)
စကားမစပ် လွမ်းတယ်ကွယ် ..(အမိမြေကိုပါ )

လမင်းငယ် said...

စံစံရေ ရွာလေးကိုသတိရလို့ တာ
လွမ်းလိုက်တာ တန်ဆောင်မုန်းရယ်

လမင်းငယ် said...

လွမ်းလိုက်တာတန်ဆောင်မုန်းရယ်

rose said...

Your post makes me smile... I love it!

san htun said...

ခရီးသွားပို့ စ်တွေ တင်ပါဗျို့ 

Thandar Lwin said...

သမီးစံလေး ဘယ်ဘက်တွေ ဘုရားဖူးသွားတာလဲ။
ရွှင်လန်းချမ်းမြေ့ဖွယ်..တန်ဆောင်မုန်းပေါင်းများစွာကို.ချစ်ခင်သူများ နဲ့ အတူတူ ပိုင်ဆိုင်ပါစေ ကွယ် ။
ချစ်ခင်စွာဖြင့်

jasmine(တောင်ကြီး) said...

စံစံရေ
ရှင်ကအပျိုကြီးဖြစ်နေတာတောင်ဆော့နေသေးလား
ပြောတော့ပါဘူးအေ....မြက်တွေလဲစားတယ်လား
အဖြစ်ဆိုးလှချေလားကွယ် - ကိုယ်တို့ဆီလာခဲ့ပါလား
တူတူဆော့ရတာပေါ့.....
စံစံစာကိုဖတ်ပြီး ဒီတခါ အင်းလေးကိုလွမ်းမိပါရဲ့
ချစ်တဲ့ မုန်လာထုပ်

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

ငေါင်ကြောင်ကြောင်နဲ.အေ
လွမ်းထှာ..ဘာလုပ်၇မှန်းမသိ
ကျောင်းကလဲ..အစ်အတွက်(၂)ပတ်ပိတ်
ပျင်းးတယ်..မေမေ.ကိုလွမ်းတယ်

လွင်ပြင်လှိုင်းငယ် said...

ငါ့ ညီမတော်လေး တော်တော်လိမ္မာလာပြီးပဲ
အင်း ဒါဆို အပျိုလတ်ဘ၀က ကျွတ်ဖို့ အကိုတော် ယောက်ဖတော်ရှာပုံတော်ထွက်တော့မှပဲ
ဟီး
ခင်မင်လျက်
အကိုတော်
လွင်ပြင်လှိုင်းငယ်

မောင်(စွယ်စုံကျမ်း) said...

အပျိုကြီးစံ...လက်ပစ်ဗုံးဆိုတာတောင် ပြရုံနဲ့ သိမဲ့ပုံမပေါ်ဘူး..
ဘာလဲ..စနက်တံဖြုတ်ပီး..ခွဲပြလိုက်ရမလား.အပျိုကြီး..သတိထားနော်..
အပျိုကြီးတွေကို လူပျိုကြီးဂိုဏ်းက..ပြန်မပေးဆွဲ..အဲ..မှားလို့  ပြန်ပေးဆွဲမလို့ တဲ့..ဒါဗြဲးးးးးးးးးးးးးးးးးးးး..ခင်မင်လေးမစားလျှက်..မောင်..ကိုကိုမောင်...အိုပါး...

Anonymous said...

အပျိုကြီးရေ ဖြစ်တာလဲ ကြာရောပေါ့ ... အပျိုကြီးကတော့ ... အခုတလော ... ပွဲ များနေပြီနော် ....

မောင်ဘုန်း

ညီရဲ said...

သူခိုးကြီးညကတော့ လူငယ်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ညလေး တစ်ညပေါ့ ညီမရယ်...
အစ်ကိုတို့ လဲ ငယ်ငယ်ကဆိုရင် တော်တော်ကို ပျော်ခဲ့ကြတာ...

မြသွေးနီ said...

သမီးစံ ကျော်ဖြတ်ခဲ့တဲ့ တန်ဆောင်မုန်းကို နှစ်သက်စွာ ဖတ်သွားပါတယ်။ ခရီးသွားဆောင်းပါးလေးတင်ပါဦး..။

လွမ်းပိုင်ရှင် said...

ဦးဦးလွင်ပြင်သားသားကို ခေါ်တာလားမသိဘူးနော် ဟိဟိ

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes