ကျိုက်ထီးရိုးသွား..တောလား (၄)


ဟုတ်ကဲ့..ရေတံခွန်သွားဖို့ဆင်းလာပါပီရှင်..slow motion နဲ့ (အောက်က.ချောနေတာကိုမမြင်ဘူး )


သွားရမယ့်ခရီးက..ညဖက်ချိုး..ဘယ်ဘက်ကွေ့နဲ့.အဆင်းလည်း.နည်းနည်းကြမ်းပါတယ်
အပင်ပန်းခံလမ်းဖောက်ပေးထားတဲ့.စေတနာရှင်တွေအတွက်..သာဓုခေါ်မိပါရဲ့..


ရေတံခွန်ဆိုတာ..ဟိုး..ရှေ့(တည့်တည့်)မှာ..ပြပြလေး.မြင်နေရတဲ့နေရာလေးပေါ့..။
အတော်ဝေးသေးပါလားနော်း)။

မောမောပန်းပန်းနဲ့ပြန်လာရင်..ကောင်းကောင်းအနားယူလို့ရပါတယ်
နေ့ချင်းပြီး..ဆောက်နေတဲ့..နားဖို့နေရာလေးပါ။
တစ်လမ်းလုံးမှာ..အဲလိုနားဖို့.နေရာလေးတွေ..တော်တော်များများရှိနေတော့
.ပြန်ဖို့ကော.သွားဖို့ပါ.တော်တော်လေးအဆင်ပြေသွားပါတယ် ။


အဲဒါ..မောင်နှမနှစ်ယောက်လေ.(.ဓာတ်ပုံမရိုက်ခင်ကတော့..သူ့အစ်မကို.ကျောပိုးလာတာ.)
တော်တော်မောနေကြပုံရတယ်။
(ညလေးတို့ရေ)..အခြေနေဘယ်လိုလဲမေးကြည့်တော့..မျက်နှာရှုံ့ပြီး.လက်ခါပြပါတယ်။
(စကားတောင်မပြောနိုင်ရှာဘူး)....သေချာနေပြီဒလောက်ဆို..း)

ရေတံခွန်သွားတဲ့လမ်းမှာရှိတဲ့..ဘုန်းကြီးကျောင်းပါ။ အနီးနားက.လူတွေကိုမေးကြည့်တော့
ဘုန်းကြီးကျောင်းဖက်ကသွားရင်..အပြန်မိုးချုပ်လိမ့်မယ်တဲ့..ခုဖောက်ထားတဲ့.လမ်းသစ်က.သွားပါတဲ့လေ။
(ဘုန်းဘုန်းတို့ကျောင်းက..ကျွေးတဲ့ထမင်း..စားချင်ပါတယ်ဆိုမှ...း)


တောင်အောက်ရောက်တော့..တောင်ပေါ်ကို.လှမ်းရိုက်ထားတာ...
အဲဒီ့နေရာရောက်တော့..အတော်မောနေကြပီ..ကိုယ့်ခြေထောက်တောင် ကိုယ်မသယ်ချင်တော့ဘူး။
အမူးသမားလမ်းလျှောက်သလိုပဲ.ယိုင်တိယိုင်တိုင်နဲ့လေ.:)
ခြေထောက်တွေလည်း.ဓာတ်လိုက်ထားသလိုပဲးP

ရေတံခွန်အောက်မဆင်းခင်..(တစ်ခုတည်းသော).ဆိုင်မှာဝယ်စားဖြစ်တာ
ရှေ့ကလူတွေဘယ်လောက်တွယ်သွားကြတယ်မသိ..
ဟင်းရောထမင်းပါ..ဒါပဲကျန်ပါသတဲ့း)
(သူတို့ဆီက.ဟင်းတွေက.နည်းနည်းငံတာကလွဲလို့..စားလို့တော်တော်ကောင်းပါတယ်း)

ပိတ်သတ်ကြီးရှင်..ရေတံခွန်ကိုရောက်ပါပီ..း)

ရေတံခွန်ရောက်တော့..လူတွေအများကြီးပါပဲ (တစ်ယောက်မှကိုမရှိတား)
(မဆွဲကြပါနဲ့.. ဆင်းပါရစေး)။

အလယ်ထိတော့မဆင်းရဲဘူးရှင့်း)

မိုက်ဒယ်ကွာ..အားကြီးပျော်ဖို့ကောင်းတာဘဲ (ဟဲဟဲဟဲး)

ဂိုက်အပေးကြမ်းတဲ့သမံစီး  

ဒီလို.ဒီလို.ပို့စ်တွေပေးရင်း ...

အတော်ပျော်ခဲ့ပါတယ်..ပင်ပန်းတာတွေတောင်ပျောက်.လို့

အပြန်ခရီး.မှာ.တစ်ထောက်နား

ခုဆို..အရမ်းမောနေပါပီ (ဓာတ်ပုံရိုက်မယ်ဆိုလို့..ရယ်ပြလိုက်တား)

အပြန်ကျတော့..နေ၀င်ခါနီးနေပါပြီ..လမ်းမှာလည်း..လူသိပ်မရှိလေတော့
သုတ်ခြေတင်ရတော့တာပေါ့ ..


ဒီမှာနေ၀င်တာက..ဆန်းမီတို့..ရွာမှာလို..ဟုတ်ဘူးရှင့်း)


စစ်တောင်းမြစ်ကြီးနဲ့.နေ၀င်ချိန်အလှ


တစ်ဖက်ကနေ၀င်.တစ်ဖက်က..လထွက်
တောင်ပေါ်ပြန်တက်ကြတော့..ညခြောက်နာရီလောက်ရှိနေပါပြီ။

ဂုံညှင်းစေ့တွေလို့သိရပါတယ်.သမီးစံကတော့.ခုမှမြင်ဖူးတာပါ

ဘာကောင်ပါလိမ့်နော်..

ဒီလိုနဲ့ပဲ..တက်လာရင်း.တက်လာရင်း.ဘုရားရင်ပြင်ပေါ်ပြန်ရောက်ကြပါတယ်။
အရမ်းမောနေတော့.ထဘီတွေလည်းပြန်မလဲနိုင်တော့ပါဘူး
ခပ်တည်တည်ပဲ..တောင်ဝှေးကိုယ်စီ.တက်လာကြတော့
.တာဝန်ကျလုံခြုံရေဦးလေးကြီးက(.ပြောဖို့နဲ့တူပါတယ်).အနားကို.ရောက်လာပါတယ်။
ဒါကိုမြင်တော့.နောက်ထပ်.လုံခြုံရေးတစ်ယောက်က.စောစောကဦးလေးကြီးကို
မပြောဖို့လာခေါ်သွားတော့သမီးစံတို့ကံကောင်းသွားပါတယ်..
(ကျေးဇူးတွေတင်ရင်းနဲ့ပဲ..ဘုရားပေါ်က...မြန်မြန်လေးဆင်းလာရတယ်)


ဘုရားရင်ပြင်ပေါ်ကနေ.ထပ်ရိုက်လိုက်ပါသေးတယ်



ရင်ပြင်ပေါ်.အဆင်းလမ်းမှ ဘုရားခြေတော်ရာ
(ဒီပုံတွေကတော့..အဝတ်လဲ.ဘုရားပေါ်ပြန်တက်ပြီးမှ.ရိုက်ခဲ့တာပါ)


ဖိုးကော်လွတ်နှင့်ဇနီးနန်းကြာဟဲ.သား..ငပန်းတင်( ယာမှဝဲ) နှင့်ရွှေနန်းကျင်၏ရုပ်ကလပ်တော်
(ရွှေနန်းကျင်အား)ဒူးကိုက်ရင်ဒူးကိုနှိပ်၊ခါးကိုက်ရင်ခါးကိုနှိပ်ကြပါတယ်
အမှန်တကယ်ပျောက်ကင်းတယ်လို့လည်း.သိရပါတယ်ရှင်

ဦးပန်းတင်နှင့်ဇနီး

နက်ဖြန်..ကျောက်ထပ်ကြီးစေတီကိုဖူးပြီး..သန်ဘက်ခါ..အိမ်ပြန်တဲ့အခါ
သမီးစံရဲ့..ကျိုက်ထီးရိုးသွား..တောလားလေး..အဆုံးသတ်ပါမယ်ရှင် :)
ကွန်မကောင်းတဲ့ကြားက..ကြိုးစားပမ်းစား..အုတ်လိုင်းပေါ်တွယ်တက်နေရတဲ့အတွက်
ပို့စ်တင်တာနောက်ကျ..နေရတာကိုလည်း..ခွင့်လွှတ်ပေးစေချင်ပါတယ်

လေးစားလျှက်

Image and video hosting by TinyPic

Comments

  1. နို့ နေပါအုံးးကလေးမရဲ့ အိုဘစံ ပြောပါရစေအုံးးး..ခါးနာရင်ခါးနှိပ်
    လက်နာလက်နှိပ် ရ ဆိုသကွဲ့ ..အကယ်၍..အပျိုကြီးမဖြစ်ချင်ဘူး
    ချစ်သူဘဲချောချောရချင်တယ်ဆိုရင်ရော...??????????????????ဖြေနောတမီးစံ..အမီးပါ မကျန်စေ
    ရဘူး..ဟဟ နာမေးတာဖြေနော်..တိရင်ဘယ်တုမှ မကြောမဲ့...အပျိုကြီးတွေများနေလို့ ...... ဘုရာဖူးပုံလေးတွေကို
    လူတွေဖယ်ပီး တ၀ကြီးကြည့်သွားတယ်..ပဲများလွန်းလို့ အပျိုကြီး ဖြေစ်နေတာနေမယ်...............တိန်

    ReplyDelete
  2. ပျော်စရာကြီးစံစံရေ
    ကျေးဇူးပါနော်
    ပုံလေးတွေကြည့်ခွင့်ရလို့ :)

    ReplyDelete
  3. အိုး အစ်မစံက ပို.စ်ပေးတာ တော်တယ်နော်။ မထင်ရဘူး အပျိုကြီးက ။
    အားကျတယ်ဗျာ သူများတွေများ သွားနိုင်ကြတယ်။ ကျိုက်ထီးရိုးကို ရောက်ဖူးချင်တာ ခုထိကိုမရောက်ဖူးသေးဘူး။ ပျှော်ရွှင်တဲ.ခရီး ဖြစ်ပါစေ ဗျာ။

    ခင်တဲ.
    မောင်မောင်

    ReplyDelete
  4. ခရစ္စတလ်November 19, 2011 at 6:31 AM

    သွားချင်လိုက်တာ.....

    ReplyDelete
  5. ကိုကိုမောင်(ပန်းရနံ့)November 19, 2011 at 7:07 AM

    ရေတံခွန်တော့ မရောက်ဖူးဘူး။ ကျန်တဲ့ နေရာတွေတော့ အနှံ့ရောက်ဖူးတယ်။
    ရသေ့တောင်အထက်က မြစိမ်းတောင်တို့ ဇော်ဂျီတောင်တို့လဲ ရောက်ဖူးတယ်။
    ကျောက်ထပ်ကြီးအလွန်ဟိုဘက်က ပျားစွဲတောင်ဆိုတာကိုလဲ ရောက်ဖူးတယ်။ ဒါပေမဲ့ ရေတံခွန်ကိုတော့ မရောက်ဖူးဘူး။ ရေတံခွန် နာမည်ကြီးလာတာ သိပ်မကြာသေးဘူးထင်တယ်။

    ပုံလေးတွေ ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ။
    ကျိုက်ထီးရိုးအလှလေးတွေ ကိုယ်တိုင်သွားလို့ ခံစားချင်လိုက်ပါဘိ။

    ခင်မင်လျှက်

    ReplyDelete
  6. သမီးစံ ကျိုက်ထီးရိုးသွားတောလား ဒါ့ပုံတွေကြည့်ပီး ထပ်သွားချင်လာပီ
    ပုံလေးတွေက သဘာဝကျတယ်
    တို့ က သမီးစံသိတဲ့သူမဟုတ်ဘူး နာမည်တူနေလို့ မှာတာနေမယ် ဟိုနေ့ က စီမှာရေးတာ တို့ 
    ပိုးပိုး

    ReplyDelete
  7. အပေါ်ဆုံးက တောင်ဝှေးနဲ့က ဘွားဘွားစံပုံဖြစ်မယ်..း)
    တော်တော်တူတာဘဲ..
    ဂုံညင်းလုံးကတော့ အစ်မတို့ဆီမှာ ငယ်တုန်းက မြေသလင်းပြောင်ပြောင်မှာ ကစားခဲ့တဲ့ ကစားစရာလေးပါ.. အဲဒီကစားနည်းတော့ ခုခေတ်ကလေးတွေကြားဖူးပုံတောင် မပေါ်တော့ဘူး..
    သမီးစံတို့များ ခုမှမြင်ဖူးတာ
    ရှုခင်းတွေလှတယ်အေ..
    နေဝင်ဆည်းဆာရော လှထွက်လာတဲ့ပုံရော လှတယ်..

    ReplyDelete
  8. မီးမီးလေးရေ ပါးပါးလာဖတ်သွားတယ်
    မားမားကတော့ပြောတယ် မီးမီးလေးက လှသားပဲတဲ့

    ReplyDelete
  9. ပျော်စရာကြီနော် ....

    မောင်ဘုန်း

    ReplyDelete
  10. သမီးစံရဲ့ ကျိုက်ထီးရိုးသွားတောလားကြည့်မိ ဖတ်မိမှပဲ ကိုယ်တိုင် သွားတာထက်ပိုပြီး စုံသေးတယ်နော်။ ဒါတောင် ဇာတ်သိမ်းပိုင်းကျန်သေးတယ်တဲ့ စောင့်မျှော်ကြည့်ရှု့ ခံစား အားပေးအုံးမယ်နော်။ :P

    ခင်မင်စွာဖြင့်...
    ဦးဇော်

    ReplyDelete
  11. ဟ- မီရှဲတို့ ၂၀၀၀ခုနှစ် သွားတုန်းကလောက် ရေတံခွန်သွားတဲ့ခရီးက တော်တော်လေးပြောင်းလဲသွားပါလား။ လမ်းလဲဖောက်၊ ဇရပ်လဲဆောက်ထားတော့ နောက်တခေါက်တောင် ပြန်သွားချင်ပြန်ပြီ။ အရင်လိုလေးဖက်ထောက် မသွားရလို့လေ။:-) ဘောင်းဘီဝတ်ခွင့်မပြုလို့ ထမီနဲ့ တက်ရတာ အဆင်မပြေဘူး။ မီရှဲတို့တုန်းက ဖိနပ်တောင် မစီးဘူး။ ချော်ကျမှာစိုးလို့လေ။ ပြန်တွေးကြည့်ရင် တော်တော်ရယ်ရတယ်။ သမီးစံ ကျိုက်ထီးရိုးရင်ပြင်တော်ညဆီမီး၁ထောင် မပူဇော်ဘူးလားဟင်။ ဓါတ်ပုံမတွေ့ရသေးလို့လေ။

    ReplyDelete
  12. စံစံရေ
    ပုံတွေအားလုံးကတော့ရှယ်တွေပဲဟယ်
    ရှင်ကလဲအက်ရှင်ကတော့ အပြည့်နော်
    ရှင့်အကိုရော အမပါချောတယ်
    သမီးစံ ရေ အထီးကျန်မဖြစ်ရလေအောင်
    ဆုတောင်းခဲ့ရဲ့လားကွယ် ရင်လေးတယ်သိလားအပျိုကြီးရေ
    တော်တောင်တွေကြည့်ပြီး ပုံတွေထဲ မျောသွားလို့ကိုယ့်ကိုကိုယ် မနဲ
    ထိန်းရတယ်သိလား....ရှင့်ကိုမွေးစားမယ်နော် အိမ်ကလူပြောထားတယ်ဆို..သဘောတူလား လာခဲ့ဒီကို
    ချစ်တဲ့ မေမေဂျက်

    ReplyDelete
  13. သမီးစံ သမီးစံ ဆိုပြီးသိနေတာကြာပြီ အခုမှ သမီးစံလေးတို့ဆီကို
    ဦးဦးရောက်ဖြစ်တော့တယ်,သမီးစံလေးက Puppy Girlလေး
    ဘဲ,,စာတွေလည်းတော်တော်ရေးတတ်တာဘဲ,,ချီးကျုးတယ်
    ခရီးတွေသွားရင် ကလေးပီပီသိပ်မဆော့နဲ့နော် "မြော့အနက်မည်း
    ကြီးတွယ်တတ်တယ်"
    ခင်တဲ့ဦးဦး

    ReplyDelete
  14. သမန်စီးရေ
    တခါမှမရောက်လိုက်ရတဲ့ ရေတံခွန်ကို
    အလွမ်းပြေအောင်ကြည့်သွားတယ်ကွယ်..

    ReplyDelete
  15. သမီးစံရေ
    ငပိတို့စရာမြင်တော့စားချင်လိုက်တာ
    တောင်အတက်မှာ မော်လမြိုင်အချဉ်ဆိုပြီး ပဲမှုန့်ငရုတ်သီးမှုန့်များများနဲ့အချဉ်ကို ဘူးသီးကြော်နဲ့တို့စားတာ တအားမြိန်ခဲ့တာလည်းသွားသတိရမိတယ်

    ReplyDelete
  16. ခုမှရောက်တယ်ဗျာ......ကျိုက်ထီးရိုးသွားတောလားလေးကို ညန်မာပြည်
    အလွမ်းပြေကြည့်သွားတယ်....နေဝင်ပုံဒါ့ပုံလေးလှတယ်..၊လင့်ချိတ်ထား
    လိုက်ပြီဗျိုးးးးးးးးးး

    ReplyDelete
  17. အဲ...ပထမကွန်မန့်ဘယ်ရောက်သွားပါလိမ့်....ရောက်တယ်...၊ပုံတွေသဘော
    ကျတယ်...၊လင့်ချိတ်သွားတယ်ဗျိုးးးးးးးးးးး:))))

    ReplyDelete
  18. ကျိုက်ထီးရိုးကို ခဏခဏရောက်ဖူးပြီး ရေတံခွန်တခါမှမရောက်ဖူးသေးဘူး...။ ခုတော့သမီးစံလေးတို့ ပျော်ခဲ့တာကိုပဲ ကြည့်လိုက်တော့မယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Popular posts from this blog

ရှာတွေ့မိသမျှ..

Untitle

Blogger ဘ၀ နှင့် Hiker ဘဝ