Friday, March 2, 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင် (တဂ်ပို့စ်)


အခုတလော..ကိုသက်တန့်ချိုအစပြုလို့ဘလော့ရေးနေကြတဲ့ဘလော့ဂါတွေအားလုံးကတန်ဖိုးငါးထောင် ရှိ  တဲ့ဖုန်းကဒ်တစ်ခုအပေါ်တစ်ယောက်ချင်းစီရဲ့အမြင်တွေကိုတဂ်ပို့စ်အဖြစ်ဖလှယ်နေကြတာတွေ့နေရပါတယ်။
(တက်စာမိတဲ့ထည်း..များတို့လည်းပါသပေါ့း)။ဘလော့ဂါတွေက...ဘာဘဲဖြစ်ဖြစ်တက်ညီလက်ညီ ရှိကြပါတယ်။ဒါကြောင့်..ချစ်ဖို့ကောင်းကြတာနေမှာနော်..။စည်းလုံးခြင်းသည်လည်း အင်အားတစ်ခုပါပဲ။

တလောတုန်းက အန်ကယ်တစ်ယောက်နဲ့စကားစမြည်ပြောဖြစ်ပါတယ်။(သူငယ်ချင်းရဲ့အဖေပါ။ ကိုယ်က လည်း လူကြီးတွေဘဲပေါင်းတာကိုးး) တစ်ခြားကိစ္စတွေ ပြောဖြစ်ကြရင်း ငါးထောင်တန်ဖုန်း သတင်း ဆီ ရောက်သွားပါတယ်။သတင်းထွက်လာပြီးမှ အဆင်မပြေဘူးပြောတာတော့ မကောင်းဘူးပေါ့.. ဆိုတော့။ အန် ကယ်လည်း အဲလိုဘဲမြင်တယ်တဲ့။ဒါကြောင့် မတ်လဆန်းမှာ ချပေးမယ့် ဖုန်းတွေကို မ၀ယ်နဲ့၊အန်ကယ် လည်း အရင်တုန်းက၀ယ်မလို့ဘဲ၊ခုတော့ မ၀ယ်တော့ဘူးတဲ့။ညည်းလည်း ဒီဖုန်းကို မ၀ယ်ကြဖို့ နီးစပ် ရာကို စည်းရုံးပါတဲ့။(စည်းရုံးရေးမှူးတော့ဖြစ်ပြီး)၀ယ်မယ့်သူနည်းလာရင်(မရှိရင်)သူတို့ဖက်ကတစ်ထစ်လျှော့သွား နိုင်တယ်တဲ့။အန်ကယ်ပြောသလိုဆိုလည်းမဆိုးပါဘူး။အားလုံးစည်းလုံးကြရင်ကောင်းတာပေါ့နော်။


ပြည်သူကြားကပြည်သူ့စကားတွေဖြစ်တာမို့တစ်နည်းနည်းနဲ့ဂရုစိုက်သင့်တယ်လို့ထင်ပါတယ်။(လုံးဝ)မလုပ်ပေးနိုင်ဘူးဆိုလည်း၊မလုပ်ပေးနိုင်ဘူးအကျိုးသင့်အကြောင်းသင့်ပေါ့။ဖြစ်လာနိုင်တယ်ဆိုရင်လည်း ဘယ်အချိန်ထိ ဆိုတာ သတ် သတ်မှတ်မှတ်လေး ဖြစ်စေချင်ပါတယ်။ မျှော်လင့်ရင်းဝေးးး. တော့ မဖြစ် စေ ချင်ပါဘူး။



၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
တန်ဖိုးနည်းသည်၊များသည် မဆိုချင်ပါ။လိုင်းကောင်းကောင်းနဲ့ သုံးရတာအဆင်ပြေတယ်၊ စိတ်ချမ်းသာ တယ်ဆိုရင် ပေးရတာ..တန်တယ်လို့မြင်မိပါတယ်။အရစ်ကျသွင်းစနစ်နဲ့ ၀န်ထမ်းတွေကော ပြည်သူတွေပါ အသုံးပြုခွင့်ရမယ်ဆိုရင်တော့..နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်..တန်ဖိုးနည်းဖုန်းပေါ့ရှင်။
(တစ်သိန်းရှစ်သောင်းငါးထောင်နှုန်းနဲ့ လူကြီးမင်းဖုန်းဆိုင်မှာ စတင်ရောင်းချနေပြီလို့ သတင်းရရှိပါတယ်။ နောက်ဆက်တွဲ - အချပ်ပို )


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို အသံတိတ်ဖော်ပြကြတယ်လို့မြင်ပါတယ်။ကောင်းလည်းကောင်းပါတယ်။
ဒီလိုလုပ်မယ်ဆိုရင်လည်းကြိုကြား၊ကြိုကြားမလုပ်စေချင်ပါဘူး။ထိထိရောက်ရောက်လုပ်စေချင်ပါတယ်။ဒါမှ အားလုံး သိမှာ၊မြင်မှာပါ။အချိန်ကုန်၊ငွေကုန်၊လူပန်းပြီး ပင်ပန်းရကျိုးမနပ်တာလည်း မဖြစ်စေချင်ပါဘူး။


၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဒါကတော့(ဘယ်တုန်းကတည်းက ခေတ်စားတာလည်းမသိပေမယ်) အင်မတန် ထိရောက်တဲ့နည်းပါ။ ကိုယ်တိုင်လည်းကြုံခဲ့ဖူးပါတယ်။ အောင်မြင်ပါတယ်း)။


၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
လှိုက်လှဲပျူငှာစွာ ကြိုဆိုပါတယ်။ နောက်တစ်ခုက.. ဆက်သွယ်ရေး လိုင်းကောင်း ဖို့လည်း လိုအပ် ပါတယ်။ တန်ဖိုးနည်းပြီး လိုင်းကောင်းကောင်းလေးနဲ့ပြောရမယ်ဆိုရင် စိတ်ချမ်း သာသလို၊ အသက် လည်းရှည်လာ နိုင်ပါတယ်။ လူကြီးမင်းအခေါ်မခံရလည်းကိစ္စမရှိပါဘူး။ကျေနပ်ပါတယ်။း)


၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

အစ်မတစ်ဦးရဲ့အမြင်ပါ...(အတိအကျပြောရရင်တော့  စီအိုင်အေက ဂျယ်ရီပစ်ပစ်ပါး)

"အမတော့ ငါးထောင်တန် ဖုန်းကိစ္စသဘောမကျဘူး။ငါးထောင်တန်ဖုန်းလိုချင်တာတော့ လိုချင် တာ ပေါ့။ ညီမဘဲစဉ်းစားကြည့်လေ..ဖုန်းဆိုတာ အရေးကိစ္စရှိရင်လွယ်လင့်တကူ သုံးလို့ရအောင် လိုအပ် တာ မဟုတ် လား?။အခုဟာက ဖုန်းတစ်ခါခေါ်ဖို့အရေး နာရီနဲ့ချီစောင့်နေရတယ်။နိုင်ငံခြား call wifi မဟုတ်ဘူး။ မြန်မာ ပြည်တွင်းချင်းလည်းဒီလိုဘဲ။ အဓိက က ဆက်သွယ်ရေးကောင်း အောင်အရင် လုပ်ရ မှာ ငါးထောင်တန် ပေါ်လာလည်း ကြားရလား မကြားရ ဘူးလား ဘဲ ပြောလို့ရမှာ။နောက်ပြီး နိုင်ငံခြားကနေဖုန်းတခါခေါ်ရင် မြန်မာပြည် ဆိုမိနစ်အနဲဆုံးဘဲ။ဗိယက်နမ်တောင် 45 မိနစ်ရတယ်။မြန်မာက မိနစ်20 တဲ့လေ။အဲ့ဒါတွေ အရင်ပြင်ရမှာ။ခေါ်လိုက်တိုင်းသေချာကြားရပြီးတစ်နိုင်ငံလုံးလိုင်းမိမိနဲ့ဆက်သွယ်ရေးအိုကေမှနောက်ထပ်ဖုန်းတွေကို လူများများ အသုံးပြုနိုင်အောင်. လုပ်ပေးရမှာ။ငါးထောင်တန်ပေါ်လာရင် လူတွေအကုန်ဝယ်ကိုင်နိုင်ပြီ။
အဲတော့ဖုန်းအလုံးရေ ပိုများလာမယ်။ လိုင်းကလဲမလောက်။ဒါဆို...အခုထက်တောင်ပိုဆိုးမယ်။

ဖုန်းအလုံးရေများဖို့ထက် ဖုန်းတိုင်းလိုင်းကောင်းကောင်းမိဖို့ တာဝါတိုင်များများ လုပ်ပေးရမယ်။
ပြီးတော့မှ တဆင့်တက်ပြီး.. ဖုန်းအလုံးရေ ထပ်ထုတ်ရမယ်။အဲလိုစီစဉ်သင့်တာ။
တန်ဖိုးနည်းဖုန်းပေါ်လာလည်း လိုင်းကအဓိကဘဲလေ။အမတော့ ဖုန်းများလာဖို့ထက် လိုင်းကောင်းလာဖို့ ပိုလိုအပ်တယ်ထင်တာဘဲ။အားလုံးကငါးထောင်တန်ဖုန်းဘဲလိုချင်နေကြတာဖုန်းတော့ခါးမှာချိတ်ထားပါရဲ့
ခေါ်လို့မရလို့လမ်းဘေးဖုန်းကနေ ပြောနေရရင် ဘာလုပ်မလဲလေ....."


ဟုတ်ဘူးလားးးးးးးးး


သမီးစံအမြင် ထပ်ဖြည့်ပြောရရင်တော့.....
"မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကားးးးး "လို့ဘဲဆိုပါရစေ...။

အစ်မဒိုး၊ကိုအလင်းသစ်၊အစ်မအိန်ဂျယ်၊အန်တီတင့်၊ကမိုးဇက်၊
တဂ်စာရေးသူ၊ကျွေးသူအားလုံးကို..ကျေးဇူးအထူး တင်ရှိကြောင်းပါရှင့်။




ကိုယ်စိတ်နှစ်ဖြာ၊ကျန်းမာရွှင်လန်း၊ချမ်းမြေ့ကြပါစေကြောင်း
ဆုတောင်းပေးရင်း...
ထပ်ပြီး..အဖော်ညှိပါရစေ..း))

၁)မောင်ဘုန်း
၂)အန်ကယ်သက်ဝင်း
၃)ရွှေမိုး
၎)ရင်ဆူး
၅)ဘရဏီ
၆)နွေလ
၇)အစ်မခရစ္စတယ်
၈)အောင်အောင်
၉)ညီမနန္ဒာ
၁၁)ချစ်သူရင်ခွင်
၁၂)ဆတွတ်
၁၃)အန်ကယ်ဇော်
၁၄)ကိုဇင်မျိုး
၁၅)အိပ်မက်
၁၆)ယောင်းယောင်းမီရှဲလ်
၁၇)အစ်မဗေဒါ
၁၈)အစ်မမိုးခါး
၁၉)အစ်မနှင်းဆီ(ကျမဘ၀၏အမှတ်တရနေရာလေးတစ်ခု)
၂၀)အစ်မသက်နန္ဒာ
၂၁)ကိုတူး
၂၂)အန်ကယ်ဘကြိုင်
၂၃)မကြီးစန်း
၂၄)ကိုအိပ်ရာ
၂၅)မင်းသားကြီး



ချစ်ခင်လေးစားလျှက်..



27 comments:

  1. ငါးထောင်တန်ထုန်းအပေါ် သမီးစံရဲ့ အမြင်လေးကိုလာရောက်ဖတ်ခဲ့ပါပြီ
    ချစ်တဲ့ မားမား

    ReplyDelete
  2. အမယ် မိစံ ကရေးမယ့်ရေးတော့လဲ ၊ ဂျယ်လီပစ်ပစ်ကို လူမိုက်ငှားသွားတာပဲ ၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမြင်ကို ထင်းထင်းလင်းလင်းချပြပေးလို့ ကျေးဇူးတင်တယ်ဝေ့ ............
    မိစံလေး လိမ်မာလာတယ် ...........တိန်

    ReplyDelete
  3. ဂျင် ဆန်း မီ
    နင် ငါ့ ကို ဖွ တယ်... :P :D
    ဟားဟားဟား ဆိုးတဲ့ အေးဂျင့်ဘဲ
    လျှို့ဝှက် စကားတွေပေါက်ကြားကုန်ပြီ..

    ReplyDelete
  4. မှန်၏ယောက်မလေးရေ ထောက်ခံပါကြောင်း

    ReplyDelete
  5. ကောင်းအိ.. မိုက်အိ.. လေးစားအိ.. ။ ပြုံးရင်းဖတ်သွားလေသည်.။

    ReplyDelete
  6. မီးမီးလေးရဲ့ အမြင်ကို ဖတ်သွားပါတယ်

    ReplyDelete
  7. ဘယ်လောက်မှ မပေးရတဲ့ ဖုန်းပဲလိုချင်တယ်
    အကုန်ကျသက်သာလေ ပိုကောင်းလေ
    အလကားရရင် ရေတောင် ပါဆယ်ထုပ်တယ်

    ReplyDelete
  8. အွန်း ....ပိန္နဲပင်က ကန့်လန့် ကန့်လန့် :P

    လောလောဆယ် အားတေးဘူးနော် :D

    ReplyDelete
  9. ဒီတခါတော့သမီးစံတဂ်ပို့ကလွတ်သွားပြီးဟီးအလကာပြောတာပါ..ဘလောဂါတွေအကုန်လုံးရေသင့်ပါတယ်..
    ရွှေဝန်းရတနာ...

    ReplyDelete
  10. ဖုန်းလိုင်းကောင်းပြီး တန်ဖိုးနည်းဖုန်းတွေ ပေါ်လာဖို့ ကို မျှော်လင့်မိပါတယ် ညီမရေ...

    ReplyDelete
  11. သမီးစံရဲ့ အမြင်လေးကို လာဖတ်သွားပါတယ်...။

    ReplyDelete
  12. သမီးရေ နိရဲ့အမြင်းကို ဖတ်သွားတယ်နော်...Facebook မှာလည်း5000တန်၊ ဘလော့1ကာကြည့်တော့လည်း5000တန်...ရေပန်းအစားဆုံး 5000တန် အရမ်းကောင်းတယ်...

    ReplyDelete
  13. သမီးစံလေးရဲ့ အမြင်လေးလည်း ဟုတ်တာပဲနော်..:):)

    ReplyDelete
  14. အင်းး ဖုန်းလိုင်းကတော့ အရင်ဆုံးကောင်းသင့်တယ် .. ပြီးတော့ အခြေခံလူတန်းစားတွေ သုံးရဖို့လည်း လိုတယ် .. အဲ .. ဟမ်းဖုန်းနဲ့ သိပ်ပြောလွန်းတော့လည်း ကျန်းမာရေးထိခိုက်မှာလည်းစိုးရသေးတယ် .. (မရှိမကောင်း ရှိမကောင်း :D)
    လူတန်းစေ့ အသုံးလိုတဲ့အချိန်မှာ သုံးဖို့ ရှိသင့်တယ် လိုအပ်တယ်လို့ ထင်၏ သမန်စီးလေးရေး)

    ReplyDelete
  15. မျက်စိလည် လမ်းမှားလာတယ်ဗျို့။ အကြောတွေတက်နေရတဲ့ကြားထဲ တဂ်စာမိနေပြန်တယ်။ :-<

    ReplyDelete
  16. ရက်ဆား အမသမီးစံကိုရော မမပစ်ပစ်ကိုရော ထောက်ခံပါတယ်

    ReplyDelete
  17. အေးလကွယ်...သမံစီးရယ်...ဒို့တွေ ဖုံးခါးချိတ်ပြီး လမ်းဘေးဖုံးနဲ့ပြောကြတာပေါ့ကွယ်...နော့်.....:))))

    ReplyDelete
  18. တစ်သိန်းရှစ်သောင်းဆိုတာကို ဝယ်တဲ့သူတွေရှိနေတော့လဲ ရောင်းနေရမှာပါပဲလေ. ငါးထောင်တန်ကိစ္စကို သမ္မတကြီးက အကောင်းဆုံးအဖြေရှာပေးပါ့မယ်လို့တော့ ပြောသွားတယ်။ ဒါပေမယ့် ဘယ်နေ့လဲဆိုတာကို မစောင့်နိုင်တဲ့သူတွေကတော့ တစ်သိန်းရှစ်သောင်းကို ဝယ်မယ်တဲ့။ အင်း.....

    ReplyDelete
  19. မြန်မြန်ရေးမှ...
    မဟုတ်ရင် နာ့အကိုတွေ ပျိုရီးစံရဲ့ခရမ်းသီးမီးဖုတ်စားနေရအုံးမယ်းP
    ရွှေမိုး

    ReplyDelete
  20. တဂ်စာ လာစားတယ်ဟေ့..

    ReplyDelete
  21. တဂ်စာလေး လာဖတ်သွားပါတယ်ညီမလေးရေ။။။

    ReplyDelete
  22. မိစံရေ...
    လူတိုင်းတော့ ဖုန်းကိုင်ချင်ကြမှာဘဲနော်..
    လူတိုင်း ဖုန်းကိုင်နိုင်ခြင်းဟာလည်း တိုင်းပြည်တိုးတက်ခြင်းရဲ့ ပြယုဒ်တစ်ခုထဲမှာ ပါတာဘဲဟာ
    ဒီတော့လည်း တာဝန်ရှိသူများက တိုးတက်အောင်လုပ်ကြမယ်လို့ မျှော်လင့်မိပါရဲ့
    ဒါပေမဲ့ လူတိုင်းဖုန်းကိုင်ထားပြီး ခေါ်မရတဲ့လိုင်းတွေဖြစ်မနေဖို့လည်း လိုသေးတယ်လေနော်.
    ဂျယ်ရီပစ်ပစ်ပြောတာ ထောက်ခံပါတယ် ထောက်ခံပါတယ်။း)
    တစ်ယောက်တည်းအသံကျယ်ကျယ်အော်သွားတယ်း)

    ReplyDelete
  23. အမြင်လေးကို လာဖတ်သွားတယ် သမီးစံရေ။ အမြဲလာအားပေးတတ်တဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။ သမီးစံရဲ့ တဂ်ကို မရေးပေးနိုင်သေးတာ ဆောရီးပါလို့။
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  24. သမီးစံရဲ့ အမြင်ကို လာဖတ်သွားပါတယ်....

    ReplyDelete
  25. တိန်! အခုပဲ အကြွေးဆပ်တယ် နောက်အကြွေးထပ်တင်တယ်။ :'( အောင်မြလေး အရပ်ကတို့ရဲ့..... လို့အော်ငိုလည်း သနားမဲ့သူ မရှိမဲ့တူတူ ယူသွားတော့မယ်။ :P ဟီး နောက်တာ ပျော်လို့။ ဟုတ်တယ် Blogger တွေရေးသင့်တယ်.. ရေးမယ်ဗျာ။ သမံစီးရဲ့ အမြင်လေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေဗျာ။

    ReplyDelete
  26. ဖတ်ဖြစ်သလို ဖတ်ခဲ့တယ်..

    ReplyDelete
  27. တီတင့်ကျွေးတဲ့တဂ်စာလေးကို လက်ခံပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ် သမီးစံလေးရေ။
    လူကသာသေးတာ ပညာကတော့မသေးပါလားကွယ်း)
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..