Thursday, March 15, 2012

"မမမ"ရဲ့တဂ်စာ

မြန်မာ့မီးရထားမဟုတ်ပါဘူး။ဟိုက"မ"နှစ်လုံးထဲ၊ခုကမေမြို့မိုးပါ။"ညီမလေးရေ.. တဂ်ထား တယ်ရေးပေး ပါဦး" တဲ့ (လက်ထဲမှာလည်း တုတ်တစ်ချောင်းကိုင်လို့ သူ့ကိုယ် သူ ကျတော့ ဘာလီပုံး စွပ်ထား ပါ တယ်။း) ဒါကြောင့် လမ်းကြုံတုန်း ပိတ် သတ်ကြီး ကိုပြော လိုက်ပါရစေ..။ အပြောချိုရင် သတိထား၊ သတား ထိကြပါလို့ :P ။တဂ်.ဆိုလို့(ပြေးပြေး လွှား လွှားလေး သွား ကြည့်လိုက်တော့...)ခေါင်းစဉ်မြင်ပြီး လန့်သွား ပါ တယ်။ "ရင်နာ ခဲ့ရတဲ့နေ့"တဲ့။ဘာပါလိမ့်တွေးပြီး (ဆက်လက်)ရှုစား ကြည့်လိုက်တော့မှစီပေါပေါက်ပြီး (တစ်ယောက်တည်း) "သြော်... ဂလိုကြောင့်ကိုးး"ဖြစ် သွားရပါတယ်။

ဘလော့ဂါ မေမြို့မိုး ရင်နာခဲ့ရတဲ့နေ့ရဲ့အကြောင်းရင်းကတော့... အောက်ကပုံကြောင့်ဖြစ်ပါတယ်။
ရေးထားတဲ့တဂ်ပို့စ်နဲ့အတူမေးခွန်းလေးတွေမေးထားပါသေးတယ်။
(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။
(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။
(၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..တဲ့..။




မြန်မာမပီသဘူး၊ကိုယ့်နိုင်ငံအကြောင်းကို စိတ်မ၀င်စားဘူး ပြောလည်း ခံရမှာပါ။တကယ်တော့ဒီရေပိုင်နက် ကိစ္စ ကိုမေမြို့မိုးပြော မှသိရတာပါ။နောက်တစ်ယောက်ကတော့မြစ်ဆုံပေါ့။(တိုက်တိုက်ဆိုင်ဆိုင်နှစ်ယောက် စလုံး soldierဖြစ်ပါတယ်။ဘာကြောင့်များပါလိမ့်။။)(မနေ့တစ်နေ့ကတော့ဂျာနယ်တစ်စောင်ထဲမှာဖတ်တော့ ဖတ် မိလိုက် ပါတယ်)အစ၊ အဆုံး ဖတ်ကြည့်ပြီး မောင်မိုး တို့ တော်တော် စိတ် မေ ကာင်းဖြစ်နေတာ သိ လိုက် ရပါ တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ဒီပို့စ်ရေးနေ တဲ့ အချိန်ထိ မြန်မာဖက်က ဘယ်ေ လာက်ထိ နစ်နာသွားတယ်၊ ဆုံး ရှုံး သွားတယ် ဆိုတာ ကောင်းကောင်းမသိရသေးပါဘူး။

အိမ်က အစ်ကိုကို မေးကြည့်တော့ "ငါတောင် သွားအော်ခဲ့သေးတယ် EMG(Eleven Media Group) ထဲမှာ သွားကြည့်"တဲ့။Eleven ဆီရောက်တော့ မောင်မိုးတို့ပို့စ်ထဲကအတိုင်းဘဲ အပေါ်က ပုံကိုတွေ့ ပါ တယ် ။မြင် ရ သလောက် ပြောရရင်တော့ ရေပိုင်နက်ကို (သက်ဆိုင်သူများ)ပိုင်းထားတာ ဟိုဘက်၊ဒီဘက် အညီ အမျှ ဘဲ လို့ မြင်မိပါတယ်။(ဓါးပျံ၊တုတ်ပျံ၊အသက်နှင့်နီးသောလက်နက်ပျံများ လက်မခံပါ။း)

မဆီမဆိုင်..
ပိုင်နက်ဆိုလို့... ရှစ်တန်း တုန်းက မြန်မာ့သမိုင်းမှာသင်ခဲ့ရဖူးပါတယ်။ဟိုးရှေးရှေးတုန်းက "မြန်မာဟေ့ ၊မြန်မာကွ"နဲ့ သိမ်းထားခဲ့တဲ့နယ်တွေ ၊မြေတွေ၊ တိုင်းပြည်တွေ (လက်ညှိုးထိုးမလွဲအောင်) များပြား ခဲ့ပါတယ်တဲ့။ အခုတော့ စာထဲရောက်ကုန်ပြီပေါ့။အလောင်း ဘုရား(ဦးအောင်ဇေယျ)ဆို စစ်တိုက်ပြီး သိမ်း ထား တဲ့ အထဲ အယုဒ္ဓယ ခေါ်တဲ့ ယိုး ဒယား တောင်ပါ သတဲ့။ (ယိုးဒယားလူမျိုးတွေဘယ်လောက် ကြောက် တတ်လည်းဆို အခုချိန်ထိ ဦးအောင်ဇေ ယျနဲ့ မကင်းနိုင် ကြသေး ဘူး ဆိုဘဲး)၊ပြောဖို့ မသင့်တဲ့ အေ ကြာင်းအရာ တစ်ခုမို့ပါ။ အရမ်း သိချင်နေ ရင်တော့ရှေ့ မျက်နှာ နောက်ထားပြီး မေးပါလေ... )ဟုတ်ေ သ်ာရှိ၊မဟုတ်သော်ရှိ.. လူကြီးတွေ ကတော့ပြောပါတယ်။ယိုးဒယားတွေက အဲ့ဒါတွေကို စိတ်နာလို့ နင်တို့ကို အချိုမှုန့်နဲ့ သတ်နေ တာတဲ့။ (ဒါကြောင့်..ကြက်သားဟင်းခတ်မှုန့်ပြောင်းစားတာတော်တော်ကြာနေပါပြီး)

သမိုင်းသင်ရင်း မြန်မာပြည်မြေပုံလည်းဆွဲခဲ့ရပါတယ်။တစ်နေ့တစ်ပုံနှုန်းဆွဲပြီး ကျင့်ရပါတယ်။မြေပုံရဲ့ အပြင် ဘက်ကိုအရင်ဆွဲ၊မြေပုံရဲ့အမြီးပိုင်းနားလေးရောက်တော့အဖျားရှုး..၊ရူးရာကနေပြတ်...အဲ...အဖျား ရှုးပြီး နောက်ဆုံးမှာ ဖိနပ်ပုံသဏ္ဍာန်လေးနဲ့အဆုံးသတ်ပါတယ်။ပြီးတော့မှာအလယ်မှာအရှည်ဆုံးမြစ်ဖြစ် တဲ့၊ဧရာဝတီမြစ်၊ပြီးတော့ စစ်တောင်းမြစ်၊ချင်းတွင်းမြစ်ထည့်(ဆွဲနည်းက မှန်ပါတယ်နော်း)။ကိုယ်လည်းကျင့် လို့တတ်ကော မြေပုံကတ်လေးတွေ ကျောင်းရှေ့မုန့်ဆိုင်ကို ရောက်လာပါတယ်။တစ်ခုဆယ့်ငါးကျပ်တဲ့။ (ဆွဲ လို့တတ်မှရောက်လာသတဲ့..ရင်နာလိုက်တဲ့ဖြစ်ချင်း..)မည်သို့ပင်ဆိုစေကာမူပေါ့...နောက်လာနောက်သား ကလေးတွေဆွဲမယ့် မြန်မာပြည်မြေပုံကို ကိုယ်ဆွဲခဲ့ရသလိုဘဲ ပြည့်ပြည့်စုံစုံလေးဆွဲစေချင်ပါတယ်။ဘင်္ဂလားနဲ့ ရေပိုင်နက် ကိစ္စကလည်း ပြီးသွားခဲ့ပြီမို့ ဒီလိုအဖြစ်မျိုး နောက်ထပ်ကြုံမလာရအောင် အားလုံးကြိုးစားရမှာပါ။

မဆိုင်တာလေး..ထည့်ရေးပြီးတော့ ဆိုင်တာလေး ထပ်ပြောပါရစေ...။
Eleven Media ကမြန်မာ-ဘင်္ဂလား ပင်လယ်ရေပိုင်နက်အကြောင်း တင်ထားတဲ့ပို့စ်က
 comment နှစ်ခုကိုကူးလာခဲ့ပါတယ်။
(ကူးလာတယ်ဆိုတာလည်း..ကိုယ်တိုင် သဘောကျ ထောက်ခံမိလို့ပါ။)


#27 Sayarsan 2012-03-15 12:24
သင်ခန်းစာကောင်းတစ်ခုရသွားပြန်ပါပြီ၊ အမျိုးသားရေး တပ်လှန့်နှိုးဆော်မှုတစ်ခုပါ။ အခုအချိန်မှာ လွှတ်တော်တွေက စိစစ်သင့်တာကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိစပ်နေတဲ့ နယ်နိမိတ်သတ်မှတ်ချက်များ အခိုင်အမာ ရှိ/မရှိ ကိုစိစစ်သင့်တာပါပဲ။ အိမ်နီးချင်း ဆို သည် မှာ ကောင်းသည်လဲရှိ မကောင်းသည်လဲရှိမှာပါပဲ။ ကျွန်တော်တို့ တိုင်းပြည်အုပ်ချုပ်သူ အစိုးရ၏ လိမ် မာပါး နပ်မှုနှင့် ပြည်ထောင်စုသား အားလုံး အမျိုးသားရေး စည်းလုံးမှုအားမာန်ရှိဖို့လိုနေပါပြီ။ ယ ခုလျော့ ပါး သွား တဲ့ ရေပိုင်နက်ဟာ ရခိုင်တွေနစ်နာသွားတာတင်မဟုတ်ပါဘူး၊ ဗမာတွေရှုံး သွားယုံ တင်မ ဟုတ် ပါ ဘူး၊ မြန်မာနိုင်ငံတစ်ခုလုံးရှိ ပြည်ထောင်စုသားအားလုံး၏ ဆုံးရှုံးနစ်နာမှုကြီးဆိုတာ ကျွန်တော် တို့အားလုံး ခံ စားမိကြဖို့လိုပါတယ်။ ယခုလာတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ စည်းလုံး ညီညွတ် စွာနဲ့ ငြိမ်း ချမ်း သာယာတဲ့ အနာဂါတ်နိုင်ငံတော်သစ်ကို ကျွန်တော်တို့ အားလုံး အရှိန်အဟုန်ဖြင့် ချီတက်နိုင် ဖို့ မြန်မာနိုင်ငံ သားဟူသမျှ၏ တာဝန်ဟု မှတ်ယူကြဖို့ အရေးတကြီးလိုအပ်နေပါပြီ။

#28 Alexander 2012-03-15 12:30
တို့တိုင်းပြည်...

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ ၊ တို့ရွာမြေဝယ်
စေတီ စပါး ၊ များလည်းများ၏
များပါလေလဲ ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြာလျှင်
ယာစကာမျိုး ၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်၊
မစားလေရ ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း ။

ထလော့မြန်မာ ၊ အို မြန်မာတို့
တို့ရွာ တို့မြေ ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန် ၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား ၊ များလည်း များ၏
များပါလေလဲ ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြာလျှင်
မြင်သာမြင်ရ ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း ။

ထလော့မြန်မာ ၊ မြန်မာထလော့
အားမပျော့နှင့် ၊ မလျော့လုံ့လ
သူကစ၍ ၊ ငါကအားလုံး
လက်ရုံးမြားမြောင် ၊ ဥာဏ်မြားမြောင်းနှင့်
စွမ်းဆောင်ကြလေ ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ ၊ ဘယ်သူ့ရွာလဲ
ဤယားစပါး ၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍ ၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း ။ ................... ။

ဆရာဇော်ဂျီ

***************************************

(ဆရာဇော်ဂျီရဲ့...ကဗျာလေးသည်လည်း..ယခုချိန်မှာတော့ဖြင့်..........) 

မြန်မာပြည်သူပြည်သားတွေ ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ စည်းလုံးကြဖို့ လိုအပ်နေပါပြီ။ အခု ကိစ္စမှာ လည်း(သမီးစံအပါ) မြန်မာပြည်သားတွေ တော်တော်များများမသိလိုက်ကြတာ သာဓကတစ်ခုပါ။မြန်မာဆိုလို့ ဟိုတစ်လောတုန်းကဘုန်းဘုန်းချယ်ရီမြေမြန်မာပြည်ကြွလာလို့ဦးတော်သွားလုပ်ရင်းစကားစပ်မိပြီးပြောခဲ့ တာလေးကိုသတိရမိပါသေးတယ်။မြန်မာလူမျိုးအရမ်းပီသတာမကောင်းဘူးဘုန်းဘုန်းလို့း)။ မြန်မာလူမျိုး အရမ်းပီသတာလည်း  မကောင်း ပါဘူး။ မပီသကြပါနဲ့လို့ :P :P
(မြန်မာလူမျိုးတွေက အားနာတတ်တယ်၊သနားတတ်တယ်၊
ရက်လည်းရက်ရောတတ်ကြတယ်၊အယုံလည်းလွယ်တတ်ကြတယ်လေ။
နောက်ပြီးရှိပါသေးတယ်..အများကြီးပါ။.. :)
မေမြို့ကမောင်မိုးရေ..တဂ်ပို့စ်လေး ရေးပေးလိုက်ပါပြီ။
အဆင်မပြေတဲ့နေရာရောက်ရင်မျက်လုံးမှိတ်ထားပြီး 
အဆင်ပြေတဲ့နေရာရောက်မှ မျက်လုံးဖွင့်ပြီး ဖတ်ပေးပါ။
တစ်ပုဒ်လုံးအဆင်မပြေဘူးဆိုရင်တော့အော်သွားလိုက်ကြပါ။း)
ပွင့်လင်းရာသီရောက်နေတော့ ဘလော့ဂါတွေလည်း မီးဘေးရှောင် အဲလေ မအားဘူးလို့ကြားပါတယ်။ 
တဂ်တော့ဘူးနော်..း)

ဆက်ပြီး..နိဗ္ဗာန်ဆော်ရရင်တော့ဖြင့်...........
သမီးစံဆီမှာ "မရမ်းချောင်း" အလှူအတွက်ကောက်ထားတဲ့အလှူငွေ
အလှူရှင်(အန်တီ)ဒေါ်အိအိစိုးက လှူထားတဲ့အလှူငွေ ၂၀၀၀၀၀ိ/ကျပ် ရရှိထားပြီးပါပြီ။
ဆက်ပြီး လှူဒါန်းမယ့် အလှူရှင်များရှိရင်လည်း အားမနာစတမ်း ဆက်သွယ်ကြပါလို့..။
ငါးရာတန်မှအစ၊ငါးထောင်တန်အဆုံး.... ရက်ရက်ရောရော၊သောက်သောက်လှဲ၊ပေါချင်းသောချင်း
လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်း...။ :))
(မနေ့က အစ်မလမင်းငယ်ရဲ့ ညမတော်လေးက ဖုန်းဆက်ထားပါသေးတယ်။အဆင်းတော့ ပြေခါနီးပါပြီ။)





ချစ်ခင်လေးစားလျှက်...

18 comments:

  1. တဂ်ပို့လေး စားသောက်ခဲ့ကြောင်းပါဗျာ
    ခင်မင်လျှက် (လွမ်း)

    ReplyDelete
  2. အစ်မရေးထားတာကိုကြည့်ပြီး.. မတောက်တစ်ခေါက်ရေးထားတဲ့ကိုယ့်ကိုယ်ကိုရှက်သွားတယ်.။
    သင်ယူရဦးမယ့် ဆရာမတစ်ယောက်ထပ်ရပြန်ပီ..။ ဘယ်လိုတွေးပြီးဘယ်လိုများရေးလိုက်ပါလိမ့်ဗျာ.။
    ဖတ်လို့ကောင်းလို့ ၂ ခါတောင်ပြန်ဖတ်သွားတယ်.။

    ReplyDelete
  3. မိစံရေ..ငါ့လူလေးတွေလည်း နင့်ဆီညွှန်လိုက်မယ်နော်...ရတယ်မလား ခိခိ အလှုကိုပြောတာနော်..လှုချင်တို့ မေးနေကြတာ..ကူညီလိုက်ပါအုံးနော်...မဆီမဆိုင် အလှုကိစ္စအရင်ပြောတာ...ငါလည်းရေးအုံးမယ်...မြန်မာပြည်အကြောင်း

    ReplyDelete
  4. မီးမီးလေ အမြင်ဖတ်သွားပါတယ်

    ReplyDelete
  5. ဟုတ်သားဘဲ..မေ့နေတာ..လွမ်းပိုင်ရှင်လေးကို အလှူခံရအုံးမှာကိုးးး
    မေမြို့ကမောင်မိုးရေ.အားနာလို့သာရေးပေးတာပါ။
    ကိုယ့်ဝမ်းနာ.ကိုယ်သာသိပါတယ်ကွယ်း)
    နည်းပညာရှင်ကြီး.စွယ်စုံကျမ်းရှင့်.ကျေးဇူးတင်ရှိကြောင်းပါ...။
    ဒယ်ဒီပါပါး..အားပေးမှုအတွက်.အထူးကျေးဇူးပါ..း)

    ReplyDelete
  6. အမ်း။။ကြားရနားဝမှာ မချမ်းသာလိုက်လေခြင်း...

    ReplyDelete
  7. ယောက်မလေးကရေးတတ်လိုက်တာ...
    တော်ပါပေတယ်ကွယ်....

    ReplyDelete
  8. အမြင်လေးကို မြန်မာပြည်မြေပုံလေး နဲ့ နှိုင်းပြီး ရေးပြသွားတာလေး ကောင်းတယ် သမီးစံ ..အိမ်မက်လဲ ဒီအကြောင်း သေချာမသိဘူး.. သေချာသိချင်လို့ ရှာကြည့်လိုက်ဦးမယ်..မြန်မာမပီသတဲ့ အထဲ အိမ်မက်လဲ ပါပြီ ထင်တယ်း(....
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  9. ညမတော်...လာဖတ်သွားတယ်..

    ReplyDelete
  10. ဟန်ကြည်March 16, 2012 at 2:10 AM

    လောလောဆယ် တိုင်းရေးပြည်ရာနဲ့ အဆက်ပြတ်နေသကွယ်...အားလပ်ရက်ရမှပဲ လေ့လာရတော့မှာပဲ...

    ReplyDelete
  11. ကောင်းတယ်သမံစီးရေ။ အဲ့ဒီကိစ္စရင်ထဲမှာမကောင်းဘူးဗျာ။ မနေ့ကပဲ ဖဘက ကိုယ့်ဝေါမှာ စိတ်ဆိုးဆိုးနဲ့အော်ထားသေးတယ်။ :(

    ReplyDelete
  12. တကယ်ကောင်းတဲ့ ပိုစ်လေးပါ။ တဂ်တဲ့သူကလည်း လူရွေးတော်ပါ့။
    ညမတော်လေးက စာရေးကောင်းပါ၏။
    အတွေးကောင်းပါ၏
    အားပေးနေမည်။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  13. Very clear writing & easy to understand!

    ReplyDelete
  14. အင်းဒီအရေးကြားရတာ စိတ်မချမ်းသာဖူး
    မျှမျှတတဖြစ်ရင်ကောင်းမယ်

    ReplyDelete
  15. စံစံရဲ့ အမြင်လေး လေ့လာသွားပါတယ်...
    နတ်နတ်ကတော့ ဒီအကြောင်းကို ဘာမှမပြောတတ်ဘူး၊ ပြောသမျှနားထောင်လိုက်တာပဲ..

    ReplyDelete
  16. တမီးစံရေ ငါလာပြီး နင့်အမြင်လေးတွေ ဖတ်သွားတယ်ဟ.....ဖတ်ရတာစုံနေတာဘဲ ပုံတွေရော ကွန်မန့်လေးတွေရော ကဗျာလေးတောင်ပါသေး.....သဘောကျပါ၏ နင့်လိုမရေးတတ်တော့လည်း လာဘဲဖတ်တာကောင်းတယ်.....

    ReplyDelete
  17. အင်းးးအကြွေးတွေကျန်သေးတယ်ဟေ့ ကျုပ်လဲရေးရဦးမယ်

    ဒါနဲ့စကားမဆပ် တဂ်ပိုစ့်မှာဘာကိစ္စ အလှုခံရတာတုန်းအေ :P

    ချစ်တဲ့အမဂျီး

    ဒိုးကန်

    ReplyDelete
  18. စံ.. လာဖတ်သွားခဲ့တယ်နော်။

    ခင်တဲ့
    မြတ်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..