Tuesday, March 27, 2012

သို့



ကိုသစ္စာ…
သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။
ရှင် ရောက်နေတဲ့အရပ်မှာ အဆင်ကော ပြေပါရဲ့လား ?
လူကြီး၊လူငယ်၊လူလတ်၊တန်းတူ၊ရွယ်တူမရွေး အဆင်ပြေအောင် တည့်အောင်ပေါင်းပါ ကိုသစ္စာ။ကျမတို့ ဆီမှတော့ လူကြီးတွေနဲ့တည့်ရင်တင်ဘဲ အဆင်တော်တော်ပြေပါတယ်။ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ အခု တလော ရောဂါတွေကလည်း အမျိုးမျိုး တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ကြဘူးလေ။ ခေတ်စားနေတဲ့ရောဂါ ကတော့ “ငြိမ်းချမ်းရေး”တဲ့။(အဆန်းသားနော်း)ဒီရောဂါကို ကုမယ့်ဆရာဝန်တွေကလည်း အများသားလား။ အားလုံး ကလည်း ကိုယ်စီအရည်ချင်းတွေနဲ့ကိုး(ကောင်းတာရော မကောင်းတာရောပေါ့)။ကျမ အနေနဲ့ကတော့ ကုကြည့် ရမှာဘဲလေ…။ကုတာချင်း၊ဆေးချင်းတူပေမယ့် ဆေးလိုက်တဲ့ဆရာဝန်ရယ်ဆိုပြီး သက်သက်ရှိ သေးတယ် မဟုတ်လား။တစ်ချို့ဆရာဝန်တွေရှိတတ်တယ်လေ.. အပြောလေးနဲ့တင် ရောဂါတစ်ဝက်လောက် သက် သာ သွားတာမျိုးပေါ့…။
“ငြိမ်းချမ်းရေး”ဆိုလို့(ဆိုင်၊မဆိုင်တော့မသိ)အခုတလော သီချင်းလေးတစ်ပုဒ် နားထောင်ဖြစ် နေတယ်။ သီချင်းနာမည်က“ဇာတိမာန်”တဲ့။ရှင့်အတွက် စာသားတစ်ချို့ ရွေးပေးထားတယ်။
“ရိုးရာအခြေ မငြိုးပါသလေ မျိုးသာကီနွယ်ဆင်းသက်ပေ။ ဒါတို့ရွှေထီး၊ဒါတို့မြေကြီး စည်ထီး ခရိုင် ကိုယ်ပိုင်မြန်မာပြည်….”၊“တက်လူတွေ တက်လူတွေ၊ လုံးလ ၀ီရိယ ရှိကြစေ… အမျိုးဂုဏ်တက်အောင် ရွက်ဆောင်လေတို့တာဝန်အမှန်ပေ…”၊“မြန်မာချင်း ရိုင်းပင်းစေ၊ ဘုန်းတန်ခိုး တက်ကြဖို့ ခေတ်ကောင်း ရောက်ပေါ့လေ..”၊“တိုင်း..ပြည်လုံးဘဲ နယ်လုံးဘဲ ညီညွှတ်ကြစေ..”တဲ့။ကဲ….ရှင်ကော..ဘာလုပ်နေလဲ ကိုသစ္စာ..။
စကားမစပ်…

တလောတုန်းက ရှင်ပို့ပေးလိုက်တဲ့ လက်ဆောင်ကိုလည်းရပါတယ်။ပန်းတွေ ကြည့်လိုက်တာနဲ့တင် တော် တော်နောက်ကျမှ ရောက်လာတာသိနေပေမယ့်…ကြံဖန်ပြီး ဖြေသိမ့်လိုက်ပါတယ်။ရှင့်ကိုလည်း အပြစ်မ တင်ပါဘူး။အမြန် ချောပို့တာတောင် တစ်ပတ်နီးပါးကြာတတ်တာကိုး။မမေ့မလျော့နဲ့ တာဝန်သိ၊စိတ်ဓာတ်လေး ရှိလို့ ကျေးဇူးတင်ရပါတယ်။ပို့သော မေတ္တာ ရပါစေ….  ကိုသစ္စာ…။


သိပ်မကြာခင်တုန်းက ပွဲလေးတစ်ပွဲ ကိုယ်တိုင်တက်ခဲ့ရတယ်။ အလှူရေစက်ချတဲ့ပွဲလေးပါ။ “ဘက ကျောင်းတစ်ဖြစ်လည်းယဉ်ကျေးလိမ္မာ ကျောင်းလေးတစ်ကျောင်း”ကိုလေ..။မဝေးလွန်း၊မနီးလွန်းတဲ့ ခရီးလေး တစ်ခုပေါ့။လူအားစိုက်ရတဲ့ ကိုယ်တိုင် တောင်အတိုင်းမသိ ပျော်နေမိရင်.. ငွေအားကော၊လူအားပါ ကိုယ်တိုင်စိုက်ထုတ် အားပြုထားတဲ့ အလှူရှင် တွေဆို ရင်တော့ ဆိုဖွယ်ရာမရှိတော့ဘူးပေါ့..။ခရီးကအပြန် နေပူ၊မိုးရွာလိုက် ဖြစ်သွားတာမို့ ကျမ နှာတွေစီး၊ ချောင်းတွေဆိုးလိုက်ပါသေးတယ်။ကျမတောင် ဒီလောက်ဖြစ် နေရင်အဖွဲ့ဦးဆောင် ဆရာတော်အပါအ၀င် အတူတူ လိုက်လာတဲ့ အစ် ကို၊ အစ်မ တွေဆို ဘယ်လောက်တောင် ပင်ပန်းကြမ လဲနော်..။ (ကိုယ်ချင်း စာမိ ပါရဲ့) ဒါပေမယ့် (ဦးဆောင် ဆရာတော် အပါ အ၀င်)သူတို့ ကိုယ် တိုင် ကော၊ ကျမပါဘာမှမဖြစ်သလိုနဲ့ ပျော်ပျော်ပါးပါးပါဘဲ။ကိုယ့် အိမ်ကိုယ် ပြန် ရောက် ကြတော့ အားလုံး ဘုန်းဘုန်းလဲဘဲပေါ့ J။ကျမရဲ့ပထမဦးဆုံးနဲ့ အပျော်ဆုံး အလှူ တစ်ခုဖြစ်တာမို့ ဦးဦးဖျားဖျား(အားလုံးပြီးတော့)ရှင့်ကိုအမျှပေးပါတယ်း)။သာဓုခေါ်ပါ..ကိုသစ္စာ။
ကျမကပွဲဆက်များတတ်တဲ့လာဘ်ရှိတယ်နဲ့တူရဲ့း)။တစ်ခုပြီးပြီဆို နောက်တစ်ခု ရောက်လာတော့တာဘဲ :D။
သေးသေးကွေးကွေးပွဲလေးတွေအကြောင်းလဲ ရှင့်ကိုပြောရအုံးမယ်။မလိုအပ်ဘဲစာတော့ရှည်မယ်။သည်းခံပေးပါ ကိုသစ္စာ။ရှင်က ချောပါတယ်..း)။



အ၀ါပေါ်မှာ အပြာရိုက်ထားတော့ ဘာမှမမြင်ရဘူးပေါ့။ဒီကြားထဲ အပြာက နုနေပြန်တော့ သာလို့ ဆိုးပြန် သွား တာပေါ့။အဆင်ပြေသလိုသာ ကြည့်လိုက်တော့ ကိုသစ္စာရေ…။“မြန်မာ့ရိုးရာယဉ်ကျေးမှု၊၀တ်စား ဆင်ယင်မှု ပြပွဲ”တဲ့..။(လူနည်းတယ်မထင်နဲ့နော် ပွဲက စတောင်မစသေးဘူး)

ဒီလူကြီးက ကွယ်ဘဲကွယ်နိုင်လွန်းလို့ ပြောလိုက်တာ ကြားသွားသလားတော့မသိ လှည့်ကြည့်ရှာပါတယ်။ တတ်နိုင်ဘူးလေ..။ကျမအကြောင်းလဲ ရှင်သိသားနဲ့။အဲ့ဒီ့ပွဲက ဆုပေးပါတယ်။ဒီတစ်ယောက်က မှန်းထားတဲ့ထဲက..တစ်ယောက်ပါ။ဒါပေမယ့် သူမရသွားဘူး။နှစ်သိမ့်ဆုတဲ့။ထင်ထားတဲ့အတိုင်းလဲ ဖြစ်မလာတတ်ဘူး နော်။

အကဲဖြတ်ဒိုင်တောင် ဓာတ်ပုံလှမ်းရိုက်တယ်ဆိုတော့ တော်တော်လှလို့ပေါ့။ဒိုင်စိမ်းဘေးနားက ဒိုင်နီက အန်တီ ဒေါ်နွဲ့နွဲ့စန်းပါ။ပထမဆု(ငွေသားရှစ်သောင်းနဲ့ဆုတံဆိပ်)ကို ဒီကလေးမလေးက ရသွားတယ်လေ။မြန်မာအဆန် ဆုံးပါဘဲ။နာမည်လေးကလည်း လှမှလှ “ခင်မြန်မာကျော်ဇော”တဲ့။ကျမတို့ မေဂျာပထမနှစ်ကပေါ့း)။ရှင် လူရွေး တော် တယ်ပြောရမယ်…။





လူ့စိတ်ဆိုတာလည်း ပြောရခက်သား ကိုသစ္စာရဲ့ တစ်ခါတစ်လေ တောင်တွေးရင်း မြောက်ကို ရောက်ရောက် သွားတတ်တယ်လေ..။အဲ့ဒီ့အတွေးတွေ အဆုံးသတ်ရင် တွေ့ကရာ မှတ်တမ်းတင်တတ်တဲ့အကျင့် ကျမ မှာရှိတယ်။ရှင်မသိသေးတဲ့ အကျင့်တွေထဲက တစ်ခုပေါ့။မှတ်ထားပေးပါ။း)

ကဲ… ပြောချင်တာလည်း..ကုန်သွားပြီမို့ အဆုံးသတ်လိုက်ပါရစေ…။
ဒီစာက ရှင့်အတွက် ပထမဦးဆုံးလည်းဖြစ်နိုင်သလို နောက်ဆုံးလည်းဖြစ်သွားနိုင်ပါတယ်။
  “တိမ်ပြာပြာ ဆန်းဒေးတစ်ရက်မှာ ပြန်ဆုံကြပါစို့ ကိုသစ္စာ”


ရှင့်ရဲ့….
ထွေးညို

တောင်စဉ်ရေမရ အတွေးတွေအတွက် ကိုသစ္စာနဲ့ ထွေးညိုကို ထည့်သုံးလိုက်ရပါတယ်။
နာမည်တူ ရှိသူများ ၀မ်းသာ အဲလေ သည်းခံကြပါကုန်…း)။
ဝေဖန်၊အကြံပြုစာများကို (ဆန့်သလောက်) လက်ခံပါသည်။

ချစ်ခင်လေးစားလျှက်..

23 comments:

  1. ထွေးညိုရေ သတိရနေပါတယ်.. :P

    ReplyDelete
  2. တမီးစံရေ ကိုသစ္စာလည်း သာဓုခေါ်မှာပါ ..... နင်ပြသမျှလည်း ငါလိုက်ကြည့်ပြီး ကိုယ်တိုင်ရောက်လိုက်သလိုပါဘဲဟာ......ကိုသစ္စာလည်း နင့်စာကို ထပ်မျှော်နေဦးမယ်ထင်ပါတယ်....ထပ်ရေးပေးလိုက်ပါဟာ..သနားပါတယ်...နှစ်သိမ့်ဆုရသွားတဲ့ ကောင်မလေးကိုတော့ ဒိုင်ကမပေးပေမဲ့ ငါက ပထမဆုပေးလိုက်ပါတယ်....နောက်လည်း ငါ့ကိုဒိုင်လုပ်ခိုင်းမယ်ဆိုရင် ခေါ်ပေါ့နော်.....နောက်ပြီး နင့်ပုံတွေကြည့်ပြီး နင်ကုသိုလ်တွေရနေတာကို သာဓုလည်းခေါ်မိသလို နင့်မှတ်တမ်းဓါတ်ပုံလေးတွေလည်း ငါငေးသွားပါတယ်ဟာ.....နင်ရေးတာ ငါတောင် ဂယ်ကြီးထင်သွားလို့......တော်တော်ရေးတတ်ပါ့ မိစံရယ်....အားပေးသွားတယ်....နင်လည်း ငါရေးသမျှ လိုက်ဖတ်ရရှာတယ်.....မောနေရောပေါ့....ရေလေးသောက်ဦးနော်.....ခင်တဲ့ ......ရင်ဆူး

    ReplyDelete
  3. တိန်... စာကြီးကလည်း နောက်ဆုံးဖြစ်တွားနိုင်တယ်ဆိုတော့.. ချိန်းခြောက်ထားတာလား.။အစ်မ. ဟိဟိ..။ပထမဆုရသွားတဲ့ကလေးမလေးက.. ထီးကိုင်ထားတာ ဘလိုကြီးတုန်း..။ မျက်နှာကို ကွယ်ထားတယ်.။နာ့အစ်မ ဓါတ်ပုံရိုက်တာ ကျွမ်းလို့နဲ့တူပါတယ်.။ဟိဟိ။

    ReplyDelete
  4.း) ကိုသစ္စာကြီး ကျေနပ်မှာပါ ထွေးညိုရယ်
း) မြန်မာ့ယဉ်ကျေးမှုကို မြန်မာတိုင်းထိန်းသိမ်းနိုင်ပါစေ

    မောင်ဘကြိုင်

    ReplyDelete
  5. ကိုသစ္စာ ကိုသစ္စာ ထွေးညိုလေး စာကို ခံစားနားလည်နိုင်ပါစေ

    ReplyDelete
  6. မောင် သစ္စာ ရယ်..မချစ်တဲ့ ထွေးညိုလေးဟာလေ..မြေ၇ှင်ယာ၇ှင် စနစ်ဆိုတွေရဲ့
    အောက်မှာ ဘ၀ဆုံးတွားပြီကွာ...တရားနဲ့ သာဖြေပါနော်..ခိခိ...

    ပုံ ဘကြီးမှုံရဲ့တူ..ဘကြီးမောင်..ခိခိ

    ReplyDelete
  7. ဒီပါးပါး မားမား ကမွေးရကြိုးနပ်လိုက်သည့်ဖြစ်ခြင်း
    တော်လိုက်ထှာအေ
    သူ့ မားမားအတိုင်းပဲ
    ရေးထားတာတွေညက်နေရော

    ReplyDelete
  8. လှည့်ကြည့်လိုက်တဲ့ အကြည့်လေးက စူးရှလိုက်တာ
    နဂါးမျက်စောင်းဖြစ်မယ်
    သူကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါဦး အစ်မရေ
    သူ့ပုံကြည့်ပြီး ရယ်ရလို့ဗျာ
    ( အရေးအသားကောင်းတာလဲ ပါ၏ )

    ReplyDelete
  9. သမီးစံတို့တော့ စာရေးတတ်ပါ့. ဖတ်လိုက်တာ မျှောသွားတယ် ... စာထဲနော်.
    အခြေနေ ၃..၄ ခုကို ပိုစ်တစ်ပုဒ်တည်း တွဲရေးတတ်တာ တော်ပါ့.
    မကြီးလွမ်းတို့တော့ သေတောင် ဒါမျိုးရမှာ မဟုတ်...


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  10. သမီးစံရေးမှပဲ ထွေးညိုကိုသွားသတိရတယ်......:))))

    ReplyDelete
  11. "ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပါ့ ခံပွင့်ကိုကုံးရတယ်...ထွေးညိုလေးရယ် အတွေးဆိုတာဖျောက်ဖြတ်ပစ်ရတယ်....".ကိုသစ္စာ ရောက်တဲ့နေရာမှ သာဓုခေါ်ပါ...တမှီးချန် ကိုသစ္စာ ဘကြီးမှုံအိမ်ရောက်နေတယ်....

    ReplyDelete
  12. ထွေးညိုလေးရယ် ..သေးဆိုတာ မတ်တတ်ပေါက်ရတယ်း))

    မှ ။


    ကိုသစ္စား)

    ReplyDelete
  13. ဒါနဲ့ ကိုသစ္စာက ဘယ်နားရောက်နေလို့ စာတစ်တန် ပေတစ်တန် ရေးရတာတုန်း..
    အော်ထွေးညို ထွေးညို
    အရင်ကတော့ ကလေးလေး ခုတော့လည်း ကိုသစ္စာ ကိုသစ္စာနဲ့
    တော်တော်လေး တတ်နေပါရော့လား..း))
    ဒီစာဖတ်ပြီး ကိုသစ္စာဖြစ်ချင်သူတွေ ပေါ်လာမယ်ထင်ပါရဲ့နော မထွေးညို :P

    ReplyDelete
  14. အလဲ ... ကိုသစ္စာတွေ ထွေးညိုတွေနဲ့တယ်ဟုတ်နေပါလား။

    ReplyDelete
  15. မိစံ ရော ဝင်မပြိုင်ဘူးလား

    ချစ်အမကြီး
    ရွှေစင်ဦး

    ReplyDelete
  16. ဒီစာက နောက်ဆုံးဖြစ်သွားနိုင်တယ်ဆိုပေမဲ့ “တိမ်ပြာပြာ ဆန်းဒေးတစ်ရက်မှာ ပြန်ဆုံကြပါစို့ ကိုသစ္စာ” လို့ ပြန်ပိတ်ထားတော့ အားမငယ်ပါနဲ့တော့နော်....ကိုသစ္စာရေ....ခိခိ

    ReplyDelete
  17. ခက်ပြီ ... အပျိုကြီးတော့ ... ကိုသစ္စာ နဲ့  ထွေးညို ကို အကြာင်းပြပြီး

    တိမ်ပြာပြာ ဆန်းဒေးတစ်ရက်မှာ ပြန်ဆုံကြပါစို့  ..... တဲ့ ....

    အပျိုကြီး များ လွမ်း နေပုံ က မှတ်သား လောက်ပါတယ် ..... အဟီး ....

    ReplyDelete
  18. စီအိုင်အေ ပစ်ပစ်March 31, 2012 at 12:43 AM

    ထွေးညို ထွေးညို..
    နင်အခုတော့ ကိုသစ္စာဖြစ်သွားပြီပေါ့..
    ဘိုလိုဖြစ်တာတုန်းအေ
    မျက်စိများတောင်လည်ပ..

    ReplyDelete
  19. နေညှိရင် လေပြိုစေတဲ့ တောတန်းလေးက ထွေးညိုကို သတိရအောင် ရေးတာတော့ဟုတ်ပါတယ် လွမ်းလောက် စရာနေရာ မှာနေနေတော့ ဒီလောက်တော့ ရှိမှာပေါ့ ကိုသစ္စာ အမြန်ပြန်လာနိုင်ပါစေ

    ဆုတောင်းပေးပါတယ်...

    ဆေးလိပ်ကတို နေညိုညို မှာ ထွေးညိုလေး နဲ့ ဆို ...ကိုသစ္စာ လွမ်းလောက်စရာပါ..

    ReplyDelete
  20. ထွေးညိုရေ.... နေမကောင်းလို့ ခုမှ ပဲ ရောက်ဖြစ်တယ် ခုလဲ သိပ်မကောင်းသေးပါဘူး ကိုသစ္စာ ကို ပြောပေးပါနော်..ထွေးညိုလို ပဲ နှာစေး ချောင်းဆိုးနေပါတယ်လို့..
    ထွေးညိုအစ်မ
    သေးဆို..ဟိး)

    ReplyDelete
  21. ထွေးညိုလေးနဲ့  ကိုသစ္စာတို့  တိမ်ပြာပြာ ဆန်းဒေးမှာ ဆုံရင် ပို့ စ်ရေးဦးနော့...

    ReplyDelete
  22. "သည်းခံပေးပါ ကိုသစ္စာ။ရှင်က ချောပါတယ်..း)။" တယ်ဆိုလို့ ဆက်ဖတ်လိုက်တယ်။ မမိုးကိုချုပ်ပါရောလား မသစ္စာ ရယ်။ :P မရောက်တာကြာလို့ Sorry.... အိမ်ပုံလေးပြောင်းသွားတာမသိလိုက်ဘူး။

    ReplyDelete
  23. ကိုသေတ္တာ ကိုသေတ္တာ
    စိုး သဘောင်္ပေါ်လိုက်ခဲ့မယ်...။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..