Tuesday, February 12, 2013

ဆယ်ရက်၊ဖေဖော်ဝါရီ

 

အဲ့ဒီ့နေ့မရောက်ခင်ကတည်းက သွားဖြစ်ခဲ့ရင်ဆိုပြီး တွေးပျော်နေတာဆိုတော့..ကောင်းကောင်း အိပ် မပျော် ခဲ့ပါဘူး။ 
ထွေထွေထူးထူးကိစ္စ ဘာကိစ္စမှမရှိပါစေနဲ့လို့.. ဆုတောင်းရတာအမော..
နောက်တော့ ဆုတောင်းလေးပြည့်သွားပါတယ်။ 
နေ့လယ်ဆယ့်တစ်နာရီဆယ့်ငါးလောက်မှာ အိမ်က“စ”ထွက်ခဲ့တယ်။ တီတင့်တို့အိမ်ကိုး)
တီတင့်အိမ် ရောက်ခါနီး ရောက်ကြောင်း သတင်းလှမ်းပို့လိုက်တော့ ဖုန်းထဲမှာ အသံတွေကြားနေ ရတာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရယ်..း) 
အဲ့ဒီ့နေ့က..
အန်တီတင့်နဲ့တွေ့တယ်။
အစ်မမြသွေးနီ(မိသားစု)နဲ့တွေ့တယ်။ 
မကြီးမိုးငွေ့နဲ့တွေ့တယ်။
အစ်ကိုရန်အောင်နဲ့တွေ့တယ်။
ကိုဖိုးစိန်နဲ့တွေ့တယ်။
ကိုညီရဲနဲ့တွေ့တယ်။
ကိုစည်သူ(မျှစ်)နဲ့တွေ့တယ်။
အစ်မဒိုးကန်(မဒမ်ကိုး)နဲ့တွေ့တယ်။
ကိုကိုးအိမ်နဲ့တွေ့တယ်။
ကဗျာဆရာလက်ဝဲနဲ့တွေ့တယ်။
မိုးညချမ်းနဲ့တွေ့တယ်။
ရေတမာနဲ့တွေ့တယ်။
ဒေါင်းတောင်နဲ့တွေ့တယ်။ (ချစ်စနိုးနဲ့ခေါ်ကြတယ်။ ဒေါင်ဒေါင်တဲ့း)
မသူသူဟန်နဲ့တွေ့တယ်။
အစ်ကိုဇော်နဲ့တွေ့တယ်။
အစ်မရို့စ်(Rose of Sharon)နဲ့တွေ့တယ်။
အစ်မ မက်မက်နဲ့တွေ့တယ်။
နောက်ထပ် အစ်မနှစ်ယောက်နဲ့တွေ့တယ်။
မိစံနဲ့တွေ့တယ်။း) 
Blogger တွေနဲ့တွေ့ရတာ.. ပျော်စရာကြီး..

Blogger ဆိုတာ.. အပြစ်အနာအဆာကင်းတဲ့ စင်းလုံးချော “မချစ်စု”သရက်သီးလိုပါဘဲ..း)
သူ့အရသာမှာ ချိုအေးမွှေးလို့...


အဲ့ဒီ့နေ့က မချစ်စုတွေအများကြီးနဲ့..တွေ့ခဲ့ရတယ်း)

တကယ်ပါ.. 
အဲ့ဒီ့နေ့က တကယ့်အမှတ်တရဘဲ..

အဲ့ဒီ့နေ့က မုန့်ဟင်းခါးလေး စားကောင်းတယ်။ ငှက်ပျောပေါင်းကိုမမေ့ဘူး။း)
ပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တီတင့်ကို ကျေးဇူး(အထူး)တင်ရှိရပါကြောင်း...


(အမှတ်တရအနေနဲ့ဘဲ အကြမ်းခြစ်လိုက်တာ..
အချောဆို.. အကုန်သရေကျကုန်လိမ့်မယ်း)



ချစ်ခင်လေးစားလျှက်
သမီးစံ









11 comments:

  1. ပျော်ဖို့ တော်တော်ကောင်းမဲ့ပုံဘဲ။ မချစ်စုတွေ အများကြီးဘဲ

    ReplyDelete
  2. ကြွားထှာ ကြွားထှာာ
    အင်းး တို့များလည်းအားကျပါရဲ့ ကွား)

    မောင်ဘကြိုင်

    ReplyDelete
  3. မချစ်စုထက် စိန်တစ်လုံးဆို ပိုကောင်းမယ်နော် :P

    ReplyDelete
  4. စိတ်ကူးနဲ့တင်ကိုပျော်စရာကောင်းလှပါပြီ ကျွန်တော်လည်း ဘလော့ဂါအကိုအစ်မ တွေနဲ့ အပြင်မှာ
    ဆုံဖူးချင်တယ် စိတ်ကူးလေးပါ ^_^
    အဲနေ့တုန်းက တော်တော်ပျော်စရာကောင်းမယ်ထင်တယ်နော်
    ပုံလေးတွေရှိရင်လည်း တင်ပြပါလား မြင်ဖူးသွားအောင်ပေါ့ ^_^
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  5. ဘလော့ဂါများ တွေ့ဆုံပွဲက ပျော်စရာကြီးပါလားဟ မိစံရ....။

    ReplyDelete
  6. မချစ်စု စုံညီ ပွဲလေး ဆိုပါတော့ကွယ်..
    တို့များလည်းအားကျပါရဲ့လေ

    ReplyDelete
  7. ရေးရမှာတော့ အားမနာပါဘူး... ပြောစရာ ရှိတာပြောရမှာပဲ ..မနာလိုဘူးနော် ..:P

    ReplyDelete
  8. ပျော်ပြီး စကားတွေ များနေလိုက်တာ
    ခါးတို့လိုက်မှ တွေ့တယ်ဟုတ် ဂျီးတော်မိစံ.. :)
    အစ်မလည်း တကယ် ပျော်ခဲ့ရပါတယ်..ညီမရေ..

    ReplyDelete
  9. ဘာကိစ္စမချစ်စုကိုမျက်စောင်းထိုးတာတုန်းး))

    ReplyDelete
  10. ဒါလေးက မိစံ ထင်ပါရဲ့
    ဘလော့ဂ်ယောင်ယောင် ဘာယောင်ယောင်နဲ့ ဘယ်မှမသွားတတ်၊ မလာတတ်နဲ့ ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီကွယ်။
    အခုမှ ဒီပို့စ်လေးဖတ်မိလို့ အစ်မကို ခွင့်လွှတ်
    ပြောသာ ပြောရ..အခုပြောနေတာကော ဘယ်သူလဲ မှတ်မိရဲ့လား မသိ
    မိစံလေး ပြောထားတဲ့ နာမည်တွေထဲ ပါတယ်
    မှန်အောင်ပြောရင် မုန့်ဝယ်ကျွေးမယ် :P

    ReplyDelete
  11. မချစ်စုတွေတဲ့လား... :)

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..