Friday, August 26, 2011

အံ့မခန်းဓာတ်ပုံပညာ...

ကျွန်မအထင်တော့..ဓာတ်ပုံပညာဟာလည်း..လူတစ်ယောက်ရဲ့စိတ်ကိုအများကြီးကုစားပေးနိုင်ပါတယ်။ ကျွန်မလည်းဓာတ်ပုံအရိုက်ခံရတာကိုဝါသနာမပါပေမယ့်၊ကိုယ်တိုင်ရိုက်ရတာတော့... ၀ါသနာပါပါတယ်။(လောလောဆယ်တော့ကင်မရာလက်ဆောင်ပေးမယ့်သူမရှိသေးလို့လက်စွမ်းမပြနိုင်သေးဘူးပေါ့နော်းP) ဒီပုံလေးတွေကတော့ကျွန်မလက်ဆော့ရင်းနဲ့ရှာလို့ တွေ့ထားတာလေးတွေပါ။မိတ်ဆွေအစ်ကိုအစ်မ၊များကိုကြည့်စေချင်တဲ့အတွက်ဝေမျှပေးလိုက်တာပါ။ ပုံကြည့်မပျင်းရအောင်လို့..ကျွန်မတတ်သလောက်ပေါက်တတ်ကရလေးတွေနဲ့ဖျော်ဖြေထားပါတယ်းP ပျော်ရွှင်ကြပါစေ။းD

ချစ်စရာလေးတွေနော်း))

ပျော်စရာမိသားစုလေးပါပဲ...

ဒါကတော့..မချော(အစိမ်းရောင်လွင်ပြင်)ရဲ့
ငါးယပ်တောင်ဟင်းချက်တဲ့ငါးကြီးပေါ့..
ခုတော့..ငှက်ကြီးချီသွားပြီ.
းP


ဘလော့ဂါပေါက်စလေးတွေလေး))

KMC ချင်းကလေးဆိုတာ..ဒီကောင်လေးပါ့းP

ဒီငှက်လေးရဲ့ခြေထောက်က..တစ်ချောင်းတည်းပါတာလား၊ ဒါမှမဟုတ်ညောင်းလို့ပဲသိမ်းထားတာလား....

ဒါကဘဲလား...ငှက်လားမသိဘူးနော်

သြော်...မိဘမေတ္တာ..မိဘမေတ္တာ..

အရမ်းလှတဲ့ဓာတ်ပုံလေးပါပဲ

တိုက်ဆိုင်ပြီးသူ့ဘာသူဖြစ်သွားတာထင်တယ်နော်

ဒါကဓာတ်ပုံပညာလား၊ဒါမှမဟုတ် ဆော့ဖ်ဝဲပညာလားတော့မသိ
လှတာတော့..တော်တော်လေးကှိုလှပါတယ်။

အေးအေးဆေးဆေးလေးပဲကောင်းပါတယ်နော်း))

ခွေးလှလှလေးချစ်သူများအတွက်......

ငယ်ငယ်တုန်းကတော့ဆော့သား.. (ပုတ်သင်ညို)၂ အပျိုလာခေါင်းညိမ့်လို့လေ... :P

တူနှစ်ကိုယ်ကြည်နူးနေပုံရပါတယ်.ကိုအိပ်ရာတို့စုံတွဲပေါ့း))
(သွားမနှောင့်ယှက်နဲ့နော် ငြိမ်ငြိမ်လေးကြည့်)



အမျိုးမတူပေမယ့်လည်း..ချစ်ချစ်ခင်ခင်ပေါ့နော်.. Hip /Hop Rapper ပေါက်စလေးတွေနဲ့တူတယ်နော်.. :P


သန်းတွေရှာတယ်...တစ်ကောင်ငါးရာ (ဒေါ်လာနဲ့ :P )

ဒီသတ္တ၀ါလေးတွေ ဘာကိုစိတ်ဝင်တစားကြည့်နေကြတာပါလိမ့်။ ဧကာနတော့ ရန်ကုန်မြို့က ကန်တော်ကြီးလိုနေရာကိုဖြစ်မယ်ထင်တယ်နော်းP

အခုလိုကျတော့လည်း၊ကြောက်ဖို့တောင်သတိမရ..ချစ်ဖို့ကောင်းလိုက်တာနော်


သြော်....စောစောကတစ်ပုံက..ဘဲပုံကိုး

ဒါ..ဘယ်သူနဲ့တူနေပါလိမ့်.. တစ်ယောက်ယောက်တော့တစ်ယောက်ယောက်ပဲ
အရောင်လေးကလည်းအဖြူရောင်လေးဆိုတော့ ...းP

“စားမှာပဲ..စားမှာပဲ..ငါ့ကိုလာမတားနဲ့”........တဲ့

အပြင်မှာတော့..ခရုဆိုတာ..ရွံ့စရာကောင်းပေမယ့်..ဓာတ်ပုံထဲမှာတော့ တော်တော်လေးလှပြီးချစ်စရာတော်တော်ကောင်းပါတယ်။

အရမ်းလှတဲ့လိပ်ပြာလေးတွေပါ...တစ်နေရာထဲမှာစုနေကြတာနော်..ချစ်စရာလေးတွေ


မြစ်ဆုံနဲ့မောင်ချင်းပေါ့...သိပ်ဆိုးကြတဲ့ကလေးတွေလေ.. တည့်အောင်မနည်းဆုံးမထားရတယ်..:P

ချစ်စရာ့..လင်းပိုင်အလိမ္မာလေးပါ...

ဘယ်လိုများရိုက်ထားပါလိမ့်နော်...ပညာသားတော်တော်ပါ..ပါတယ်။

နောက်ပြီးကျွန်မအနေနဲ့ဒီပို့စ်လေးနဲ့မဆီမဆိုင်ပြောချင်တာလေးကတော့..ကျွန်မရဲ့ပထမဦးဆုံးတဂ်ပို့စ်လေးကို အားပေးကြကုန်သောဘလော့ဂါဘုန်းဘုန်းများ၊အစ်ကို၊အစ်မများ၊မောင်ငယ်၊ညီမငယ်များကို
အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေ။
ဒီတဂ်ပို့စ်လေးကလည်းကျွန်မတင်တဲ့ပိုစ့်တွေမှာအများဆုံးအားပေးခြင်းခံရတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်ရှင်။ နောက်ဆိုကျွန်မအနေနဲ့စာရေးဖို့တော်တော်အားပြည့်သွားပါပြီ။ ဒါကြောင့်ခုဆိုကုန်ကြမ်းလေးတွေရှာဖွေစုဆောင်းနေပါပြီ :P မကြာမီလာမည်မျှော်ပေါ့နော်(ကိုရီးယားကားတွေလိုလေး) )

11 comments:

KMC@ချင်းလေး said...

( ဒီသတ္တ၀ါလေးတွေဘာကိုစိတ်ဝင်တစားကြည့်နေကြတာပါလိမ့်။ ဧကာနတော့ရန်ကုန်မြို့ကကန်တော်ကြီးလိုနေရာကိုဖြစ်မယ်ထင်တယ်နော်းP ) ကန်တော်ကြီးစောင်းကစိုင်းစိုင်းရှိုးပွဲကိုလူတွေလိုလက်မှတ်ဝယ်ပြီး မကြည့်နိုင်လို့ခုလိုချောင်းကြည့်နေကြတယ်မှတ်ပါဗျာ..:P ဒီကြားထဲကျနော့်ပုံကပါလာရသေးတယ်..ကောင်းရော....:D

Anonymous said...

ညီမ ရေ

တကယ်ဘဲ လှပ ထူးဆန်းပါပေတယ် ကျေးဇူး ညီမ

ရွှေစင်ဦး

jasmine(တောင်ကြီး) said...

အရမ်းချစ်စရာကောင်းတဲ့ပုံတွေကြည့်သွားပါတယ်ရှင်
တစ်ကယ့်ကိုချစ်သွားတာပါ။
တူနှစ်ကိုယ်ကြည်နူးနေပုံရပါတယ်.ကိုအိပ်ရာတို့စုံတွဲပေါ့း))
(သွားမနှောင့်ယှက်နဲ့နော် ငြိမ်ငြိမ်လေးကြည့်)
အဲတာ jasmine နဲ့သူမရဲံ့ အသည်းတုံးကြီးပေါ့....

Anonymous said...

အစ်မရွှေစင်၊မောင်ချင်းကျေးဇူးပါရှင်။ဝေမျှရကျိုးနပ်သွားပါပြီ :D
ညီမဂျက်စ်ကအသည်းတုံးကြီးနဲ့လား..သြော်..
သိပါဝူးကွယ်...ဒါကြောင့်သူလေးလွမ်းနေတာကိုး..
ပျော်ရွှင်ပါစေကွယ်။

mstint said...

ဓာတ်ပုံလှလှလေးတွေကို ရှာရှာဖွေဖွေ စုဆောင်းတတ်ပါလား သမီးစံရေ။
ပုံလေးတွေနဲ့အတူ ပျော်ရွှင်ဖွယ်စာသားလေးတွေက ပုံလေးတွေနဲ့ ပိုပြီး လိုက်ဖက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟဟ ပေါက်ကရတွေအေ
မချောရဲ့ ငါးကို သူကချီသွားတာ မဟုတ်ပါဘူး
သူချီလာတဲ့ ငါးကို မချောက ငါးယပ်တောင်ဟင်း ချက်ပြစ်လိုက်တာပါ။

သမီးစံ said...

အန်တီတင့်ရှင်..လာရောက်အားပေးသွားတဲ့အတွက်ကျေးဇူးပါရှင်။
အစ်မချောက..ငှက်ကြီးဆီကငါးကိုဘယ်လိုဖမ်းလိုက်ပါလိမ့်။
ပိုင်ပါ့ကွာ :P

8Yar said...

တိန်! နာတို့ အတွဲကိုဘယ်တုန်းကရိုက်သွားတာပါလိမ့်။ နောက်ဆို သမီးစံမရှိတဲ့ဖက်ကိုသွားမယ် ခစ်ခစ်.... :P

Anonymous said...

phat that tha lo phat mal,, arr ma nar bu , thi lar..:D,

with friendship.,,

new.theory said...

မျက်စေ့ ညောင်းလို့ လျှောက်မွှေကြည့်တာ ဟီးး
ဂွတ်တယ်ဗျာ..
ကျေးဇူးပဲ အမစံရေ
ခင်မင်လေးစားလျှက်
(ဒုတိယ)

Anonymous said...

ဝပ်နေတဲ့ဘဲနဲ့တူတဲ့အကောင်လေးကို ဟင်္သာလို့ခေါ်တယ်လို့ပြောကြတာပဲ..အမစံရေ
ဒီလိုပဲပြောပြတာပါဗျာ..ဆရာလုပ်တယ်လို့တော့မထင်ကြပါနဲ့နော်...

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes