ဇိမ် ....
ညယံအခါ ..... ။
မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်
တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ
ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ
ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍
ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ
စိုပြေသာလ ၊ အခါသမယ၌
ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား
တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ
အေးမြချမ်းအေး ၊ စမ်းရေစီးသံ
နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို
ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ
ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး
ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌
ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း
မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်
ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်
ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ
ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။
[ အင် အင်း သည်လည်း ပါတက်လျင် ကဗျာ ဆန်ပါသည်။]
ရေးသူ - “ည”
ပုံအား google မှယူသည်။
ညယံအခါ ..... ။
မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်
တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ
ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ
ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍
ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ
စိုပြေသာလ ၊ အခါသမယ၌
ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား
တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ
အေးမြချမ်းအေး ၊ စမ်းရေစီးသံ
နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို
ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ
ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး
ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌
ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း
မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်
ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်
ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ
ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။
[ အင် အင်း သည်လည်း ပါတက်လျင် ကဗျာ ဆန်ပါသည်။]
ရေးသူ - “ည”
ပုံအား google မှယူသည်။
ဟားဟား ကောင်းလိုက်တဲ့လေးလုံးစပ်ကဗျာလေး ဖတ်လို့ကောင်းတယ် အင် အင်း ပါတာကို ကဗျာဖြစ်အောင် ရေးတက်တာ အရမ်းတော်တာပဲ..ဖတ်ရင်းနဲ့တောင် အင် အင်း ချင်သလိုလို ပြေးလိုက်ဦးမယ်ဗျို့.................
ReplyDeleteသူ့ကဗျာကဟုတ်လို့ပဲ
ReplyDeleteအစပ်အဟပ်နဲ့
ရေးတတ်လိုက်တာ....
အင်း တော်တော်ကောင်းတာပဲ..
ဖတ်တဲ့သူတောင် အင်းပါသွားပြီနော်.