Sunday, October 2, 2011

ရယ်သောသူသည်အတက်ရှည်ဧ။်


ရည်းစားဟောင်းနဲ့တွေ့ရင်...

ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။

 အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။

 ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး
အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။

ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု
သနားသောလေသံဖြင့်ပြောပါ။

 ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု
ညည်းတွားပါ။

ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင်
ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။

 ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက
ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။

ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍
သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ
ဆုတောင်းပါ။

ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်….
တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။

 ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်..
တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " 

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "
အမှားကောင်း...

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာ တစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကိုလှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။ ဒါပေမယ့် သူအီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင် တောင် မသိလိုက်ဘူး။ အဲဒီအီးမေးကိုပို့လိုက်မိ ပြီလေ။ အဲဒီအချိန် …. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမ တစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီးသူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကိုစစ်လိုက်တယ်။ ခဏအကြာမှာ “အောင်မလေး” လို့အော်တဲ့အသံကြားရလို့ သူ့သားကအပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက.............


သို့ …

ချစ်ဇနီး (အမီနာ)
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၁ ရက် အောက်တိုဘာလ ၂၀၀၁၁
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပျူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့
ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင်
အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင်
မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။

မင်းကိုချစ်တဲ့

မောင်….(စွယ်စုံကျမ်း)း)))

“နံပြားအားလုံးတစ်ချက်ငါးဆယ်၊ လူသားအားလုံးကိုလေးစားပါတယ်” :))

ချစ်ခင်စွာဖြင့်...

Image and video hosting by TinyPic

17 comments:

  1. ဂျပန် ဆန်းမီ နင်က နကို ဖဲ့တာပေါ့...ဟဟ ခွေးလေးခုန်လို့ ဖုန်မထပါဘူးကွာ
    ရည်ချင်တယ်ကြည်ခင်ရယ် စောဖေတို့ က နောကျေနေပီလေ ဒါမျိုးမကြောက်
    လို့ ဘလော့ဂါရွာရိုးလျှောက်နေတာနော် ပတ်ဝန်းကျင်ကိုလည်းမေးကြည့်အုံး
    ဘလော့ဂါတစ်အုပ်လုံးမှာ ဒီအမောင်အုပ်စိုးနေလို့  ရုက္ခစိုးတောင်ရှောင်ပေး
    နေရတာ ကျောင်းပြန်တက်လိုက်ပါအုံး ကွာ မင်းအဲ့နေ့ က လွယ်အိပ်ကိုင်း
    ပြတ်လို့ ကျောင်းမလိုက်ဘူးမလား..ဟဟဟ..တာတိုးကိုဒါမျိုးလာချိုးလို့ မရ၀ူး

    ငါပိုတဲ့အီးမေးက သမီးစံဆီဘယ်လိုရောက် သွားတာလဲကွာ သူနဲ့ သာဆိုလို့ 
    ကတော့ ဘ၀အပျက်မခံဘူးဟေ့ တတ်တေပလိုက်မယ် ဂျပန်ငါးရာနဲ့ ငါးခါ
    ခံ.အဲ မှားလို့  အဖန်ငါးရာငါးကမ္ဘာခံလဲ ဂရုမစိုက်ဘူး...မှတ်ထား ဒါဘဲ တမီးစံ ကနေ နှမီးစံ ၃မီးစံ ဖြစ်တွားပီ..ဟဟဟ
    သူန

    ReplyDelete
  2. မှတ်တောင်ထားရအုံးမယ်။ ဟားးးးးးးးးးး

    ReplyDelete
  3. ဟားဟားဟား......ဖဲ့ချက်ကလန်ထွက်ရုံတင်မကလိပ်တောင်တက်နေတယ်။
    ဟားဟားဟားဟား..အစ်မတို့ကတော့လုပ်ချလိုက်ပြန်ပြီနော်...။

    ReplyDelete
  4. ဟာသလေးတွေဖတ်သွားတယ် သမီးစံရေ။ အမောင်ရဲ့ ချစ်ဇနီးထံပေးတဲ့စာ အမိုက်ဆုံးပဲး)))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. သမန်းစီးရေ...မောင်တစ်လုံးဘယ်တုန်းကအမီနာနဲ့ညား
    တာလဲ ငါလဲမသိလိုက်ပါလား....
    ခုအမီနာကကိုယ်ဝန်ကြီးနဲ့ဆိုဟုတ်လား.....
    အမီနာနဲ့တူရင်တော့ လှမှာပါဟယ်.....
    ချစ်တဲ့ဂျက်

    ReplyDelete
  6. အသက်ရှည်သွားပြီ သမီးစံရေ...းD

    ReplyDelete
  7. အမေနော် သားကို ဒီမှာလာဖဲ့တာပေါ့ ဟွန့်  ခေါ်တော့ဝူး အိုမနော်
    အချစ်ပေါ့ အောင်မလုပ်မဲ့...

    ReplyDelete
  8. ကောင်းတယ် အားပေးတယ်.... ဖိုးဖိုးမောင်ကို ဒီလိုဖဲ့မှ ဟားဟားဟား... :D

    ReplyDelete
  9. သေချာဖတ်ကြည့်တော့မှ သဘောပေါက်သွားပြီ နောက်ဆုံးအမှားကောင်းဟာသကို။ အသက်ပဲရှည်ချင်ပါတယ်။ နောက်ထပ်အတက်တော့ မရှည်ချင်တော့ဘူး။ လိပ်ခေါင်းအတက်ဖြတ်ထားတာ မကြာသေးဘူး။ အဲလေ ပေါ်ကုန်ပြီဗျို့။ :)

    ReplyDelete
  10. မောင်တစ်လုံး ဘယ်တုန်းကအိမ်ထောင်ကျသွားတာလဲ
    မသိလိုက်ဘူး...ကောင်းပါတယ်လေ...
    ရယ်ရတယ်သိလား....
    အားလုံးထဲကတောင်တစ်လုံးအတွက်တော့ စိတ်အေးရပြီ။
    ချစ်တဲ့ဂျက်

    ReplyDelete
  11. နိုးပါဗျာ မီဖြုတ်နိုင်ပါဝူးးးးးးးးးးးးးးးးးးဂျာ
    သေချာလေးကို ဗျူးထားတာ ဟဟ

    ReplyDelete
  12. ဟမ် မောင်တစ်လုံးက အဲလိုပဲရေးသလား သမန်စီးကို

    ဟိဟိ ကဲ ကလေးတွေရန်မဖြစ်ကြနဲံ့ ကောင်းကောင်းနေကြစမ်း
    ဟွန်း လူကြီးတွေကဲမလို့ ကလေးတွေငြိမ်ငြိမ်နေကြပါ ဒါဘဲး)

    ReplyDelete
  13. ဟဟဟ....အစ်မစံလည်းလာရယ်သွားတယ်။:D
    THANK A LOT.

    ReplyDelete
  14. အသက်ရှည်ချင်လို့ ရယ်မိပါတယ်..။
    ရယ်ချင်လို့ ဒီပို့စ်ကို ဖတ်မိပါတယ်...။

    ReplyDelete
  15. အင်တာနက်ပျက်နေတာနဲ့ ၃ ရက်လောက်အသက်တိုသွားတယ်.. တောက်ပကြယ်စင်နဲ့ဘ၀တူပေါ့။ ခုတော့ ပြန်ရှည်သွားပြီ သမီးစံပို့စ်ဖတ်ပြီး ရီလိုက်ရလို့..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  16. ဂျင်ဆန်းမီရေ နက်နက်ပျက်သွားလို့လေ။ သိလား။ ဘုန်းဘုန်းက နှစ်ရက်ထဲ ပြောလိုက်တာ။ ဘုန်းဘုန်းချယ်ရီက သုံးရက်ဆိုတော့ သုံးရက်ပေါ့ကွာ။ ဟီး။ ငရဲမယုံတဲ့သားမက်ကို ပြမယ့် ယောက္ခမမိန်းမရဲ့အဖြစ်ကို သဘောအကျဆုံးပဲ။ ဟိ။ (ဂျင်ဆန်းမီ လက်တွေ့လား မသိ။ ဟိ)

    ReplyDelete
  17. နံပြားအားလုံး တစ်ချပ်ကို အစိတ်ထားလိုက်နော်. ငါးဆယ်ဆို ဈေးများတယ်။

    အမီနာနဲ့ မောင်...... ရဲ့ ဇာတ်လမ်းကလည်း ပိုရယ်.. ရတယ်နော်..

    ခင်မင်စွာဖြင့်...
    ဇော်သိင်္ခ

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..