Monday, October 10, 2011

သီတင်းကျွတ်အမှတ်တရ


သြော်……… ဘာလိုလိုနဲ့……..သီတင်းတောင်ကျွတ်ပါပေါ့လားနော်….း)
မကျွတ်သေးဘူးလား?မကျွတ်သေးဘူးလား ?မေးတဲ့သူတွေကလည်း မေးကုန်ကြပီ။ အမျှဝေမယ့် သူတွေ အဲလေ စားချင်တဲ့သူတွေကလည်း အသင့်..ဘာလုပ်ရမလဲမသိတော့ပါဘူး။ ဂူဂျွန်ဖြိုက လည်းစောင့်ပါအုံးဆိုတော့ သူငယ်ချင်းတို့ကို အားလည်းနာတယ်၊ ခင်လည်းခင်တယ်ကွယ်. .နောင်မှပဲစားကြပါနော် (ဟိဟိ) ဒါကြောင့် အလှမ်း နဲနဲဝေးနေသေးတဲ့ ၀ါကျွတ်အစီအစဉ်ကို“ပယ်” လို့..ကိုယ်နဲ့တော်တော်လေး နီးစပ်နေတဲ့ ကလေး ဘ၀ သီတင်းကျွတ်မီးထွန်းပွဲတော်လေးအကြောင်းကို အမှတ်တရ ရေးရအောင်နော်းP ဟဲဟဲ


“လရာသီ” သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ပတ်သက်လို့ သမီးစံသိထားတာလေးတွေက နည်းကလည်း“နည်း” နေတဲ့အပြင်အမှားတွေလည်းပါကုန်မှာစိုးတာကြောင့်.သေသေချာချာ အနက် အဓိပ္ပါယ် ပြည့်ပြည့်စုံစုံနဲ့ ရေးသားထားကြတဲ့ ဘုန်းဘုန်းရွှေဝန်းရတနာ၊ ကိုရင်နဲ့အစ်မဒိုးကန်တို့ရဲ့ ဆိုဒ်မှာပဲ သွားရောက်ဖတ်၊ မှတ်နိုင်ကြပါတယ်ရှင်..။ သမီးစံကို ရေးပါဆိုရင်လည်း ဒီအချက်တွေကို ကိုးကားရမှာပဲဖြစ်လို့ မရေးတော့တာပါ။ (ရွှေစိတ်တော်မ ညှိုးကြ ပါနဲ့ နော်) ဂုံးဆင်းလိုက်တယ်လည်း မထင်ကြပါနဲ့ကွယ် (နဖူးကွဲ၊ဒူးပြဲပေါင်းလည်းများလှပါပြီလေ) :P
ငယ်ငယ်တုန်းကဆို“သီတင်းကျွတ်ပြီဟေ့”ဆို အားကြီးလွှတ်ပျော်တာ..အဲဒီ့လကလည်း ကိုယ့်အတွက် တွက်ချေအကိုက်ဆုံး “လ” ပဲကိုး ။ “သီတင်းကျွတ်”ပြီဆိုတာနဲ့ အရင်ဆုံးမဖြစ်မနေလုပ်ရတာကတော့ (မောင်နှမတွေ ခေါင်းချင်းဆိုင်ပြီး)ဘယ်သူ့ကို ဘာနဲ့ဘယ်လိုကန်တော့ရင် ဘယ်လောက်ရမယ်၊ ရလာ တာလေးကိုထပ်“ရင်း”ပြီး ဘယ်သူ့ကိုဆက်ပြီးကန်တော့ရင် ကိုယ့်အတွက် ဘယ်လောက်ကျန်မယ် (ဒေါင်းတောက်အောင်)စဉ်းစားကြရပါတယ်။မောင်နှမတွေကလည်းများတော့ တစ်ခါတည်းသွားကန်တော့ရင် ကိုယ့်အတွက် သိပ်မကျန်ဘူးလေ။(ကလေးပေမယ့် ဒါတော့သိတယ်) ဒါကြောင့် အုပ်စုခွဲ“ခွဲ”ပြီး လူကြီးမိဘ၊ ဆွေမျိုးတွေကို သွားကန်တော့ကြတယ်။ ဆိုးတယ်နော်း)။ ခုတော့ ပြန် စဉ်းစားကြည့်ရင်း တော်တော်လည်း “ကလေး”ဆန်ပြီး တော်တော်လည်း“ငရဲ”ကြီးမယ်ဆိုတာ သိ“သိ” လာသလိုပါပဲးP
မုန့်ဖိုးရလာရင် မီးပန်းတွေ၊ဗျောက်အိုးတွေ၊ရှုးဒိုင်းတွေဝယ်ပြီး(အီးဗုံးဆိုတာတောင်ပေါ်လိုက်သေးတယ် ဟိဟိ) ရမ်းမီးခြစ်တစ်လုံးနဲ့ တစ်ရွာလုံးပတ်ပြီး သောင်းကျန်းတော့တာပဲ။ကိုယ့်ရပ်၊ကိုယ့်ရွာဆိုတော့လည်း အန္တရာယ် မ ရှိဘူးလေ၊အကြိုက်ဆော့လို့“၀”ပြီဆိုတော့မှ(ဆယ့်နှစ်နာရီတစ်ချက်)အိမ်ပြန်အိပ်ကြတာ။
(ခုဆို အဲလောက် ဆော့တဲ့ကလေးရယ်လို့ရွာမှာ မရှိသလောက်ပါပဲ..ခေတ်ကြီးက တိုးတက်လာတော့ ကလေးတွေက တီဗွီနဲ့ကျောင်းစာ ကြားထဲမှာပဲ လုံးလည်ချာလည် လိုက်နေကြပြီကိုး)
ဒီလိုအခါကြီးရက်ကြီးတွေမှပဲ အိပ်ပြန်နောက်ကျလို့ရတာ ကျန်တဲ့အချိန်တွေအိပ်ရာဝင်နောက်ကျရင် ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ..အိမ်က ခြံတံခါး၊အိမ်တံခါး အကုန်ပိတ်ထားတာ၊ နောက်ကျ မှပြန်တဲ့ သူကတော့ “မလွယ်ပေါက်”က၀င်ပေတော့ပဲ။သမီးစံနဲ့ အထက်က အစ်ကိုကတော့ ထိပ်ဆုံးက ပေါ့း)။ (ကိုယ့်အကြောင်းကိုယ်သိတော့အပြင်မထွက်ခင်ကတည်းက ကိုယ်ဝင်မယ့်အပေါက်ကြိုလုပ်ထားရတယ်) အဲဒါကြောင့်ထင်ပ..ခုချိန်ထိအိမ်ဖြစ်ဖြစ်၊ ကျောင်းဖြစ်ဖြစ် ခြံတံခါး၊ကျောင်းတံခါးပေါက်က၀င်ရင်တစ်မျိုးပဲ (တစ်ခုခု လို နေ သလို) ခံစားရတယ်း)။
သူများတွေတော့ မသိဘူး သမီးစံတို့ကတော့ သီတင်းကျွတ်မှာရောင်းတဲ့အမှတ်တရပစ္စည်းတွေကို ရိုးရိုးတန်းတန်း မဆော့ဘူး၊အထူးသဖြင့် ရှုးဒိုင်းလိုဟာမျိုးကိုပေါ့ ရွာထဲက (ဟိုတုန်းကအခေါ်) “သူကြီး”အိမ်တို့. “နတ်ကတော်”အိမ် တို့ကို ပစ်မှတ် ထားပြီး ဆော်တာလေး)။သူတို့ကလည်း ဘယ်လိုမှန်းကိုမသိတာ၊ ကလေးတွေစိတ်ထဲ“စ”ချင်စရာကောင်းနေတာကိုး။ “စ”ခါနီးရင်..အရင်ဆုံး ကိုယ်ပစ်မယ့် အိမ်ကို“မှန်” အောင်.. မြင်ကွင်းရွေးရတယ်၊ပြီးတော့ အကွယ် ကောင်း ကောင်းရှာရတယ် (သူများကို မကောင်းကြံရတာ “တယ်”မလွယ်တာပဲနော်)၊ပြီးတော့ သဲပုံ“ပုံ” ရှုးဒိုင်းကိုပစ်မယ့် အိမ်ဖက် လှည့်စိုက် ၊ရမ်းစလေးကို မီးရှို့ပေးပြီး တစ်ဂျိုးတည်းပြေးကြတာပဲး)။ (ဘယ်သူတွေ မှန်းမ သိ အောင်လေ) ၊ပြီးတော့ကြားရပါလိမ့်မယ် “ရွှီး..ဖောင်း” ဆိုတဲ့အသံနောက်မှာ (အသံကျယ်ကျယ်နဲ့ အော်ပြောနေသံ ကိုပေါ့)။ သမီးစံတို့ကလည်း ဒီအသံလေး တွေ ကြားချင်လို့ဒီလိုလုပ်ခဲ့တာလေ...။

လက်နက်နဲ့  ငြိမ်းချမ်းရေး လဲတာဟုတ်ဘူးနော်း) 
(အမှတ်တရလေးလွမ်းလို့ရအောင် ရှာပြီး တင်ပေးလိုက်တာပါ)

ပြီးတော့ရှိသေးတယ်“ဗျောက်အိုး”ပေါ့၊သူကပေါက်သွားရင်အသံအရမ်းကျယ်တယ်မီးခြစ်ဆံထည့်တဲ့ ဗူးလိုပုံစံလေးနဲ့ရောင်းတာ(တစ်ချက်ဖောက်၊နှစ်ချက်ဖောက်၊သုံးချက်ဖောက်ထိရှိတယ်)
အဲဒီ့“ဗျောက်အိုး”အဖောက်ကောင်း လို့ သမီးစံအမေရိုက်တာ ခံရဖူးတယ်။(အဲဒီ့တစ်ခါပါပဲ အမေက “ရိုက်ခဲ”တယ်) ဖြစ်ပုံက ဂလို…ကိုယ်က ဗျောက်အိုးကို ညဖက်မဆော့ပဲ နေ့ခင်း ကြောင်တောင် သွားဆော့မိတာကိုး၊ ဗျောက်အိုးက တစ်ခုခုနဲ့အုပ်ပြီး ဖောက်ရင် ပိုပြီးအသံမြည်တယ် (အစ်ကိုက)ပြောလို့ စမ်းကြည့်လိုက်တာပါ။ ဗျောက်အိုးကို မီးညှိပြီး နို့ဆီဗူးခွက် အောက်မှာထား လိုက်တာလေ (တကယ်လည်းအသံထွက်ပါတယ်) နို့ဆီဗူးက မြောက်တက်သွားပြီး အိမ်အမိုးနဲ့ သွားထိတာ “အုံး”ဆို အကျယ်ကြီး မြည်ပါလေရောလား၊ “ဒီကလေး လူကြီးတွေကိုလန့်အောင်လုပ်ရကောင်းလား”ဆိုပြီး “အုံး အုံး” ဆိုဆော်ထည့်လိုက်တာ (ကိုယ်အုံးတာက တစ်ချက်တည်းရယ်)သမီးစံဖြင့် အီစလန်ကို“ဝေ” သွားတာပဲကွယ်။ (အမေက နှလုံးရောဂါ ရှိတာကိုမေ့ပြီး ဆော့လိုက်မိတာ...တော်သေးတာပေါ့နော်း)
ပြီးတော့ သီတင်းကျွတ်ရောက်တိုင်း သမီးစံတို့မဖြစ်မနေ ဆော့ဖြစ်ကြတာကတော့ “ငရဲမီး”ပေါ့။ ဒီကစားနည်းက ဖယောင်းတိုင်နဲ့ဆော့ရတာဆိုတော့ တစ်နှစ်စာလုံးထွန်းလာတဲ့ ဘုရားစင်က ဖယောင်းခဲတွေကို ဓားတွေနဲ့ခြစ်.....ပြီးတော့ အိပ်ကလေးထဲစုထည့်..သိမ်းထားရတယ် (ယောင်းတိုင်အကောင်းတွေလည်း... ရသလောက် “တွမ်” ထားတာရသေးတယ်..အိမ်က.. ဖယောင်းတိုင်အကောင်းတွေကိုပေးမှ မဆော့တာကိုး) နောက်ပြီး ကွမ်းယာဆေးထည့်တဲ့အဖုံးဖြစ်ဖြစ်၊ နို့ဆီခွက် (ထက်ပိုင်းဖြတ်)ဖြစ်ဖြစ် ရှာထားရတယ် (ခွက်ကအနက်တိမ်ပြီး မျက်နှာကျယ်ရင် ပိုဆော့လို့ကောင်းတယ်ကွယ့်)၊ပြီးတော့ “ခဲ”သုံးလုံး ဖိုခနောင့်ဆိုင် မီးမွှေးပြီးစောစောကခွက်ထဲကိုဖယောင်းသားတွေနဲ့ဖယောင်းတိုင်“မီးစ”လေးတစ်ခုကိုထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တော့တာပဲ ခဏနေပြီး ဖယောင်းတွေ “ဆူ”လာရင် စောစောက“မီးစ”လေးကို မီးညှိလိုက်တော့ (ဖယောင်းဆီတွေနဲ့ဆိုတော့) ခွက်ထဲမှာ“မီးတွေ”ပြည့်သွားတာပေါ့။ အဲခါကျရင် ရေခွက်ထဲ လက်နှစ်ပြီး အဲဒီ့မီးဖိုလေးပေါ်ကို အားနဲ့ဖြန်းပလိုက်ရင် မီးတောက် အကြီးကြီးပေါ် လာရောကွယ့်. . ဆော့တတ်ရင်“တတ်”သလို နှစ်ခါသုံးခါ အကြာကြီးဖြန်းပြီး ဆော့လို့ရတယ် (ပထမဦးဆုံးအကြိမ်မှာ ရေများသွားရင်တော့မီးဖိုကော အိုးပါ ပျက်သွားရောလေ)။ဗဟုသုတ အဖြစ် မှတ်ထားကြနော် (မြို့သူ၊မြို့သားများ“ပြော” ပါတယ်)းP
နောက်ပြီး သတင်းကျွတ်လပြည့်နေ့ ဆိုရင် “လ”ကြီးက အကြီးကြီးမှ တကယ့်“အကြီးကြီး”ပါပဲ။ ၀ိုင်းစက်ပြီးတော့ တောတော့်ကို ချစ်စရာကောင်းပါတယ်။အိမ်တိုင်း၊အိမ်တိုင်းမှာလည်း ဖယောင်းတိုင်“မီး”တွေ အသီးသီးထွန်းညှိကြပြီး မြတ်စွာသော“ဘုရားရှင်”ကို“ဆီမီး”တွေထိန်ထိန်ဝါ၀ါနဲ့ ပူဇော်ကန်တော့ကြပါတယ်။ ချစ်ဖို့အင်မတန်ကောင်းတဲ့ “မြန်မာ့ဓလေ့၊ထုံးတမ်းအစဉ်အလာလေး”ပါပဲရှင်။
အဲဒီ့နေ့ဆိုရင် တစ်ရွာလုံး လမ်းကြို၊လမ်းကြားပါ မကျန် အကုန်မြင်နေရတယ်လေ။ရွာက..ကလေးတွေ အကြိုက်ပေါ့ ..အားပါးတရကို ဆော့ကြတာ။ ကစားနည်းတွေကတော့ သူ့အရပ်နဲ့ သူ့ဓလေ့ဆိုတော့ တစ်ဦးနဲ့တစ်ဦးမတူကြဘူးပေါ့။သမီးစံတို့ ရွာမှာဆော့တာကတော့ ...ထုတ်စည်းတိုးတယ်၊စည်းဝိုင်းထဲက “ဆွဲထုတ်ကြေး”ဆော့တယ်၊ နောက်ပြီး “အရူးမကြီးမစာဥ”တို့..“မီးခြစ်ဆံ”တို့....(ကစားနည်းတွေ) အများကြီးပဲ ဆော့ကြတယ်ကွယ့်။ ပြီးတော့ရှိ သေးတယ် လူကြီးတွေက ပြောကြတတ်ကြတယ် “ကလေးတွေညဖက်မပုန်းနဲ့ နတ်ဖွက် တတ်တယ်.”ဆိုပြီးတော့လေ။ဒါလည်းမရပါဘူး..ဆော့ကြတာပဲ ခြုံပုတ်တွေထဲ ပုန်းပြီး “တူတူပုန်းတိုင်း” ကစားကြတာ။ညဖက်ကြီးပေမယ့် ရှာရတာလွယ်ပါတယ် ရွာကကျဉ်းလည်းကျဉ်းတယ်၊ အိမ်ခြေကလည်း နည်းတာတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတာပေါ့။(ခုတော့အစစ အရာရာ အကုန်တိုးတက်ကုန်လို့.. ကိုယ့်ရွာကတောင် ရွာနဲ့ မတူတော့သလိုပါပဲ )
ဒါကတော့ သမီးစံ ငယ်ငယ်က ဖြတ်သန်းကြီးပြင်းခဲ့တဲ့ သီတင်းကျွတ်လအတွက်အမှတ်တရလေးပါ။ ခုချိန်ထိကိုယ်ကြီးပြင်းခဲ့တဲ့“ရွာ”လေးနဲ့ အတူတူဆော့ကစားခဲ့တဲ့ငယ်သူငယ်ချင်းတွေကို ခုချိန်ထိ (ပြန်မတွေ့ဖြစ်ကြတော့) သတိရနေတုန်းပါပဲ။

တစ်ဆက်တည်းမှာပဲ ဒီပို့စ်လေးနဲ့အတူ “သီတင်းကျွတ်လပြည့်နေ့”အမှီ 

သမီးစံမှ “သကစ္စာဂါရ၀တရား” ရှေ့ထားကာ…..


ဓမ္မရိပ်သာ ဘလော့ပိုင်ရှင်ဘုန်းဘုန်းတို့အားလည်းကောင်း....
ချစ်ခင်လေးစား ရပါသော အန်တီ၊အန်ကယ်၊အစ်ကို၊အစ်မ များအားလည်းကောင်း...
သမီစံထက်တစ်နှစ်၊တစ်လ၊တစ်ရက်၊တစ်မနက်၊တစ်မိနစ်၊တစ်စက္ကန့်စောကာ လူ့လောကသို့ စောစီးစွာ ရောက်လာကြပါသော သူငယ်ချင်းတို့အား..
ဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ်ရှင့်။
ဘလော့ဂါဖြစ်သည့်နေ့မှစ၍ ယနေ့အချိန်ထိ ဘုန်းဘုန်းများ၊ အန်တီ၊အန်ကယ်၊ အစ်ကို၊အစ်မများ အပေါ် “ကံသုံးပါး”ဖြင့် ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ခွင့်လွှတ် ပေးကြပါရှင်။

 
နောက်ဆုံးတစ်ခုအနေနဲ့ကတော့...(သီတင်းကျွတ်"လရာသီ"လေးနဲ့အတူ)
ချစ်စွာသောဘလော့ဂါ သူငယ်ချင်း အစ်ကို၊အစ်မ၊မောင်ညီမလေးတွေထဲမှ..
ဒီ"၀ါကျွတ်"မှာ စွံရန်၊စွံအံ့၊စွံလတ္တံသူများရှိပါက မြန်မြန်(ဆန်ဆန်) ရွှေလက်တွဲကာ၊ မြဲဆက်နိုင်ကြပါစေး))
စွံပြီးသူ အစ်ကို၊အစ်မ များသည်လည်း.. ယနေ့မှာစကာ နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင် ချမ်းမြေ့ဖွယ် မိသားစုလေး တွေကို ပိုင်ဆိုင်နိုင်ကြပါစေးP
မစွံချင့် စွံချင် နဲ့ အင်တင်တင်လုပ်ကာအချိန်ဆွဲနေကြသော.. အစ်ကို၊အစ်မ များသည်လည်း
နှစ်သက်ရာမြန်မြန်ရွေးလို့ (ရွှေ)"ဂဟေဆက်"ကာ ခရီးဆက်နိုင်ကြပါစေဟု........း)

(လှိုက်လှိုက်လှဲလှဲ..) ဆုတောင်းမေတ္တာ "ပို့သ" ပေးလိုက်ပါတယ်ရှင်။

ချစ်ခင်လေးစားစွာဖြင့်

Image and video hosting by TinyPic

15 comments:

  1. အင်း..သက်ကြီးဝါကြီးတွေကို အခုလို ကန်တော့ရတဲ့ အကျိုးကြောင့် လင်ကောင်း သားကောင်း အနှေးနဲ့အမြန် ရပါစေ..

    စကားမစပ်..အီးဗုံးဆိုတာ ဘယ်လိုဟာတုန်းကွဲ့..

    ReplyDelete
  2. အဟမ်း ... အဟမ်း ... အေးကွယ် ... ဒီ ကလေးတော့ အတော် ကို လိမ္မာလာပြီ

    ReplyDelete
  3. ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင်။ သမီးစံရဲ့ ဘလော့ဟာ ဖတ်ပြီး ငယ်ငယ်ကဘဝကို ပြန်အောက်မေ့လိုက်တာကွယ်။ သမီးစံလည်း ဒီဝါကျွတ်အမီ စွံပါစေကွယ်လို့ ဆုတောင်းပေးလိုက်တယ်နော်။ လူမစွံရင်တောင် မျက်စိတော့ မစွံလိုက်နဲ့နော်။ ;-)

    ReplyDelete
  4. လှိုက်လှိုက်လှဲလှဲဆုတောင်းပေးသလိုပေးတဲ့ဆုနဲ့ပြည့်ဝပါစေလို့လှိုက်လှိုက်လှဲလှဲ

    ပြန်ပြောပါရစေ:P(အပျိုကြီးများအမြန်စွံစေချင်သူတစ်ဦး)

    ReplyDelete
  5. ပထမဆုံးလာရောက် အားပေးစွားပါကြောင်း

    ReplyDelete
  6. အယ်....သမီးစံရေ ...လာဖတ်မိတာ မှားပြီ ထင်တယ် :P:P

    ReplyDelete
  7. သမီးစံရဲ့သီတင်းကျွတ်လေးကိုဖတ်ရလို့
    ညောင်ရွှေကသီတင်ကျွတ်ကိုလွမ်းမိပါတယ်တောင်ကြီးအိမ်မှာတော့အဲလို
    မဆော့ရပါဘူး...ဆော့တဲ့လူလဲမရှိဘူးလေ...သူ့အထာကိုယ့်အထာနဲ့ဆိုတော့
    ညောင်ရွှေမှာဆိုဖောင်တော်ဦးလဲရှိတော့အရမ်းကိုစည်တယ်...
    တောင်ကြီးမှာတော့ရှေ့လဖိုရင်okပြီတန်ဆောင်တိုင်လေ....
    ပြန်ချင်လိုက်တာ..သတိရနေတယ်..မေမေကိုပြောတာနော်..ဂျက်က၀ါရော
    အသက်ပါသမီးစံထက်ကြီးတယ်နော်...မသိမှာစိုးလို့ပါ။
    ချစ်တဲ့ jasmine...သီတင်းကျွတ်အတွက်အာဘွား

    ReplyDelete
  8. အင်းးးး သမန်စီးလဲမြန်မြန်စွံပါစေလကွယ်း)

    ReplyDelete
  9. ကိုရင်>>အီးဗုံးဆိုတာ..သူ့ကိုဖောက်လိုက်ရင်"အံဆော်နီး"တယ်ရှင့်း)
    မောင်ဘုန်း>>အစကတည်းကလိမ္မာတာပါကွယ်(နင့်အစ်မက)း)
    mishell>>စွံချင်တာပေါ့ကွယ်.ယူမယ့်သူမှမရှိတာကွယ် :P
    မောင်ချင်း>>ကောင်လေး.သူများကြီးပဲပြောမနေနဲ့အုံးနော်ကိုယ့်အတွက်လည်းစဉ်းစားဟး)
    ကိုလွင်ပြင်>>ကျေးဇူးပါရှင်.ကိုလွင်ပြင်လည်းမြန်မြန်စွံပါစေး)
    အစ်မအိန်ဂျယ်>>မမှားအောင်.အစ်ကို့ကိုပါပေးဖတ်လိုက်ပါရှင့် :P
    ဂျက်ဂျက်>>အသက်ကော၊၀ါပါကြီးတယ်ဆိုတော့.ဘာလဲ!ရှင်ကကန်တော့ခံချင်လို့လားတော်.မုန့်ဖိုးပေးရမှာနော်း))

    ReplyDelete
  10. အစ်မဒိုးကန်... အသက်သုံးဆယ်ကျော်လာရင် အစ်မပေးတဲ့ဆုနဲ့မြန်မြန်ပြည့်ပါစေရှင်း))

    ReplyDelete
  11. အောင်မလေး လိမ်မာလိုက်တဲ့ ချစ်သမီးစံလေး .....
    အသက် သုံးဆယ်ကျော်မှ စွံမယ်ဆို၇င် အတော်နောက်ကျနေပြီကွဲ့ ။
    အင်း ခုတော့လဲ စောပါသေးတယ်။

    ReplyDelete
  12. အိမ်းအိမ်း
    ခုလိုလူကြီးသူမတွေကို သတိတရ ကန်တော့တာ ဝမ်းမြောက်ပါသကွဲ့ ဟဲဟဲ
    သမီးစံလည်း အမြန်ဆုံး စွံပါစေ..
    နောက်နှစ်သီတင်းကျွတ်ချိန်မှာ လူလည်းကျွတ်ပြီးသားဖြစ်ပါစေလို့..

    ReplyDelete
  13.ှုဝလည်း နီနဲ့ အီတူတူကန်တော့လယ်နော် အဲ့လဲ..
    ၀တို့ အတူတူကန်တော့ ကြမယ်..ဟက်ဟက်

    ReplyDelete
  14. ယခုကဲ့သို့ ကန်တော့ရသောအကျိုးအားကြောင့် မတောင့်မတ မကြောင့်မကြပဲ လိုရာဆန္ဒတွေနဲ့ တလုံးတ၀တည်း ပြည့်စုံနိုင်ပါစေကွယ်။ လိုချင်တာ အားလုံးပါတယ်နော်...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  15. ဗျောက်အိုးလေးတွေ မြင်တော့ ငယ်ဘဝကို ပြန်သတိရမိတယ်...
    ဒီနှစ်လဲ မသိလိုက် မသိဘာသာနဲ့ သီတင်းကျွတ်ကို ကျော်ဖြတ်ရဦးမှာပါလား...
    ပထမဆုံး အလည်ရောက်ခဲ့ပါတယ်...
    လင့် လဲ ယူသွားခွင့်ပြုပါ...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..