Wednesday, October 12, 2011

ဒီကနေ့တစ်နေ့တာ...

မနေ့ကညက ညဉ့်နက်မှ အိပ်ဖြစ်တာက တစ်ကြောင်း...
အိပ်မက်ထဲမှာ ဘလော့ဂါမောင်ညီမလေးတွေက လာကန်တော့နေလို့ ဆုပေးတာရှည်သွားတာကတစ်ကြောင်းနဲ့...
သမီးစံ ဒီနေ့မနက် ဆယ်နာရီထိုးမှ အိပ်ရာနိုးပါတယ်း))
နိုးနိုးချင်း..လမ်းထိပ်က ဓမ္မာရုံကနေ.....
“ဒီကနေ့ဟာ.. ဗုဒ္ဓဘာသဘာသာဝင် သူတော်စင်၊သူတော်ကောင်းအပေါင်းတို့အတွက် ၀ါလကင်းလွတ်.. သတင်းကျွတ်တဲ့နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသောကြောင့်ဓမ္မာရုံမှာတစ်နေ့တာလုံး အကျွေးအမွေးရှိပါတယ်” ဆိုတဲ့အကြောင်း. မိုက်နဲ့ နှိုးဆော်သံကြားလိုက်ရတယ်။း))
ဒါနလေးမြောက်အောင် သွားစားလိုက်ရင်ကောင်း မလားဆိုပြီး စဉ်းစားမိသေးတယ်း)။ နောက်လူတွေကို အားနာလို့မသွားဖြစ်တော့ပါဘူး။(ကိုယ်က စူဇကာ ပုဏ္ဍားလေ)
ဒါနဲ့ပဲ (ဓာတ်စက်သံကြားလို့)အိပ်ရာက”ထ”..ပြီးတော့ ရေ၊မိုး ချိုး၊ အ၀တ်စားလဲပြီး အမေ့ကိုကန်တော့ဖို့ ကိတ်မုန့်အပ်ထားတာ သွားရွေးပါတယ်။မုန့်တိုက်က ထွက်တော့ ရွှေတိဂုံဘုရားသွားဖို့ စဉ်းစားမိတယ်။ (အမှန်ကတော့ဘလော့အတွက်ကုန်ကြမ်းသွားရှာဖို့ပါးP)ဘုရားသွားဖို့မုန့်ဗူးကို(ရန်ကုန်အိမ်မှာ) ခဏထားခဲ့ပြီး (ကင်မရာတစ်လုံး၊ထီးခေါက်တစ်ချောင်း၊အိပ်တစ်လုံးနဲ့)ထွက်ခဲ့ပါတယ်။
ကားဂိတ်ရောက်တော့ အဆင်သင့်ပါပဲ ၂၀၄ ဘတ်စ်ကားကိုတွေ့တယ်။(လူကတော့တအားကြပ်တယ်ကွယ်) လိုက်သွားပါတယ်။ကားက ကားနဲ့မတူဘူး ကိုရီးယားချွေးထုတ်ခန်းထဲ ရောက်နေသလိုပဲး)။
(ပူလိုက်၊ အိုက်လိုက်တာမှကို)...
ဒီလိုနဲ့ပဲ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်ကို ရောက်သွားပါတယ်။

ဘုရားရောက်တော့ လှေကားတွေ ကို(ကိုယ်တိုင်)တက်ရင်း..ကုသိုလ်ယူလိုက်ပါတယ်
(ဓာတ်လှေကားက လူများနေလို့ :P)

ညီမငယ်တစ်ယောက်က"သကြားလုံးဝေရင်း"အလှူပေးနေလို့
ဒါနမြောက်အောင်ယူခဲ့သေးတယ်လေး)

ဘုရားဖူးလာကြသူတွေကို "ရေကုသိုလ်"ပေးနေတာပါ
အလှူရှင်များ ဘ၀ဆက်တိုင်း ရေလိုအေးကြပါစေ


သမံစီး ဘုရားပေါ်ရောက်ပါပြီ (စပြီးလက်စွမ်းပြပါတော့မယ်ရှင်) :P

ဘုရားပေါ်မှာ ပျော်ပျော်ပါးပါး picknic ထွက်လာကြတာလေ
(တွေ့ကရာ အကုန်ရိုက်မှာပဲဗျို့း)


ဒါကတော့ လူစည်ကားတဲ့ နေရာတိုင်းမှာ "မရှိမဖြစ်" ထင်ပါတယ်းP


"ည"ရောက်ရင်တော့ တစ်အားစည်နေမှာပဲနော်
သွားနိုင်တော့ပါဘူးကွယ် (နည်းနည်းပင်ပန်းနေလို့)

ညဖက်လာကြည့်ရင် တော်တော်လှမှာပဲနော်

"ဘုရားရှင်"ပုံတော်ကို ပန်းတွေနဲ့ပုံဖော်ထားတာပါ


ထပ်ပြီး "ကြည်ညို"လိုက်ပါဦးနော်

ရာသီဥတုကတော့ အတော်ပူပါတယ်
(ညဖက်လေးသာ သွားရရင် အရမ်းကောင်းမှာပဲကွယ်)


လူတွေကတော့ ကြိတ်ကြိတ်ကိုတိုးလို့ (အရမ်းစည်ပါတယ်ရှင်)
ဘုရားပေါ်က ပြန်အဆင်းမှာ ရိုက်လာတာပါ။

လသာမြို့မှာ တွေ့ခဲ့တာ(ဆင်ကြီး"က"တာ လှမှလှ) :P

မြို့တော်ခန်းမ ရှေ့က မျက်မမြင်လမ်းလျှောက်ပွဲဆိုင်းဘုတ်

မဲမဲမြင်ရာ ရိုက်လာတာမို့ သည်းခံပြီးတော့သာ ကြည့်ရှုပေးကြတော်မူပါကုန်းP

ရန်ကုန်ကနေထပ်ပြီး အမေ့ကိုကန်တော့ဖို့ သန်လျင်ပြန်ပါတယ်
အားလုံးက မနေ့ကတည်းက ကတော့ပြီးသွားကြပြီ 
သမီးစံက ကိတ်မုန့်စောင့် နေလို့မလိုက်ဖြစ်တာလေ။
မုန့်က ဒီနေ့မနက် ဆယ်နာရီမှ ရတာကိုးး))

သန်လျင်ရောက်တော့ အမေဥပုဒ်ပြန်တာစောင့်ရင်း ဓာတ်ပုံလျှောက်ရိုက်ပါတယ်ရှင် :P


သန်လျင်မြို့ရဲ့ဂုဏ်ဆောင် "ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး"

ဆန်းမီတို့ ရွာရဲ့ နေ၀င်ချိန်အလှလေး))


နေ၀င်ချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ.......... :P

ဟော......တစ်ဖြေးဖြေးနဲ့ နေ၀င်သွားပြီး))


ကောင်းကင်ကြီးမှာလည်း ကြည့်တတ်ရင် "ခံစားချက်"တွေနဲ့ပါနော်းP
(လာသေးတယ်နော် သာအေးညီမက ဟိဟိ )



ဒါက..."သန်လျင်မှာ သာတဲ့လ" ပါး)


ပြီးတော့...အမေ့ကို "ကန်တော့"ပါတယ်
သမီးစံလေး အသက်ရာကျော်ရှည်ပါစေ၊ စာမေးပွဲမှာလည်း အမှတ်များများရပါစေ
ဘွဲ့ထူး၊ ဂုဏ်ထူးတွေလည်း ပိုင်ဆိုင်ပါစေတဲ့ ရှင်း))

အမေ ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝပြည့်ပါစေလို့..
ပြီးတော့ အမေ့ကို "၀"အောင်လုပ်ကျွေးပြီးမှ "အာဝါဟ၊၀ိဝါဟ"မယ်ပြောတော့..
ရယ်ပါတယ်း))
ချစ်စွာသော "မာတာမိခင်"ယနေ့မှစကာ.......နှစ်ပေါင်းများစွာ သက်ရှည်ကျန်းမာစွာနဲ့
ချစ်ခင်ရပါသော သားသမီး (တစ်ဒါဇင်နဲ့)အတူ ပျော်ရွှင်ဖွယ်ကောင်းသော
သီတင်းကျွတ်ပေါင်းများစွာ(များစွာ)ကို ဖြတ်သန်းနိုင်ပါစေကြောင်း..... 
ဆုတောင်းပေးလျှက်

ရိုသေလေးစားစွာဖြင့်

Image and video hosting by TinyPic

13 comments:

  1. အပျိုကြီးရေ ... ကျေးဇူးပဲနော် ..အလွမ်းပြေ ... မြန်မာပြည်က ပုံလေးတွေ ကြည့်ရလို့ ပါ ....

    ReplyDelete
  2. မအားတဲ့ကြားကပဲ တိတ်တိတ်ကလေး လာသွားတယ် ဂျင်ဆန်းမီရေ။ ကိုးရီးယားချွေးထုတ်ခန်းထဲ ရောက်နေသလိုပဲလားကွယ်။ ဟိ။ ရယ်ရတယ် ဟား ဟား။ တယ်လိမ္မာတဲ့ သမီးပါလားကွယ်။ မားသားကို သေချာကန်တော့လို့။ မြို့တော်ခန်းမတောင် ဆေးသုတ်ထားသလိုပဲနော်။ ကင်မရာကကို ကောင်းလွန်းနေလို့ အရောင်ပြောင်းသွားတာလား မပြောတတ်။

    ReplyDelete
  3. မိဘကျေးဇူးသိတတ်တဲ့ သမီးလိမ္မာလေး
    ဘ၀မှာ အစစအရာရာအောင်မြင်ပါစေ

    ReplyDelete
  4. ဟဲ့ ကလေးတစ်ဒါဇင်ကခဏခဏပါနေတော့တာပဲ နင်တော့နော် ငါမပြောချင်ဘူး ကန်တော့တာငါ့မပြောဘူး ဟိဟိ

    ReplyDelete
  5. ဓာတ်ပုံထဲကနေ ရွှေတိဂုံ ဘုရားကို ဖူးမျှော်ခွင့် ရတဲ့အတွက် ကျေးဇူးပါ...
    မိခင်ကို ကန်တော့ပြီး မုန့် ဖိုးတောင်းတဲ့ သမီးလိမ္မာလေးလား...
    သာဓုပါဗျာ...သာဓု...
    ကျွန်တော်ဆိုရင် အဲဒီလို ကန်တော့ပြီး မုန့် ဖိုးတောင်းပြီးသားဘဲ...
    ဒါနဲ့ မသိလို့ မေးဦးမယ် အာဝါဟ ဝိဝါဟဆိုတာ ဘာလဲ မသိ...

    ReplyDelete
  6. ကားရီးယီုးမင်းသမီးလေး သမန်စီးရေ...
    ဒီလိုနေ့မျိုးမှာတောင် ဘလော့ဂါတွေကိုသတိရပြီး
    ခုလိုပြည့်ပြည့်စုံစုံလေးတင်ပေးလို့....နောင်နှစ်သီတင်းကျွတ်ကျရင်တော့
    မိဘဆရာသမားသိတတ်မှုလေးတွေကြောင့် အပျိုကြီးဘ၀က
    ကျွတ်လွတ်ပါစေလို့......
    ချစ်တဲ့ ဂျက်..အာဘွားးးးးးးးးးးး

    ReplyDelete
  7. လပြည့်နေ့လေး ရျွေတံဂုံဘုရားသွားချင်လိုက်တာ.. ပုံလေးတွေအတွက် ကျေးဇူးပဲ မမသမီးစံရေ... အနည်းဆုံးတော့ အလွမ်းပြေတယ်... :D

    ReplyDelete
  8. နေ၀င်ချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ.......... :P
    သန်လျင်မှာ သာတဲ့လ ...သန်လျင်မှာ မုန့်ဟင်းခါးထဲ ဗယာကြော်ထည့်စားတာ အလွမ်းဆုံးပဲဟေ့း)
    များကတော့သမန်စီးရဲ့ မိုင်းသတိမိုင်းအရှိ ကြီးကိုအကြောက်ဆုံး ဟဲဟဲ
    ကဲ ကဲ သမန်းစီးလဲ မြန်မြန်ကျွတ်ပါစေး) ဆက်တွေးနိုင်သည် ..း)

    အမဂျီး
    မဒိုးကန်

    ReplyDelete
  9. သမီးစံလည်း လိမ္မာတဲ့စာရင်းမှာပါတယ်။ မိဘ ဘိုးဘွားတွေကို လိုက်ကန်တော့တာ ကန်တော့သူရော ကန်တော့ခံရသူရော ကြည်နူးဘို့အလွန်ကောင်းတယ် သမီးစံရေ။ သံလျင်ရဲ့ နေဝင်ရီတရောအလှ သဘောကျတယ်။ ရွှေတိဂုံဘုရားကြီး ဖူးသွားတယ် ဘယ်လောက်ဖူးဖူး မဝနိုင်ဘူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. အမေတူ သမီးလား၊ သမီးတူအမေလားမသိဘူး၊ အမေက သမီးစံလိုပဲ ပျော်ပျော်နေတတ်တယ်ထင်တယ်... သီတင်းကျွတ်မှာ လူကြီးမိဘကိုကန်တော့တဲ့ သမီးအလိမ္မာလေး သမီးစံအအမေပေးလိုက်တဲ့ ဆုနဲ့ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေဟု...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  11. မိဘကို သိတတ်တဲ့သမီးစံလေး
    မြန်မြန်ကျွတ်ပါစေကွယ်
    ဟဲဟဲ စာမေးပွဲမြန်မြန်ပြီးတာကို ပြောပါတယ်။
    ဘုရားကို ကိုယ်တိုင်မရောက်နိုင်ပေမဲ့ သမီးစံပိုစ့်ဖတ်ပြီး ကိုယ်တိုင်ရောက်သလို ခံစားရတယ်
    လူကြပ်ပေမဲ့ မြန်မာလူမျိုးတို့ရဲ့ ဘာသာတရား ကိုင်းရှိုင်းမှုကို ထင်ထင်ရှားရှား မြင်ရပါတယ်

    ReplyDelete
  12. လွမ်းမောဖွယ် မြန်မာပြည်ကြီးရဲ့ တစ်စိတ်တစ်ပိုင်း အလှအပများကို မက်မက်မောမော ကြည့်ရှု အလွမ်းဖြေသွားပါတယ်ဗျာ။။။
    တွံတေးကိုစိုးအောင်ကြီး အော်သလို ကျိုက်ခေါက်စေတီကို ဖူးတွေ့ရတော့ အတိတ်မြေကို ပြန်ပြီး မြင်ယောင်သလိုလို။။။ (ဘာပဲပြောပြော လူရှိန်တာပေါ့..:D:D:D)

    ReplyDelete
  13. ပျော်တတ်ပုံရတယ်
    အရေးသား သွက်တယ်
    ဟာသ ဓါတ်ခံရှိတယ်
    ကြိုးစားပါ
    အားပေးတယ်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..