Thursday, October 20, 2011

ဖတ်ခဲ့ဖူးတဲ့..ဒဿနလေးများ


ရယ်ပါ...
ရယ်မောခြင်းဟာ အသက်ရှည်တာ အမှန်ပါ။
ခြွင်းချက်တော့ ရှိတယ်။
သင်ရယ်မောတဲ့အခါ လူအများနဲ့ အတူတူရယ်ပါ..။
ပျော်ရွှင်စရာကောင်းပါတယ်။
လူတစ်ယောက်ကို မရယ်ပါနဲ့။
စော်ကားရာရောက်ပါတယ်။
သူ့ကွယ်ရာမှာပဲဖြစ်ဖြစ်
သူ့ရှေ့မှောက်မှာပဲဖြစ်ဖြစ်ပေါ့။
ဒီနေ့တော့ အဲဒီအမူအကျင့်ကို
ရှောင်ဖြစ်အောင် ရှောင်လိုက်စမ်းပါ။

@@@@@@@@@@@@@@@@@@@

အတိုက်အခိုက်ခံရတယ်ဆိုတာ
လူတိုင်း ကြုံရတာပဲ...
ကိုယ့်ရဲ့ ရန်သူတွေ၊ယှဉ်ပြိုင်ဘက်တွေဟာ
သင့်ကို တိုက်ခိုက်ဖို့ အမြဲချောင်းမြောင်းနေတာ
သေချာတယ်။
လူ့ဘ၀မှာ ရန်သူမရှိတဲ့ဘ၀ကို တည်ဆောက်ဖို့
မလွယ်လှဘူး...
ဒီနေ့ သင် အတိုက်အခိုက် ခံရပြီလား။
ဒါဆိုရင် ဒီစကားလေးအတိုင်း ဖြေရှင်းပါ။
လက်ရှိအဖြစ်ကို
တုံ့ပြန်ဖို့ စဉ်းစားထားတာထက်
မနက်ဖြန်ကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့
စိတ်ကူးနေတာက ပိုကောင်းတယ်။
<><><><><><><><><><><><><><><><><><><>

ဒီနေ့ သင့်ဘ၀အခြေအနေကို
တညည်းညည်း တညူညူနဲ့ တခြားလူတစ်ယောက်ကို
ဖွင့်ပြောပြမိနေသလား...
ဒါဆိုရင်တော့ သင်ဟာ
လူညံ့တစ်ယောက်ဖြစ်နေသေးတယ်။
လူတော်တွေဟာ
ဘယ်လောက်ပဲ ဘ၀အခြေအနေဆိုးနေပါစေ...
ဆိုးလိုက်တာလို့ ညည်းညူနေသူမရှိဘူး။
ဒါကို ဘယ်လိုဖြေရှင်းမလဲလို့
အကြံညဏ်တောင်းသူတွေသာဖြစ်တယ်။
ဒါကို သင်သိရင် မနက်ဖြန် လူတော်ဖြစ်ပြီ။

*****************************************************
သင်ဟာ အားနာတတ်တဲ့လူလား။
ကိုယ်မနှစ်သက်၊မတတ်နိုင်တဲ့ ကိစ္စတွေကို
သူတစ်ပါးကို အားနာစိတ်ကြောင့်
လိုက်လုပ်ပေးနေမိသလား။
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ...
အားနာတတ်တဲ့လူဟာ မအောင်မြင်နိုင်ဘူး။
ဒီနေ့
သင်မတတ်နိုင်တဲ့ ကိစ္စတွေကို ဟင့်အင်းလို့
ပြတ်ပြတ်သားသား ငြင်းပစ်လိုက်စမ်းပါ။
သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့
ခံစားလာရလိမ့်မယ်။
ငြင်းဖြစ်အောင် ငြင်းလိုက်စမ်းပါ။

@@@@@@@@@@@@@@@@@@@@@@@@@

သင်ဘာဖြစ်ချင်တာလဲ။
အဲဒါ တော်တော်ခက်တယ် ။
ဟိုဟာလည်းဖြစ်ချင်၊
ဒီဟာလည်းဖြစ်ချင်
ဟိုလူနဲ့တူချင်၊ ဒီလူနဲ့တူချင်
အဲဒီလိုဆန္ဒတွေများနေရင်
ဘယ်ဆန္ဒကိုမှ အောင်မြင်အောင်
အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး။
တစ်ခုပဲစိတ်ကူးပါ။
အဲဒီစိတ်ကူးကို ညတိုင်း အိပ်မက်မက်ပါ။
နေ့တိုင်း အကောင်အထည်ဖော်ပါ။
ဒါဆို သင်ထင်မြင်သလောက်
ပန်းတိုင်ရောက်ဖို့မကြာတာကို
တအံ့တသြတွေ့ရပါမယ်.
ကဲ ဒီနေ့သင့်ရဲ့အနာဂတ်မှာ ဘာဖြစ်ချင်တာလဲ။

<><><><><>><><><><><><><><><><><><><><><>

လူတိုင်းမှာ ပန်းတိုင်ရှိတယ်။
ကိုယ်က သတ်မှတ်တဲ့ပန်းတိုင်နဲ့
ဘ၀ကသတ်မှတ်တဲ့ပန်းတိုင်
နှစ်မျိုးရှိတယ်။
လူတိုင်းဟာ
ပန်းတိုင်အမျိုးမျိုးကိုတာ့ ရောက်ကြတာပဲ။
ဒါပေမယ့် ဘ၀ကသတ်မှတ်တဲ့ ပန်းတိုင်ကို
ရောက်တဲ့သူက များတယ်။
ကိုယ်ကိုယ်တိုင်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို
ရောက်တဲ့သူက နည်းတယ်။
အဲဒီ့ လူနည်းစုထဲကို
သင် ၀င်ရောက်နိုင်ရင် ကောင်းတာပေါ့။
လောကမှာ လူနည်းလာလေလေ
အခွင့်အရေး ပိုပိုရလေပဲ...
အဲဒါကို မှတ်ထားပါ...........။

@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ့်ဘ၀ရဲ့
ကိုယ်မလိုအပ်တော့တဲ့ အစိတ်အပိုင်းတွေကို
ဖြူတ်ချလိုက်ပါ။
ပန်းပုဆရာတစ်ယောက်လိုပေါ့...။
လှပအသက်ဝင်တဲ့ ပန်းပုရုပ်ထုတစ်ခုရဖို့
မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို
ထွင်းထုပစ်ရတာပဲ။
နှမြော၊တမ်းတ၊ ဖက်တွယ်ထားရင် မဖြစ်ဘူး။
ကိုယ့်ဘ၀လှပဖို့အတွက်
ကိုယ့်ဘ၀ရဲ့မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို
ဖယ်ပစ်ပါ၊ထွင်းထုပစ်လိုက်ပါ။
နှမြောတသ ဖြစ်မနေပါနဲ့။

<><><><><><><><><><><><><><><><><><><><><>

စာရေးဆရာကောင်းသန့်ရဲ့သား..
စာရေးဆရာ သဲအောင်ရဲ့ "ဒီနေ့ကို သင်ဘယ်လိုဖြတ်သန်းမည်လဲ" စာအုပ်မှ.
စာစု အနည်းငယ်ကို သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်တာပါ။ 
နေ့ရက်တွေတိုင်းကို အကောင်းဆုံး ဖြတ်သန်းနိုင်သူများ ဖြစ်ကြပါစေ

ချစ်ခင်စွာဖြင့်


Image and video hosting by TinyPic

14 comments:

  1. သမန်းစီးရေ
    တို့ကတူတူ ရယ်ဖို့အဖော်ရှိတယ်စိတ်မပူပါနဲ့
    သယ်ရင်းကိုတော့စိတ်ပူမိတယ်ကွယ်
    တစ်ကယ်လို့များသယ်ရင်းတွေအများကြီးဘေးမှာရှိနေရင်တော်သေးတာပေါ့
    သူတို့အလဲ အမြဲရှင့်ဘေးနေနိုင်မယ်မထင်
    ဒါကြောင့်လေ ဘာပဲဖြစ်ဖြစ်ပေါ့.....ရှာသင့်နေပြီနော်...
    ဟီး...မပြောရ မစရ ရင်မနေနိုင်လို့ နားလည်ခွင့်လွတ်ပေးပါရန်
    တောင်းပန်အပ်ပါတယ်ရှင်
    ရှင်စာတွေကောင်းလို့ ကူးထားလိုက်တယ်နော်....ကျေးကျေး
    ချစ်တဲ့ ဂျက်စမိုင်း အာဘွား

    ReplyDelete
  2. ကောင်းလိုက်တဲ့စာလေးတွေ သမီးစံရေ ကျေးဇူးပါပဲ..အိမ်မက်က အားနာတက်တဲ့လူမျိုးထဲမှာပါတယ်..မနက်ဖြန်ကျရင်တော့ ဘယ်သူတွေ ဘာပဲလာပြောပြောငြင်းပစ်လိုက်တော့မယ်.. ဟဲ ဟဲ

    ReplyDelete
  3. ကျေးဇူးပါ သမိးစံရေ...တစ်ချို့စာသားလေးတွေ ကော်ပီယူသွားတယ်လို့..:)

    ReplyDelete
  4. ဒဿနလေးတွေဖတ်သွးတယ် အပျိုဂျီးလေးရေ
    အဖိုးတန် စာစုလေးတွေအတွက် ကျေးဇူးပါ.
    ညနက်မှ စာလာဖတ်တာ
    ဒီအချိန်ဆို သမီးစံတို့ ခေါင်းအုန်းပေါ် သွားရည်တွေကျပြီး ခလောနေလောက်ရောပေါ့။

    ReplyDelete
  5. ဆရာကောင်းသန်.စာအုပ်တွေတော.ကြိုက်တယ်
    အားရင်ဖတ်တယ်ရော...
    ဒီစာလေးတွေလဲကောင်းပါတယ်..
    ကော်ပီတွားပါကြောင်း....

    ReplyDelete
  6. ဟုတ် လေ့လာမှတ်သားခဲ့ပါတယ်နော်

    ReplyDelete
  7. ဖတ်မှတ်လေ့လာသွားပါတယ်...
    လိုက်နာနိုင်ဖို့ လဲ ကြိုးစားပါ့မယ်...

    ReplyDelete
  8. တွေဝေနေမဲ့အစား မှန်ကန်တဲ့ ဆုံးဖြတ်ချက် အလွယ်တကူချနိုင်ဘို့ ခွန်အားလေးတွေဖတ်သွားတယ် သမံစီးရေ။ ကျေးဇူးနော်။
    စိတ်ဓတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. အဖိုးတန်တွေပဲ.. မျှဝေပေးတာ ကျေးကျေးနော်..း)

    ReplyDelete
  10. မနေ့က သမီးစံဘယ်လိုဖြတ်သန်းခဲ့သလဲကွယ်၊ ဒီနေ့ကို သမီးစံဘယ်လိုဖြတ်သန်းမလဲ၊ မနက်ဖန်ကိုကော သမီးစံဘယ်လိုဖြစ်သန်းမလဲ၊ စာဖတ်ပြီး ကိုယ့်ကိုကိုယ်မေးခွန်းထုတ်၊ အဖြေမရလို့၊ ပြန်ပြီးမေးခွန်းထုတ်လိုက်တဲ့သဘော....

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  11. ဝေမျှပေးလို့ ကျေးဇူးပါ.. မမ တမီးစံ.. မှတ်သားသွားပါတယ်.. :D

    ReplyDelete
  12. ဒဿနလေးတွေက ကောင်းမှကောင်း ညီမရေ...။
    လိုက်နာကျင့်သုံးဖို့၊ မှတ်သားနာယူဖို့ လိုပါတယ်။

    ReplyDelete
  13. ကော်ပီကူးသွားပါသည်။ အရမ်းကြိက်တဲ. စာစုလေးတွေပါ။ မျှဝေပေးတဲ.အတွက် ကျေးဇူးတင်ပါတယ် :)

    ဖြိုးလေး

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..