Sunday, October 23, 2011

မဲလုံးသို့တမ်းခြင်း...


သေမှာကြောက်ရင် မြေမှာမလျှောက်နဲ့
အိမ်သာအောက်ကို ကျွံနင်းမိမယ်
သစ်ရွက်တွေကြွေရင်တောင်ခိုစရာမြေပြင်ရှိတယ်
အချစ်ငတ်နေတဲ့ငါဟာ ငိုစရာရင်ခွင်မရှိဘူး
ပြောပြမိရင် ဒေါသရှိမယ်...
လောကကြီးရယ် ငါ့ကိုမှရက်စက်နိုင်လေခြင်း..
(ဒါက တစ်ချိန်တုန်းကပေါ့..)
ခုချိန်မှာတော့ ငါဟာ …
အားလုံးကိုလှောင်ပြောင်နေနိုင်ပြီလေ
ငါ့ကိုဒဏ်ရာတွေပေးခဲ့တဲ့နင့်ကို
ဘယ်တော့မှမမေ့ပါဘူး …
လမ်းထိပ်က မဲလုံးရယ်
ခုတော့လည်း..
နင်လည်းနင့်ဘ၀နဲ့နင်ဘယာကြော်ရောင်းလို့
ငါလည်းငါ့ဘ၀နဲ့ငါအခြေအနေကောင်းလို့…
အားလုံးအဆင်ပြေပြေနဲ့
ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီပဲ
ခုတော့ပြီးသွားပါပြီလေ...
ဒါပေမယ့်..နောက်ဆုံးအနေနဲ့
ပြောချင်တာလေးတစ်ခုတော့ရှိတယ်..
အဲဒါကတော့…
ခုထိ..ငါ..အပျိုကြီးလုပ်နေတုန်းပါပဲ။

(ကိုယ်ပိုင်ကဗျာ မဟုတ်ပါ။ပိုင်ရှင်ရှိလျှင်ပြောထားပေးခဲ့စေချင်ပါသည်။)

ချစ်ခင်လေးစားစွာဖြင့်


Image and video hosting by TinyPic

11 comments:

  1. တမီးစံ...များဘီအေ
    တော်ဘီနာ ဘယ်တော့...ဘယ်တော့ မှ
    အလွမ်းကဗျာရေးတော.၀ူး..ဖြတ်တယ် တုန်းရက်
    တူ.မဲလုံးကိုတွေ့ပြီးလွမ်းချင်စိတ်ကုန်တွားဘီ
    ရက်စက်ပါ့အေ....
    လဂါးစတာ..မိုက်တယ်..ဟိဟိ

    ReplyDelete
  2. ဖတ်သွားသည်။ ဟိ..။

    ကဗျာလေးက သွက်သွက်လေး မိုက်၏

    ReplyDelete
  3. ခံစားချက်တွေရေးထားတာပါ ၇ှက်မနေပါနဲ့ တမီးစံရယ်
    မထူးတော့ပါဘူး..လာတောင်းမယ်နော်
    အကြွေး..အကြွေး
    ရင်ခုန်မနေနဲ့ နော်..တိန်...

    ReplyDelete
  4. သမန်းစီးရေ...
    အမလေးမျက်မှန်တတ်တာခြင်းလာတူနေရသေးတယ်
    ရှင်အပျိုကြီးဆိုတာလူတိုင်းသိပါပြီ
    ကြေညာကလဲဝင်ပြီးရင်းဝင်နေတာပဲ
    ကဗျာပိုင်ရှင်နာလဲတိဝူး
    တင်တဲ့သူတောင်မသိတာကို...
    အားဘူးဟ...နာ၆နှစ်ပြည့်မောင့်အတွက်ကဗျာရေးနေလို့
    အေးအေး...ဒါပဲ
    ချစ်တဲ့ ဂျက်စမိုင်း
    အာလဘွား...........

    ReplyDelete
  5. မဲလုံးကို
    အသဲတုံးလေး
    ပေးခဲ့မိတာ
    ငါ့အပြစ်လား
    ဘော်ဘော်တို့ရယ်
    မဲမရှိတဲ့ဘ၀မှာ
    ဖဲလေးတောင်အတူမရိုက်နိုင်တော့
    တမ်းတမိတယ် မဲလုံးရယ်....
    ဟီး
    ခင်လို့နော် စိတ်အဆိုးရ၀ူး
    စိတ်ဆိုးရင် ရုပ်ဆိုးတတ်တယ်တဲ့

    ReplyDelete
  6. အကြောင်းအရာတိုက်ဆိုင်နေလို့ တင်တာမလား.. ဟဟ.. မရှက်ပါနဲ့ မမတမံစီးရာ... အပျိုကြီးရာ.. :P

    ReplyDelete
  7. အပျို ကြီးရယ် ...အဲ့လို ကြီးလည်း မလုပ်နဲ့ လေ .. မောင်ဘုန်း မှာ ဦးဦး ရှိပါတယ်
    စိတ်ဓာတ်မကျ နဲ့ နော် ... နောက်နှစ် လောက် ဖြစ်အောင် လုပ်ပေးမယ်နော်

    ReplyDelete
  8. ကိုယ်ပိုင်ကဗျာမဟုတ်ပေမယ့် ကိုယ်ပိုင်ခံစားချက်တော့ပါမယ်ထင်တယ် အပျိုကြီးရေ... ဘယာကြော်တော့ ငတ်ပါပြီ...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  9. ကဗျာက ဖတ်ရတာ တမျိုးလေးနော်...

    ReplyDelete
  10. ကြောငြာလေးကို ပညာသားပါပါနဲ့ ဝင်သွားတာကိုးး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. မည်းလုံးတော့တော်တော်ကြိုက်တယ်နော်
    အားပေးသွားပါတယ်နော်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..