Friday, October 28, 2011

ကောသလမင်းအိပ်မက်(၁၆)ချက်

ဒီနေ့မနက်က..အိမ်ကအမတော်နှစ်ယောက် ကျောက်တန်းရေလယ်သွားကြတယ်လေ။
ပြန်လာတော့..''နင့်အတွက်.. ဓာတ်ပုံတွေရိုက်လာပေးတယ်" တဲ့...။
မုန့်ဖိုးသာတောင်းတိုင်းမရတာ ဒါမျိုးကျတော့ ချစ်ဖို့ကောင်းသားနော်..။း)
ဓာတ်ပုံတွေထဲက ကောင်းရာကောင်းနိုးလေးတွေရှာကြည့်တော့ ..
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ (မှတ်သားမိသလောက်နှစ်ပေါင်း၁၀၀)ခန့်က..ကောသလမင်းကြီး.မက်ခဲ့တဲ့.အိပ်မက်တွေကို ပန်းချီကားတွေနဲ့ပုံဖော်ရေးဆွဲထားတာတွေတွေ့ပါတယ်။
အားလုံးသိပြီးကြပြီး..ဖြစ်ကြပေမယ့်..ဆွဲထားတဲ့ပန်းချီလက်ရာလေးတွေက
တစ်နယ်နဲ့..တစ်နယ်(လက်ရာချင်း)မတူတော့..တင်ပေးလိုက်တာပါ။
တစ်ချို့..ဘုရားတွေမှာဆို..ဒီမင်းကြီးရဲ့အိပ်မက်ကို.အလကာင်္လေးတွေနဲ့ရေးထားတာ
တွေ့ဖူးပါတယ်။
(အမတော်တွေရဲ့ပုံကိုတော့ ..မတင်တော့ပါဘူး။
တော်တော်ကြာ...ကိုယ့်အိမ် နောက်လာမလည်တော့ရင်ဘယ်နှယ့်လုပ်မတုန်းနော်။) :P

























ခုချိန် (နှစ်ဆယ့်တစ် ရာစုမှာ)တော့ သမီးစံတို့.ဒါတွေအားလုံးကို တစ်ခုမကျန် ကြုံ နေကြပြီထင်ပါတယ်။ ပြီးတော့မြေကြီး လက် ခတ်မလွဲအောင် တည့်တည့်ကြီး မှန်နေတဲ့ တဘောင် စကားတွေ လည်းအများကြီးရှိပါတယ်။အံ့သြဖို့..တော်တော်ကောင်းပါတယ်ရှင်။
သူ့ခေတ်နဲ့သူခေတ်စားနေတဲ့ သီချင်းတွေမှာတောင်နမိတ်တွေနဲ့ပါ။ပြောကြည့်ရရင်တော့ တလောတုန်းက IC အဖွဲက ဆိုလိုက်တဲ့သီချင်းပေါ့.ရောဂါ..ရောဂါ..ဆိုပြီးတော့လေး)။ပြီးတော့မကြာပါဘူး မြန်မာပြည်ကို H1N1တွေရောက်လာပါရောလား :P။ပြီးတော့စိုင်းစိုင်းခမ်းလှိုင်က ..သေပြီဆရာတဲ့.. ဒါလည်း မကြာပါဘူး နာဂစ်မုန်တိုင်းကြီးကျလာလိုက်တာ (အများစုဖြစ်တဲ့) ဧရာဝတီတိုင်း လပွတ္တာမြို့နယ် က လူတွေအားလုံး ရေထဲရောက်ကုန်ကြပါလေရောလား။ နောက်ဆို..နဂါးနီလိုသီချင်းမျိုး.. ဆိုမှရတော့မယ် ထင်တယ်နော်း)။
ပြောသာပြောတာပါရှင်..ဒါတွေက တိုက်ဆိုင်တာလည်းဖြစ်ချင်ဖြစ်မှာပါ။ သူ့ဟာသူ အကြောင်း ရယ် အကျိုးရယ်.ပြည့်စုံလာရင်တော့ဘယ်သူမှတားလို့မရနိုင်ပါဘူး။နို့ပေမယ်..ရှေးထုံးလည်းမပယ်နဲ့ဈေးသုံး လည်းမကြွယ်နဲ့ ဆိုတဲ့စကားကလည်း.. ရှိသေးတာကိုး..နော်။ပျော်ရွှင်ချမ်းမြေ့ဖွယ်..နေ့ပေါင်းများစွာကို.. ပိုင်ဆိုင်နိုင်ကြပါစေ။
သာမိစံ ရေးတဲ့ထဲမှာ အမှားများ..ပါသွားခဲ့လို့ရှိရင်လည်း....
အရင်တစ်ခေါက်ကလိုပဲ..တစ်ယောက်တစ်ဒေါ်လာစီပေးကာ
(အားမနာတမ်း)ဆုံမနိုင်ကြပါတယ်ရှင်း)



ချစ်ခင်လေးစားလျှက်...

သမီးစံ











12 comments:

  1. အခုမျက်မှောက်ခေတ်မှာ ကောသလမင်းကြီးအိမ်မက်တွေက လက်တွေ့ဖြစ်နေရဲ့လေး)

    မောင်ဘကြိုင်

    ReplyDelete
  2. ရေးတတ်သလိုရေးသွားမယ် အမ

    ဘုန်းကြီးကျောင်းရောက်ဖြစ်ရင် အဲဒီ ပန်းချီကားတွေ ကို အမြဲကြည့်ဖြစ်တယ်

    ပြီးတော့ လည်း တွေးကြည့်တယ်

    တကယ်တော့ ကျနော်က အတွေးလေးတွေးနေတတ်တဲ့သူဆိုတော့

    ဒါတွေက အမြဲတွေးစရာလေးတွေ ဖြစ်လာတယ်လေ။

    ကိုယ်ကြုံဖူးတာတွေကို ပြန်စဉ်းစားမိပြီး သြော်ဟုတ်ပါလားလို့လေ..။

    ဒါပါပဲဗျာ နောက်ကျရင် တော့ ဘုန်းကြီးကျောင်းမှာ မကြည့်တော့ ဘူး

    သမီးစံဆီမှာလာကြည့်မယ် ဟဲ

    ReplyDelete
  3. ကောသလမင်းကြီးရဲ့ အိပ်မက် ၁၆ ချက်ကို မေ့နေလို့ သေချာ ပြန်မှတ်နေပါတယ်ဆိုမှ တစ်ချို့ အချက်တွေရဲ့ ရှေ့မှာ ပန်ကာကြီးက ရှေ့ကနေ ကိုးလို့ကန့်လန့် ခံနေလို့ အကုန်မသိတော့ဘူး ဖြစ်သွားတယ်။ မကျေနပ်ဘူး.. နောက်တစ်ခါ ပြန်တင်ပေးနော်.......... သမီးစံလေး...... :P

    ခင်မင်စွာဖြင့်....
    ဦးဇော် (ကိုဇော် အရုဏ်ဦးမဟုတ်ပါ):)

    ReplyDelete
  4. ဟုတ်ကဲ့မမလေး သက်ငယ်ဘလော့ကိုသက်ကြီးဖတ်သွားပါကြောင်း )

    ချစ်တဲ့

    ReplyDelete
  5. ကောသလမင်းကြီး အိပ်မက်က နှစ်ပေါင်း တစ်ရာမကဘူးထင်တယ်။

    ReplyDelete
  6. ကျေးဇူးပါ ... အပျိုကြီး ... ဒီပုံလေးတွေ မမြင်ရတာ တော် ကြာပြီလေ ..

    ReplyDelete
  7. သမီးစံရေ... ဟိုပြေးဒီပြေးနဲ့ဆိုတော့ ခုမှ အလည်ရောက်ဖြစ်တယ်... ကောသလမင်းအိမ်မက်ပြီးရင် သမီးစံအိမ်မက်အကြောင်းလေးလဲ တင်ဦးနော်...

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  8. အဲ ဟုတ်သား
    ပန်းချီကားရဲ့ သက်တမ်း တစ်ရာကျော်ကိုပြောတာလား
    ကောသလမင်းကြီး အိပ်မက်မက်ခဲ့တာ နှစ်တစ်ရာကျော်ကို ပြောတာလား
    ကောသလမင်းဆိုတော့ ဘုရားရှင်လက်ထက်ကမို့ နှစ်တစ်ရာရဲ့ ဟိုးတစ်ဖက်ကို ကျော်နေပြီပေါ့ သမီးစံအပျိုကြီးရဲ့.. ရေလည်ကျောက်တန်းက ရုပ်ပွားတော်တွေက သပ္ပါယ်တယ်နော်.. ကြည်ညိုသဒ္ဓါ ယိုဖိတ်စွာနဲ့ ဖူးမျှော်သွားပါတယ်ညီမလေးရေ

    ReplyDelete
  9. တမီးချံယေ....လာချောင်းပါတယ်နော်
    တစ်နေ.တစ်ခေါက် မှန်မှန်ရောက်၏...

    ReplyDelete
  10. သမီးစံ အိပ်မက်ကဘယ်တော့တင်မှာလဲဟင်

    ReplyDelete
  11. သမီးစံရေ
    အိမ်မက်တစ်ခါမှ မမြင်ဖူးဘူးကွဲ့ ကျေးဇူးပါ.. ရေလည်ဘုရားတစ်ခါမှ မရောက်ဖူးဘူး.. ရွှေတိဂုံပဲ ရောက်ဖူးတယ်..း)
    ချစ်တဲ့
    အိမ်မက်စေရာ

    ReplyDelete
  12. ရန်ကုန်မှာတုန်းကတော့ သေသေချာချာ မဖတ်ဖြစ်ဘူး..သမီးစံ တင်ပေးတော့မှပဲ ဖတ်ဖြစ်တော့တယ်..သိုင်းကျူး သမီးစံ...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..