Wednesday, October 26, 2011

သူငယ်ချင်းအိမ်က Depawali

မနေ့က..ကျောင်းကသူငယ်ချင်းတစ်ယောက်က သမီးစံကို ဖုန်းဆက်တယ်။ နက်ဖြန်အိမ်ကိုလာခဲ့ပါလားတဲ့..။
ဘာလို့လဲ..သယ်ရင်းရယ်ဆိုတော့....
"နင်ပဲ....ငါ့အစ်ကိုတွေကို လူစုံတက်စုံတွေ့ချင်တယ်ဆို" တဲ့..း)။ 
ဟုတ်ပ ....

သူ့အိမ်ကိုသွားတာ..ချောင်းသာပေါက်တယ်..သူ့အစ်ကိုတွေနဲ့တစ်ခါမှမတွေ့မိတာခုမှသတိထားမိတယ်လေ။း)
ဒါနဲ့ပဲ..."အေး..သယ်ရင်း..ငါလာခဲ့မယ်..ဘယ်အချိန်လဲ"ဆိုတော့...."ဆယ့်တစ်နာရီ၊ဆယ့်နှစ်နာရီလောက်ပေါ့" တဲ့။ကျန်တဲ့သူငယ်ချင်းတွေကိုလည်း..ဖုန်းဆက်ပြီးခေါ်ထားတယ်တဲ့လေ (နည်းနည်းတောင် မလိုနာ ဖြစ်သွား သေးတယ်း)အဲဒါ..နင်အိမ်မှာပဲစုပြီးခေါ်လာခဲ့ပါတဲ့။ ကိုယ်ကလည်း (သူ့အစ်ကိုတွေ. တွေ့ရမယ့် အရေး ဆိုတော့)..အေးအေးပေါ့း)။

ဖုန်းချပြီးမှစဉ်းစားမိတယ် သြော်..........ဟုတ်သားပဲ.. နက်ဖြန်.. သူတို့..Depawali ကိုး။(ဒီသူငယ်ချင်းနဲ့ ပေါင်းလာတာတော်တော်ကြာပါပီ..ထူးထူးဆန်းဆန်းဒီနှစ်မှ.ကိုယ့်ကိုဖိတ်တာလေ)..။သူခေါ်တာနဲ့ အံကိုက်ဖြစ်သွားတယ်..ကိုယ်က ကုန်ကြမ်းရှာနေတဲ့..ဘလော့ဂါကိုး။းP

သမီးစံ ပေါင်းဖြစ်တဲ့သူငယ်ချင်းတွေထဲမှာ..တော်တော်များများက လူမျိုးခြားတွေများပါတယ်။အထူးသဖြင့် ဟိန္ဒူလူမျိုးပေါ့။ဒါလည်းမရည်ရွယ်ပါဘူး..သူ့ဘာသူတိုက်ဆိုင်ပြီးခင်ဖြစ်သွားတာပါ။(အဲဒီတော့..ကိုယ်က သူ တို့ကြားထဲမှာ ထင်ပေါ်နေတာပေါ့နော်..ဟဲဟဲ)။ 

သူတို့ကပေါင်းလို့ အရမ်းကောင်းတယ် (ကိုယ့်အမြင် ပါနော်). အနစ်နာလည်းခံတယ်၊ အပြိုင် အဆိုင် လည်းမရှိဘူး..။ ကိုယ့်ဟာကိုယ် အေးဆေး နေတတ်ကြတော့ ကိုယ်နဲ့..Key ကိုက်သွားတာပေါ့နော်း)။
ဒါနဲ့ပဲ..ဒီနေ့မနက်..(သူငယ်ချင်း)အားလုံးသမီးစံဆီမှာ လူစုပြီး..ဆယ့်တစ်နာရီခွဲလောက် သူ့အိမ်သွား ဖြစ်ကြတယ်။ ဒီကြားထဲကြိုပြီးဖုန်းဆက်ထားလိုက်သေးတယ်.."နင့်အစ်ကိုတွေစုံပြီလားလို့"..း)။

သူ့အိမ်သွားရင်း...လမ်းမှာ(ကားစီးရင်းနဲ့)ရယ်စရာတစ်ခုတောင်ကြုံခဲသေးတယ်း)။ သူ့အိမ်ရောက်ခါနီး တစ်မှတ် တိုင်အလိုရောက်တော့.. အန်တီကြီးတစ်ယောက်က ကားပေါ်တက်လာတယ်..(ဆွဲခြင်းကြီးနဲ့) ပြီးတော့သူက ကားပေါ်မတက်ခင် စပယ်ရာကိုလှမ်းပြောတယ်.. ဟဲကောင်လေး.. ငါ့ဆွဲခြင်းကိုအရင်ဆွဲတဲ့.. အဲဒါနဲ့ ကား စပယ်ရာက အန်တီကြီး လက်ကောက်ဝတ် ကိုလှမ်းဆွဲလိုက်တယ်လေ (ဒါမှဆွဲခြင်းရော.. လူ ရောပါမှာကိုး) ..ကားပေါ်လည်းရောက်ရော ပြောပါလေရောကွယ်.." မင်းတို့ကိုငါက.. ဆွဲခြင်းဆွဲခိုင်းတာ. .လူကို ဘာလို့ဆွဲတာလဲ"တဲ့..။ကိုယ်တော်က ပြန်မပြောဘူး..အဲဒါနဲ့သမီးစံက ၀င်ပြောပေးလိုက်ပါတယ် (လူကြီးကိုမလေးစား ရာကျမှာစိုးလို့ပါ) ၀ါသနာပါလို့နေမှာပေါ့ အန်တီရယ်လို့..း)။အဲလိုပြောတော့ အန်တီကြီးက (အားရပါးရ) ရယ်တယ်တော်..။ ပြီးတော့ ပြော သေးတယ်. .စပယ်ရာကို.. “တွေ့လား တွေ့ လား. မင်းကို ပြောနေပြီ”တဲ့..။ တော်သေးတာပေါ့.. ကိုယ်ဆင်းမယ့်မှတ်တိုင်က.. ရှေ့မှာမို့လို့..နို့မို့ ဆို မလွယ်ကြောပဲနော်.ဟိဟိ...အဲလို.အဲလို..ဖြစ်ပုံကး)။

သူငယ်ချင်းအိမ်ရောက်တော့...သမီးစံတို့ကိုမုန့်တွေချကျွေးပါတယ်။
သူ့အစ်ကိုတွေနဲ့လည်းမတွေ့ခဲ့ပါဘူးသာမီးစံတို့ကို ရှိန်လို့တဲ့ အိမ်အောက်ကို တောင်ဆင်းမလာတော့ဘူး (အဲလိုပါဝါကြီးတာနော် ဟိဟိ..)။ ကိုယ်လိုရာ ဆွဲတွေးလိုက်တာပါ.. သူ့ တို့ အကြောင်းနဲ့သူတိှို့မှာပေါ့နော။
စားခဲ့သမျှစတုဒီသာတွေကတော့ဖြင့်းP


ပန်ကန်ပြားထဲက.မုန့်တွေက.ဂျုံနဲ့လုပ်ထားတဲ့ ပူရီတွေပါ 
စတီးပန်းကန်ထဲက ပဲဟင်း.
ဟိုးဘက်က..လုံးလုံးလေးတွေက သူတို့လူမျိုးအခေါ် Ladoo (လဒူ)တဲ့း)။ (ဆန်းတယ်နော်)


ဒါကသတ်သတ်လွတ်ပဲဟင်း....စားဖူးသမျှထဲမှာတော့ အကောင်းဆုံးပါပဲ...
ကိုယ်တိုင်ကြိတ် မဆလာနံ့လေးကိုသင်း...လို့း)


ဒါက ပူရီလိုက်ပွဲပါ။ (အဲဒီ့ပုံက ...စားပြီး တစ်ဝက်ကျိုးမှ ရိုက်ထားတား)


ဒါက တစ်ယောက်စာ “စားပွဲ”ပေါ့


အဲဒါ..သာမီးစံ ပန်းကန်လေး)။ 
အားနာနေမှာစိုးလို့..သူငယ်ချင်း (အချစ်တုံးကြီးက)ထပ်ထည့်ပေးထားတာ
မစားတတ်..စားတတ်နဲ့ တွယ်ထည့်လိုက်ပါတယ်..(နှစ်ပန်းကန်) :P
စား.....နေတဲ့ပုံတွေကိုတော့ မထည့်တော့ပါဘူးနော်...(ရှက်လို့း)
ဒီနေ့အဖို့တော့ ပို့စ်လေးက.. ဒီလောက်ပါပဲရှင်းP

နောက်ပြီး..ဒီနေ့လေးနဲ့ပတ်သက်လို့..(ဗဟုသုတအနေနဲ့) အသေးစိပ်သိချင်ရင်တော့
ဘုန်းဘုန်းသီတဂူစတားရဲ့ အိမ်ကိုသွားပြီး..ဖတ်၊မှတ် နိုင်ကြပါတယ်ရှင်။

သူ့တို့အိမ် သွားလည်ရင် ကိုယ့်ကို (လိုလေသေ့မရှိ)ဖွယ်ဖွယ်ရာရာ..အဲလိုကျွေးတာပါ။ ကိုယ့်အိမ် လာလည်ရင်တော့သူတို့ကိုအဲလိုဧည့်ခံဖို့နေနေသာသာ..အိမ်ကလူတွေဝိုင်း“စ”တာနဲ့တင်
အိမ်ကိုလာမလည်ရဲကြဘူးလေး)။အိမ်ကလူတွေက( အားကြီး)အစသန်ကြတာကိုး။

ဒါနဲ့စကားမစပ်း)


ဒါ.........ဘာမုန့်ခေါ်လဲဟင်? :P

ချစ်ခင်လေးစားလျှက်....


Image and video hosting by TinyPic

17 comments:

  1. အဲ.တာမုန်းပေါင်းပေါ. တမီးချံ ရဲ့...တုန်းပ
    နာလဲစားချင်တာအေ..နာ.ဖို.နဲနဲလေးတော.သယ်မလာဝူး
    စီဘောက်မှာလာပေးလဲရတာကို...ဒီမှာကမွတ်စလင်စာတွေပဲရှိတာရယ်
    ထမင်းတောင်အထဲမှာ ဆမိုင် ဖတ်တွေရောထဲ.တာယော...လေဒယ်
    နိပုံထဲကဟိန္ဒူစာလေးတွေလေ...မချားရတာ..တုန်းနှစ်ကျော်ဘီ..ဟင်.

    ReplyDelete
  2. မုန့်ပေါင်းလို့ ခေါ်တယ်ကွဲ့။ ဒါနဲ့ ပူရီလေးက စားချင်စရာ။ ကြည့်ရင်းနဲ့တောင် စားချင်လာပြီ။ မုန့်ပေါင်းလေးကို သတိရလိုက်တာ။ အိမ်မှာ တခါလုပ်စားဖူးတယ်။ တကယ်ဖြစ်တယ်။ အိမ်မှာ ညလယ်စာအဖြစ် ဆန်မှုန့် နို့ဆီဘူး၎လုံးနဲ့ မုန့်ပစ်တလက် တခါတလေလုပ်စားဖြစ်တယ်။ အိမ်ကို သတိရလိုက်တာ။ မြန်မာမုန့်တွေ စားချင်တယ်။

    ReplyDelete
  3. အပျိုကြီး ကတော့ စားပွဲ တွေပဲ လိုက်ရှာ နေလားမသိဘူး .... :D .....

    ReplyDelete
  4. အစားကြတော့ သူတစ်ယောက်တည်းသွားစားတယ်
    လက်တောင်မတို့ဘူး
    စတာ
    ပို့အတွက်ကျေးဇူးပါ

    ReplyDelete
  5. သူငယ်ချင်းအိမ်ေ၇ာက်တော့..မုန့်တွေချကျွေးပါတယ်.အသာကုန်ဆွဲလာပါတယ်သမီးစံတို့..ဟဟဟဟဟဟ

    ReplyDelete
  6. တခါေ၇းမ၇တော့ ၂ခါေ၇းတယ်ကွာ..သူငယ်ချင်းအိမ်ေ၇ာက်တော့မုန့်တွေချကျွေးပါတယ် အသာကုန်ဆွဲလာပါတယ်...

    ReplyDelete
  7. အမလေး
    မစားတတ်..စားတတ်နဲ့မို့လို့သာပဲ
    စာများစာတတ်ရင်တော့
    ရင်လေးမိပါတယ်.....
    နာ့ကိုလဲနဲနဲကျွေးနော်...နာကြိုက်လို့ပါဟာ..

    ReplyDelete
  8. စားမယ် ၀ါးမယ် အားလုံးစားပစ်လိုက်မယ်.. :P

    ReplyDelete
  9. သမံစီးတစ်ယောက် ဗိုက်မှတော်တော်ဖောင်းခဲ့ရဲ့လားဝေ
    လဒူတော့မသိဘူး ဂျလေဘီတော့သိတယ်း)

    ReplyDelete
  10. အောက်ဆုံးက မုန့်က မုန့်ပေါင်း :P

    ReplyDelete
  11. သမီးစံတို့ကတော့၊ ချွန်ချက်။ စပယ်ယာက မျက်စောင်းမထိုးဘူးလား?

    ReplyDelete
  12. ကာလေးမ လားလည်တယ် လား အားကိုကြီးက
    ကာလေးမ ကို မာကြည့်ရဲ့လို့ လေ.....သာမိစံ နဲ့ 
    ညီးမလေးက ယောင်းမ တော် မယ် ပြောနေတာ
    အားကိုးကြီးက ၇ှက်တတ်တယ်လေ....
    အားကိုကြီးက ခင်းတတ်တယ်
    ခင်းမယ်နော..ကာလေးမ
    အိုက်စား ကတေးကား နဟီး ဟိုးဂါ...အားကိုကြီး

    ReplyDelete
  13. အိန္ဒိယအစားအစာတွေ သိပ်မကြိုက်ဘူး...။
    ဒါပေမယ့် အာလူးပူရီတော့ ကြိုက်တယ်..။

    ReplyDelete
  14. ရန်ကုန်မှာဆိုရင်တော့ မုန့်တွေစားရဦးမယ် ဒီမှာတော့ စားရဘူး
    သူများစားတာဘဲ လာငမ်းသွားတယ်ကွယ်
    အစားပုတ်မလေး စားသွားတာနဲ့ အကုန်ပြောင်နေတာဘဲ တွေ့ရတယ်...း)

    ReplyDelete
  15. ဟရေး ကန်မလေး ကုလားနော်
    လာဖက်သွားတယ်နော်..

    ReplyDelete
  16. ဂလု..(သရေမျိုချသံ)..
    စားချင်လို့ ဂလုသွားတယ်.. သမီးစံရေ..
    နောက်တစ်ခါသွားရင် အစ်ကိုတွေ ရအောင်တွေ့ခဲ့..ဓါတ်ပုံပါရိုက်လာခဲ့ နော်.
း)
    ခင်တဲ့
    အိမ်မက်

    ReplyDelete
  17. မုန့် ပေါင်းနဲ့  တူတယ် သမီးစံရေ..စားချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်..ဆူနမ်နဲ့  ရာမားသာ ရှိရင် ဝါးတီးတပွဲ နွှဲရမှာ...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..