Saturday, October 15, 2011
စီဗုံးထဲက messages
တစ်လောတုန်းကသွားခဲ့တဲ့....."ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း"ရဲ့ကိုးနှစ်ပြည့်နှစ်ပတ်မှဆရာမ ချောအိမာန်(မန္တလေး)ပြောသွားတဲ့ စီဗုံးအကြောင်းလေး စဉ်းစားမိလို့ ဒီပို့စ်လေးတင်ဖြစ်တာပါ။ ဆရာမပြောတာကတော့ စီဗုံးထဲမှာ ပေါက်တတ်ကရတွေ ရေး"ရေး"သွားလို့ သူ့ဘလော့ရဲ့ စီဘောက် လေးကို ဖြုတ်ထားရပါတယ်တဲ့။ဒီလိုသိရတော့ သမီးစံလည်း စိတ်မကောင်းဘူးပေါ့ရှင်။ စီဘောက်ဆိုတာ ဘလော့ဂါတစ်ယောက်အတွက် အားဆေးတစ်မျိုးပဲကိုး၊ ဘလော့အပေါ် ကိုယ့်အမြင်လေးတွေကို အကောင့်မရှိရင်ပဲဖြစ်ဖြစ်၊လိုင်းမကောင်းလို့မန့်မရရင်ပဲဖြစ်ဖြစ် စီဘောက်က မရှိမဖြစ်လိုအပ်ပါတယ်။ ခုတင်ပေးမှာလေးကတော့ စီဗုံးထဲက(မလိုအပ်တဲ့)message တွေကို ဖျက်ပစ်လို့ရတဲ့နည်းလေးပါ။ (လိုင်းမကောင်းတဲ့အခါ)ခဏခဏတင်လို့messageတွေတစ်ခုမကဖြစ်သွားရင်လည်း ပိုနေတာတွေကို ဖျက်ပစ်လို့ရတာပေါ့။
နည်းလေးကတော့ လွယ်ပါတယ်ရှင်..။ ဒီလိုလေးပါပဲ.....း))
စီဘောက်ထဲ (မိမိအကောင့်နဲ့)၀င်ပြီး မြင်ရတဲ့အတိုင်း Messages ဆိုတာလေးကိုနှိပ်လိုက်ရင်........
ဒီလို ပေါ်လာတဲ့အခါ ကိုယ်ဖျက်ချင်တဲ့ စာရှေ့က တုံးလေးကို click တပ် ရွေးချယ်ပြီး delete လုပ်ပြီးဖျက်ပစ်နိုင်နိုင်ကြောင်းပါ.........
ဒါလေးကတော့"အပိုဆု"လေးပါရှင်း)) ကိုယ့်စီဘောက်ကို ကိုယ့်ဘာသာ color ချိန်ပြီး 
"ဖလန်းဖလန်း"နိုင်ကြပါတယ်ရှင်းP
ဒါကတော့ စီဘောက်ရဲ့ width & height ကိုချိန်တာပါ
(သိကြပြီးသားဖြစ်ပေမယ့် ပို့စ်ရှည်အောင်ထည့်ပေးလိုက်တာပါ :P )
နောက်ပြီး ............
စီဘောက်နဲ့ပတ်သက်လို့အရုပ်ကလေးတွေနဲ့ထည့်နည်းအစုံတင်ပေးထားတဲ့
ကိုရင်နဲ့အစ်မဒိုးကန်   တို့ရဲ့အိမ်မှာသော်လည်းကောင်း.....
မောင်(စွယ်စုံကျမ်း)     ရဲ့အိမ်မှာသော်လည်းကောင်း......
လည်ရင်းပတ်ရင်းနဲ့ (လိုအပ်သည်များကို )ခပ်တည်တည်နဲ့ သွား"မ"နိုင်ပါတယ်
(သာမီးစံ လွှတ်လိုက်တယ် မပြောကြနဲ့နော် :P)
"အလန်းတက..အလန်းဆုံး" စီဘောက်ပိုင်ရှင်များ ဖြစ်ကြပါစေရှင်
ချစ်ခင်စွာဖြင့်.... 
စာကြွင်း။        ။ မနေ့ကလည်း ပုဂံနက်လား၊ဇလုံနက်လားမသိ...း)) error တက်သွားလို့တဲ့ (ADSLတွေ) တစ်နေကုန်ငုတ်တုတ်..၊ဒီနေ့လည်းဝိုင်းမက်စ်ကနည်းနည်းကြောင်တောင်တောင်မို့ပို့စ်အသစ်ကို (အားနေတာနဲ့)လိုင်းကောင်းတုန်းလေး တင်ပေးလိုက်တာပါး))
10 comments:
  1. သမန်းစီးရေ
    ရှင်ရေးတင်ပေးလို့ကျေးဇူးတင်ပါတယ်
    မိဂျက်ကတော့ချစ်လို့ပဲရေးရေး
    မုန်းလို့ပဲရေးရေး ဘာမှတော့မဖျက်ပါဘူး
    ရေးခဲ့တဲ့သူကသူ့ပညာကိုသူဖော်သွားတာပါပဲ...
    ဟုတ်တယ်မဟုတ်လားဟင်
    ရှင်လဲ သီတင်းတော့ကျွတ်သွားပြီနော်..
    ကောင်းစားစေချင်လို့သတိပေးတာပါ
    ပညာရှိသတိဖြစ်ခဲတဲ့ မေ့နေမှာစိုးလို့နော်..ဟီးဟီး...
    ချစ်တဲ့ jasmine အာဘွား.............
    ReplyDelete
  2. နာ့ကိုများစောင်းပြောနေရော့လားနော် တားတား ဆီမှာ စီဘောက်ဖျောက်ထားပဲကြည့်တော့လေ အီးးးးး အီးးးးး
    ဟင့် ဟင့် ပြန်တွေးရင်ငိုချင်တယ် ကိုယ်ဘာသာပဲအပြစ်ပေးထားလိုက်တော့တယ် ဗျာ
    ReplyDelete
  3. ဘာ..ကိုရင်နဲ့ မဒိုကန်..ဟုတ်စ
    ငါ့မှာတော့တစ်ယောက်ထဲ
    ဂျင်ဆန်းမီနဲ့ ..မောင်.အဲမှားလို့ 
    ဟန်၈ျီအင်းနဲ့ မောင်ဆိုတော်သေး
    အေးဆေးနေနော်
    အမီးဆွဲကိုင်ပေါက်လိုက်လို့  ကိန်ကနဲ့ 
    မြည်သွားမယ်
    ပုံ..ဟန်ဂျီအင်း ချစ်သူ..မောင်
    ReplyDelete
  4. သမံစီးရေ... စီဘောက်စ်လေးတွေကို ဖလမ်းဖလမ်းဖြစ်အောင်တော့ စမ်းကြည့်အုံးမယ်နော်. ဆရာမ ချောအိမာန် စီဘောက်စ်က ဖြတ်လို့ကို မနိုင်တော့လို့ ဖြုတ်ကိုပေးထားရတယ်... ဗျ..
    တော်တော် သောင်းကျန်းတဲ့သူတွေလေ.. :)
    ဒါနဲ့ စကားမစပ် သမီးစံက နှုတ်ခမ်းနီ ဆိုးတာတော့ တော်တော် ဝါသနာ ပါတယ်ထင်တယ်နော်. အချိန်ပြည့်နှုတ်ခမ်းနီပဲ ဆိုးနေလို့လေ... :P
    ခင်မင်စွာဖြင့်...
    ဦးဇော်..... (အရုဏ်ဦး.. ဟုတ်ဘူး.. ) :)
    ReplyDelete
  5. သမီးစံရေ
    စီဘောက်ကိစ္စကတော့ တစ်ဦးတစ်ယောက်တည်းမှ မဟုတ်ပါဘူး
    ဘလော်ဂါတော်တော်များများလည်း ကြုံရတာပါဘဲ။ ၏
    ကိုယ့်စီဘောက်ကိုကိုယ်အမြဲစစ်ပြီး မဟုတ်တဲ့ မက်ဆေ့တွေကို ဖျက်ပစ်ဖို့ဘဲ ရှိတာပါ။
    ဒါပေမဲ့ တစ်ချို့လူတွေက အွန်လိုင်းမှာ အမြဲမရှိနိုင်တော့ စီဘောက်မှာ စာတွေ လာရေးထားလဲ ဖျက်ဖို့ အခက်အခဲရှိကြတယ်
    ပြီးတော့လည်း တစ်ချို့ကကျတော့ စီဘောက်စဖွင့်ကတည်းက user name နဲ့ password တွေ မမှတ်ထားတော့ ဖျက်ဖို့ ခက်ကြပြန်ရော။ စဖွင့်ကတည်းက သေချာမှတ်ထားသင့်တာပေါ့နော်။
    ReplyDelete
  6. ဂျက်ဂျက်..သတိပေးလို့ကျေးဇူးပါတော်.သမံစီးကသိုက်ကလာတာ
    ယူလို့မရဘူးလေ(လောလောဆယ်တော့) ဟိဟိး))
    ကိုလွမ်းပိုင်..၀မ်းနည်းနေရင်ဝမ်းနှုတ်ဆေးစားပါရှင်းP
    ဦးလေးမောင်..တိုးတိုးပြောပါ.ဟန်ဂျီအင်းကြားသွားလို့သူ့ကိုယ်သူသတ်ဟေ
    နေပါဦးမယ်ရှင်
    အန်ကယ်ဇော်ရှင့်..အဲပုံတစ်ပုံပဲလှလှပပရှိလို့တင်လိုက်တာပါးP
    ကိုလွင်ပြင်..အနည်းဆုံးတစ်ယောက်သိသွားရင်ပဲ ရေးရကျိုးနပ်ပါပီရှင်
    ပျော်ရွှင်ချမ်းမြေ့ကြပါစေ
    ချစ်ခင်စွာဖြင့်
    သမီးစံ
    ReplyDelete
  7. အစ်မချော..ပြောသလိုဆိုတော့လည်း
    မှန်နေပြန်ရောနော်အစ်မ
    ညီမစီဘောက်တောင်နှစ်ခါမြောက်ဖွင့်ထားတား)
    (မေ့သွားလို့လေ)
    ပျော်ရွှင်ချမ်းမြေ့ပါစေအစ်မရှင့်
    ချစ်ခင်စွာဖြင့်
    သမီးစံ
    ReplyDelete
  8. ခုတော့ ကျွန်မသိပြီ။:)
    ReplyDelete
  9. သာမီးစံသည်အလွန်ချောပါသည်ဆိုပဲ..ဟိဟိ..
    ReplyDelete
တံခါးဖွင့်ထားပါတယ် ..