Friday, October 21, 2011

ပေါက်တတ်ကရပုံပြင်း)

ကဲ.......ပူတူတူးလေးတို့ရေး)

ဒီကနေ့တော့ မမတို့ရဲ့ ဘလော့ဂါ FM ရေဒီယိုကနေ ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါရဲ့ကွယ်.....
(ရေဒီယိုအစီအစဉ်ကတော့  ပို့စ်တင်ခါနီးမှလံကျုပ်ပြီး..ဖန်တီးလိုက်တာပါရှင်  )


ဟိုး..ရှေးရှေးတုန်းကပေါ့ကွယ် ရွာတစ်ရွာမှာ မှော်ဆရာကြီးတစ်ယောက်ရှိသတဲ့။
အဲဒီ့မှော်ဆရာကြီးမှာ သားသုံးယောက်ရှိပါတယ်။မှော်ဆရာကြီးက သူသေသွားခဲ့ရင် သူ့ရဲ့သားတွေကို သူ့မြေပုံမှာ တစ်ညကို တစ်ယောက် အလှည့်ကျ စောင့်ရမယ်လို့ မှားထားသတဲ့ကွယ်။ အဲဒီလိုနဲ့ မှော်ဆရာကြီး သေသွားပါလေရောတဲ့။ (ဒီပုံပြင်မှာ.မှော်ဆရာကြီးရဲ့အခန်းက နည်းနေလို့ .မြန်မြန်ပို့ပေးလိုက်တာပါးP)
 မှော်ဆရာကြီးမရှိတော့..ကျန်ခဲ့တဲ့သားသုံးယောက်က သူ့အဖေမှာခဲ့တဲ့ အတိုင်း မှော်ဆရာကြီးရဲ့ မြေပုံ မှာ အလှည့်ကျ စောင့်ရတော့တာပေါ့။ ပထမဦးဆုံးညမှာတော့ သားကြီးဖြစ်သူရဲ့အလှည့်ပေါ့။ ဒါပေမယ့် သားကြီးဖြစ်သူက ပျင်းလည်းပျင်းတယ်။သုံးချိုင်းကင်းကို ညဖက်သွားရမှာလည်းကြောက်လည်းကြောက် တတ်လေတော့ သူ့ရဲ့ အငယ်ဆုံးညီဖြစ်သူကို ခေါ်ပြောသတဲ့။ (အကြီးတွေရဲ့ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်း လုပ်တာပေါ့ကွယ်)
“ညီလေး မျက်ပြူး၊ အစ်ကို့ကိုယ်စား ဒီည သွားပေးပါလား မင်းကို Grand Royal တစ်ပြားပေးမယ်ကွာ” လို့ပြောသတဲ့။ အဲဒါနဲ့ မျက်ပြူးလည်း (အနစ်နာခံပြီး) သူ့အဖေမြေပုံဆီကို သွားသတဲ့။ သူ့အဖေမှာခဲ့တဲ့ အတိုင်း(အဖေ့) မြေပုံမှာ တစ်ညစောင့်အိပ်ဖို့ပေါ့။
ညသန်းခေါင်လောက်ကျတော့ သူ့အဖေအသံကို (ခုလိုပြောတာ)ရုတ်တရက် ကြားလိုက်ရပါလေရော တဲ့ကွယ်။

“အခု ဘယ်သူရောက်နေလဲ၊ ငါ့သားအကြီးဆုံးလား” တဲ့
ဒါနဲ့ မျက်ပြူးက “မဟုတ်ပါဘူး အဖေ၊ ကျွန်တော်မျက်ပြူးပါ”လို့ ပြန်ဖြေလိုက်သတဲ့။
အဲဒီ့တော့ မှော်ဆရာကြီးက ပြန်ပြောသတဲ့။
“အေးလေ..မင်းလာတော့လည်း..မင်းရဲ့ကုသိုလ်ကံပေါ့”လို့ပြောပြီး 
“ဥုံ..ဘာမီတွန်၊ဂျက်လက်မတ်၊အေဘီစီ”လို့ ဂါထာလိုလိုစာတစ်ကြောင်းကိုရွတ်လိုက်သတဲ့ကွယ်။း)



သူရဲ့ အသံအဆုံးမှာပဲ အင်မတန်လှပတဲ့မြင်းကြီးတစ်ကောင်ပေါ်လာပါသတဲ့။မြင်းကြီးဟာ ခွာသံပြင်းပြင်းနဲ့ ကဆုန်ပေါက် ပြေးလာလိုက်တာ မြေကြီးတောင် သိမ့်သိမ့် တုန်သွားသတဲ့ကွယ်။ဒါနဲ့ပဲ မှော်ဆရာကြီးက
မျက်ပြူးကို “ကဲ…သား၊ဒီမြင်းကို ယူတော့၊ အဖေ့ကို အလုပ်အကျွေးပြုခဲ့သလို မင်းကို ကောင်းကောင်း အလုပ်အကျွေးပြုလိမ့်မယ်”လို့ပြောသတဲ့
သူ့အဖေစကားဆုံးတော့ မျက်ပြူးကမြင်းကို ပွတ်သတ်ပြီး လွတ်လွတ်လပ်လပ် ကျက်စားရအောင် လွတ်ပေးထားခဲ့ပြီး အိမ်ကိုပြန်လာသတဲ့ကွယ် အိမ်ပြန်ရောက်တော့ အစ်ကိုတော်တွေက သူ့ကို ဟားတိုက်ပြီး ရယ်ကြသတဲ့ကွယ်။(အကြီးတွေများနော်..ကောင်းကိုမကောင်းတား))
“ဘယ်လိုလဲ၊ညတုန်းက နှစ်နှစ်ခြိုက်ခြိုက်ရှိရဲ့လား ညီလေး”လို့မေးတော့
မျက်ပြူးက ဘာမှပြန်မပြောဘူးတဲ့ကွယ်။

နောက်တစ်နေ့ည ကျပြန်တော့ (ဒုတိယအစ်ကိုရဲ့ကောင်းမှုကြောင့်)မျက်ပြူးပဲ သူ့အဖေမြေပုံဆီကို သွားရပြန်သတဲ့ကွယ်။ အဲဒီ့ ဒုတိယညမှာလည်း ပထမညလိုပဲ မျက်ပြူးပဲဖြစ်နေပြန်တော့ မှော်ဆရာကြီးက သူဖန်ဆင်းထားတဲ့မြင်းကိုခေါ်ပြီး မျက်ပြူးကို ကောင်းကောင်းအလုပ်အကျွေးပြုဖို့ မှာသတဲ့ကွယ်။
နောက်ဆုံး တတိယညကျတော့ မျက်ပြူးကိုယ်တိုင် စောင့်ရတဲ့ညပေါ့။အဲဒီ့ညမှာတော့ မျက်ပြူးရဲ့ ဖခင်က(ဖန်ဆင်းထားတဲ့)မြင်းကို မျက်ပြူးကလွဲရင် ဘယ်သူ့ကိုမှ အလုပ်အကျွေးမပြုရဘူးလို့ မှာကြားလိုက်သတဲ့။

ဒီလိုနဲ့ ညီအစ်ကိုသုံးယောက်ဟာ(အဖေပေးတဲ့တာဝန်ပြီးတော့) အတူတကွ ဆက်လက်နေထိုင်ကြပါသတဲ့။ မကြာခင်တစ်နေ့မှာတော့ သူတို့နိုင်ငံရဲ့ ဘာသိဘာသာ ဘုရင်ကြီးက ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါသတဲ့။

တက်စရာအထစ်မရှိပဲ..ဟိုး…မိုးထိအောင်မြင့်တဲ့“မျှော်စင်မြင့်ထက်တွင် စံမြန်းနေသော သမီးတော် မိသိန်းကြည်၏လက်ထဲမှ ပုံတူပန်းချီကားကို ရအောင်ယူဆောင်နိုင်သူအား သမီးတော်နှင့် စုလျားရစ်ပတ် လက်ထပ်ပေးမည်” လို့ဆိုတော့ တစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှားဖြစ် ကုန်တာပေါ့။ (ဘုရင့်သမီးတော်ဆိုတော့ အများသိကြတဲ့အတိုင်း အစပ်ကတစ်ရာ၊အဖာက ပရပြစ် ၊မှောင်ကျအောင်ညစ်ပါတဲ့၊ ပဆစ်အိမ်ကို သုံးလွန်းလိန်ခါးတင်ထိုးကာ.. လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ “မရေသည်” ထက်တော့ အများကြီး ကို သာတာပေါ့ကွယ်းP)။

ဒီသတင်းကိုမှော်ဆရာကြီးရဲ့သားဖြစ်တဲ့ ညီအစ်ကိုသုံးယောက်ကလည်း ကြားတာပေါ့။ အစ် ကို နှစ် ယောက်က မင်းသမီးရဲ့ကြင်ယာ (သူတို့အတွက်မဖြစ်နိုင်ပေမယ့်) ဘယ်သူဖြစ်မလဲ ဆိုတာကို သိချင် နပေမယ့်..မျက်ပြူးကတော့စိတ်မ၀င်စားသလို ပဲနေသတဲ့ကွယ်။ဒါနဲ့ပဲအစ်ကိုနှစ်ယောက် က မြတ်ပြူး မပါပဲမင်းသမီးရဲ့ ကြင်ယာရွေးပွဲကိုချီတက်သွားကြပါသတဲ့။


အစ်ကိုတွေလည်း အပြင်ရောက်သွားရော မျက်ပြူးက ချက်ချင်းပဲ အိမ်ပြင်ထွက်ပြီး သူ့အဖေ ပေးထားတဲ့ မြင်းကြီးကို လေချွန်ပြီးခေါ်လိုက်သတဲ့ကွယ်။(အော..လက်စသတ်တော့ သူက ကုတ် ကမြင်းကိုးကွယ့်း)

မြင်းကြီးလည်းရောက်လာကော မျက်ပြူးကမြင်းကြီးရဲ့နားရွက်တစ်ဖက်က ၀င်ပြီး နောက်တစ်ဖက်က ထွက်လိုက်တာ(ဟိုဘက်နားရွက်လည်းရောက်ရော)မင်းသားတမျှလှပချောမောသူတစ်ဦးဖြစ်သွားရောတဲ့ကွယ်။ (ပုံပြင်ဆိုတော့..ဒါလေးတွေတော့ နည်းနည်းပါမှာပေါ့ကွယ်။ပြီးတော့ မင်းသားနာမည်ကလည်း ရုပ်ဆိုးနေတော့ ကိုယ်လည်း..အားနာတာနဲ့ ဒီအခန်းလေးထည့်ပေးလိုက်တာပါးP)

ပြီးတဲ့နောက်မှာတော့ မျက်ပြူးဟာ သူ့ရဲ့စီးတော်မြင်းကြီးကို စီးပြီး (မင်းသမီး) မိသိန်းကြည် ရှိတဲ့ မျှော်စင်ဆီ ကိုထွက်လာခဲ့ပါသတဲ့။မျှော်စင်အောက်လည်းရောက်ရော..မျက်ပြူးကလေတစ်ချက်ချွန်လိုက်တဲ့အခါ မြင်းကြီးက ခုန်ပစ်လိုက်တာ ဟိုး မျှော်စင်ထိပ်ကို တန်းရောက်သွားရောတဲ့ကွယ် (ပုံပြင်ဆိုတော့…)

နောက်ပြီးတော့ မျက်ပြူးက မင်းသမီးဆီက ပန်းချီကားတင်မကဘူး လက်ထဲက ငါးသိန်းတန်ဖုန်းကို ပါ ယူလာ နိုင်ခဲ့သတဲ့ကွယ် (ဒါကတော့ကြော်ငြာပါ)။မျက်ပြူးရဲ့စွမ်းရည်ကိုမြင်တော့ လူတွေအားလုံးက အံ့သြ ကုန်တာ ပေါ့ကွယ်။ဒီလူတွေကမြင်းစီးလာတဲ့မျက်ပြူးကိုမြင်ပေမယ့်ဘယ်သူရယ်လို့သဲသဲကွဲကွဲမမြင်လိုက်ရဘူးတဲ့။
ဒီလိုနဲ့ မျက်ပြူးဟာ သူရဲ့မြင်းကြီးကို ပြန်လွှတ်ပေးလိုက်ပြီး အိမ်ကိုပြန်လာသတဲ့ကွယ်။ သူအိမ်ရောက်ပြီး မကြာခင်မှာပဲ သူ့အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ပြန်ရောက်လာတော့ အင်မတန်မှ သားနားတဲ့ လူတစ် ယောက်က မင်းသမီးရဲ့ပန်းချီကားကိုတစ်ခါတည်းယူသွားနိုင်တဲ့အကြောင်း ပြန်ပြောပြကြသတဲ့။
မျက်ပြူးလည်း(ကြွားချင်တာနဲ့)မနေနိုင်ပဲ “အဲဒါ ကျွန်တော်မဖြစ်နိုင်ဘူးလားအစ်ကိုတို့”လို့လည်းပြောရော
သူ့အစ်ကိုတွေက”သူ့ပုံနဲ့မင်းပုံနဲ့က တစ်ခြားစီပဲ”လို့ ချီးကျူးထောပနာပြုကြသတဲ့။

အဲဒီ့အချိန်မှာပဲ ဘာသိဘာသာဘုရင်ကြီးက သူ့ကြေငြာချက်အတိုင်း သူ့သမီးတော်ရဲ့ ပုံတူပန်းချီကားကို ရအောင်ယူသွားနိုင်တဲ့ သူရဲကောင်းပေါ်လာပေမယ့် လူကိုမတွေ့လိုက်ရလို့မကျေမနပ်ဖြစ်နေမိသတဲ့။
အဲဒါကြောင့် ဘုရင်ကြီးက လူတွေအားလုံးကို ဖိတ်ခေါ်ပြီး စားသောက်ပွဲကြီးကျင်းပပေးသတဲ့။ဒီပွဲကို တက်ရောက်လာသူတွေထဲမှာမျက်ပြူးတို့ညီအစ်ကိုသုံးယောက်လည်းပါတာပေါ့ကွယ်။

အဲဒီ့ပွဲမှာပဲ (မင်းသမီး) မိသိန်းကြည်က သူကိုယ်တိုင်လိုက်လံဧည့်ခံပြီး သူ့ရဲ့ငါးသိန်းတန်ဖုန်းနဲ့ ဘယ်သူဖုန်းပြောနေ သလဲဆိုပြီး လိုက်ရှာတာပေါ့ကွယ်။ပထမတော့ မင်းသမီးက အရမ်းစိတ်ညစ်သွားပါသတဲ့။ (ရောက်လာတဲ့သူအားလုံးက i Phone တွေပဲ သုံးနေကြတာကိုး)။

အဲဒီ့အချိန် မှာပဲ ချောင်ကျကျစားပွဲတစ်ခု ကနေ ကြားလား…ကြားလား ဆိုတဲ့ (တော်တော်ကျယ်တဲ့) အသံနဲ့အတူ ဖုန်းပြောနေတဲ့ မျက်ပြူးကို တွေ့ပါလေရောတဲ့ကွယ်။ဒါနဲ့ပဲ မင်းသမီးကအားရ၀မ်းသာဖြစ်ပြီး အနားကို ပြေးကြည့်တော့ အဟုတ်ပါပဲ CDMA 800 ဆိုတဲ့ စာလေးကိုဖုန်းမှာတွေ့ရော..အားရ၀မ်းသာစွာနဲ့ သူ့ခမည်းတော်ဆီကို သွားအကြောင်းကြားလေသတဲ့ကွယ်(ပုံပြင်ထဲက မင်းသမီးကတော့ သိပ်မယူချင်ရှာဘူးပဲနော်)

ဒီအကြောင်းကိုကြားတဲ့ မျက်ပြူးရဲ့ အစ်ကိုတွေက သူ့ညီကို “နားဖာချေးဆို့ပြီး ငါ့နားကြားများ လွဲသွားလေသလား ငါတို့ညီ အရူးက မင်းသမီးရဲ့ ကြင်ဖက်လောင်း ဟုတ်လား မဖြစ်နိုင်တဲ့ကိစ္စပဲ”လို့ အသည်းအသည် ချီးကျူးကြပါသတဲ့းP
သူ့အစ်ကိုတွေစကားမဆုံးခင်မှာပဲ မျက်ပြူးဟာ အပြင်ကိုပြေးထွက်သွားသတဲ့ကွယ်….။ မျက်ပြူး လည်း ပြန်လာရော လှပတဲ့ မြင်းကြီး တစ်ကောင် နဲ့အတူ ချောမောတဲ့လူငယ်တစ်ယောကိုပါ တအံ့ တသြ တွေ့ကြရသတဲ့ကွယ်။



နောက်ဆုံးမှာတော့ ဘုရင်ကြီးရဲ့ လက်ဆက်ပေးမှုကြောင့် မိသိန်းကြည်နဲ့ မျက်ပြူးတို့ဟာ ထိမ်းမြားဖို့အစီအစဉ်တွေ လုပ်ကြသတဲ့ကွယ်။
အဲဒီ့တော့မှပဲ အစ်ကိုကြီးနဲ့ အစ်ကိုလတ်ဖြတ်သူတို့ဟာ ဖခင်မှော်ဆရာကြီးရဲ့ မှာကြားချက်ကို မလိုက်နာမိတာမှားလေစွလို့နောင်တရကြသတဲ့ကွယ်။ဒါပေမယ်နောင်တရဲ့သဘာဝအတိုင်းနောင်မှ ရတဲ့ ကိစ္စဟာ ပြီးခဲ့တဲ့အမှားကို ပြန်လည်ပြုပြင်လို့ မရနိုင်တော့ဘူးပေါ့။

ကလေးတို့ရေ.......ပုံပြင်လေးကတော့ ဒါပါပဲကွယ်………။း)

မောင်ညီမလေးတို့တွေလည်း..ပုံပြင်လေးကိုဖတ်ပြီး မိဘစကားမြေ၀ယ်မကျ နားထောင်ကာ ၊မောင်နှမတွေ အပေါ် ချစ်ချစ်ခင်ခင်၊စည်းစည်းလုံးလုံးနဲ့ နေနိုင်သွားအောင် ကြိုးစားကြပါကွယ်။း)

အကြောင်းပြချက် ရေရေရာရာမရှိပဲ အရှုးထပြီး ကောက်တင်လိုက်မိတဲ့အတွက်..
ဒီပုံပြင်ထဲမှာ..
အဆီအငေါ်မတည့်တာများတွေ့ရင်လည်း 
တစ်ယောက် တစ်ဒေါ်လာစီပေးကာ..ဆုံးမ နိုင်ပါတယ်ရှင်းP

ချစ်ခင် လေးစားလျှက်


Image and video hosting by TinyPic

14 comments:

  1. ပုံပြင်လေးနားထောင်သွားပါတယ်နော်။ သမီးကလိမ်မာပါတယ်
    မဆုံးမတော့ဘူးနော်ေိေိ

    ReplyDelete
  2. ဖြောင်း ဖြောင်း ဖြောင်း( လက်ခုပ်တီးတာနော်)..း)
    သမီးစံကွ.. ပုံပြောကောင်းလိုက်တာ.. နောက်လဲ များများပြောပြပါနော်မမ..
    ငယ်ငယ်ကဖတ်ဖူးတဲ့ပုံပြင်တစ်ပုဒ်မှာလဲ မြင်းကြီးနားတစ်ဖက်ကိုဝင်ပြီး ဟိုဘက်ကပြန်ထွက်တာမျိုးဖတ်ဖူးတယ်..ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပုံပြင်ဆိုအိမ်မက်က တအားကြိုက်တာ...နောက်ကြုံရင် မကြာမကြာ ပုံပြောပြနော်..အာဘွားး)
    ချစ်တဲ့
    အိမ်မက်စေရာ

    ReplyDelete
  3. အော်တန်.ဖေဖေကအော်တန်.ကို
ိုအဲ.လိုမြင်းလေးပေးရင်တော့နားထောင်မါပေါ.
    တတွေမတိမ်း..ဖေဖေ.စကားကို...ဟိဟိ

    ReplyDelete
  4. ဟုတ်တယ်အကြီးတွေကောင်းကိုမကောင်းဘူး
    တော်သေးတယ်မိဂျက်တို့ အိမ်မှာအကြီးမရှိလို့ဗိုလ်လဲကိုယ်
    တပ်ကြပ်လဲကိုယ်
    ဂိတ်စောင့်လဲကိုယ်ပဲ
    တစ်ဦးတည်းသောသမီးလေ...ဟီး
    မင်းသမီးကမောင်စွယ်စုံနဲ့ နဲနဲဆင်နေသလိုပဲ
    အမွှာ ညီအကိုထင်တယ်နော်...သမန်းစီးတော်လာပြီ
    သူငယ်ချင်းပုံရှာတင်တတ်တယ်...(ကြားရင်တော့ခုန်နေတော့မှာပဲ)
    ဂျက်လဲအဖွားမြေပုံကိုသွားပြီးစောင့်ပေးချင်တယ်
    မြင်းဖြူများပေးမလားလို့လေ
    ခင်မင်တဲ့ jasmine

    ReplyDelete
  5. ရော့....ရော့ မီးစံလေးအတွက်
    တစ်ဒေါ်လာ...။
    နောက်တစ်ခါကျရင် မင်းသမီးလေးကို iphone ပေးကိုင်နော်။:D

    ReplyDelete
  6. ဆရာမ သားသား ဆရာမရဲ့ ပုံပြင်လေးနားထောင်ပြီး.. အရမ်းပျော်သွားတာပဲ သိလား.. သားသားဖေဖေကလည်း အဲလိုမှာထားခဲ့ရင်.. မြေဝယ်မကျ နားထောင်မယ်နော်...ဒါမှ မင်းသမီးလေးနဲ့ လက်ဆက်ခွင့်ရမှာနော်............
    ပီးတော့လေ.. iPhone လည်းရအုံးမှာနော်... ပျော်စရာကြီးနော်...
    :P
    နောက်လည်း ပုံပြင်တွေ အမြဲ ပြောပြနော်..... :P

    ReplyDelete
  7. ပုံပြောကောင်းတဲ့ သမံစီးလေးရေ။ တီတင့်မြေးလေးရမှ ဖတ်ပြလိုက်တော့မယ်နော် ခုတော့ တီတင့်ဖတ်သွားပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ဟိဟိ... ငါးသိန်းတန်ဖုန်းက ပါသေးတယ်.. ပုံပြင်ထဲမှာ.. :P :D

    ReplyDelete
  9. နောင်တဆိုတာက နောင်မှ ရတတ်တာ မဟုတ်လား...
    ပုံပြင်လေးကို နားမထောင်ဘဲ ဖတ်သွားပါတယ်...

    ReplyDelete
  10. အင်း. သမီးစံပြောတဲ့ပုံပြင် ခုမှပဲ နားထောင်ဖူးတော့တယ်.. တစ်မျိုးပြီး တစ်မျိုး မရိုးအောင်တင်ဆက်နေတယ်ပေါ့လေ...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  11. အပျိုကြီးရေ ပုံပြင်လေးကောင်းတယ်နော်

    ReplyDelete
  12. ဒီပုံပြင်လေးကို ဖတ်ဖူးပါတယ်ဗျ

    ဟိ အမရေးထားတဲ့ ပုံပြင်ဖတ်ပြီးတော့ အသံထွက် သုံးကြိမ် ရယ်မိတယ်

    1. ဟက် 2. ဟက် 3. ဟက်..။

    အရမ်းမိုက်တယ်ဗျ ခ်ခ်

    ReplyDelete
  13. ပုံပြင်လေးက ခေတ်သစ်ပုံပြင်လေးတော့

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..