Saturday, November 5, 2011

နီးလာတဲ့..တစ်နှစ်း)

ဟုတ်ကဲ့...အားလုံးပဲ..အားမနာတမ်း (အ၀) သုံးဆောင်ကြပါရှင်း)
(သာမီးစံ..ဘာလို့..ဒီလောက်ရက်ရောနေ ပါလိမ့်နော် ?..)  :P














စားစရာတွေနဲ့..လာဒ်ထိုးပြီးပြီဆိုတော့...ကြော်ငြာဝင်ပါရစေး)





ဒီနေ့ (၅-၁၁-၂၀၁၁)ရက်နေ့က..သမီးစံရဲ့ မွေးနေ့ဖြစ်ပါတယ်ရှင်း)

မွေးနေ့မှာ..အရင်နှစ်တွေကနဲ့မတူတဲ့..ထူးခြားချက်ကတော့..
 သမီးစံမှာ..ဘလော့အိမ်လေးတစ်ခုပိုင်ဆိုင်ပြီး..ချစ်ခင်လေးစားရတဲ့ဘလော့ဂါများနဲ့..ကျင်းပခွင့်ရတာလေးပါပဲ။
ဒီ့အတွက်လည်း..အတိုင်းမသိ.. ၀မ်းသာမိပါတယ်ရှင်...း)။
မွေးနေ့ရောက်တော့..အရင်နှစ်တွေကလို..အိမ်မှာပဲ..ဘုရားရှိခိုး၊ဆုတောင်းမေတ္တာပို့ဖြစ်ပါတယ်။
(အဖေ)နဲ့..အမေ့ကို..ရှိခိုးပါတယ်။
နောက်တော့..သူငယ်ချင်းကို..လိုက်ပို့ပါတယ်.. (ဘိုးဘွားရိပ်သား)

ကိုယ့်တွက်...လက်ဆောင်တဲ့း)


သြော်........ဘာလိုလိုနဲ့...အသက်တစ်နှစ်..ကြီးသွားပြန်ပါပေါ့လားနော်း))
အသက်သာ..တစ်နှစ်ကြီးသွားပါတယ်..
သမီးစံတစ်ယောက်..ငယ်ငယ်တုန်းက..လိုပဲ..ဂျစ်ကန်ကန်..ပေစုတ်စုတ်နဲ့.နေ.နေတုန်းပါ ..
ကြီးလေ..ချဉ်လေ..သံပယိုသီးရာထူးကို..ပိုင်ဆိုင်ထားတုန်းပါ..
မိဘလုပ်စာ..ခုချိန်ထိ..ထိုင်စားနေတုန်းပါ ..
ပြန်မပြော..နားမထောင်နဲ့..လုပ်ချင်ရာကို..လုပ်နေတုန်းပါပဲရှင်.. 
( ရာထူးတွေက..နည်းနည်းနောနောပဲနော်း)
ပြီးတော့..ခုချိန်ထိ...အပျိုကြီး..အဲလေ..( ယောင်လို့).ဘာမှ..မှုတ်တော့ပါဝူး...



နောက်ဆုံးတစ်ခုအနေနဲ့...ပြောချင်တာလေးကတော့....
သမီးစံတို့..မြန်မာလူမျိုးတွေမှာ..
အလှူတစ်ခုပြီးသွားရင်...ရွှေမိုး..ငွေမိုး..ရွာပြီး..အလှူပေးတတ်ကြတယ်မှုတ်လား
ဒါကြောင့်မို့...သာမီးစံကလည်း.မွေးနေ့အလှူလေးပြီးတော့
.ခြစ်ခြုပ်ပြီးစုထားတဲ့..ပိုက်ပိုက်လေးတွေကို ( ရွှေမိုးမတတ်နိုင်လေတော့) ငွေမိုးအဖြစ်..ရွာပေးပါရစေရှင် :D


အစိမ်းတွေချည်းပဲနော်.. ဟဲဟဲ  :)
(လိုသလောက်..ယူသွားနိုင်ပါတယ်)


မလောက်ရင်ထပ်ပြောပါအုံးနော်..အများကြီးပဲရှိပါသေးတယ် :P
 
ဘလော့ဂါမောင်နှမတွေအားလုံးပဲ...
ယနေ့မှစကာ
ပျော်ရွှင်ချမ်းမြေ့ဖွယ်နေ့ပေါင်းများစွာကို.မိသားစုနဲ့အတူ..ပိုင်ဆိုင်နိုင်.ကြပါစေရှင်

ချစ်ခင်လေးစားလျှက်....


Image and video hosting by TinyPic

28 comments:

  1. ယနေ့ မှစ၍ချစ်တဲ့သူတွေ့ ပေါပါစေလို့ အပျိုကြီးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးပါတယ် ပေးလိုက်တဲ့တဲ့ဆုနဲ့  ငါလည်းပြည့်ပါစေ

    ReplyDelete
  2. မွေးနေ့ မှစ၍ နှောင်နှစ်ပေါင်းများစွာ
    ပျော်ရွှင်ခြင်းများနဲ့ ဘ၀ကိုဖြတ်သန်းနိင်ပါစေ..
    မိမိကိုယ်တန်ဖိုးထား လေးစာမြတ်နိုးတဲ့  အိမ်ထောင်ဖက်နဲ့ တွေ့ ပါစေ..:p

    ReplyDelete
  3. မွေးနေ.မှာပျော်ရွှင်ပါစေ..
    ချစ်သူငယ်ချင်းးလေးးယေ....
    နိုဝင်ဘာ(၅)ရက်မွေးနေ.မှစလို.
    အော်တန်.ညီမလေးး...
    ဆန္ဒနဲ.ဘဝတထပ်ထဲကျပါစေ.....
    ချစ်တဲ.ဘလော.မှသူငယ်ချင်း
    မေသန်.ဇင်

    ReplyDelete
  4. မွေးနေ့မှပျော်ရွှင်မှုကိုကိုပိုင်ဆိုင်နိုင်ပြီသမီးလိမ္မာလေးဖြစ်ပါစေ
    အ၀စားသွားတယ်နော် :D

    ReplyDelete
  5. ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေနော်
    အ၀စားသွားတယ်နော် စိတ်ကူနဲ့  :)

    ReplyDelete
  6. အပျိုကြီးရေ ... အသက်တစ်နှစ်ကြီးသွားပြီနော် ....
    အဟီး ... အများကြီးမတွေး မနေနဲ့ တော့လေ ...
    ကယ် ... ယနေ့ မှ စလို့  နောင်နှစ်ပေါင်းများစွာထိ
    သာယာပျော်ရွှင်တဲ့ ဘဝ တစ်ခု အမြဲတမ်း ပိုင်ဆိုင်ရပါစေလို့ 
    ဆုတောင်းခဲ့ပါတယ် ....

    ခင်မင်စွာဖြင့်
    မောင်ဘုန်း

    ReplyDelete
  7. စံစံရေကြိုတင်လဲဘာမှမပြောပါလား
    တစ်ခုခုတော့လုပ်ပေးချင်တာပေါ့
    စားချင်စရာလေးတွေ အပြတ်ဝါးခဲ့တယ်နော်
    နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့အတူ
    မိသားစုတွေ စုစုစည်းစည်းနဲ့ ပျော်ရွှင်သာယာသောဘ၀လေးပိုင်ဆိုင်ပါစေ။
    ချစ်နေတဲ့ မဂျက်

    ReplyDelete
  8. ၂၅နှစ်ဆိုတော့ အပျိုကြီးမဟုတ်ပါဘူး
    သူများတိုင်းပြည်တွေမှာ ၄၀ကျော်မှ အပျိုကြီးလို့သတ်မှတ်တာ(ဘာ ဘယ်တိုင်းပြည်လဲ မမေးနဲ့နော် ဟီး မသိဘူး)ဒီတော့ သမီးစံလဲ ၄၀ကျော်မှ အပျိုကြီးလို့ ခေါ်တာခံ
    ခေါ်တဲ့သူရှိရင် အကိုတော်ကို တိုင်ပြောနော် စတာပါ
    ၂၅နှစ်မှသည် နှစ်ပေါင်းများစွာ အောင်မြင်မှု့တွေနဲ့ ပြည့်စုံပါစေလို့
    အကိုတော်နဲ့ ယောင်းယောင်း မဒမ်လွင်ပြင်က ဆုမွန်ကောင်းတောင်းပေးပါတယ်ကွယ်

    ReplyDelete
  9. အန်ကယ်မောင်..အန်ကယ်သျှင်နေမင်း
    မမအော်တန်..မမလမင်း
    ဘဘမောင်ဘုန်း..မမဂျက်စမင်
    ဘိုးလေးလွင်ပြင်နဲ့.ဘွားလေး.မဒမ်လွင်ပြင်
    (နှစ်ဆယ့်ငါးနှစ်တောင်ဆိုတော့..မများလွန်းဘူးလားနော်း)
    တီတီမြတ်ကြည်....းD
    မွေးနေ့ဆုတောင်းလေးတွေအတွက်
    ကျေးဇူးအများကြီးတင်ပါတယ်ရှင်
    အားလုံး..ပေးတဲ့ဆုနဲ့..(အများကြီး)ပြည့်ပါစေရှင်
    မီးမီးအသက်က..ခုမှ.ဆယ့်ခြောက်နှစ်ရယ်ပါးP
    ချစ်ခင်လေးစားလျှက်
    သမီးစံ

    ReplyDelete
  10. သမီးစံ ရေ ...ဆောရီးပါ အရမ်းနောက်ကျမှ ရောက်လာတယ်..ကားတွေကြပ်လို့ပါကွယ်..း)
    ပျော်ရွှင်ဖွယ်မွေးနေ့ပါကွယ်..
    အိမ်မက်စေရာ

    ReplyDelete
  11. အင်း စိတ်ကူးပေါက်ပေါက်နဲ့ ရောက်ချလာတာ ပဲဗျာ

    ဒီရောက်မှ တွေ့ဖြစ်တယ်

    ပျော်ရွှင်မှုတွေ ပိုင်ဆိုင်သူဖြစ်ပါစေဗျာ

    ReplyDelete
  12. မွေးနေ့ လာစားတာ
    အဲလေ လာဆုတောင်းပေးတာပါ..
    နောက်ကျသွားလို့စားစရာတွေ ကုန်ပြီထင်ပါရဲ့...
    ပျော်စရာ မွေးနေ့ဖြစ်ပါစေ..
    ဒီနေ့ဒီရက်ကစ နေ့ရက်တိုင်း ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပြီး
    လိုရာဆန္ဒတွေအားလုံး ပြည့်စုံပါစေ
    မိဘကျေးဇူကို အထူးသိတတ်ပေးဆပ်နိုင်သော ချစ်စရာသမီးကောင်းလေး ဖြစ်ပါစေ...
    ဆုတောင်းပေးပြီးပြီမို့ သမီးစံပေးထားတဲ့ ပိုက်ပိုက်တွေထဲက ၂၀တန်တစ်ရွက် ကားခ ယူသွားမယ်နော်..
    ၂၀တန်ကား ရှိရောရှိသေးရဲ့လား မသိ.. :)

    ReplyDelete
  13. ကောင်မလေး
    ဓာတ်ပုံရိုက်တာ ပဲအပေးလွန်ပြီး ရေထဲလည်း ပြုတ်ကျနေဦးမယ်
    သတိထားဦး..း)

    ReplyDelete
  14. စားချင်စရာပဲဗျို့။ Happy Birthayပါ။ ငွေမိုးများဖြန့်ကျဲတဲ့အတွက် သာဓုပါခင်ဗျာ။ ယောက်ျားချောချောရပါစေ။ အဲလေ လိုတရပါစေဗျာ။

    ReplyDelete
  15. အော်... ဘာလိုလိုနဲ့ သမီးစံတောင် အသက်တစ်နှစ်ကြီးလို့ အပျိုကြီး ဘဝထဲ ကူးပြောင်းတော့မှာနော်.. :P
    ဂိုက်ပေးတော့ အတော်ကျန်းတဲ့သမီးပဲနော်. :P
    သမီးစံ ကျွေးထားတဲ့မုန့်တွေက ကောင်းတော့ ကောင်းတယ် တကယ်လဲ စားရဘူး... ။ အပြင်မှာပဲ တကယ်စားချင်တာ အဲဒီမုန့်တွေကို။ :)
    ထာဝရပျော်ရွှင်သော မွေးနေ့ပေါင်းမြောက်များစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သမီးရေ....

    ခင်မင်စွာဖြင့်...
    ဦးဇော်

    ReplyDelete
  16. မွေးနေ့ မှသည် ကျန်းမာ ပျော်ရွှင်ပါစေ...

    ReplyDelete
  17. သမံစီးလေးရေ မွေးနေ့ရက်မြတ်မင်္ဂလာနေ့လေးကစလို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် လိုအင်ဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ပါစေလို့ ထပ်လောင်းဆုတောင်းပေးခဲ့တယ်နော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  18. သမီးစံ လေး
    မမ ကမွေးနေ့ ကိုနောက်ကျပြီးမှ ရောက်တော့ မစားရတော့ဘူးပေါ့။
    မမ နဲ့ ဘလော့ဂါတို့ ရဲ့ ချစ်သမီးစံလေး မွေးနေ့ မှ နှစ်ပေါင်းများစွာ ကျန်ကျန်းမာမာ ချမ်းချမ်း သာ သာ နဲ့ ချစ်သော သူများနှင့်အတူ ဘ၀ ကို အေးချမ်းသာယာစွာ လျှောက်လှမ်းနိုင်ပါစေ ။
    ကောင်းသော လိုရာဆန္ဒများ နဲ့ ပြည့်စုံပါစေ လို့ မမ ကဆုတောင်းပေးပါတယ်နော် ။
    ချစ်တဲ့ မမ။

    ReplyDelete
  19. Happy Birthday!!!! ဘဝနဲ့ဆန္ဒ တစ်ထပ်ထဲကျပါစေလို့ ကျွန်တော် ကဆုမွန် ခြွေလိုက်ပါတယ်ခင်ဗျာ.... နောက်ကျသွားသဗျာ။ စိတ်မကောင်းဘူး ပိုစားမယ်။ မျက်စိနဲ့စားရတာအားမရဘူး။ အပြင်မှာလိုက်ကျွေးရမယ် ဒါဗြဲ... :p

    ReplyDelete
  20. ပျော်ရ်ွဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေး ဖြစ်ပါစေ သမီးစံ..:)
    နောက်ကျဆုတောင်းလေးအတွက် ခွင့်လွတ်ပါလို့...

    ReplyDelete
  21. Happy Belated Birthday ပါ ညီမစံရေ...။ နောက်ကျသွားတာ ခွင့်လွှတ်ပါနော်။ မွေးနေ့မှာရော၊ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ပါစေ၊ အိပ်မက်တွေလည်း အကောင်အထည်ဖော်နိုင်ပါစေ (အပျိုကြီးဖြစ်ခြင်းကို ရည်ရွယ်တာ မဟုတ်ပါ၊ စာရေး ၀ါသနာ ပါတဲ့ ညီမစံ စာရေးဆရာမကြီး ဖြစ်ပါစေလို့ ဆုတောင်းပေးတာပါ ခစ်ခစ်း) ဒါနဲ့ စကားမစပ်လေ မရို့စ် ရေးထားတဲ့ "ကာရန်ပျို ၀တ္ထုတိုလေးကို ဘလော့ဂ်ဂါ မဂ္ဂဇင်းမှာ ဖော်ပြဖို့ ရွေးလိုက်ပြီလို့" ညီမ လာရေးသွားတာ နောက်နေတာလားဟင်။ သိပ်မရှင်းဘူး ဖြစ်နေတယ်။ မေးမယ် မေးမယ်နဲ့ ညီမကို မမေးဖြစ်ဘူး...။ ညီမ ဘာပြောချင်တာလဲ မသိဘူးနော်။

    ReplyDelete
  22. Happy Birthday Sister:)

    ReplyDelete
  23. နှမတော်က အကိုတော်ကိုမပြောပါလား အလာနောက်ကျတော့
    မမ ဂျက်တို့ ဆာမောင်တို့ ၀ါးးးးထားတာ ပန်းကန်ပဲဆေးလိုက်ရတယ် ဟွန့် အိုက်တိုးပကေးစံပေး

    ReplyDelete
  24. မျက်နှာလိုက်တယ်ဗျာ.. ဘလော့ဂါတွေဧည့်ခံတာ အများကြီးပဲ။ ဘုန်းဘုန်းတွေကျတော့ ဘာမှမကပ်ဘူး။
    ဘာသာတရားကိုင်းရှိုင်းသော၊ ယဉ်ကျေးလိမ်မာသော၊ လူကြီးမိဘ ဆရာသမားကို ရိုသေလေးစားသော၊ ပွင့်လင်းရိုးသားသော သမီးအလိမ်မာလေးတစ်ယောက် မွေးနေ့မှသည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် သွားတိုင်းရောက် ထိုးတိုင်းပေါက်(ထီ/ချဲ) ၀တ်တိုင်းယဉ် ဆင်တိုင်းလှပြီး တွေ့သူတိုင်းက ချစ်ခင်နိုင်ပါစေကွယ်.. ပါစေကွယ်.

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  25. မွေးနေ့က ဧည့်ခံထားတွေများလှချည်လား။ ဘုန်းဘုန်းတွေကျတော့ ဘာမှမကပ်ဘူးပေါ့။
    ဘာသာတရားကိုင်းရှိုင်းသော၊ လူကြီးမိဘ ဆရာသမားစကားနားထောင်သော၊ လိမ္မာယဉ်ကျေးသော၊ ပွင့်လင်းဖော်ရွေသော မွေးနေ့ရှင်သမီးအလိမ္မာလေး မွေးနေ့မှသည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၊ သွားတိုင်းရောက် ထိုးတိုင်းပေါက် (ထီ/ချဲ) ၀တ်တိုင်းယဉ် ဆင်တိုင်းလှပြီး တွေ့သူတိုင်းကလဲ ချစ်ခင်နိုင်ပါစေ...။ .... ပါစေဟု..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  26. happy birthday ပါ ညီမရေ...
    နောက်ကျမှ မွေးနေ့ ဆုတောင်းဖြစ်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ် ညီမရေ...

    ReplyDelete
  27. ကိုကိုမောင်(ပန်းရနံ့)November 9, 2011 at 9:22 PM

    မွေးနေ့ကိုး။ သိတောင် မသိလိုက်ဘူး။
    ဒါနဲ့ ဓါတ်ပုံက ဘယ်မင်းသမီး ဓါတ်ပုံ ကူးပြီးတင်ထားလဲ မသိ။း))

    နောက်မွေးနေ့တွေမှာလဲ ကျန်းမာချမ်းသာစွာနဲ့ များများ ကျွေးနိုင်ပါစေ။
    အပျိုကြီးဘ၀မှလဲ ကျွတ်လွတ်နိုင်ပါစေ။း)

    ခင်မင်လျှက်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..