Wednesday, November 16, 2011

ကျိုက်ထီးရိုးသွား..တောလား(၃)

ပစ္စည်းတွေနေရာချ..ခဏနားပြီးတော့..ဘုရားရင်ပြင်ပေါ်..တက်ကြပါတယ်


မုဒ်ဦးကိုပဲ.အမိရိုက်လိုက်ပါတယ်

အဝေးကလှမ်း.မြင်နေရတဲ့.ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး

ရင်ပြင်တော်ကနေ..လှမ်းမြင်နေရတဲ့..၀န်းကျင်အလှ


ဘယ်လောက်များ..သာယာလိုက်သလဲနော်


စေတီတော်ကြီးရဲ့..အနီးကပ်မြင်ကွင်းပါ။တည်နေပုံကတော့.အံဖွယ်ဘနန်းပါပဲရှင်

ဘက်စုံ..ထောင့်စုံကနေ..ကြည်ညိုပါတယ်


ဘုရားဖူးရန်..အမျိုးသမီးများ.အတွက်စီစဉ်ပေးထားတဲ့နေရာလေးကနေကြည်ညိုပါတယ်

ထပ်ပြီး..အနီးကပ်ကြည်ညိုလိုက်ပါတယ်

ဘုရား..ရင်ပြင်တော်မှာ..
ရွှေဆိုင်းတစ်ဆိုင်းလျှင်.တစ်ထောင့်ငါးရာကျပ်နှုန်းဖြင့်လှူဒါန်းနိုင်ပါသည်။


အစ်မတွေကို..အားကျလို့..မျက်မှန်တပ်ကြည့်လိုက်တာ..
မဆိုးဘူးပဲနော်း) (ပြောပေးကြပါစိတ်ချမ်းသာအောင်..လှတယ်လို့း)
ဟိုး..နောက်က..ဥာန်းဆင်ထားတဲ့စေတီက..မုဆိုးတောင်ဘုရားပါ။

ကျီးကန်းပါးစပ်ပဲဖြစ်ဖြစ်၊မုဆိုးတောင်ပဲဖြစ်ဖြစ်၊ကျောက်ထပ်ကြီးပဲဖြစ်ဖြစ် ဘယ်နေရာကိုသွားချင်သွားချင်
ဘုရားရင်ပြင်ပေါ်ကို..ဖြတ်ပြီးမှ..ရောက်ပါတယ်။ဘုရားရင်ပြင်က.အမျိုးသမီးတွေကို စကပ်၊ဘောင်းဘီ(ရှည်၊တို)တွေနဲ့..တက်ခွင့်မပေးတော့..
သမီးစံတို့ညီအစ်မတွေ..ဒုတ်ကောက်နဲ့လှလှတွေ့ကြပါသေးတယ်း)။
(ရင်ပြင်တော်ရဲ့..ဟိုဖက်ရောက်ရင်..ထဘီတွေနဲ့..ဘယ်လိုမှ.မဖြစ်ဘူးလေ။ )
နောက်တော့.ဘုရားပေါ်က.လုံခြုံရေးတွေကပဲ..အကြံပေးကြပါတယ်.အပေါ်က.ထဘီထပ်ဝတ်ပြီးတက်ပေါ့တဲ့။
ထဘီငှားခ..ငါးရာကျပ်ပါတဲ့..။
ကွယ်..ဒီလိုဆိုနီးနီးလေးပဲ..ဖြစ်ပါဘူးလေဆိုပြီး..အခန်းပြန်.ထဘီပတ်ပြီးဘုရားပေါ်ပြန်ကိုတက်ကြပါတယ်။
ညဖက်ရောက်မှပဲ..ယဉ်ယဉ်ကျေးကျေး..ထဘီလေးနဲ့တက်တော့မယ်ကွယ်နော်။
လောလောဆယ်တော့..နှစ်ထပ်ဝတ်ရတာပေါ့း)။


နှစ်ထပ်ဖက်ရှင်း)

သူငယ်ချင်းတို့..ဘုရားရောက်ဖြစ်ခဲ့ရင် ..ဒီစတိုးဆိုင်မှာဝယ်ပါ..ဈေးချိုပါတယ်။
သူက.ဟိုးအောက်မှာလည်း.ဆိုင်ခွဲရှိသေးတယ်..အဲဒီ့ဆိုင်က.ပိုပြီးသဘောကောင်းတယ်း)။


ဒါက..အိမ်ပြန်လက်ဆောင်ဝယ်ဖို့.နေရာလေးပါ



 စောစောက..မြတ်စတိုးဆိုင်ဖက်ကဆင်းပြီး သွားရတာပါ..မုဆိုးတောင်စေတီဖြစ်ပါတယ်


မုဆိုးတောင်..စေတီတော်အတွင်း.ကိန်းဝပ်စံပယ်တော်မူနေသည့်.ဆင်းတုတော်
(အိမ်က..တစ်ရာတန်အုပ်လေးတွေ.ထည့်ပေးလိုက်တော့ လှူရတန်းရတာ တော်တော်အဆင်ပြေသွားပါတယ်)
နောင်နှစ်များမှာလည်း..ဒီ့ထက်မက..လှူနိုင်အောင်..ဆုတောင်းခဲ့ပါတယ်


ကျောက်ဂူအတွင်းမှာ.ကိန်းဝပ်ဆံပယ်တော်မူနေတဲ့နာက်ထပ်.ဆင်းတုတော်တစ်ဆူ


သမိုင်းဝင်ငွေသာလျောင်းအောင်မြေ နဲ့.သမီးစံရဲ့အစ်ကိုတော်..ကိုလူမှုရေးဖြစ်ပါတယ်း)
စိတ်ကောင်းအတော်ရှိသလို..မောင်နှမတွေအပေါ်လည်း..တော်တော်အနစ်နာခံတတ်သူပါ။
ခုချိန်ထိလူပျိုကြီးရာထူးကို..ပိုင်ဆိုင်ထားတုန်းပါရှင်း)

အထဲမှာ..ဖူးတွေ့ရတဲ့..လျောင်းတော်မူ.ရုပ်ပွားတော်

ကျီးပါးစပ်သို့..ဆက်ပြီးခရီးနှင်ပါမည်။
(အစ်ကိုတော်ကတော့.နောက်ကနေ...သူ့ညီမ.ပဲပေးလွန်းတာကို..စိတ်ပိန်နေတယ်ထင်ပါရဲ့း)
ပြောရအုံးမယ်..အဲဒီ့မျက်မှန်လုပ်လို့ပေါ့..လှေကားဆင်းရင်း..တစ်ထစ်ကျန်တာမမြင်ဘူး
ဆင်းချလိုက်တာ..ကံကောင်းလို့..ခြေခေါက်မလဲတယ်း)။
လှကလည်း.လှချင်.တပ်စကလည်းမရှိလေတော့.ဂလိုဖြစ်သွားတာပေါ့ကွယ်။

သမီးစံရဲ့.အထက်.တစ်ယောက်ကျော်က..အမတော်ဖြစ်ပါတယ်..
အင်မတန်.အကောင်းမြင်တတ်သူကြီးပါး)။
ကိုယ်နဲ့က.မတိမ်းမယိမ်းဆိုတော့..ပေါင်းလို့.သင်းလို့.မဆိုးပါဘူး
အပေးအကမ်းလည်း.ရက်ရောပါတယ်..(အိုကေနော်.း)



တောင်ဆိတ်ဆီ..အရောင်းဌာနဖြစ်ပါတယ်..။ မယုံမှာစိုးလို့အကောင်လိုက်နီးပါးပြထားလေရဲ့း)
ကင်းမြှီးကောက်တောင်ပါလိုက်သေး..။



လမ်းမှာ..မောလို့..၀ယ်စားလိုက်တာ..(တစ်ပွဲ..နှစ်ထောင်ပါတဲ့)
တစ်တုံးလောက်ကောက်ဝါးလိုက်..မဆိုးဘူးတော့်..ကောင်းသား
အသားထဲမှာထည့်ကြော်ထားတာ..စားပါးလင်လည်းမဟုတ်၊ဂျင်းလည်းမဟုတ်ပါဘူး.တစ်မျိုးလေးတွေပဲ
ဝါးကြည့်တော့ပူ..ရှိန်းရှိန်းအရသာရှိပါတယ်။
ရေနွေးကြမ်းလေးသောက်လိုက်.၀ါးလိုက်..လေကလည်းတဖြူးဖြူးနဲ့ဆိုတော့.အမောကို ပြေသွားတာပဲ ။
ကျီးကန်းပါးစပ်သွားတဲ့လမ်းက..အဆင်းတွေများပါတယ်..ခုန်ခုန်ဆင်းနေရတော့.မောတာပေါ့..။
တော်သေးရဲ့..သွားလမ်းနဲ့..ပြန်လမ်း.တစ်လမ်းစီဖြစ်နေလို့..နို့မို့ဆိုလွယ်ဘူး

စားနေတဲ့နေရာကနေလှမ်းရိုက်ထားတာပါ.။အရမ်းလှလို့

ရှေးဟောင်းသမိုင်းဝင် နတ်ရေတွင်း

ကျောက်စက်ရေ.ဆိုရမှာပေါ့နော်..ရောဂါဘယတွေ.ကင်းဝေစေပါတယ်တဲ့
သောက်ကြည့်လိုက်တာ..အေးစိမ့်နေတာပဲကွယ်


ကျီးပါးစပ်ကိုရောက်ပါပြီ


အပေါ်က အပေါက်ထဲကို..ကျပ်စေ့လေးတွေ..ပစ်ပစ်ထည့်ကြတာ
ပစ်တိုင်းဝင်ရင်..နောင်နှစ်ထပ်လာဖူးရတယ်ဆိုလား..
အောက်ကနေလှမ်းလှမ်းပစ်ကြတာ..မ၀င်ပဲ..ကန်ထွက်လာလိုက်..အောက်ကလူတွေမှန်လိုက်နဲ့ ပျော်စရာကြီးပဲ


အမတော်လား..အစ်ကိုတော်လားမသိဘူး..ကျပ်စေ့ပစ်ထည့်လိုက်တာ
မ၀င်ပဲ.ပြုတ်ကျပြီး..အောက်ကဦးလေးကြီးတစ်ယောက် ခေါင်းပေါ်ကိုကျသွားပါတယ်
ဖြစ်ချင်တော့..အဲဒီ့ဦးလေးကြီးကလည်း..ထိပ်ပြောင်နေတယ်တဲ့တော်း)
သနားစရာကွယ်..သူ့ခမျာ ..
အားလုံးဝိုင်းရယ်ကြမှ..သမီးစံလည်း.သတိထားမိတာ (ဖြစ်ပုံ)

ကျီးပါးစပ်က..အလှူ.ခုံပေါ်မှာ ထားရှိတဲ့..ပုံတော်..(ဟိုးအရင်တုန်းကထင်ပါရဲ့)


အရင်ဦးဆုံး..ရောက်လာသူ..စုံတွဲ..တစ်တွဲအတွက်..လက်ဆောင်း)
(အရုပ်လေးတွေနဲ့..၀တ်စုံလေးတွေက.လိုက်မှလိုက်ပဲနော်)

ပြီးရင်..ရောက်ဖူးသူတိုင်းသိကြသလို..တက်ရဆင်းရတာ..
အရမ်းမောတဲ့..ရေတံခွန်ကို.ခရီးဆက်ပါမယ်ရှင်

ချစ်ခင်လေးစားလျှက်

Image and video hosting by TinyPic

18 comments:

  1. ဟေးးးဟေးးး
    တို့အရင်ဆုံးပါကွယ်..
    ကျိုက်ထီးရိုးဘုရားသွားခဲ့ရတာတွေကို
    လွမ်းလိုက်တာလေ..
    ခုဆိုမေ၇ာက်ဖြစ်တာကြာပေါ့ ညီမ၇ယ်..
    ကျိုက်ထီးရိုးသွားခဲ့သမျှရေတံခွန်တခါမှကိုမရောက်ခဲ့တာပါ
    ကဲ..ရေတံခွန်သွားတဲ့ခရီးအကြောင်းစောင့်နေမယ်နော်
    ခင်တဲ့ ပစ်ပစ်

    ReplyDelete
  2. သမီးစံက နှစ်ထပ် ဖက်ရှင် နဲ့ဆိုတော့ ပို.. ဝ လာသလိုပဲ.. အဲ.. ဟုတ်ပေါင် ပို လှလာတယ် ပြောတာနော်။ :P
    ကျိုက်ထီးရိုး ဘုရားကို အနီးကပ် ဖူးမြော်ခွင့်ရအောင် ရိုက်လာခဲ့တဲ့ သမီးလေးကို အရမ်းကျေးဇူးတင်တယ်နော်...။

    အန်ကယ်ဇော်... :)

    ReplyDelete
  3. သမီးစံက မျက်မှန်မပါမှပိုကြည့်ကောင်းတယ်။ မျက်မှန်နဲ့ကျတော့ ဟ၀ှာနဲ့ တူသွားတယ်။ မျက်မမြင်လေ။ အပေါ်ဆုံးပုံကိုပြောတာ။ အဲ့မျက်မှန်ကို ဝေးဝေးသာရှောင်ပေတော့။ (နောက်တာနော် ချိတ်ချိုးနဲ့)

    ReplyDelete
  4. ဗျို့ ..အပိုကြီး..အဲမှားလို့  အပျိုကြီး..လှတယ်လို့ ပဲ မျက်စေ့မှိတ်ပြောပါတယ်နော်..မျက် မှန် ကြီးနဲ့ ..ချော်လည်းမှ နုတ်သီး ဓဏ်ရာရနေပါ့မယ်..ထမင်းရေလေးပဲ..ပလပ်လပ်..အနားလည်းယူအုံးနော်. တာဇံနဲ့ တွေ့ လာလား..မျော်နေတယ် အဲ့ပို့ စ်တင်မဲ့နေ့ 

    ReplyDelete
  5. စံစံရေ....
    ရှင့်ကြောင့်တော့ခက်ပြီကွယ်
    ဘယ်လိုနေရမလဲတောင်မသိတော့ဘူး
    လွမ်းလို့ပါဟယ်တစ်ကယ်ပဲ
    ပုံတွေကိုကြည့်ပြီး-တောင်ကြီးကိုလွမ်းတာပါ-အဲတာရှင့်ကြောင့်
    စံစံကိုဘယ်လိုကြည့်ကြည့်ချစ်စရာကောင်းတယ်
    ချစ်ချစ်ခင်ခင် jasmine

    ReplyDelete
  6. ဘုရားပုံတွေ့လျှင် ဘုရားဖူးလိုက်၊ ရယ်စရာတွေ့လျှင် ရယ်လိုက်၊ စားစရာတွေ့လျှင် သွားရေကျလိုက်နဲ့ကွယ်။ ကြည့်ရှုရ၊ ဖတ်ရတာပျော်စရာကြီး ဆုရွှန်းလဲ့ရယ် အဲဟုတ်ဖူး ဂျင်ဆန်းမီရယ်။

    ReplyDelete
  7. အားပါး နှမတော် ကကိုက်ပေးကတော့ကြမ်းပါ့ဗျာ အဟင့် အကိုတော်သွားတုံးက ကျိုက်ထီးရိုးကို ဖူးခဲ့ရ၀ူးလေ ဖျာဒေပတ်ထားတယ်လေ ဟီးးးးးးး

    ReplyDelete
  8. ကိုကိုမောင်(ပန်းရနံ့)November 17, 2011 at 1:09 AM

    ပျော်စရာကြီး။
    အခုတောင် ထသွားချင်စိတ်ပေါက်မိတယ်။ ဓါတ်ပုံတွေကလဲ ကောင်းမှကောင်းကောင်းဘဲ။

    လင့်ခ်ချိတ်ထားပြီးပြီထင်နေတာ။ မချိတ်ရသေးဘဲကိုးးး။
    ချိတ်လိုက်ဦးမယ်။

    ရေးတတ်သလိုရေးသွားသည်။ အားမနာတော့ဘူးးးး။း)

    ခင်မင်လျှက်

    ReplyDelete
  9. ဝေးး တောင်ပေါ်ရောက်ပြီကွ..
    တော်သေးတယ် လမ်းတစ်ဝက်မှာ လမ်းပျောက်နေမှာစိုးလို့း)
    ရှုခင်းတွေလှလိုက်တာ သမီးစံရယ်
    တောင်တွေများ အထွတ်ထွတ်နဲ့ အဆင့်ဆင့် ..
    လှချက် ..
    ကျိုက်ထီးရိုးလည်း သပ္ပါယ်လိုက်တာ ဘယ်ချိန်ဖူးဖူး ဖူးမဝဘူး..
    ညီးသွားတာက ကျုပ်ကိုယ်တိုင်သွားတာထက်တောင် စုံသေးတယ်.
    ကျေးဇူးတင်ပါတယ်.. ဘုရားလည်းဖူး ရှုခင်းလည်း ကြည့်ရလို့
    တကယ်စိတ်ချမ်းသာဖို့ကောင်းတယ်

    ReplyDelete
  10. သွားချင်တယ်ကွယ်
    ဘယ်တော့မှာ ရောက်မလဲမသိဘူး ဟူးးးးးးးးးးးး
    အခုလည်းရောက်သလိုပဲခံစားသွားပါတယ် :)

    ReplyDelete
  11. နောက်ဘာတင်တင် စားစရာတွေမတင်ပါနဲ့ သမီးစံရယ်... ကီးဘုတ်က Water Proof မဟုတ်တော့သွားရည် အကျမခံဘူး... :D

    ReplyDelete
  12. ဓာတ်ပုံတွေ ကြည့်ပြီး ကျိုက်ထီးရိုးကို ကိုယ်တိုင်ရောက်သွားသလားတောင် ထင်မိတယ်...

    ReplyDelete
  13. သမန်စီးး ညည်းအေ စောစောကတော့မကြော်ညာဘူး
    ယောင်းမတော်ဖို့ လွန်ကုန်ပါပြီအေ ..ဟိဟိ( ငါပြောတာကိုရင်မသိစေနဲ့နော်း)
    အမကြော်ညာလား အကိုကြော်ညာလား.ကဲဘလော့ဂါအပေါင်းတို့ရေ ..အမလေးက မဆိုးဘူးနော်း)
    ငါ့လိုတော့မလုပ်နဲ့နော်
    ရေကူးကန်မှာမျက်မှန်တပ်မိလို့ မျက်လုံးမှိာဝိုင်းပြီး ဖြူပြီး ကျန်တာမဲနေတယ် ဟိဟိ .စပါးကလဲတခါပဲသွားရတော့ ပြန်မဖြူသေးဘူးဇီကွက်ဖြစ်နေတယ် ဟိဟိး)

    ReplyDelete
  14. ကျိုက်ထီးရိုးအလွမ်းပြေလေး ဖတ်သွားတယ်။
    စုံစုံလင်လင်လေးတင်ထားတာ ကျေးဇူးပါ သမီးစံရေ။
    ရှုခင်းတွေ ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့မဝဘူး။
    ကျိုက်ထီးရိုးဘုရားကြီးကို မနက်ဖက်မှာ ပန်း ဆီမီး အမွှေးတိုင် ဆွမ်း သစ်သီးတို့နဲ့ အာရုံဆွမ်းကပ်ပြီး ညဘက်မှာ ဆီမီးမြိုင်မြိုင် အမွှေးတိုင်မီးခိုးတွေ တစ်ဝေဝေနဲ့ ဖူးခဲ့ရတာကို သတိရတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. စတိုးဆိုင်နာမည်က မြတ်စတိုးတဲ့။ တွေ့လား မြတ်တွေ ဘယ်လောက်တည်ကြည်ကြတယ်ဆိုတာ အဟိ :P မိစံ အစ်ကို ကို ဒီတိုင်းပဲ ကြည့်သွားပါတယ်။ အစ်မ ကတော့ တော်တော်ချောတယ်နော်။

    ReplyDelete
  16. ဓါတ်ပုံ ရိုက်ချက်တွေ တော်တော်ကောင်းတယ်
    ကျေးဇူးပါပဲ ညီမတော်ရေ

    ReplyDelete
  17. အပျိုကြီးရေ ...ကျေးဇူးပဲနော် ... ရှု့ ခင်းပုံတွေ ယူသွားပြီနော် ...

    ReplyDelete
  18. သမီးစံရေ... ကျိတ်ထီးရိုးဘုရားဖူးအမှတ်တရပုံတွေ ကြည့်ရှုသွားတယ်နော်.. မျက်မှန်ကြီးနဲ့ ပစ်တိုးရီးယားပုံရောပဲ..

    ချမ်းမြေ့ပါစေဟု
    ချယ်ရီမြေ

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..