Wednesday, August 31, 2011

ရယ်စရာ....


သနားချစ်လေလား
လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ ခေါ်လာခဲ့သည်။ သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါအလွန်တုန်လှုပ်သွား၏။စိတ်ရှုပ်သွား၏။ထို့ကြောင့်သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုးပြော၏။ ``ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွေး တွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားက ခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့´´ သည်တော့ သားက… ``ဖေဖေ တိုးတိုးပြောစရာမလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့၊ သနားစရာလေးပါဗျာ” တဲ့...။

သူ့အမေ ရင်ကျိုးအောင်
မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက… ``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´ ဟု လည်း စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။ သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ ဖုန်းပြောဖြစ် ကြ၏။ ``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား သမီးလေး´´ ``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊ သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´

မောင်လည်းမင်းလိုပါပဲကွာ

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့ အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲကျကြတာ။ ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ် ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့။ “အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်” “ ဟေ့…..နံပါတ်(၅) ပြောပြကြည့်““အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်” “ မောင်လို့ခေါ်ရင်ပြောမယ် ” ”ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်” “အဒါနဲ့သူ့ရှေ့ကကောင်မလေးကိုမေးတော့မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာ နာရီကြည့်တော့ မိနစ် ၃၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး” “ ဟေ့ …ပြောပြလေဟာ နင်ကလဲ နော် ””ကောင်လေးကလည်းပြန်ပြောရှာပါတယ်” “ မောင်လို့ခေါ်ရင်ပြောမယ် ” ”ကောင်မလေးတောက်တစ်ချက်တိုးတိုးလေးခေါက်လိုက်တယ်မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး” နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီးနောက်လှည့် ပြီး” “ မောင်………….”“လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်” “ သိပ်မကြားရဘူး ” “ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ”ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့အသံကိုမနဲချိုပြီး “ မောင်…..ပြောပြပါနော် ……မောင်နော် ” အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
“ ဟဲဟဲ …..မောင်လည်းမင်းလိုပါပဲကွာတစ်ပုဒ်မှကို..မရဘူး ”” တဲ့...... :P

..............E-mail ထဲကရတာပါ..............

13 comments:

  1. ဟား ဟား ဟီး ဟီ ခစ် ခစ်
    လာရယ်သွားပါတယ်...ဟဲ ဟဲ

    ReplyDelete
  2. ဘ၀အမောလေးတွေပြေစေတဲ.အတွက် ကျေးဇူးပါဘဲ အစ်မရေ။ စာရင်းပေးမယ်ဆို ဘယ်လိုပေးရမှာလည်း--- ဟီး။

    ReplyDelete
  3. အပျို ကြီးမမေ၇ .... အတော်ကိုရီလိုက်ရတဲ့အတွက် ... ကျေးဇူးနော်

    ReplyDelete
  4. ကောင်းကင်ဖြူကို စ မို့  မောင်လည်းမင်းလိုပါပဲ ဆိုတာကို သေချာဖတ်သွားတယ်နော် .... တိုးတိုးနော် ... ပြန်မပြောဘူးကြားလား
    အပျိုကြီးမမ က လိမ္မာတယ်နော် ....အဟီး ...

    ReplyDelete
  5. အန်ကယ်သျှင်ရေ..ခွီးခွီးခွစ်ခွစ်ပါရှင်းP
    မြစ်ဆုံရေ..စာရင်းထည့်ထားလိုက်ပါပီ..တံတားလေးမှာ :)
    မောင်ဘုန်း..တိုးတိုးပြောပါဟ..သေမင်းကြားသွားမှဖြင့်
    ကောင်းကောင်းကြော်ငြာပေးသိလားငါ့ကိုး))
    ဒီဝါကျွတ်စွံသွားရင်နင့်ကိုရေခဲမုန့်ကျွေးမယ်းD

    ReplyDelete
  6. ``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊ သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´ တော်တော်လိမ္မာတယ်နော်...သမီးကောင်း ရ တာ နာ လေးပေါ့...အဟတ်ဟတ်.။

    ReplyDelete
  7. သနားချစ်တော့ မချစ်ချင်ပါဘူး တော်ပြီ
    မောင် ဟုတ်လား
    ဒီလို လူလည်ကျတဲ့ မောင်နဲ့တော့ မတွေ့ချင်း)
    ပြုံးပြုံးရွှင်ရွှင်ဖတ်သွားတယ် ညီမရေ။

    ReplyDelete
  8. ကဲ..ကဲ..ငါ့အစ်မလည်းရွေးလွန်းလျှင်မရ
    သေးလွန်းလျင်မလှဖြစ်နေပါပြီကောနော်..:P
    ဘာမှမပူနဲ့အစ်မ..ဒီကိစ္စနဲ့ပတ်သက်ပြီး
    အားလုံးအဆင်ပြေသွားစေရမယ်...။း))

    ReplyDelete
  9. အဲတော့ရှင်က အပျိုကြီးလား
    ရယ်သွားပါတယ်အပျိုကြီးရေ....
    အာဘွား....
    ချစ်ခင်တဲ့ jasmine

    ReplyDelete
  10. အပျိုကြီးတော့ဟုတ်သေးပါဘူး။
    ဒါပေမယ့်..အဲဒီ့ဂုဏ်ပုဒ်လေးကိုကြိုက်လို့ :P
    အခေါ်ခံတာပါရှန့်း))(ဟိဟိ)

    ReplyDelete
  11. ပထမဆုံးလာလည်သွားသည်

    ReplyDelete
  12. After I originally left a comment I appear to have clicked the -Notify me when new comments are added- checkbox and now each time a
    comment is added I recieve four emails with the exact same comment.
    Perhaps there is a way you can remove me from that service?
    Appreciate it!

    My page ... term life insurance calculator

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..