Monday, August 15, 2011

ရယ်လေရယ်လေ..အသက်ရှည်...



ပြောတာကို နားထောင်မှပေါ့
စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာ ၀ယ်သည်။ ဆိုင်မှ အလုပ်သမားက ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်သို့ ထမ်းတင်သည်။ လှေခါးတစ်လျှောက် တက်စဉ် စကားထစ်သူက တစ်စုံတစ်ခု ပြောရန် ကြိုးစားသည်။ အလုပ်သမားက နားမထောင်ဘဲ ပြန်ပြောသည်။ “ အပေါ်ရောက်မှ ပြောဗျာ ” အပေါ်ဆုံးသို့ ရောက်လာသည်။ “ ကိုင်း… ဘာပြောချင်လို့လဲ၊ ပြော” “ ကျွန်တော်တို့ ၀င်ပေါက်မှား….မှားဝင်မိတယ်ဗျ ” အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သော လှေခါးအတိုင်း ထမ်းပြီး ပြန်ဆင်းသည်။ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည်၊ အောက်သို့ ရောက်လာသည်။ “ ဒီတစ်ခါ ဘာပြောဦးမလို့လဲ ” “ ကျွန်တော် ကျီ…ကျီစားတာပါ ခင်ဗျ ”
အရေးကြီးတာ မေ့သွားတယ်
စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲ တစ်တွဲ စိန်ရွှေရတနာ ဆိုင်ထဲသို့ ၀င်လာပြီး တန်ဖိုးကြီး နားကပ်များ၊ လက်ကောက်များကို အငမ်းမရ ကြည့်သည်။ လူငယ်သည် မိမိ၏ အိတ်ထောင်ကို အလောတကြီး နှိုက်သည်။ ရှိသမျှ အိတ်များကို နှိုက်သော်လည်း ရှာသည့် ပစ္စည်းကို မတွေ့ချေ။ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကို ပြောသည်။ “ ကိစ္စမရှိပါဘူး၊ ကျွန်မတို့ နောက်တစ်ခေါက် လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူး ထည့်ယူလာဖို့ မေ့သွားတယ် ”
လက်ဖြောင့်တပ်သား
အမေရိကန် ဗိုလ်ချုပ်သည် ရှေ့တန်းစစ်မျက်နှာသို့ ရောက်လာသည်။ ရုတ်တရက် ရန်သူ့ဘက်မှ ပစ်လိုက်သော ကျည်ဆန်သည် ၎င်း၏ စစ်ယူနီဖောင်း အင်္ကျီကြယ်သီးကို ဖြတ်ထိသွားသည်။ ကြောက်ကြောက်ဖြင့် ချက်ချင်းဆိုသလို မြေကြီးပေါ် လှဲချလိုက်သည်။ ဘေးကို ကြည့်လိုက်သောအခါ စစ်သားများ ဘာမှ မဖြစ်သလို ၀ိုင်းဖွဲ့၍ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တွင် ဆာဂျင်တစ်ယောက် ပြေးလာသည်။ ဗိုလ်ချုပ်က အော်ပြောသည်။ “ ဟေ့ ဆာဂျင်၊ ရန်သူ့ စနိုက်ပါကို မင်းတို့ ဘာဖြစ်လို့ မပစ်ချတာလဲ ” “ ပစ်စရာ မလိုဘူး ထင်တယ် ဗိုလ်ချုပ်၊ သူ့ကို ပစ်ချလိုက်ရင် သူ့ထက် လက်ဖြောင့်တဲ့ ငနဲတစ်ယောက်ယောက်ကို ရန်သူက အစားထိုး နေရာချလိုက်ရင် မခက်ပေဘူးလား ”
စိတ်ချရအောင်
ဘီယာဘားတွင် ဘဏ်ဝန်ထမ်းနှစ်ဦး စကားပြောနေကြသည်။ “ မီးခံသေတ္တာထဲက ငွေတွေ၊ စိန်ရွှေရတနာတွေကို သူခိုးယူသွားတာ ငါနားလည် နိုင်ပါတယ်၊ ဒါပေမယ့် ဘဏ်အုပ်ချုပ်ရေးမှူးရဲ့ မိန်းမကိုပါ ခိုးသွားတာကိုတော့ နားမလည်နိုင်ဘူး။ ” “ အရှင်းကြီးပဲ၊ သူ့ကို ဘဏ်အုပ်ချုပ်ရေးမှူး မရှာအောင်ပေါ့ကွာ ”
အစပိုင်းမှာ ဒီလိုပဲ
ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်ရန် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည့်၍ ယောင်္ကျားဖြစ်သူက သဘောမကျသော လေသံဖြင့် ပြောသည်။ “ ဟေ့ ကြိုးစားပြီး သင်ပေးမနေနဲ့၊ ဒီကောင်က ခေါင်းမာတဲ့အကောင်၊ လိုက်လုပ်မှာ မဟုတ်ဘူး။ ” “ ရှင် ဘာမှ ၀င်မစွက်နဲ့၊ ရှင်လဲ အစတုန်းက ကျွန်မစကားကို ဘယ်မှာ နားထောင်လို့လဲ။ ”
ပျောက်နေတဲ့ငွေ ပြန်ရစေတဲ့နည်း
“ သူငယ်ချင်း၊ မင်းရဲ့ သမီးကို ငွေကိုင်စာရေးနဲ့ လက်ထပ်ခွင့် ပြုလိုက်တယ် ဆိုတာ အမှန်ပဲလား ” “ အမှန်ပဲ ” “ မင်းပဲ ဒီကောင့်ကို မယုံဘူးဆို ” “ မယုံဘူးလေ၊ ဒါပေမယ့် အခုတော့ ငါ့ဆီက သူခိုးထားတဲ့ ငွေတွေကို ငါ့သမီး လက်ထဲကို သူအပ်တော့မယ်လေ ”
ပိန်ဆေး
“ ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂-လ ရှိပြီ။ ပိန်လည်း မပိန်ပါလားရှင် ” “ တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ် သောက်သလဲ ” “ ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့ အတိုင်းပဲလေ ”
အကျင့်
“ ဟိုငနဲဟာ ဘာဖြစ်လို့ တစ်ပွဲပြီးတိုင်း သူနဲ့တွဲကတဲ့ အမျိုးသမီးရဲ့ တင်ပါးဆုံကို လက်နဲ့ ပွတ်ရတာလဲကွ ” “ အော် ဒါလား၊ ဒီငနဲက နာမည်ကြီး ဖေါက်ထွင်းရေးသမားလေ၊ သွားလေရာမှာ သူ့ရဲ့ လက်ဗွေရာ မကျန်အောင် သုတ်ပစ်တဲ့ အကျင့်ပါနေတာလေ ”
အချိန်စောင့်ပါ
တာဝန်ကျ ရဲသားတစ်ယောက် အနားသို့ ချာတိတ်တစ်ဦး ရောက်လာပြီး မေးသည်။ “ ဘယ်နှစ်နာရီ ရှိပြီလဲ ခင်ဗျာ ” ရဲသားက နာရီကို ကြည့်ပြီး ဖြေသည်။ “ နှစ်နာရီ ထိုးဖို့ ဆယ့်ငါးမိနစ် ” “ အဲ နှစ်နာရီ တိတိ ထိုးရင် ကျုပ်ဆီလာပြီး ကျုပ်ရဲ့ဖင်ကို လာနမ်းလှည့် ” ဤစကားကို ပြောပြီး ချာတိတ် တစ်ဟုန်ထိုး ပြေးတော့သည်။ ရဲသားက ၎င်း၏ နောက်ကို လိုက်သည်။ လမ်းတွင် ရဲမှူးက ရဲသားကို တားပြီးမေးသည်။ “ ဟေ့ ဂျွန်၊ မင်းဘာဖြစ်လို့ ပြေးနေတာလဲ ” ရဲသားက ကြောင်းရင်းကို ရှင်းပြသည်၊ ရဲမှူးက မိမိ၏ နာရီကို ကြည့်လိုက်သည်။ “ မင်းဘာဖြစ်လို့ ပြေးမှာလဲ၊ မင်းဆီမှာ ဆယ့်ငါးမိနစ် တိတိ အချိန်ရှိသေးတာပဲ ”
အရေးပေါ်
အမည်မသိလူတစ်ဦး ဆရာဝန်ထံ ဖုန်းဆက်သည်။ “ ဒေါက်တာ လုပ်ပါဦး၊ ကျွန်တော့်သားငယ်လေး ဖောင်တိန်ကို မြိုချလိုက်တယ်ဗျ ” “ အမြန်ဆုံး လာခဲ့မယ်၊ ဒါနဲ့ အခု ခင်ဗျား ဘာလုပ်နေသလဲ ” “ အခုမှတော့ ဘာလုပ်နေရမှာလဲ၊ ခဲတံနဲ့ ရေးနေရတော့တာပေါ့ဗျ ”

2 comments:

  1. အပျိုကြီးအိမ် ကိုစောင့်နေရင်နဲ့ လိုက်ဖတ်တာ ... ဟာသ လေးတွေ အတော်ရီ ရတယ်နော် ...

    ReplyDelete
  2. တော်တော်ရီရပါတယ်..အသစ်တွေဘာတွေရှိရင်လည်းထပ်တင်ပေးစေချင်ပါတယ်ခင်ဗျာ.....

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..