Friday, November 25, 2011

စိတ်



အရေးမလှ၊ တွေးသမျှ၊ ဆွေးရတာလည်း၊ ဒီစိတ်ပဲ။

တရားမ၀င်၊ အများပင်၊ မှားချင်တာလည်း၊ ဒီစိတ်ပဲ။

နှလုံးဘ၀င်၊ မပြုံးရွှင်၊ မုန်းချင်တာလည်း၊ ဒီစိတ်ပဲ။
 

အပြစ်မမြင်၊ အနှစ်ထင်ချစ်ခင်တာလည်း၊ ဒီစိတ်ပဲ။
 

ကာမဂုဏ်တွင်၊ အာရုံဝင်၊ ပျော်ရွှင်တာလည်း၊ ဒီစိတ်ပဲ။
 

အကန်းအသွင်၊ အရမ်းနှင်၊ ကြမ်းချင်တာလည်း၊ ဒီစိတ်ပဲ။
 

ချစ်စရာကောင်း၊ မုန်းဖို့ကောင်း၊ ပြောင်းချင်တာလည်း၊ ဒီစိတ်ပဲ။
 

အပြုအပြင်၊ လူ့တခွင်၊ နုချင်တာလည်း၊ ဒီစိတ်ပဲ။
 

သတိဥာဏ်ယှဉ်၊ သမ္ပဇဉ်၊ သိမြင်တာလည်း၊ ဒီစိတ်ပဲ။
 

ဒါန သီလ သမထ၊ ပြုကြတာလည်း၊ ဒီစိတ်ပဲ။
 

သာသနာကို၊ မကြည်ညို တွန့်တိုတာလည်း၊ ဒီစိတ်ပဲ။
 

အနေမကျ၊ အခြေမကျ၊ သေရတာလည်း၊ ဒီစိတ်ပဲ။
 

ဘာဝနာရုပ်နာမ်၊ အမြင်သန်၊ ကျင့်ကြံတာလည်း၊ ဒီစိတ်ပဲ။
 

တစ်မဂ်တစ်ဖိုလ်၊ ရက်တိုတို၊ ရောက်လိုတာလည်း၊ ဒီစိတ်ပဲ။
 

အရှင်မုနိန္ဒ (သာသနဓဇဓမ္မာစရိယ)
B.A (Eng),M.A(Buddhism)
Magadh University,Bodh Gaya India.

(အီးမေလ်းထဲမှ... share ပေးလိုက်ပါသည်။) 
အသစ်မတင်နိုင်သည်မှာ..သမီးစံ..မအား၍မဟုတ်..(ကိုရင်ပြောသလို)..အပျင်းထူနေ၍ဖြစ်ပါသည်။
ထို့အတွက်ကြောင့်..(ဂျင်ဆန်းမီအား) ခွေးလွှတ်ကြပါကုန်းP။


လေးစားလျှက် 

20 comments:

  1. စိတ်ကိုစိတ်နဲ့ဖတ်ခဲ့ပါတယ်သမီးရေ
    သမီးတော်မယ်လို့ သတင်းလွှင့်လိုက်တာ
    မားမားခေါ်တဲ့သူတွေတွေ့နေရတယ်

    ReplyDelete
  2. အသစ်မတင်နိုင်တဲ့ ဂျင်ဆန်းမီး......ရေ.... :) အဟောင်းလေးဖတ်လိုက်ရပေမယ့်... မှတ်သားလောက်စရာတွေပဲမို့ မှတ်သားသွားပါတယ်နော်....

    စာမရေးခြင်... အပျင်းထူနေတာလည်း... ဒီစိတ်ပဲ။

    နော်..

    ခင်မင်စွာဖြင့်.......
    အန်ကယ်...

    ReplyDelete
  3. မိစံ...အပျင်းထူမနေနဲ့ ....ထထ..ထမင်းချက်..ခွေးလွှတ်လိုက်ပြီနော်

    ReplyDelete
  4. အပျိုကြီးလုပ်မယ်ဆိုတာလဲ
    ဒီစိတ်ပဲ:P
    ဖတ်သွားပါကြောင်း

    ReplyDelete
  5. ဟုတ်ပ....ညီမတော်ရေ
    အမတော်လည်းအဲဒီစိတ်ဆိုတာကြီးနဲ့ဘဲ
    ပူတူတူးကိုလွမ်းနေတာအေ..
    ညည်းခေါင်မိုးပြင်ထားတာကလည်း
    လုံရောလုံရဲ့လား..
    ဆီလင်းတွေဘာတွေရော..ထည့်ထားရဲ့လား..

    ReplyDelete
  6. ဂျင်ဆန်းမီအား ခွှေးလွှတ်ကာ စူးတိုက်ပါမည်.. :)

    ReplyDelete
  7. အဟ....
    အဲ့ဒါမျိုး များများဖတ်ပေး.....
    ပြီးရင် မယ်သီလ ရှင်သာ ဝတ်ပေတာ့.....
    (စတာနော်..ချိတ်မချိုးကြေး)

    ReplyDelete
  8. မီးမီးလေးရေ ပါးပါးစိတ်နဲ့လာဖတ်သွားတယ်
    စကားမစပ် ဟိုကောင် ဂျူမုံ မတန်မရာ မီးမီးလေးကို
    အိုဘာမားကို ဆရာထားပြီး အိမ်မှာ လာတောင်းရမ်းနေလို့
    မာမားက ပိုးဆိုးပက်စက် သဘောမတူကြောင်းပြန်ပြန်လိုက်တယ်
    ပါပါးကတော့ မီးမီးလေးသဘောပါပဲကွယ်

    ReplyDelete
  9. ဟုတ်တယ်ညီညီရေ...ဒီနေရာကနေ ထောက်ခံတယ်ကွာ

    ReplyDelete
  10. ခွေးအကောင် ၂၀လောက်လွတ်သွားတယ် ဂျင်ဆန်းမီရေ..
    ငါ့ညီမ ရုပ်ရှင် ရိုက်ကွင်းတွေနဲ့များ မအားမလပ်ဖြစ်နေလေသလား..း)

    ReplyDelete
  11. စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ် စိတ်.. စိတ်ကို ထိန်းချုပ်ရတာ အရမ်းခက်ပါ့။း)

    ခင်မင်လျှက်

    ReplyDelete
  12. စိတ်တကာစိတ်ထဲတော့ စားလို့အကောင်းဆုံးက
    ပုဇွန်ဆိတ်ပဲလို့ ကြားဖူးတယ်။။။။ :P:P

    ReplyDelete
  13. ထူးခြား ဆန်းပြားတဲ့ စိတ်စေတသိတ်ကို ပိုင်ဆိုင်ထားတဲ့ လူသားတို့
    မဲညစ်တဲ့စေတသိတ်ကို ဖြူစင်တဲ့စေတသိတ်နဲ့ အနိုင်ယူနိုင်ကြပါစေလို့။
    ကဗျာကောင်းလေး မျှဝေခံစားခွင့်ရလို့ ကျေးဇူးပါ သမီးစံရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. စိတ် စိတ် စိတ်
    မုန့်ဟင်းခါးစားချင်တာလဲ ဒီစိတ်
    ကော်ဖီသောက်ချင်တာလဲဒီစိတ်း)

    ReplyDelete
  15. အိမ်း.... သာဓုခေါ်ရင်း ခွေးလွှတ် အဲလေ.. ခွင့်လွှတ်လိုက်လေသည်။

    ReplyDelete
  16. စိတ်...
    ဒီစိတ်ကြောင့်ဘဲ ခက်နေရတာပေါ့...

    ReplyDelete
  17. သမီးစံရေ... ကျန်းခန့်သာလို့ မာပါစကွယ်။
    ပို့စ်ဖတ်ပြီးခါ၊ ကွန်မင့်မှာ၊ ဘာဘာညှာညှာ ရေးချင်တာလဲ
ီဒီစိတ်ပဲလေ..ကွယ်။
    စိတ်ရဲ့ဖွင့်ဆိုချက်လေးတွေကို သဘောကျမိလို့ ကူးယူထားလိုက်တယ်။ (တရားဟော. စကားပြောတဲ့အခါ အသုံးချမယ်လေ)

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  18. အားပေးတယ်နော် စိတ်သားလေးစားချင်လိုက်တာ ဟိ

    ReplyDelete
  19. ဒီစိတ်နှင့်စား ၊ ဒီစိတ်နှင့်သွား
    ဒီစိတ်နှင့်အသက်ဆက်ရှင်နေပါလား ။ ။ ။ ။
    :P

    ReplyDelete
  20. ဟိဟိ....ဒီဂျင်ဆန်းမီတော.
    တရားတွေဘာတွေပေါက်နေတယ်ပေါ.လေ
    အော်တန် တုန်းပတ်လောက်မချိတာနဲ.
    ပြောင်းလဲတွားတာကျန်း....
    သတိရတယ်အေ...

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..