မနေ့ည..ရှစ်နာရီခွဲလောက်က..ဖုန်းလာတယ်။သမီးစံဖုန်းတဲ့..သွားကိုင်လိုက်တယ်..။
ဒီခဏလေးတင်ပဲ.သမီးစံတစ်ယောက်ချာချာလည်သွားပါသည်။ခေါင်းထဲကလည်း.မိုက်ခနဲ.မူးခနဲ..ဒီလိုအဖြစ်မျိုး..တစ်သက်နဲ့တစ်ကိုယ်..မကြုံဖူးခဲ့။ဘယ်လိုဖြစ်တာလဲ?..ဘာကြောင့်ဖြစ်တာလဲ?..မေးခွန်းပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိနေတယ်။ကြားကြားချင်း..ကိုယ့်နားတောင်..ကိုယ်မယုံနိုင်ခဲ့..... ကြားရတဲ့သတင်း က..ကိုယ်နဲ့မဆိုင်သလို။ သမီးစံအရမ်းဝမ်းနည်းသွားပါတယ်။ သူနောက်နေတာဖြစ်ပါစေ..။ အစအလွန် သန်တဲ့ကိုယ့်ကို..ပြန်စနေတာဖြစ်ပါစေ... လို့ဆုတောင်းနေပေမယ့်.. ဒီဆုတောင်းလေး..မပြည့်ခဲ့။
(ဖုန်းထဲမှာ)သူငယ်ချင်းကပြောတယ်။ဒီနေ့နေ့လယ်က ကျောင်းမှာ အောင်စာရင်းကပ်တယ်။ နင့်ကို ဖုန်းဆက်ရင်မအားမှာစိုးလို့..ငါတစ်ယောက်တည်း သွားကြည့်လိုက်တယ်တဲ့။
ဒီထိအောင်..မထူးဆန်းသလိုပါပဲ..။“အေး..ဘာဖြစ်လည်း..ငါတို့အားလုံး.အောင်ကြတယ်မှုတ်လား” ဆိုတော့ သူ့ဘက်က.အနည်းငယ်..တိတ်သွားတော့..နည်းနည်း..စိုးရိမ်သွားမိပါတယ်။သူကပဲ.ဆက်ပြောတယ် “အေး..ငါပြောမယ်..သေချာနားထောင်သူငယ်ချင်း..ငါတို့အခန်းထဲက..(အားလုံးပေါင်း(၆၂)ရှိတဲ့အထဲမှာ) ၃၉ ယောက်ပဲ.. အောင်ကြတယ်.. တစ်ခြားမေဂျာတွေဆို.. တစ်ခန်း ခွဲ လောက်ထိ.. အကျများကြတယ်” တဲ့။ပြီးတော့ “အောင်စာရင်းမှာ..ငါ.နင့်နာမည်ကို မတွေ့ဘူး”တဲ့။ ဟော............သွားပြီပေါ့...။
ခဏလေးအတွင်းမှာပဲ ဘ၀က တော်တော်ကြီးကို.. အပြဲအစုတ်တွေနဲ့.လှသွားပါတယ်။ကိုယ်မဖြေနိုင်ခဲ့တာ တစ်ဘာသာထဲပေမယ့်(ဒါတောင်..second semester ပဲမဖြေနိုင်တာပါ) ဒီလောက် ထိအောင်တော့..သမီးစံ မှန်းမထားခဲ့ပါဘူး။ဒီစာမေးပွဲအောင်ရင်ဆိုပြီး..ကိုယ်တွေးထားခဲ့တာ..စဉ်းစားခဲ့တာ ရည်မှန်းခဲ့တာတွေ.. အများကြီးမှ..အများကြီးပါပဲ.. ။
ခုတော့.အားလုံးသဲထဲရေသွန်..ဖြစ်ကုန်ပြီပေါ့။ဘာလုပ်ရမလဲ..သမီးစံ.ဘာလုပ်သင့်လည်း..ကူညီကြပါအုံးအရပ်ကတို့ရယ်......။
ဟိုကလေးမ ရင်ငြိမ်းပွင့်လိုပဲ..ခုန်ချရရင်ကောင်းမလား?။ ဒါတော့မဖြစ်. သမီးစံအမြင့်ကြောက်သည်။ လည်ပင်းကြိုးကွင်းစွပ်ရင်ကော..၊ဒါလည်းမဖြစ်ပြန်..သေခါနီးကို..ကသိကအောင့်နေအုံးမည်။ဟယ်..ဒါဆို..ဟိုဆေး.ဒီဆေး..ပေါက်တတ်ကရဆေးတွေ..စုံနေအောင်..သောက်ရင်ကော.၊ဒီလိုဆိုတော့လည်းမဆိုး..တစ်ခါတည်းကိစ္စချောသွားရင်တော့ကောင်းသည်။မချောပဲ..မချိမဆံ့.ခံနေရမှဖြင့်...မခက်လားနော်။
ဟိုကလေးမ ရင်ငြိမ်းပွင့်လိုပဲ..ခုန်ချရရင်ကောင်းမလား?။ ဒါတော့မဖြစ်. သမီးစံအမြင့်ကြောက်သည်။ လည်ပင်းကြိုးကွင်းစွပ်ရင်ကော..၊ဒါလည်းမဖြစ်ပြန်..သေခါနီးကို..ကသိကအောင့်နေအုံးမည်။ဟယ်..ဒါဆို..ဟိုဆေး.ဒီဆေး..ပေါက်တတ်ကရဆေးတွေ..စုံနေအောင်..သောက်ရင်ကော.၊ဒီလိုဆိုတော့လည်းမဆိုး..တစ်ခါတည်းကိစ္စချောသွားရင်တော့ကောင်းသည်။မချောပဲ..မချိမဆံ့.ခံနေရမှဖြင့်...မခက်လားနော်။
အသက်သာမရှင်ချင်တာ..ကိုယ့်အပေါ်..အတိုင်းအတာ..တစ်ခုထိ.ရည်မှန်းထားတဲ့..မိသားစုကိုတော့..အားနာမိပါသည်။အထူးသဖြင့်..သမီးစံရဲ့မာတာမိခင်ကိုပေါ့။သမီးစံကိုအတော်ချစ်သောမာတာမိခင်..ဒီသတင်းကြားရင်တော့..ဘယ်လိုနေမယ်မသိ။အချစ်တွေလျော့ကာ..အမှုန့်ကြိတ်စက်ထဲ..ထည့်ချင်နေမည်လား..။
သမီးစံအစအနောက်သန်ပါတယ်။ကိုယ့်ကိုပြောရင်လည်း.တော်ရုံစိတ်မဆိုးတတ်၊အားလုံးကိုလည်း.ပျော်စေချင်သလို.ကိုယ်.ကိုယ်တိုင်လည်း.အမြဲတမ်းပြုံးကာ.ပျော်ပျော်နေပါတယ်။ဒီလို.စိတ်ကောင်း၊စေတနာကောင်း.ရှိတဲ့သူကိုမှကွယ်..မပဠာ..မြေလူးရတဲ့အဖြစ်
စာမေးပွဲမအောင်တော့..ကျောင်းဆက်တက်မည်လား..ဒါမှမဟုတ်..အေဂျီတီအိုင်လက်မှတ်လေး ကိုင်ပြီးတော့ပဲလုပ်ငန်းခွင့်ဝင်ရတော့မည်လား..မစဉ်းစားတတ်တော့။သေချာတာတော့..သမီးစံတခုခုကိုရွေးမှရတော့မည်။ ကျောင်းပြန်တက်ဖို့ကိုတော့..အင်မတန်ရှက်ပါတယ်။မတက်ချင်တော့...။လုံးလုံးကိုမတက်ချင်တော့။ ဒီလိုဆိုရင်..ဘွဲ့လက်မှတ်လေး.ကိုင်ခွင့်မရတော့ဘူးပေါ့။ရှိစေတော့ပေါ့..။ဒီလမ်းကို.ရွေးလိုက်မိပြီပဲ။
ဒီလိုပြောပြရလို့လည်း..ကိုယ့်အဖြစ်ကို..ကိုယ်..တော်တော်ရှက်မိပါတယ်။သူလိုငါလို.ကျောင်းပညာရေးလေးတောင် အဖြစ်မြောက်အောင်..မကြိုးစားနိုင်တဲ့သမီးစံအဖြစ်..။နိုင်ငံခြားသွားပြီး ပညာသင်ဖို့ဆို ဝေလာဝေး ပေါ့။ ရေ မရှိတဲ့ချောင်းမှာ.. နှာခေါင်းဖော်ပြီးတော့သာ.. ကိုယ့်ဘာသာ စီရင်လိုက်ရင်ကောင်းလေမလား..။
ဒါမှမဟုတ်... သူများတွေလို..ရှေးရိုးနည်းအတိုင်း လိုက်သွားလေရင်ကောင်းမလား။ဒီလိုတော့ဖြစ်မယ်မထင် အစားကြီးတဲ့ကိုယ့်ကို ဘယ်အိမ်ကမှ ဆန်ကုန်မြေလေးခံပြီး တင်ကျွေးထားမှာမဟုတ်တာတော့ သေချာ သလောက်ရှိပါတယ်။ဒီလိုဆိုရင်..ချေဦးတည့်ရာ ထွက်သွားလိုက်ရင်ကော..(ဆောရီးပါ..သမီးစံအဆိုးတွေပဲ တွေးတွေးနေမိပါတယ်။)ခြေဦးတည့်ရာ သွားမိရင်တော့ ကိုယ့်မိသားစုက သမီးစံလေး...ရောက်ရာအရပ်မှ အမြန်ပြန်လာပါ။ အမေနေမကောင်း၊ အားလုံးလည်းစိတ်ပူနေသည်၊ အပြစ်အားလုံးခွင့်လွှတ်သည်ဆိုပြီး သတင်းစာထဲထည့်မယ့် အခြေအနေမှာမရှိ။ ငယ်ငယ်ကတည်းက သွန်သင်ထားပြီးသား.. ကိုယ် ဖြစ်ရင် ကိုယ်ခံ ကိုယ့်သမိုင်းကိုကိုယ်ရေး၊(အရွယ်ရောက်ရင်) ကိုယ့်လမ်းကိုယ်လျှောက်လို့.. အားလုံးကို မှာထား ပြီးသားကိုး။လောလောဆယ်တော့ ကိုယ့်သမိုင်းကိုယ်ရေးဖို့နေနေသာသာကိုယ်ရေးမယ့် ကရိယာက မှင်ရောင်စုံပါတဲ့ဘော့ပင်တစ်ချောင်းလား၊တန်ဖိုးနည်းမီးသွေးခဲလား၊အသုံးမ၀င်တော့တဲ့ရိုးရိုးခဲတံတစ်ချောင်း ပေလား..မသဲကွဲသေးတဲ့အဖြစ်..။
ဒါမှမဟုတ်... သူများတွေလို..ရှေးရိုးနည်းအတိုင်း လိုက်သွားလေရင်ကောင်းမလား။ဒီလိုတော့ဖြစ်မယ်မထင် အစားကြီးတဲ့ကိုယ့်ကို ဘယ်အိမ်ကမှ ဆန်ကုန်မြေလေးခံပြီး တင်ကျွေးထားမှာမဟုတ်တာတော့ သေချာ သလောက်ရှိပါတယ်။ဒီလိုဆိုရင်..ချေဦးတည့်ရာ ထွက်သွားလိုက်ရင်ကော..(ဆောရီးပါ..သမီးစံအဆိုးတွေပဲ တွေးတွေးနေမိပါတယ်။)ခြေဦးတည့်ရာ သွားမိရင်တော့ ကိုယ့်မိသားစုက သမီးစံလေး...ရောက်ရာအရပ်မှ အမြန်ပြန်လာပါ။ အမေနေမကောင်း၊ အားလုံးလည်းစိတ်ပူနေသည်၊ အပြစ်အားလုံးခွင့်လွှတ်သည်ဆိုပြီး သတင်းစာထဲထည့်မယ့် အခြေအနေမှာမရှိ။ ငယ်ငယ်ကတည်းက သွန်သင်ထားပြီးသား.. ကိုယ် ဖြစ်ရင် ကိုယ်ခံ ကိုယ့်သမိုင်းကိုကိုယ်ရေး၊(အရွယ်ရောက်ရင်) ကိုယ့်လမ်းကိုယ်လျှောက်လို့.. အားလုံးကို မှာထား ပြီးသားကိုး။လောလောဆယ်တော့ ကိုယ့်သမိုင်းကိုယ်ရေးဖို့နေနေသာသာကိုယ်ရေးမယ့် ကရိယာက မှင်ရောင်စုံပါတဲ့ဘော့ပင်တစ်ချောင်းလား၊တန်ဖိုးနည်းမီးသွေးခဲလား၊အသုံးမ၀င်တော့တဲ့ရိုးရိုးခဲတံတစ်ချောင်း ပေလား..မသဲကွဲသေးတဲ့အဖြစ်..။
သေချာသွားအောင်..ဒီနေ့မနက်.ထပ်သွားကြည့်ပါတယ်။ သူပြောသွားတာ အမှန်တွေပါပဲ။ကိုယ့်နာမည်မပါ ။(ခြောက်ယောက်ပဲအောင်တဲ့မေဂျာတောင်ရှိပါတယ်။)သေသေချာချာ မှတ်တမ်းတင်လို့ ရအောင် ကင်မရာပါယူသွားပါတယ်။ (အရေးထဲ ဒလောက်ဖြစ် နေတာတောင် ဓာတ်ပုံကရိုက်ချင်နေသေး) မနေ့ ညကမှ အားသွင်းထားတဲ့ ဓာတ်ခဲက ဒီနေ့မနက် သုံးမရတော့။ ကင်မရာပဲ ပျက်သွားလေသလား... ဓာတ်ခဲကပဲ မကောင်းတော့လေသလား ပြော မတတ်တော့။ သေချာတာကတော့ ဒီနေ့တစ်နေ့လုံးက သမီးစံအတွက်တော့ ရာသီဥတုမ ကောင်းတာပါပဲ။ဌာနမှာ(အကျိုးအကြောင်းမေးကြည့်ရအောင်) ဆရာမ တွေကိုလိုက်ရှာပါတယ်။ မတွေ့ ပါဘူး။အခန်းထဲက သူငယ်ချင်းတွေလည်း တစ်ယောက်မှ မတွေ့။ သြော်... သမီးစံသွား ရာ. .မိုး လိုက် လို့ . .ရွာနေပြီလား။
ဖြစ်ချင်တာတွေမဖြစ်ရ..မဖြစ်ချင်တာတွေပဲ.ဖြစ်ဖြစ်လာလေတော့..သြော်...ဘ၀ဆိုတာ..ဒါများလားနော်။ဟယ်..သမံစီး..ညည်းအေ..ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိအောင် စိတ်ဓာတ်မကျစမ်းပါနဲ့.။အတတ်နိုင်ဆုံး..သက်သာနိုင်မယ့်နည်းလည်းလေးဘာလေး ရှာကြည့်ပါအုံးလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ကြည့်တော့..။ ဘာမှမတွေ့.. ဘာနည်းလမ်းမှလည်းမရှိ။ ငိုတော့မငိုချင် တန်ဖိုးမ ရှိတဲ့မျက်ရည် ဖြစ်သွားမှာစိုး၍ပါ။စိတ်မကောင်းပေမယ့်..အားလုံးကို ညည်းပြနေတယ် လဲမဟုတ်ရပါ။ ဖြစ်ကြောင်းကုန်စင်အသိပေးရုံ.. အကြံဥာဏ်တောင်းရုံသက်သက်ပါ။ စိတ်မကောင်းဖြစ်သွားကြရင်လည်း အားလုံးကိုတောင်းပန်ပါတယ်။ ဖြစ်ပြီးတာတွေကလည်း.. ပြီးသွား ခဲ့ပြီဆိုတော့.. ဘာမှအဖတ်ဆယ်လို့ ရတော့မှာမှုတ်ဘူးလေ။တတ်နိုင်သမျှ အားသွန်၊ခွန်စိုက် မကြိုး စား ခဲ့တဲ့ သမီးစံ အပြစ်တွေပါပဲ။ခုမှ နောင် တရ နေ ရင်လည်း ကြီးမိုက်ကြီးပဲ ဖြစ်နေမှာ။ လောလော ဆယ်...အိမ်ကို အသိမပေးရသေးတော့.. ဘယ်လို အခြေ နေ..ရှိမလဲ.မသိရသေးပါဘူး။
အတိုချုပ်ပြောရရင်တော့..ဒီနေ့(ကျောင်းမှာ) ကပ်တဲ့အောင်စာရင်းမှာ သမီးစံနာမည်မပါပါဘူး။
သမီးစံစာမေးပွဲ..ကျပါတယ်၊ရှုံးပါတယ်၊မအောင်ပါဘူး..လို့ပဲ..ဆိုပါရစေ...။
ကျောင်းမှာ..အခန်းမလောက်..ခုံမလောက်လို့..လူလျှော့တဲ့အထဲ..သမီးစံ“ပါ”သွားပါတယ်။
ကျောင်းမှာ..အခန်းမလောက်..ခုံမလောက်လို့..လူလျှော့တဲ့အထဲ..သမီးစံ“ပါ”သွားပါတယ်။
အားလုံးပဲ..စိတ်ချကြပါ..သမီးစံဘာမှမဖြစ်သေးပါဘူး။
နည်းပညာတက္ကသိုလ်သန်လျင်မှပါမောက္ခဒေါက်တာအောင်ကျော်မြတ်အပါအ၀င်
သမီးစံအား..ပထမနှစ်မှ..တတိယနှစ်ထိ ပညာသင်ပေးခဲ့ကြသော..
Mechatronics အင်ဂျင်နီယာဌာနမှ ဆရာ၊ဆရာမများ..ကိုယ်စိတ်နှစ်ဖြာ.ရွှင်လန်းချမ်းမြေ့ကြပါစေ။
(ဒီလိုမျိုးလေး..ဆုတောင်းသင့်တာ..ကြာနေပေမယ့်။
ခုမှပဲ..စိတ်ထဲက နှစ်နှစ်ကာကာဆုတောင်းချင်နေလို့ပါ။)
ချစ်ခင်လေးစားလျှက်
ညီမ..စိတ်ဓါတ်မကျပါနဲ့
ReplyDeleteအရာရာဟာ..ကိုယ်ဖန်တီးလို့မရနိုင်ပါဘူး..
တခါတလေမှာဖြစ်လာတဲ့အခြေအနေအတိုင်း
လက်ခံပေးလိုက်ရတာရှိပါတယ်...
လေကကြီးမှာကိုယ်မရနိုင်တဲ့အရာကို
စိတ်ထဲမှာအကြာကြီးထားပြီး
မခံစားပါနဲ့ညီမ...
ဘာဆက်လုပ်မလဲဆိုတဲ့အခြေအနေတခုကို
ခေါင်းအေးအေးထားပြီးစဉ်းစားပါ...
စာမေးပွဲမအောင်တာဟာ..
ဘဝရဲ့ပြန်ပြင်လို့မရနိုင်တဲ့အမှားတခုမဟုတ်ပါဘူး..
ခံနိုင်ရည်ရှိပါ..အရာရာကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပါ
အခက်ခဲဆိုတာ..နေရာပေါင်းစုံကနေ
စိန်ခ်ါတတ်ပါတယ်..
အမGmail ထားခဲ့ပေးတယ်နော်..
ညီမစိတ်ညစ်လို့စကားတွေပြောချင်ရင်
အမနားထောင်ပေးမယ်နော်...ဟုတ်ပြီလား..
blackroze.flower@gmail.com
စိတ်မကောင်းပါဘူး ချစ်သမီးစံလေး....း(((
ReplyDeleteကျောင်းပြန်တက်ရမျာပေါ့ကွယ်။
........................................................................................................................................
သမီးစံ ရေ.. စာမေးပွဲ ကျတာနဲ့ ဟိုးတွေး ဒီတွေးတွေ လျောက်မလုပ်နဲ့နော်.. တော်ကြာနေ ယဉ်ငြိမ်းပွင့်ပြီးရင် သမီးစံ ဆိုပြီး ဖေ့ဘုတ်မှာနာမည်ကြီးသွားပါအုံးမယ်.... :)
ReplyDeleteစာမေးပွဲပဲ... ကျတော့ ဘာဖြစ်လဲနော် အောင်တာနဲ့ကျတာ နှစ်ခုပဲ ရှိတာကို.. ဒီနှစ်ကျတော့ နောက်နှစ်အောင်မှာပေါ့လေ. တစ်နှစ်ပဲ စောင့်ရမှာလေ. လူဖြစ်ဖို့ ဆိုတာ တစ်ဘဝနဲ့ တစ်ဘဝ မလွယ်ဘူးနော်...
သမီးစံလေး စိတ်ညစ်နဲ့နော်.. အားတင်းထားနော်..
အန်ကယ်
ဦးဇော်
ကိုယ်ကြိုးစားသင့်သလောက်ကြိုးစားခဲ့တာပဲလေ။
ReplyDeleteဘဝဆိုတာ ပြီးပြည့်စုံဘို့ခက်တယ် သမီးစံရေ။
ခြေနှစ်လှမ်းတက်နိုင်ဘို့အရေး ခြေတစ်လှမ်းဆုတ်ထားတယ်လို့သာ မှတ်ယူလိုက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Please try again sister!
ReplyDeleteမီးမီးလေးရယ် စိတ်ဓါတ်မကျပါနဲ့
ReplyDeleteဘ၀ဆိုတာဒီလိုပဲပေါ့
မီးမီးလေးကျောင်းပြန်တက်ရမှာပေါ့
ကျရှုးံဖူးမှ အောင်မြင်မှု့ဒဏ်ကိုခဲနိုင်လာမှာလေ
စိတ်ဓါတ်မကျနဲ့နော်
မမသမီးစံ.. အားတင်းထားနော်.. ဘ၀တခုလုံးနဲ့ယှဉ်ပြီးတွေးလိုက်.. ဒါလေးက သေးသေးလေးဖြစ်သွားလိမ့်မယ်...
ReplyDeleteလူဆိုတာသေရမှာပဲလေ.. သေသွားတဲ့အခါပါအောင် လုပ်ရမှာက ဘုရားတရား.. ဒီကျောင်းစာက အဲ့ဒါမျိုးတွေနဲ့ ယှဉ်ရင်သေးသေးလေးလို့ တွေးလိုက်နော်..
မအားတာနဲ့ ခုမှပဲရောက်ဖြစ်တော့တယ်.. :D
Don't be upset little sis.. Try again.. Must continue studying.. ;)
ReplyDeleteဒီကျင်းမရရင်ဟိုကျင်း
ReplyDeleteအဲယောင်လို့ကျောက်တူးသမားနဲ့မှားနေတာ
ဒီနှစ်မအောင်တော့လဲ နောက်နှစ်ပေါ့နော်
စိတ်ဓါတ်မကျစေနဲ့
မျက်ရည်မလွယ်နဲ့
မိဂျက်သမီးပီသပါစေ------
ချစ်တဲ့ မာမား
ဟေး သမန်စီးလေးရဲ့ ဒါက၀မ်းနည်းစရာမှမဟုတ်တာကွယ်
ReplyDeleteခုလိုခေတ်ကြီးမှာ မင်းသမီးတွေတောင် နားလိုက်တက်လိုက်လုပ်နေကြသေးတာ ဘာအရေးတုန်း
ဘ၀အတွက်အဲလောက်ကြီးအရေးမပါသေးဘူး ညီမငယ် နောက်တဖြေးဖြေးသိလာလိမ့်မယ် .
ပြန်ကြိုးစားဖို့အခွင့်အရေးပေးတာပဲပေါ့
ပြန်ကြိုးစားပါ အားပေးနေမယ်
ကျောင်းသားဘ၀ဆိုတာ ပျော်လို့ကောင်းတုန်းပျော်ထားဟေး
ဘာမှမဖြစ်ဘူး နောက်တနှစ်ထပ်ပြီး ကျောင်းသူဘ၀ခံစားတယ်ပေါ့ဘာဖြစ်လဲ
နောက်အလုပ်လုပ်တော့မှ အတိုးချပြီးပြန်ဆပ် .အမေ့ကို ဟုတ်ပြီလား
ချစ်တဲ့
အမ မဒိုးကန်
မိစံ...တစ်ခုပဲပြောချင်တယ်ဟာ
ReplyDeleteစာမေးပွဲကျတာ နဲ့  မဟုတ်တာတွေမစဉ်းစားစေချင်ဘူး..
ခင်မင်စွာဖြင့်..အိုဘစံ
ဂျီးတော်စံ
ReplyDeleteငါ့ညီမက ဒီလောက် စိတ်ဓာတ်ပျော့ညံ့တဲ့သူ မဟုတ်ဘူးဆိုတာ သိပြီးသားပါ။
စာမေးပွဲကျတာ တစ်ဘဝစာဆုံးရှုံးတာမှ မဟုတ်တာ
ပြန်ဖြေပါညီမရေ..
ညီမတို့ကျောင်းတွေ အောင်ချက်ကို လျော့ပစ်လိုက်တာ ဟိုဟိုဒီဒီကနေ အစ်မကြားရပါတယ်.
ပြီးတော့လည်း ကိုယ်တစ်ယောက်တည်း ကျတာမှ မဟုတ်တာ..
နောက်နှစ်ကို ပြန်ကြိုးစားချင်တယ်။ အခွင့်အရေးက ကိုယ့်ဆီမလာရင် ကိုယ်က အခွင့်အရေးဆီ သွားရမယ်တဲ့
သမီးစံရယ်။ စိတ်ဓာတ်မကျပါနဲ့။ အရှုံးဆိုတာ ရှိစမြဲပါ။ မြတ်ကြည်ဆို ဒီလို တက္ကသိုလ်ဘာသာတောင်မဟုတ်ဘူး။ ရှစ်တန်း။ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ? ဆယ်တန်းကျတော့ သူများတွေ လုံးဝ မထင်ထားတဲ့ လိုင်းရသွားတာပဲ။ ကိုယ့်အပေါ်မှာသာမူတည်တာပါ။ မြတ်ကြည်သဘောအရဆိုရင်တော့၊ ဆက်ကြိုးစားစေချင်တယ်။ ဒီမှာပဲ ထွက်လိုက်ရင် အရှုံးကို အရှုံးလို့ သက်မှတ်သလိုဖြစ်သွားမယ်။ ကိုယ်မရှုံးကြောင်း လက်မထောင်ပြလိုက်စမ်းပါ။ ကိုယ်အောင်မြင်မှုရလာတဲ့အခါ၊ အဲဒီရှုံးခဲ့တာတွေက ပါမွှားလေးတွေဖြစ်သွားလိမ့်မယ်။
ReplyDeleteDon't be sad, sis lay. You are bright, pls try again.
ReplyDeleteဒူးမတုန်နဲ့ကလေးရေ...
ReplyDeleteဒီလိုထရပ်လိုက်တာကိုက ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ၊
ရပ်နိုင်တော့မှ ဘ၀ရဲ့ပထမခြေလှမ်း စပြီးလှမ်းရမှာ....။
ကြောက်စိတ်မ၀င်နဲ့ကလေး....
မထမခြေလှမ်းမှာယိုင်လဲ၊ မင်းဒူးပြဲချင်ပြဲမယ်၊
လဲရင်ပြန်ရပ်၊ နောက်ထပ် နောက်ထပ်ခြေလှမ်းတွေစမယ်၊
လေးဖက်သွားရင်းကျေနပ်...
ထပြီးမရပ်ပဲနေမည့်အစား၊ ရပ်စမ်း လဲစမ်း ရဲရဲလှမ်းကလေး၊
ပြီးရင်ငါတို့ ပြေးလှမ်းပေါ်တက်ကြရအောင် (မောင်စိန်ဝင်း ပုတီးကုန်း)
သမီးစံရေ... ဘ၀စာမေးပွဲကိုတော့ ဘယ်တောမှ ဘာအကြောင်းကြောင့်နဲ့မှ မကျရှုံးပါစေနဲ့၊
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
သမီးစံရေ အရမ်းနောက်ကျမှ ရောက်တယ်ကွယ်..
ReplyDeleteစားမေးပွဲကျတာ ဘဝတစ်ခုလုံးဆုံးရှုံးတာမှမဟုတ်တာ.လူတွေမှာ အရှုံးကိုယ်စီရှိကြစမြဲလေ.. အရှုံးခြင်းမတူတာပဲရှိတယ်..
ကျောင်းပြန်တက်စေချင်တယ်ကွယ်..
ချစ်တဲ့
အိမ်မက်
အမရေ....ဒိနှစ်မအောင်လဲနောက်နှစ်ပေါ့ဗျာ
ReplyDeleteအချိန်တွေအများကြိးရှိပါသေးတယ်
နောက်နှစ်ဆက်ကြိုးစားနော်....:)
သမီးစံရေ
ReplyDeleteအားမလျှော့ပါနဲ့
အောင်တဲ့အထိပြန်ဖြေပါလို့တလမ်းတည်းသောအကြံပေးချင်ပါတယ်။
chicken soupထဲကစာလို့ထင်ပါတယ်။
အောင်မြင်ကျော်ကြားသူတွေကိုကြည့်ရင် အကြိမ်ကြိမ်ကျရှုံးလည်းပဲ အကြိမ်ကြိမ်ပြန်ကြိုးစားလဲထူနိုင်သူတွေပါတဲ့
ပစ်တိုင်းထောင်ကလေးလုပ်နော်
ချစ်ခင်တဲ့
အမ
မန်စီးရေ...
ReplyDeleteအားတင်း....
ဆက်လက်ကြိုးစား..။
ခင်တဲ့
ဒီကလေးမ ဘာတွေ မဟုတ်မဟတ် စဉ်းစားနေတာလဲ မသိဘူး။ ဟုတ်ဟုတ်ဟတ်ဟတ်ဘဲ စဉ်းစား။ ကျောင်းပြန်ဆက်တက်။ လဲကျတိုင်း ပြန်မထတော့ဘူးဆိုရင် မြန်မာစိတ်ဓါတ်မဟုတ်ဘူး။ ပြန်ထ ပြန်ထ။ ရော့ အဘလက်ကိုင် ဆွဲကိုင်ပြီး ပြန်ထ။ အမလေးးးး လေးး ဒီကလေးတစ်ယောက်ကတော့ ခက်ပါ့။ အဘတို့ဆီ ဒီလိုမျိုး လဲကျတာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ် ပျင်းတောင် ပျင်းသေးတယ်။ ဟေ့... ပျင်းတောင် ပျင်းသေးတယ်။ စာမေးပွဲ တစ်ခါ ကျတာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ် ဝေးးး ပျင်းတောင် ပျင်းသေးတယ်။
ReplyDeleteဒါဘဲ.. ကျောင်းဆက်တက်ပါ။ မတက်တော့ဘူးလို့ သိရရင် အဘတို့ ရွာဦးကျောင်းက စေတီဘုရားပွဲကျရင် မံစိကို မခေါ်သွားတော့ဘူးးး။း))
အများကြီး တူတူကျတာဘဲကို။ ပျော်တတ်ရင် ပျော်စရာကြီးးးး။ တစ်လွဲမတွေးနဲ့နော်။ ကျောင်းသားဘ၀က သိပ်ပျော်ဖို့ကောင်းတာ။ ဟာ ဟ။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှာ မြေကြီးကျန်မည်နည်း။
လေထန်တိုင်းသာ၊ ရွက်ကြွေပါမူ၊ ဘယ်မှာ သစ်တော ကျန်မည်နည်း။
လဲကျတိုင်းသာ၊ ပြန်မထပါမူ၊ ဘယ်မှာ လူမျိုးကျန်မည်နည်း။
မအောင်မြင်တိုင်းသာ၊ စိတ်ကျပါမူ၊ ဘယ်မှာ အောင်မြင်ရှိမည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုကြွေးပါမူ၊ ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အိမ်ထောင်တိုင်းသာ၊ မမွေးပါမူ၊ ဘယ်မှာ မိစံရှိမည်နည်း။
မိစံတိုင်းသာ၊ လိုက်ပြေးပါမူ၊ ဘယ်မှာ ပျော်ဖို့ကောင်းမည်နည်း။း)
(ကြားဖူးနာဝထဲ ဟိုဟာဒီဟာ ထိုးထည့်ထားခြင်းဖြစ်သည်)။
.
အသားရယ် ညို
ငိုပါနဲ့လား။
မိစံလေးမှာ
အမိမခံ ပြေးတယ်
တူတူရေ ၀ါး။
အိက်ဇမ်းရယ် ဖြေ
ပြေပါရဲ့သား။
မှန်းချက် မက
တန်းတစ်ဝက် ကျတယ်
ငိုပါနဲ့လား။
း))
ခင်မင်စွာ ပေါသွားသည်။
တဂျင်းမီးး
အခုမှပဲ ရောက်ဖြစ်တယ်...ရောက်ရောက်ချင်းကို ဆောက်နဲ့ထွင်းခံရတာပါပဲလား...
ReplyDeleteစာမေးပွဲကျတာကို ပျော်ပျော်နေစမ်းပါလို့တော့လည်း မပြောတော့ပါဘူး...နည်းနည်းတော့ စိတ်ညစ်ရမယ်...ပြီးရင် ကိုယ်ဘာကြောင့်ကျသလဲဆိုတာကို သုံးသပ်ရမယ်...နောက်တစ်ခါ ပြန်ပြီးတိုက်ကိုတိုက်ရမှာပေါ့...ဒါဖြစ်ချင်လို့ ဒီမှာလာတက်တာပဲ...သူငယ်တန်းကနေ အခုအတန်းအထိ နှစ်ပေါင်းများစွာ၊ သိန်းပေါင်းများစွာ စတေးပြီး လုပ်လာခဲ့ရတာမဟုတ်လား...မရမချင်း ဆက်ပြီးလုပ်ကိုလုပ်ရမယ်...ဒါမှပဲ တန်တော့မှာပေါ့...
တစ်ခါတည်းနဲ့တော့ နောက်ဆုတ်ဖို့ စိတ်တောင်မကူးလေနဲ့ သမီးစံ...အောင်မြင်မှုဆိုတာ အဲဒီလောက်လေးနဲ့ လွယ်လွယ်ကူကူရစတမ်းဆိုရင်တော့ ကျောင်းသားတိုင်း ပါရဂူဖြစ်ကုန်ကြတော့မပေါ့...
စာမေးပွဲကျသွားတာဆိုတော့ ကျနည်းကို ကောင်းကောင်းသိသွားပြီပဲလေ...အဲဒီနည်းကို ပြောင်းပြန်လှန်ပစ်ပြီး နောက်တစ်နှစ်ထပ်ချလိုက်စမ်းပါ...ကိုယ့်ကိုယ်ကို ခပ်ပြင်းပြင်းလေး ပြစ်ဒဏ်ပေးတဲ့အနေနဲ့ အောင်မြင်မှုမရမချင်း ဆက်သာချပေတော့...
နောက်ဆုတ်လိုက်မိလို့ကတော့ ဒီတစ်သက်လုံး အရှုံးနဲ့ ဇာတ်သိမ်းသွားလိမ့်မယ်...တစ်ခုပဲ ပြောချင်ပါရဲ့...“လဲရင်ပြန်ထ...ဒါဘ၀ပဲ”
ဒီလမ်းက မရနိုင်တော့ရင် နောက်တစ်လမ်းက တက်လို့ဖြစ်ပါသေးတယ်လေ...
ကြံ့ခိုင်တဲ့ စိတ်ဓာတ်စွမ်းအင်တွေနဲ့ အောင်မြင်တဲ့ ဘ၀ခရီးကို စီမံခန့်ခွဲနိုင်ပါစေ...
နောက်ထပ်အကောင်းကြိုးစားခွင့်ရတယ်လို့မှတ်လိုက်ပါ
ReplyDeleteစံစံ အားမငယ်နဲ့ဇွဲမလျှော့နဲ့နော်
ရူံးဖူးမှာအနိုင်ဆိုတာတန်ဖိုးရှိတာပါ
ဘုန်းဘုန်း ပြောသွားသလိုဘဲ ညီမ။ ဇွဲမလျှော့ပါနဲ့ လေ။ တစ်သက်လုံး တက်လာပြီးမှ ဘွဲ့ လေးတစ်ခုတော့ ရအောင်ယူလိုက်ပါ။ ကြာသွားရင် ကျောင်းတက်ဖို့ ပိုပျင်းသွားမယ်။ ကျောင်းပြန်တက်ပါ ညီမရယ်... နောင် ညီမ အမြဲ နောင်တရနေမှာ စိုးရိမ်လို့ အစ်ကိုက သတိပေးတာပါ။ အစ်ကိုသူငယ်ချင်းတွေ ထဲမှာ ဒီိလို အဖြစ်မျိုးတွေ မြင်နေကြားနေရလို့ ညီမကိုလဲ အဲဒီလို နောင်တတွေ ရမနေစေချင်ဘူး။ ဘွဲ့ ရအောင် ယူလိုက်ပါ ညီမရေ... အားလေးနဲနဲတင်းထားပြီးပေါ့။ မိဘကျေးဇူးဆပ်ရာလဲ ရောက်ပါတယ်။
ReplyDeleteHI, Thameesan, must continue your study. Don't give up & Jia You! There is a will, there is a pain. Like a saying" When there is a will, there is a way!"
ReplyDeleteသမီးစံလေး
ReplyDeleteလူသားတိုင်းမှာကျရှုံးခြင်းနဲ့အောင်မြင်ခြင်းဟာအတူဒွန်
တွဲနေတတ်တယ်
ကျောင်းစာမေးပွဲကျတာဟာဘ၀စာမေးပွဲကျတာမှမဟုတ်တာကွာ
အခက်အခဲတွေကြုံတွေ့လာတိုင်းစိတ်ဓါတ်ဘယ်တော့မှမကျနဲ့
ကျရှုံးခြင်းတစ်ခုကိုအရင်းပြုပြီးအောင်မြင်မှု့ခြေလှမ်းမြောက်များစွာလှမ်းနိုင်ရမှာပေါ့
ခင်တဲ့-အူးအူး
Life is opportunity, benefit from it/ Life is beauty , admire it/Life is a dream, realize it/Life is a challenge, meet it/ Life is a duty, complete it/Life is a game, play it/ Life is a promise, fulfill it/ Life is sorrow , overcome it/ Life is a song, sing it/ Life is a struggle, accept it/ Life is a tragedy, confront it/ Life is an adventure, dare it/ Life is luck, make it/ Life is too precious, do not destroy it/ Value your life and Respect of Others. “Mother Teresa” ညီမလေးရေ....အားတင်းထားနော်.အရှုံးရှိရင် အနိုင်ရှိတယ်
ReplyDeleteTha Mee san lay!
ReplyDeleteDefeat into victory.If you do not succeed at first,try again and again.
May you have strong will.
with metta,
Gyidaw
Tha Mee San Lay!
ReplyDeleteDefeat into victory.If you do not succeed at first,try again and again.
May you have strong will and strength.
with metta,
Gyidaw
သြော်..ညည်းက MC ကကိုး..အဲလိုပဲ..
ReplyDeleteMP,MC တွေ second semester ကျရင် မေဂျာဘာသာနဲ့ ထိတာများတယ်..။
ကျုပ်တို့ တုန်းကတော့ မေဂျာချိန်ဆို EP ဆောင်ရှေ့ သွားပြီး ငမ်းကြောထ နေတာနဲ့ မေဂျာဘာသာနေ့ဆို ခေါင်းဖြူအောင် လုပ်ရတယ်..။ပြီးရင် Betech ဆိုတာကြီး ခံနေသေးတော့ ဘွဲ့ယူကြဖို့ တော်ယုံလူ မစဉ်းစားကြတော့ဘူး..
သြော်..ငါ့ညီမ
စာမေးပွဲအောင်မလားလို့ ကြိုက်ထီးရိုးဘုရားကြီး ဦးချလိုက်ရတာအမော..
ဘယ်အောင်မတုန်း..ရုပ်ကိုက အုန်းသီးခေါင်းမှာ ပန်းပန်ထားတဲ့ရုပ်နဲ့.. :D
ကျောင်းစာမေးပွဲ မဖြေနိုင်တာ အရှုံးမဟုတ်သေးပါဘူး..ရှေ့ မှာ အများကြီး ကန်သေးတယ်..ထပြီး အားယူဖို့ လုပ်တော့..အချိန်မရှိဘူး..
စန်းထွန်းလည်း ဒီကျောင်းရောက်မှ ခံစားဖူးလို့  ကိုယ်ချင်းစာပါတယ်..စိတ်ဓာတ်မကျလေနဲ့  ငါ့ညီမ...ကြိုးစားပါလေ..မကြိုးစားတော့မှသာ တကယ်ရှုံးနိမ့်သွားတာ...
ReplyDeleteသမံစီးရေ လောကဒဏ်သစ် တစ်ခုကိုရလိုက်တယ် လို့ပဲပြောပါရစေ။ စာမေးပွဲဆိုတာ အအောင်၊ အရှုံး နှစ်ခုပဲရှိတာမို့ မအောင်ရင် ကျရှုံးခြင်းကိုရင်ဆိုင်ရမယ် ဆိုတာလူတိုင်းသိပါတယ်။ လူဆိုတာ အမြဲတန်း အောင်မြင်မှုမရနိုင်သလို၊ ဆုံးရှုံးခြင်းကိုလဲဆုပ်ကိုင်ထားဖို့မလိုပါဘူး။ ကျွန်တော်လည်း စာမေးပွဲတွေကျဖူးပါတယ်။ ဒါပေမယ့် စိတ်မလျှော့ပဲ ကြိုးစားခဲ့လို့ အောင်ခဲ့ပါတယ်။ သမီးစံလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးပါလို့ ကျွန်တော် 8Yarက တောင်းဆိုချင်ပါတယ်။ အလုပ်ဝင်ရမလား၊ ကျောင်းဆက်တတ်ရမလားဆိုတာ မိမိအိမ်ရဲ့ အခြေနေပေါ်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ အခုခေတ်ကြီးမှာ ဘွဲ့တစ်ခုလောက်တော့ရစေချင်တာ 8Yar ရင်ထဲက ဆန္ဒအမှန်ပါလို့ ပြောပါရစေ။ ကျွန်တော့ ဘလော့ဂ်ညီမ သမံစီးတစ်ယောက် စိတ်သောကရောက်ခြင်းမှ ကင်းဝေးပါစေ။
ReplyDeleteစိတ်ဓာတ်မကျနဲ့ သမီးစံ...
ReplyDeleteဘ၀ဆိုတာ အတက်အကျနဲ့ ပျော်စရာပါ...
အောင်မြင်မှုကို သာယာခဲ့ ရင်..ကျရှုံးမှုကို ခံနိင်ရည်ရှိရမှာပေါ့ ...
မိစံ ပိုစ် မပြောင်းသေးဘူးလား သူများတွေ စိတ်မကောင်းအောင်
ReplyDeleteထထ ထမင်းချက်တော့ အိုဘစံယာထဲသွားရမယ်
ယာထဲကသီးနှံတွေကောင်းပါတယ်ကွယ်..
မဟုတ်ရင်လည်း မသုဓမ္မစာရီကျောင်းတက်..ဒါဘဲ
စိတ်ညစ်နေလို့လည်း အောင်သွားမှာမှ မဟုတ်ထှာ ဂျင်ဆန်းမီရယ်။ ပင်ပန်းရုံပဲ ရှိမှာပေါ့။ ဒါကြောင့် စိတ်မညစ်နဲ့နော်၊ အားတင်းထားနော်။ ဒါပဲ။
ReplyDeleteသူများကိုတော့ အဲဒီလို ပြောတတ်တာ။ ၂၀၀၀-ခုနှစ် ကမ္ဘာအေးသာသနာ့တက္ကသိုလ် ၀င်ခွင့်ဖြေစဉ်တုန်းက အင်တာဗျူးကျသွားတုန်းက အမလေး ခံစားလိုက်ရတာ (ဆွမ်း...) ဂျင်ဆန်းမီရေ။ ပြောမမနေနဲ့တော့။ ဒါပေမယ့် ခဏပါကွယ်။
ရှုံးနိမ့်ခြင်းက အောင်မြင်မှုအတွက်သင်ခန်းစာပါ နှမတော်
ReplyDeleteကျပြီးတာလည်း ကျပြီးပစေတော့။။
ReplyDeleteနောက်ထပ်ဆက်ကြိုးစားကြည့်ပါဦးညီမလေးရေ။။
စက်မှုလည်းမဟုတ်၊ အီလက်လည်းမဟုတ်တဲ့
စက်ရုပ်မေဂျာကိုမှ သွားယူရတယ်လို့ကွယ်..။။
အင်ဂျင်နီယာဆိုတာ Assume နဲ့ Neglect နဲ့ကြား
ဗျာများနေတဲ့သူတွေ မဟုတ်လား။။ ကျသွားပြီးတာ
ကို Neglect လုပ်လိုက်ပေတော့ဝေ့။။
အမ စာမေးပွဲ ကျတုန်းက ရေးထားတဲ့ ပို့ စ်လေးဖတ်ပြီး အားတင်းကာ ကြိုးစားပါနော်
ReplyDeletehttp://sansanhtun.blogspot.com/2011/04/blessing-in-disguise.html
http://sansanhtun.blogspot.com/2011/05/blog-post_03.html
http://sansanhtun.blogspot.com/2011/07/blog-post_13.html
Aja aja Fighting !
အပျိုကြီးရေ ... စာမေးပွဲ ကျ တယ်ဆိုလို့  အားပေးစကားလေးဘာလေးပြောမလို့  ... ဘယ်လိုပြောရင် ကောင်းမလဲလို့ 
ReplyDeleteစဉ်စားရင် comment ထဲဝင်လိုက်တာ ... အပေါ်မှာ ရေးထားတာတွေ က
မောင်ဘုန်း ပြောတာပိုကောင်းတဲ့ အားပေး စကားတွေ ဖြစ်နေလို့ 
ဘာမှ ထွေထွေ ထူးထူး တော့ မပြောချင်းဘူး ...ကွယ် ...
ဒါပင်မဲ့ မောင်ဘုန်း ဘဝမှာ အပျိုကြီးလိုမျိုး တစ်ခါ ဖြစ်ဘူးတယ် ...
မောင်ဘုန်း ကျောင်းထွက် ပြီး လုပ်ငန်း ခွင် ဝင်တဲ့ နည်းကို ရွေးလိုက်တယ်လေ ....
အခြေနေတစ်ခုကြောင့် ဆိုပင်မဲ့ တကယ်တမ်း ဝန်ခံ ရရင် ကျောင်းပြန်တက်ရမှ ရှက် လို့  ဆိုပြီ ရွေးချယ်လိုက်တယ် ...
နောက်ဆုံးတော့ ထင် ထားတဲ့ အတိုင်း ဖြစ်မလာခဲ့ဘူးလေ ...
ဒီလိုပဲ ... လုပ်သလိုမဖြစ်တော့ ဖြစ်သလိုလုပ်ရင်းနဲ့ 
မောင်ဘုန်း ရဲ့ ဘဝမှာ အဲ့ဒီ တစ်နှစ် ဆိုတဲ့ အချိန်ကို အမြဲတည်း ပြန်တမ်းတနေမိတယ် ...
အပျိုကြီး ဘာလုပ်သင့် တယ်ဆိုတာတော့ မပြောတော့ဘူးနော်
အပျိုကြီးက မောင်ဘုန်း ထက်တော်တယ်လေ
အပျိုကြီး လို အသက်ရွယ် တုန်းက မောင်ဘုန်း အဲ့လောက် မတော် ခဲ့ဘူးလေ
အပျိုကြီး ... မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ချနိုင်လိမ့်မယ်လို့  မောင်ဘုန်း မျှော်လင့်ရပါတယ် ....
ခင်မင်စွာဖြင့်
မောင်ဘုန်း
အစ်မစံရေ ဘ၀မှ တစ်ခါတစ်လေ ဒီလိုမျိုးတွေကြုံရတဲ.အခါ စိတ်ဓါတ်မကျလိုက်ပါနဲ.။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှ ဘ၀ဆိုတာ တန်ဖိုးရှိတာ။ လဲကျရင် ပြန်ထ အဲ.တာ ဘ၀ပါဘဲ။ ပညာရေးကို စိတ်မပျက်ပါနဲ.။ မိုးရွာတုန်းရေခံထားမှတော်ကာကျမယ်လေ။
ReplyDeleteMechatronics လား ဆြာပဲး)
ReplyDeleteပြန်ကြိုးစားချင်စိတ်ဘယ်ချောင်သွားသဝေထိုးနေသလဲ
ကြိုးစားသမီး အခွင့်ရေးရှိတုန်း ကျုပ်တို့ဆိုပညာသင်ချင်လွန်းလို့ တပိုင်းသေနေတာ
အခွင့်ရေးဆိုတာ သမီးလက်ထဲက အဆုံးအဖြတ်ပဲကွယ့်
အားမငယ်နဲ.တမီးချံေ၇...အင်း ဘယ်လိုအားပေး၇ပါ.
ReplyDeleteအပေါ်ကလူတွေပြောတွားတဲ.တိုင်းပဲလေ...
အားမပေးတတ်ဝူးအေ...
အို....သမီးစံရယ်..
ReplyDeleteကျောင်းသားမှန် စာမေးပွဲ အမြဲအောင်ရမယ်မှ မရှိတာ...
စာမေးပွဲဆိုတာလည်း ကျချင်ကျနိုင်တာပဲ။ မမြသွေးလည်း အဲ့လိုပဲ ပထမနှစ်မှာ မကျစဖူးကျဘူးတယ်..။ ခံလိုက်ရတာ ပြောမနေနဲ့..လှိမ့်နေတာပဲ ( အမှန်က ကျောင်းလခ တစ်လမသွင်းမိလို့ အောင်ရက်နဲ့ အောင်စာရင်းမထွက်ပေးတာ။ နောက်မှ ဆပ်ပလီနဲ့ ကြွေးကျန်တွေကို အောင်စာရင်းထွက်တယ်)
အရေးကြီးတာက ကိုယ်ဘာလုပ်ချင်လဲ..၊ ဘာဖြစ်ချင်လဲ အရေးကြီးတယ်။ လောလောဆည် စိတ်ကတော့ ညစ်ရမှာပဲ။ တို့လို့တန်းလန်းနဲ့ ဘယ်အရာမှ မကောင်းဘူးဆိုတာတော့ သတိပြုပေါ့။ စမိပြီဆိုမှတော့ ဆုံးခန်းတိုင်တာပဲ ကောင်းတယ်။ လွယ်လွယ်နဲ့ ဇွဲမလျှော့စေချင်ဘူး...။ နောက်တစ်ကြိမ် စာမေးပွဲကို စိန်ခေါ်ပစ်လိုက် စမ်းပါ...။