Saturday, December 24, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

အစ်မ ရို့စ်.နဲ့..ညီမကန်ဒီ ရှင့်.. သမီးစံ.နှစ်ရက်သုံး ရက်(အချိန်ပေး) ဂူအောင်းပြီး. .သေသေချာ .ရေးထားတဲ့. .ပို့စ်ရှည်ရှည်လေးက ကီးတစ်ခု မှားနှိပ်မိတာကြောင့်..တစ်လုံးမကျန်..အကုန်ပျောက်ကုန်ပါတယ်း( ။


ဒါကြောင့် မို့..အသစ်ထပ်ပြန်ရေးရင် ကြာနေမှာစိုးတာကြောင့်..မေးခွန်းတွေပဲ..ဖြေပေးပါရစေရှင်။
တစ်ခါတစ်လေ..ခဲလေသမျှ..သဲရည်ကျတဲ့အခါ...ကိုယ့်ကိုယ်ကိုယ်..


အဲလိုသာ..ဆုံးမလိုက်ချင်ပါတော့တယ်..(အရိုက်ခံတဲ့နေရာကို..ပြောတာပါနော်)
ပြန်ရေးထားတာဖြစ်ပေမယ့်..အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်...ရေးပေးထားပါတယ်။
သတိတရတဂ်ပေးတဲ့အတွက်လည်း..အစ်မနဲ့.ညီမလေးကို...ကျေးဇူးတင်တဲ့အနေနဲ့..ရေအ၀တိုက်ချင်ပါ သေးတယ်။း)(စိတ်ပိန်နေပေမယ့်လည်း..ပျော်ပျော်ပါးပါးပဲပေါ့နော်)
ဟုတ်ကဲ့...တဂ်ပို့စ်ထဲက မေးခွန်းလေးတွေ..စဖြေပါ့မယ်နော်။

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဟုတ်ကဲ့..အရင်နှစ်တွေတုန်းကတော့..ထွေထွေထူးထူး..မခံစားရပါဘူး။အဲ...ဒီနှစ်မှာတော့ ထူးထူးခြားခြား ပျော်ရွှင်မိပါတယ်။..(ဘာကြောင့်လဲဆိုတာ.မေးမထားတော့.မပြောတော့ပါဘူးနော်း)

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
မရှိပါဘူးရှင်။


♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
သမီးစံအကြိုက်ဆုံးရာသီက..ဆောင်းရာသီဖြစ်တာမို့..နှင်းတွေကိုလည်းချစ်ပါတယ်။ဒါကြောင့်.(အခွင့်ကြုံမယ်ဆိုရင်)လည်ပတ်ချင်ပါတယ်။ရွေးချယ်ခွင့်ရှိမယ်ဆိုရင်လည်း..နှင်းဖြူဖြူတွေကျနေတဲ့ ခရစ်စမတ်ကိုရွေးချယ်မှာပါ။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ခရစ်စမတ်ပိတ်ရက်ကိုတော့..ပျော်ပျော်ပါးပါး(ဟိုဟာလေးကင်..ဒီဟာလေးစားရင်း) ဖြတ်သန်းချင်ပါတယ်။ ခရီးကတော့..ကုန်ကျခံမယ့်သူရှိရင်..ထွက်တတ်ပါတယ်။း)


♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
တန်ဖိုးနည်းပြီး..အံ့သြသွားစေမယ့်..လက်ဆောင်း)))

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။  
စာရွက်သေးသေးလေးတစ်စောင်.ရခဲ့ဖူးပါတယ်။သေချာမေးကြည့်တော့.“ငါက.နောက်တာပါဟ..”တဲ့ :P

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
အရင်တုန်းကတော့..(ငယ်ငယ်တည်းက.လည်ပင်းဖက်.ပေါင်းလာတဲ့)သူငယ်ချင်းတွေနဲ့ပေါ့။ခုတော့ အကြောင်းမျိုးမျိုးနဲ့..တကွဲစီ.ဖြစ်ကုန်ကြတာမို့..မိသားစုနဲ့ပဲ..တူတူရှိနေချင်ပါတယ်။


♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။  
အရင်နှစ်တွေကတော့.မရှိခဲ့ပါဘူးရှင်။ဒီနှစ်မှာတော့..လုပ်ဖြစ်ပါမယ်။ဘလော့ဂါတွေနဲ့တူတူပေါ့း)။ ဒါကြောင့် ကြုံတုန်း.တစ်ခုတောင်းဆိုပါရစေ..စီဘောက်ပိတ်ထားတဲ့ အစ်ကိုအစ်မများ. ခရစ်စမတ်နဲ့. နယူးရီး ယား ညေ ရာက်ရင်.. စီပုံးဖွင့်ထားပေးဖို့ပါ။တဂ်ပို့စ်ပိုင်ရှင်လည်းပါ.ပါတယ်း)။အမှတ်တရကတော့..မနှစ်က နယူးရီး ယားမှာ ပုလင်းခွံတွေရောင်းပြီး အမြတ်များများရဖူးပါတယ်။(သန်းခေါင်စာရင်းထဲက.ဦးရေကလည်း နည်း နည်းနောနောပဲကိုးးးးး)။ကိုယ်တိုင်တော့.မနွဲဖြစ်ခဲ့ပါဘူး..အသက်မပြည့်သေးလို့။ :P




♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော် ပြ ပေး ပါ။
အဲလို.သီးသန့်တော့.မရှိပါဘူး.ရွက်ကျရာ.အပင်ပေါက်လိုက်တာပါပဲ။အလည်အပတ်အစီအစဉ်ကတော့ မသေချာသေးပါဘူး။



♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော် တတ် ပါ သ လဲ။
ပစ္စုပ္ပုန်မှာ..တည့်တည့်နေတာမို့..(အဲလိုတော့)မရှိပါဘူးရှင့်။(လေလုံးက..ဂလိုထွားတား)



♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
အဲလိုလည်းမရှိပါဘူးရှင်။လွမ်းနေပြန်ရင်လည်း..စိတ်ပင်ပန်းရုံပဲ.ရှိမယ်ထင်လို့ပါ။



♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိ ပါ သ လား။ 
ဟုတ်ကဲ့..ရှိပါတယ်။အီးမေလ်းကနေ(တဆင့်) ပဲပေါ့။



♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
မိတ်ဆွေ၊သူငယ်ချင်းများအားလုံး..တစ်ရက်၊တစ်လ၊တစ်နှစ်မကတဲ့.ပျော်ရွှင်မှုတွေကို.ပိုင်ဆိုင်ကြပါစေ၊ ဆန္ဒနဲ့ဘ၀.တစ်ထပ်တည်းကျလို့.လိုအင်ဟူသမျှ.တစ်လုံးတစ်ဝ.ပြည့်ကြပါစေလို့..(ပြောသာပြောရတယ် ဆရာလေး.လေသံများ.ပေါက်နေလေရော့သလားနော်း)



ရေးပေးလိုက်ပါပြီ..အစ်မရို့စ်နဲ့..ညီမကန်ဒီရေ..
အဆင်မချောပေမယ့်..တစ်နေရာလေးပြုံးသွားရရင်ပဲ ကျေနပ်ပါပြီရှင်း)။


ဒါကတော့..ခရစ်စမတ်ညလေးမှာ“က”ဖို့ အားလုံးတွက် သီချင်း လက်ဆောင် 

အားလုံးပဲ...ဟက်ပီးခရစ်စမတ်လေး..ပါနော်။ 






 <><><><><><><><><><><><><><><><><><><><><><><><><>

မတိချင်ယောင်ဆောင်..အဲလေ..မရေးရသေးတဲ့..အစ်ကိုအစ်မ..မောင်ညီမလေးတွေ.ရှိနေသေးတဲ့အတွက်ထပ်တဂ်ပေးပါရစေ။
(မအားလို့.မရေးတာလဲ.မရေးတာပေါ့နော်.ဒါပေမယ့်.မရေးတာပေါ့နော်း)
ဘာပဲဖြစ်ဖြစ်..အားလုံးပျော်ပျော်ပါးပါး..စိတ်ကူးလေးတွေဖလှယ်ရင်း..ရေးပေးကြစေချင်ပါတယ်။
အဆင်ပြေပါတယ်နော်...
ပထမဦးစွာ..ဘုန်းဘုန်းများး)))
ဒီတဂ်ပို့စ်ထဲမှာ.မေးခွန်းတစ်ချို့(ဒါမှမဟုတ်.အားလုံး)က..ဘုန်းဘုန်းတို့တွက်..အဆင်မပြေဖြစ်ချင်.ဖြစ်နေပေမယ့်..တခြားနည်းလေးနဲ့ပဲဖြစ်ဖြစ် ဒီဇင်ဘာခရစ်စမတ်လေးအတွက်.(အမှတ်တရဖြစ်သွားအောင်).ရေးပေးပါဘုရာ့.။း)
ထပ်ပြီး.တဂ်ချင်တာက..
ဒယ်ဒီ father ရဲ့.ကျန်းမာရေးကိစ္စတွေနဲ့..မနေ့တစ်နေ့ကမှ..အေးအေးဆေးဆေး.နားခွင့်ရတဲ့ အစ်မ ရွှေ စင် ဦးပါ။အားလည်းနာတယ်..ခင်လည်းခင်တာမို့..အဆင်ပြေမှ..ရေးပေးပါအစ်မရှင့်.။အဆင်မပြေရင်လည်း အရီးကို တာဝန်လွှဲပေးလိုက်ပါ။ :P
ပြီးတော့ကာ..း)
(သမီးလေးမွေးထားတာကြောင့်)မိစံရဲ့..မတော်လိုက်ရတဲ့ယောက္ခမလောင်း..အစ်မမယ်သံး)..(Tag ၏း)
နောက်ပြီး...
ဒီရက်တောအတွင်း..(ကတုံးပေါ်ထိပ်ကွက်သွားတဲ့)အမျိုးသမီးတစ်ဦးကြောင့်..သွေးတိုးတဲ့ထိ.စိတ်မကောင်းဖြစ်နေရတဲ့ကိုရင်ဒိုး စုံတွဲအား...ကိစ္စအားလုံးအဆင်ပြေ.. ချောမွေ့သွားစေဖို့.. သတင်းမေး. ဆုတောင်း ပေးရင်း. တဂ်ပါတယ်ရှင်။

ဆက်လက်ပြီး..
ဘလော့ဂါများဖြစ်ကြတဲ့..(အစ်မ)မိုးငွေ့၊(အစ်ကို)မိုးယံ၊(အစ်မ)မိုးခါး..ဤသုံးဦးသည်..ဘဇာကြောင့် နာမည်ချင်းဆင်တူနေရသနည်းဟု..(အကြောင်းအရာစုံစုံလင်လင်နဲ့)သိချင်နေပါသဖြင့်..စီအိုင်အေမှ Miss Jerry ပစ်ပစ်အား..(အထူး)တာဝန်ပေး.. ငှားရမ်းရင်း..သက်ဆိုင်သူအားလုံးအား..Tag လိုက်ပါသည်။း)
(မှတ်ချက်။  ။ Jerry.ပစ်ပစ်အား..တာဝန်ကျေလျှင်. Mrs အဖြစ်.ရာထူးတိုးပေးရန်.တာဝန်ယူသည်။း)

ထို့နောက်သော်...
တုံးဖလားရွာသား...ဆိုသော်လည်း..မြို့သားများကိုကျော်ကာ..“မယ်လိုဒီဝေါ”တွင်“နိုရာ”သီချင်းဖြင့် မြို့သူများကြားပေါ်ပြူလာဖြစ်ကာ..လူသိများရုံသာမက..(တစ်ရွာလုံးတွင်..တစ်ယောက်တည်းရှိသဖြင့် ) သူ ကြီးမင်းရာထူး..အလိုလိုရရှိထားသူ (အဲဒါ.ကိုရင်ပြောတာနော်း)တဂျီးမင်း..ကို..Tag..ပါတယ်။

နောက်ထပ်နှစ်ဦးကတော့..
ဘလော့ဂါတာဝန်ရော..လူမှုရေး.တာဝန်တွေပါ..ပူးတွဲထမ်းဆောင်နေကြတဲ့..အစ်မ“၀ါ”၊(ဘီဒို.ဒါရိုက်တာ)အန် ကယ်ဇော်.တို့ကို.. Tag ပါရစေ။း))

ပြီးတော့...အစ်မခင်ဦးမေ @ kom   ကို Tag ပါရစေ။
 မောင်လှမျိုး(ချင်းချောင်းခြံ)ကို.အားကျသူ ..အန်ကယ်ဘကြိုင်(ချဉ်ပေါင်ခြံ) ကိုလည်း. Tag ပါတယ်ရှင်။
ပုသိမ်သူ..ဘာသာရေး.ဘလော့ဂါ.“အစ်မညခင်း”ကိုလည်း Tag ပါရစေ။း))

ဆက်လက်ပြီး..
“ဂျပန်ပြည်မှပါးသော..စာလွှာ”ပိုင်ရှင်..အစ်မကျော်နှင်းဆီလွင်၊အစ်မသက်နန္ဒာ(Thet Nandar Family)၊ အစ်မ ဗေဒါ(မဗေဒါရဲ့ဗေဒါလမ်း)..Tag ပါရစေရှင်။ :D

လာပါပြီရှင်..ကလေး..ဘလော့ဂါလေးတွေး)
နေရင်းထိုင်ရင်း..၀မ်းမနာ.သမီးတစ်ကောင်.မွေးစားမိရာမှ..ထားဝယ်ကြိမ်.စီးပွားဖြစ်..စိုက်ရသည်ထိ အလုပ်များနေရှာတဲ့တောင်ကြီးမှ..လျောင်ကီး...အဲလေ..(အမတော်)ကက်စမင်ရဲ့..မောင်တော်ဖလားအန် ကယ်လှိုင်း......
မောင်မောင်(ခ)ဗိုလ်မိုးသီး.အဲလေ..မြစ်ဆုံ(ခ)ရဲလေး(ဟိုရဲလေးကအဆိုတော်ပါ။.သူကတော့?)း)...
မနေ့တစ်နေ့ကမှ..(ချစ်သူသက်တမ်း) တစ်နှစ်ပြည့်သွားတဲ့.. “မောင်ဘုန်း”နဲ့ ညီမ. ကောင်းကင်ဖြူ.....
ဘာသာရေးဘလော့ဂါ..“ကိုဇင်မျိုး”.....
အဆိုတော်မဟုတ်တဲ့.ကဗျာဆရာ.“ကိုဘိုဖြူ”၊လွမ်းစရာမရှိရင်..မနေတတ်လို့..တမင်တကာ.နာမည်ပေးထားတယ်လို့ ယူဆရတဲ့.. “ကိုလွမ်းပိုင်ရှင်”၊း)
သူများတွေသာ..ကျူးပစ်.လုပ်ပေးနေတာ..ကိုယ်တိုင်တော့..မူးလို့တောင်.ရှုစရာမရှိရှာတဲ့..“မောင်ကျူးပစ်”
(မှတ်ချက်။       ။အပြောမခံချင်ပါက...ဓာတ်ပုံတင်ကာ.သက်သေပြနိုင်သည်။း)
ကဗျာရှည်တွေ..ရေးအားကောင်းတဲ့..ထာဝရသစ္စာပိုင်ရှင်“ကိုချမ်းမင်းကို @ ကိုပဥာဏ်........
“တော်ပြီ” ကဗျာထဲက.ဓာတ်ပုံမြင်ပြီး.သမီးစံ.ဖျားချင်သွားရတဲ့..    My Felling Blog ပိုင်ရှင် “ကိုတူး”....
ဟိုက.ကမ္ဘာကျော်.တေးရေးဆရာ..သူကဒီတောင်မကျော်..ကဗျာဆရာ.ဖြစ်တဲ့“ကိုမိုးဇက်”း)....
မနက်ကမှ..သူ့အိမ်ဖက်..သွားလည်ဖြစ်ပါတယ်။ဟိုရောက်တော့..နာမည်ပြောင်းထားတဲ့ 
“ကိုဆဲလ်မိုး-မိုးဆဲလ်”း)...
သမီးစံ..ဆိုဒ်မှာချိတ်ထားတဲ့..လင့်ခ်က.ဖွင့်မရဖြစ်နေတာမို့..လင့်ခ်အသစ်ထပ်ပေးဖို့အကူအညီတောင်းရင်း
“ကိုဒုတိယ”..တို့ကို.Tag  ပါတယ်။
နည်းပညာရှင်များ..ဖြစ်ကြတဲ့..
မောင်(စွယ်စုံကြံ)၊ကိုအောင်ခိုင်မိုး(လူကြမ်းမင်းသားအောင်ခိုင်မဟုတ်ပါတဲ့ရှင်း)၊ကိုသက်ဝေ (နာမည်စသိ တုန်းက..အံ့ သြရပါသေးတယ်။အစ်မသက်ဝေလည်းရှိတာကိုး)
တို့ကို...Tag ပါတယ်။

ကျန်ပါသေးတယ်.ကာလသမီးများ..အဲလေ..(သမီးစံရဲ့).ချစ်စရာ.သူငယ်ချင်းများဖြစ်တဲ့.
“ကျနော်သိသမျှ.မှတ်သမျှ.”ဘလော့ပိုင်ရှင်..ယောင်းမလေး Mishellး)
အခမဲ့(အွန်လိုင်း)ဗြူတီဆလွန်းပိုင်ရှင်“သနပ်ခါးမြတ်ကြည်”း)
Holiday ဆယ်ရက်ရလို့..တဂ်ပို့ရေးဖို့.အသင့်ဖြစ်နေတဲ့..(အစ်ကို) စန်းထွန်းးP
လွန်ခဲ့တဲ့လကမှ..စေ့စပ်ထားပြီး..မကြာခင် Mrs ရာထူးကိုပိုင်ဆိုင်တော့မယ့် ငယ်ချင်း“အိပ်မက်စေရာ”
ငယ်ငယ်က.တုတ်ကျိုးအောင်.အမေရိုက်တာခံရလို့စိတ်နာနာ..နဲ့ကလေးတွေကိုပြန်ရိုက်ဖို့ .ဆရာမလုပ်နေတယ်လို့..ထင်ရတဲ့ ..အီဂျစ်ပြည်က တီချယ်“အော်တန်” (ဒါလည်းယောင်းမလေးပါပဲး)
ဘလော့အိမ်ကို..ထူးထူးခြားခြား..ထိုင်းစာတွေနဲ့.အလှဆင်ထားတဲ့.ယိုးဒယားမယ်လေး..အစ်မ“ပိတောက်”း)
“စိတ်အပန်းဖြေရာ.နေရာလေးတစ်ခု”ပိုင်ရှင်..“ပူးပူး”
ပန်းနုရောင်.ဘလော့အိမ်ပိုင်ရှင်.. ညလေး....“အင်ကြင်းချစ်သူ” ...တို့ကို..
ချစ်ခင်စွာနဲ့.. Tag ပါတယ်ရှင်

ပျောက်နေတာ..တော်တော်ကြာပြီဖြစ်တဲ့..မောင်ငယ်.“ခင်မောင်ချင်း”နဲ့..
“ဘ၀နေ့သစ်”ဘလော့ပိုင်ရှင်အစ်မစိုး..စာပြန်ရေးတဲ့နေ့နဲ့ကြုံရင်..ရေးပေးပါနော်။

ကျန်နေသေးတဲ့နှစ်ဦးကတော့..
ကဗျာဆရာ “တက္ကသိုလ်မြတ်မင်း”နဲ့.(သမီးစံရဲ့).အငယ်ဆုံးနဲ့.အချစ်တုံးမောင်..သန်လျင်သားပါ။ :P
(ဒီပို့စ်ရေးနေရင်းနဲ့..ကိုအိပ်ရာက..ထပ်တဂ်လိုက်ပါသေးတယ်..ကျေးဇူးပါကိုအိပ်ရာရေ..း )
အားလုံးပဲ..ပျော်ပျော်ရွှင်ရွှင်..ချစ်ခင်တဲ့အထိန်းအမှတ်အနေနဲ့..ရေးပေးကြမယ်လို့ 100% ယုံကြည် ထား ပါ တယ်။
မောင်နှမအားလုံးပဲ...



ဖြစ်ပါစေရှင်...

ချစ်ခင်လေးစားလျှက်...


သမီးစံ



31 comments:

  1. လွမ်းစရာတွေများလို့ ညစ်နေတာနော် ဘာမှတ်နေလဲ တိုင်ပတ်ပလိုက်မယ် ဟွန့်

    ReplyDelete
  2. ဟေးဟေး ညမတော်..
    ပေးထားတဲ့တာဝန်အရ အမတော် စုံစမ်းလိုက်တာကတော့
    အဲဒီ မို3း မိုးစလုံးက အဖေလည်းမတူ အမေလည်းမတူတဲ့အတွက်ကြောင့်
    မိုး ဆိုတာတူအောင် နာမည်ပေးထားခြင်းပါတဲ့..
    အမတော်ရဲ့ စုံထောက်အတတ်ပညာကို ညမတော်
    အံသြသွားပြီမှတ်လား..ဟင်းးဟင်းးဟင်းးး
    jerry pigpig တို့က မိနစ်ပိုင်းအတွင်းဘဲလှုပ်ရှားလိုက်တာနော်...
    ဟွင်းဟွင်းဟွင်းးး

    ReplyDelete
  3. ပျော်ရွှင်သော ခရစ္စမတ်နှင့် ပျော်ရွှင်သော နှစ်သစ်လေးပိုင်ဆိုင်ပါစေ

    ReplyDelete
  4. Merry X-mas & Happy New Year to သမံစီး !

    ReplyDelete
  5. မိစံရေ၊ Merry Christmas နော်။
    ရေးပြီးတာရှိတယ်။ မေးခွန်းတိုက်ရိုက်မဖြေပဲ ရေးထားလို့။
    အဲလို ရေးတာတော်တာ။ ဟီးဟီး
    ပုံ
    အခမဲ့ ဗျူးတီးဆလွန်းပိုင်ရှင် :P

    ReplyDelete
  6. သြော်... ဖြစ်ရမယ်... ညီမ ရေးထားတဲ့ ပို့စ် ပျောက်သွားပေမယ့် ဇွဲကောင်းကောင်းနဲ့ အစ်မရဲ့ တက်ဂ်ပို့စ်လေးကို ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ညီမဖြေထားပုံလေးက တကယ်ပဲ ပြုံးရယ်စေပါတယ်။ အစ်မစဉ်းစားပြီး ချရေးထားတဲ့ ဒီမေးခွန်းတက်ဂ်ပို့စ်လေးကို လက်ဆင့်ကမ်းပြီး ထပ်တက်ဂ်ပေးလို့လည်း ၀မ်းသာရပါတယ်။ ပျော်ရွှင်ဖွယ် နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  7. …………(¯`O´¯)
    …………*./ | \ .*
    …………..*♫*.
    ………, • '*♥* ' • ,
    ……. '*• ♫♫♫•*'
    ….. ' *, • '♫ ' • ,* '
    ….' * • ♫*♥*♫• * '
    … * , • Merry' • , * '
    .* ' •♫♫*♥*♫♫ • ' * '
    …' ' • Christmas . • ' ' '
    ' ' • ♫♫♫*♥*♫♫♫• * ' '
    …………..x♥x
    …………….♥

    တီတီ (✿◠‿◠) ... First ကွန့်မန့်ပေးလို့ရသွားပီ။ (¬‿¬)
    အမြဲ နောက်ဆုံးမှ ကွန့်မန့် ပေးနေရလို့ ... (✿ ♥‿♥)

    Wish you all have the perfect X'mas and a wonderful new year 2012 !!!!

    Have a nice holidays !!!

    ˛*˛°.˛*.˛°˛.*★* Merry Christmas & *★* 。*˛.
    ˛°_██.。./ ♥ \ .˛* .˛。.˛.*.★* Happy New Year ★ 。*
    ˛. (´• ̮•).。*/♫.♫\*˛.* ˛_Π___. ♥ ˛* ˛*
    .°( . • . ) ˛°./• '♫ ' •\.˛*./_____/~\*. ˛*.。˛* ˛. 。2012!!!
    *(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬╬!˚ .˛ .

    ReplyDelete
  8.ေ၇းဆိုလည်းရေးပါ့မယ်

    ReplyDelete
  9. ချစ်နှမတော်လေးရေသေချာဖတ်သွားပါတယ်
    ရယ်သွားပါတယ် လွမ်းတာပင်ပန်းတာတဲ့လား
    မမကတော့လွမ်းရတာကြိုက်တယ်ကွယ် :P

    ReplyDelete
  10. ဖတ်သွားပြီ မမသမီးစံရေ... နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျို့ :D :D

    ReplyDelete
  11. မင်္ဂလာပါသမီးစံ။ ပျော်ရွှင်စရာလေးရေးထားတဲ့ ခရစ်စမတ်လေးနဲ့ နှစ်သစ်ကူးပုံဖေးထားတာလေးကို ပြုံးပြီး ဖတ်သွားပါတယ်။
    ပျော်ရွှင်ဖွယ်နေ့ရက်လေးဖြစ်ပါစေ။
    ခင်မင်တဲ့
    သဒ္ဓါ

    ReplyDelete
  12. ညီမစံလေးရေ...
    တဂ်ပို့စ်လေး လာဖတ်သွားတယ်ဝေ့..


    Have a very happy Merry Christmas & Happy New Year..

    ReplyDelete
  13. ရိုးသားရှင်းလင်းတဲ့
    စံစံကိုသဘောကျပါတယ်
    Merry Christmas & Happy New Yearပါနော်

    ReplyDelete
  14. Merry Christmas & Happy New Year....ပါ သမီးစံရေ...:):)

    ReplyDelete
  15. ပွင့်ပွင်းလင်းလင်းနဲ့ စိတ်ထဲကအတိုင်းလေးရေးထားတာထင်တယ်
    ဖတ်ခဲ့ပါပြီ ညီမလေးရေ
    Merry Christmas & Happy New Year ပါဗျာ

    ReplyDelete
  16. အားပေးတွားတယ်နော့
    ဂျီးတော်စံ
    လူကိုအထင်သေးအမြင်သေးမလုပ်ပါနဲ့
    ကြိုက်ဘူး..:P

    ReplyDelete
  17. အမ..ရေ.. နာစာရေးပျင်းတာလည်း တိရဲ့တားနဲ့ အတင်းရေးခိုင်းနေပါရား.. ချိတ်ညစ်တယ်..ဂယ်ပဲ..

    ReplyDelete
  18. သမယ်ငီး မံစိ။
    ပို့စ်မတင်ခင် ဒရတ်ဖ်တ်နဲ့ သိမ်းထားပေါ့။ ဒရတ်ဖ်ကမှ တစ်ဆင့် ကော်ဖီလုပ်ပြီး နယူးပို့စ်ထဲ သွားကူးယူ တင်ပေါ့။ ဒါဆို ခလုပ် အနှိပ်မှားရင်လဲ ဒရတ်ဖ်တ်ထဲမှာ ကျန်နေပြီးသားဆိုတော့ ပျက်သွားမှာ စိုးရိမ်ဖို့ မလိုပါဘူး။

    သေချာမှတ်ထား ကြားလား။း)

    ဘဘတဂျင်းမီးး

    ReplyDelete
  19. စစချင်းပါပဲ သမံစီးရေ။ ၀ါးခနဲ ရယ်မိလိုက်ပါရောလား။ ရယ်ပြီးတော့ ခပ်တည်တည်ပြန်ဖြစ်သွားတယ်။ (ဘုန်းဘုန်းလည်း အဲဒီလို ဖြစ်ဖူး၊ ကြုံဖူး ကိုယ်ချင်းစာလို့...)။ ဆက်ဖတ်တော့လည်း ဆက်ရယ်ရပြန်တယ်။ ဒါနဲ့ ဂျင်ဆန်းမီက အငြိမ့်မင်းသမီးလေး လုပ်ပါတော့လားကွယ်...။ (ဘဘဘတ်ချလာ တုံးဖလားသူကြီးမင်းလိုပဲ ရယ်စရာတွေ သိပ်ပြောတတ်လို့...)။ အော်...ဒါနဲ့ ဂျင်ဆန်းမီပြောတဲ့ အစ်ကိုစန်းထွန်းဆိုတာကော...ဘုန်းဘုန်းသိတာက အစ်မစန်းထွန်းပဲ သိတယ်...

    ReplyDelete
  20. ဟီး သားကို ကလေးအုပ်စုထည်းမှာ ထည်.ထားတယ်---- ကျောင်းပိတ်တာနဲ. စရေးပါမယ် ဘ၀တစ်သက်စာအပျိုကြီး အစ်မစံ ခင်ဗျာ

    ReplyDelete
  21. ငါ့နာမည်ကိုများ ကြံ တဲ့ ကျမ်းတောင်မဟုတ်တော့ဘူး ယောက်ခမနဲ့ တိုင်လိုက်ရမလားပြော ခုမှသေချာကြည်မိတာ နင်မ၇ှိတုံး သေ၇ှာလာကြည့်တာဟေ့ ငါလည်းရေးပီးပေါ့ မူးနေတာ တင်လိုက်တယ်

    ReplyDelete
  22. ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ္စမတ်အားလပ်ရက်လေးပါ သမီးစံ
    သမီးလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တွေကိုဖြတ်သန်းနိုင်ပါစေနော်။ အပေါင်းအသင်း မိတ်ဆွေပေါလှတဲ့ ချစ်ညီမ
    လူတိုင်းက ချစ်ခင်ပြီး ချစ်ခြင်းမေတ္တာတွေ ပန်းလိုမွှေးပါစေနော်
    စကားမစပ်.. စာရွက်ထဲမှာ နောက်တာပါ ဆိုပြီး ဘာတွေေ၇းထားလို့တုန်း ဟင် :P

    ReplyDelete
  23. ကျေးကျေးပဲ ယောင်းယောင်းရေ။ နှစ်သစ်မှာ ပျော်ရွှင်မှုအပြည့် ယုံကြည်မှုအပြည့်နဲ့ ကြံတိုင်းအောင်ပါစေကွယ်။

    ReplyDelete
  24. Merry Christmas and Happy New Year ပါ သမီးစံရေ...
    တဂ်တဲ့ အထဲတော့ မပါဘူး ထင်တာပဲ... မရေးတက်တာနဲ့တော့ အတော်ပဲ.. မသိချင်ယောင်ဆောင်ကြည့်လိုက်အုံးမယ်... :P

    ReplyDelete
  25. သမီးစံတို့များတော်ပုံ တစ်ယောက်မှမကျန်အောင် တဂ်သွားလိုက်တား))
    တဂ်ပို့စ်လေးကိုလည်း စိတ်ရှည်ရှည်နဲ့ရေးထားတာ အားပေးသွားတယ်နော်။
    Merry Christmas & Happy New Year!!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  26. အင်တာဗျူး အမေးအဖြေကဏ္ဍ ဖတ်ပြီးသွားပါပြီ သမီးစံရေ..၊ တက်တာတွေတော့ အတော်များတယ်နော်....။ သံဝေဇနိယလေးဌာန ဘုရားဖူးသွားနေလို့..ပြန်မရေးနိုင်ဘူးထင်တယ်။ ဘုရားဖူးပြီးရင် လက်ဆောင်ပို့လိုက်ပါ့မယ်...

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  27. ဟင်င်င်င်..... ဟင့်း) ဘာရေးရမှန်းသိဖူး
    ဘတို့ကရေးဆို ရည်းစားစာပဲရေးနေကျဆိုတော့ တိန်း)
    နယူးယီးယားနီးမှတင်မယ်နော်

    မအားရှာသူ
    မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

    ReplyDelete
  28. ညီမ မိစံ ရေ

    ပျော်ရွှင်စရာ ခရစ်စမတ် ပိတ်ရက် ကလေး ဖြစ်ပါစေနော်

    ReplyDelete
  29. သမန်းစီးလေးရေ
    ကျုပ်ခြေရှည်နေလို့ ခုမှလာရတယ်အေ

    ပျော်ရွှင်ဖွယ်ဒီဇင်ဘာနေ့ရက်များကို အေးအေးချမ်းချမ်းလေးကျော်ဖြတ်နိုင်ပါစေနော်း)

    Mxmas & Happy New year ပါသမန်စီးလေးရေ

    (ကံကောင်းသွားလို့အသံထွက်နိုင်တာမှတ်ပါး)

    ချစ်တဲ့

    အမ မဒိုးကန်

    ReplyDelete
  30. ရေးပြီးသားပျောက်သွားတယ်.... နှမျှောလိုက်တာဟာ။ ပြန်ရေးပေးတဲ့ အတွက် ကျေးကျေးပါ သမံစီးရေ။ ဟွင်းဟွင်းဟွင်း သားနံမည် နောက်မှပါလာလို့။ မဟုတ်ရင် ပြတနာ အရှာပဲ။ :P

    ReplyDelete
  31. နှမတော် သမီးစံရေ တဂ်ပိုစ့်မရေးတတ်လို့ မရေးပေးတာ စိတ်မဆိုးပါနဲ့နော် တလောကလုံးဗြောင်းဆန်သွားအောင် တောင်းပန်ပါတယ်ဗျာ ခင်မင်စွာဖြင့်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..