Thursday, December 29, 2011

နှစ်သက်ရာတစ်ခုရွေးပါ...




အချပ်ပိုသတင်းထူးကတော့...
မနေ့ညတစ်နာရီလောက်က.မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ.'အုံး'ခနဲ 'မြည်' ပါသတဲ့ရှင်။
(ဘာကြောင့်မြည်တယ်ဆိုတာတော့..ထင်ကြေးပေးကြတုန်းပါ)
ဗိုလ်တစ်ထောင်..ရဲဝန်းထဲက.ကလေးမက.'သူတို့အိမ်လှုပ်သွားတယ်'.ဆိုပါတယ်။
ဆင်အော်ရင်တောင်နိုးမယ်မထင်တဲ့.သမီးစံတော့..မသိလိုက်ပါဘူး။
(အိမ်ကအစ်မကတော့ပြောတယ်.နင်သာမနိုးတာ.ငါတော့ပြန်အိပ်လို့တောင်မရတော့ဘူးတဲ့..)
ကိုယ်နေတဲ့..နေရာထိအောင်..သိရတယ်ဆိုတော့..အခြေနေတော်တော်ဆိုးတယ်ပြောလို့ရပါတယ်။
တလောတုန်းကလည်း..မြို့တော်ခန်းမနားမှာ"အုံး..အုံး" မြည်ပါသေးတယ်။
(ပထမတော့..ကားဘီးပေါက်တယ်ထင်တာ..)
စင်ကာပူနဲ့.တူအောင်.ထားပါမယ်ဆိုတဲ့မြို့မှာမှ..လာ'မြည်'နေရတယ်လို့တော်..
ခုဆိုဘယ်သွားသွား..(လူက) ကျီးကန်းတောင်းမှောက်ကြည့်နေတတ်ပြီ
လူထူတဲ့နေရာဆို..မသိမသာရှောင်တယ်။
လမ်းသွားရင်း..တစ်နေရာရာက..တီ.တီ.တီမြည်ရင်.အသားကုန်ပြေးတော့တာပဲး))
မကောင်းပါဘူးလေ..ခုလို..တအုန်းအုန်းမြည်တာတော့..ဘယ်နည်းနဲ့မှကိုမကောင်းတာပါ
ဟိုကြောင်း.ဒီကြောင်းတွေ.ဘာမှ.ဂဃနန.မသိပေမယ့်
ဒီလိုအသံတွေတော့..ဆက်တိုက်မကြားချင်တာ.အမှန်ပါ။
“လူသားအားလုံး..နှစ်သစ်မှာ..ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ”..ဟုသာ
ချစ်ခင်လေးစားလျှက်..


17 comments:

san htun said...

သမံစီးရေ သတိအမြဲကပ်နော်..အသက်ကို ညဏ်စောင့်..စားသတိ သွားသတိ..

blackroze said...

ညီမရေ
သွားသတိ
လာသတိ
စားသတိ
အိပ်သတိ
အွန်လိုင်းတက်လည်းသတိရှိပါစေ..း)


အဲသတင်းဖတ်ပြီးစိတ်မကောင်းလိုက်တာလေ
ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေဘယ်လောက်များ
ပူဆွေးနေကြမလဲနော်..
တချို့သေသာသွားတယ်
ဘာဖြစ်မှန်းသိမှာတောင်မဟုတ်လိုက်ဘူး..

မောင်(စွယ်စုံကျမ်း) said...

ဟဲ့နင်တော့ ပါသွားပီထင်တာ ပုံလေးဘာလေး ပြေးမရိုက်ဘူး

ကိုကိုမောင်(ပန်းရနံ့) said...

ဒင်းနားပါတီပေးမယ်ဆိုရင်တော့ တစ်ခုမကဘူး အပေါ်က နှစ်ခု ရွေးသွားတယ်။း)

Angelhlaing(May everybody be happy and healthy! said...

ဘာရွေးရမှန်းမသိဘူး...:P:P
စာဖတ်ရင်းရောက်တယ် သမီးစံရေ..

တွတ်တွတ် said...

ကွန်မကောင်းပါဖူးဆိုမှ..ဘီဒီရိုတွေတင်ပြီး..သူများကိုကြည့်မရအောင် တမင်ဒုတ်ခပေးတယ်..ဟင့်ဟင့်...:D

လမင်းငယ် said...

နှမတော်ဘာတွေဖြစ်နေတာလဲ
အပေါ်ကတစ်ယောက်တူတယ်နော် :D

Thandar Lwin said...

အင်း မြန်မာပြည်မှာဖြစ်တဲ့ ကိတ်စ သမီးစံလေး စာရေးတဲ့ ညထိ ကို ထင်မြင်ချက်ပေးနေတုန်းဘဲ ဆိုတော့......း(
ဒီမှာတော့ အဖြစ်အပျက်တွေ ရော ဒါ့ပုံတွေ ရော သတင်းတွေ ထင်မြင်ချက် ဝေဖန်ချက်တွေ နဲ့ ..................အင်း။

မဒမ်ကိုး said...

ကြောက်တယ်အေ ဘာပြောရမှန်းတောင်မသိတော့ဘူး နှစ်သစ်ကိုကြိုပူံကြီးကလဲ ကြောက်စရာအေ

အားလုံးဘေးကင်းကြပါစေလို့ဘဲ ဆုတောင်းပါတယ် သမန်းစီးကျောင်းသွားရင်သေချာဂရုစိုက်ပါ ဒါဘဲ
အမဂျီး

ချော(အစိမ်းရောင်လွင်ပြင်) said...

နံပါတ်(၂) ကို ရွေးလိုက်တယ်
သမီးစံအသံနဲ့တူလို့ ရွေးတာပါ :P
ကဲ.. ငါ့ညီမလေး
အစစ သတိရှိတော့ မမှားဘူးပေါ့
ရှေ့နောက် ဘေးဘယ်ညာကြည့်ပေါ့နော်..
သွားသတိ လာသတိ စားသတိ
စားရင်လဲ သတိဆွဲပြီး စားလို့ ပြောတာ..

Anonymous said...

အင်းရန်ကုန် မှာ နေရတာလည်း ဒုက္ခ ပေါက်လိုက်ကြတာ

ရွှေစင်ဦး

kztk said...

သမီးစံက တီ..တီ.. လို့မည်ရင် အသားကုန်ပြေးရင်းနဲ့လည်း ကားတိုက်မိနေအုံးမယ်နော်... သမီးစံ ဂရုစိုက်ပြီး ပြေးအုံးနော်... သွားသတိ စားသတိ... ပြေးသတိနဲ့ နေအုံးနော်။ :)
ပြီးတော့ ဆင်အော်ရင်တောင် မနိုးတာက တော်ပါသေးတယ်။... အုံးကနဲမည်ရင်တော့ နိုးအောင်တော့ သတိထားအုံးနော်... ပြေးရအောင်လို့လေ.........
:P

:)

မြတ်ကြည် said...

အလယ်ကငှက်လေးက အသံအရမ်းကောင်းတာပဲနော်။ မြတ်ကြည်အတိုင်းပဲ။ :P သူ့မှာ မု အပြည့်နဲ့ဆိုရှာတာ။ ကိုယ့်လဲ ဘယ်တော့ အပေါက်ခံရမလဲမသိဘူး။ hik hik

jasmine(တောင်ကြီး) said...

နေ့တိုင်းဘုရားရှိခိုးနော် ဘယ်သွားသတိရှိနေပစေ
သွားသတိ စားသတိ အိပ်သတိ
အိမ်သာတက်လဲ သတိလေးထားပေါ့

ဘိုဖြူ said...

သမီးရေ ဦးဘိုဖြူမအားလို့ခုမှရောက်တယ်နော်တောင်းပန်ပါတယ်ဗျာ
တအားမအိပ်နဲ့လေ စစ်အတွင်းလိုပဲ အုန်းဆိုရင်ပြေားတော့

တောက်ပကြယ်စင် said...

သတိဟူသည် ပိုသည်မရှိဘူးလို့တော့ ပြောကြတာပဲ သမန်စီးရေ။ နော်။

အလင်းသစ် said...

အဲဒီ.."အုန်း" ဆိုတာကြီးပေါ့.. အဲဒီကောင်ကြီးပဲလေ..ဟင်းးးးး

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes