Thursday, December 15, 2011

မာန်...


အပျိုကြီး ကျွန်မ
နှစ်ကိုယ် မနီးပေမဲ့
အို- ငိုလို့ ညည်းမနေပါဘူး
ဝေဒနာ ရင်မှာ သိမ်းပါလို့
ခပ်စိမ်းစိမ်းနေခဲ့တယ်။
ခင်မင်သူ လူအရင်းတွေက
အပျင်းပြေ လှောင်ပြောင်ရယ်ကြ
ယောင်လည်လည် အပျိုကြီး….ပါတဲ့
စပ်ဖြီး ပြီတီတီနဲ့
မထီတရီ သည်မျက်လုံးတွေက
ပြုံးလှောင်ကြကွယ်။
အပျိုကြီး ကျွန်မမှာတော့
တစ်ကိုယ်တည်း ဘ၀ပေမဲ့
အသည်းကတော့ မငယ် မငယ်
တကယ့် တကယ်တော့ အားမာန်ခဲ။
ဘ၀လမ်းမှာဖြင့်
ခရောင်းမြေတွင် လေသရမ်းပါလို့
လှိုင်းကြမ်းလေထန်ပေမင့်
ရေဆန်ကို ရွက်ကုန်ဖွင့်ကာ
အညာ အကြေ မကျန် တက်စုံလွင့်နိုင်ငဲ့
ရင့်ကျက်ကြည်ကြည်လင်နဲ့
ထီမထင် အပျိုကြီးပါဟဲ့
တစ်ကိုယ်တည်း ဖော်မလိုပါဘူး
ပျော်သလို ဘ၀ခရီးမပန်းကာ
(ကွယ်) လှမ်းခဲ့သည်ပဲ။ ။
ဘ၀တူအပျိုကြီးများသို့………..။


ဓာတ်ပုံအား..အမတော်.တစ်ဦးမှ..ကူညီထားပါသည်။း)




ချစ်ခင်လေးစားလျှက်....



21 comments:

ကိုကိုမောင်(ပန်းရနံ့) said...

မံစိပုံလားလို့ ကြည့်နေတာ။ လက်စသတ်တော့ အကုန်လုံး အငှားတွေချည်း။ လူလည်မလေး။
ဓါတ်ပုံကို အမတစ်ယောက်ဆီက ငှားတယ်။ ကဗျာကို ညခင်းတို့ဆီက ငှားတယ်။း)
အမှန်ဆို.. မံစိပုံကို တင်ရမှာ။ ဒါမှ အပျိုကြီးပုံ ပိုပေါ်တော့မပေါ့။ ဟုတ်ဖူးလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

kztk said...

ဘဝတူ အပျိုကြီး တွေက ဘယ်သူတွေလဲဟင်... စာရင်းလေး ပြုစုပေးပါလား သမီးစံရယ်...
အပေါ်ပုံက အပျိုကြီးကရော ဘယ်တူလဲဟင်..

:)

မောင်ဘုန်း said...

ဟုတ်ပါပြီ ... နောက်မှ လာပြီး ရှာ ပေးပါအုံးမပြောနဲ့  ... ဟုတ်ပြီလား
စောင့် ကြည့်ရတာပေါ့ ....

chocolatecupidlay said...

ဓါတ်ပုံ ကအစ်မတော်ဂျင်ဆန်မှီ ရဲ့ပုံမှတ်နေတာ..ပီားး

လမင်းငယ် said...

ဒါပေါ့ ယောက်မလေးရယ်
မာန်ဆိုတာထားသင့်ပ

Candy said...

အော်.. အပျိုကြီးတွေရဲ့ မာန်ဆိုတာ ဒါကိုး အဟိဟိ :P

jasmine(တောင်ကြီး) said...

စံစံလဲအပျိုကြီးပဲဖြစ်မှာပါ
အပျိုကြီးတွေကိုစိတ်ဝင်စားမှုများနေလို့လေ

₭Ǿ2 said...

အပျိုကြီးတဂယ်လုပ်မှာလား ပြောစမ်းပါ ရည်ရွယ်တယ် မင်းအကြောင်းတွေ (ဂျေညီညီ သီချင်း ) :D

Angelhlaing(May everybody be happy and healthy! said...

သမီးစံတော့ ...လုပ်ပြီ....:):)
ဒါပေါ့နော်.....မာန်ဆိုတာ ရှိရမှာပေါ့...
ရှိကို..ရှိသင့်တာ...:)

ကိုရင် said...

ဆိုတော့ကာ..
အဓိကကတော့ ကိုယ့်အကြောင်းကိုယ်သိနေရင် ပီးတာပဲ
ဟုတ်ဘူးလား... :D

အိမ်မက်စေရာ said...

ယုံဘူး..း)
အသက်ငယ်ငယ်လေး ရှိသေးတာကို ဘယ်က အပျိုကြီးရမှာလဲ ..
အပျိုလေး အပျိုလေ..ဒါပေမယ့် တစ်ခုတော့ ရှိတယ် မချစ်ဖူးရင် တစ်ခါထဲချစ်ရုံနဲ့ ရူးတက်တယ်တဲ့.. သတိနော် ဗို့အား ၁၅၀၀း)
ချစ်သူရရင် ဘလော့ဂါ မောင်နှမတွေကို အရင်သတင်းပေးရမယ် ဒါဗြဲ
ချစ်တဲ့
အိမ်မက်

ပိတောက် said...

ကောင်းတယ်၊ ရင်ထဲဘယ်လိုဖြစ်ဖြစ် မာန်ကလေးတော့တင်းထားရမယ်နော့်။

လွမ်းပိုင်ရှင် said...

ကဗျာကောင်းလေးကို အားပေးရင် ခရီးစဉ်အတွက် နှုတ်ဆက်ခဲ့တယ်နော် နှမတော်

ပိတောက် said...

ရင်ထဲဘယ်လိုရှိကလေ့စေ၊ မာန်တော့တင်းရမှာပါ့။

ချမ်းမင်းကို(ပဥာက်) said...

အမယ်..မိုက်လျချည်လားး

blackroze said...

အပျိုကြီးတော့မလုပ်လိုက်ပါနဲ့ညမတော်..
အမတော်..ဆောင်ပြီးမှညမတော်ဆောင်ရင်ဆောင်ပေါ့
မဆောင်ဘူးလို့တော့ငြင်းလိုက်ပါနဲ့နော်..

san htun said...

သမံစီးရေ ဘော်ဒါတွေ ရှိတယ်နော်..

မဒမ်ကိုး said...

အဲလိုအပျိုကြီးတွေကိုခလုတ်မတိုက်နဲ့ သမန်စီးရဲ့


မမချောတို့ရှိတယ်နော်း)(ငြိမ်နေလို့ဒီနေ့တောင်လာအော်မလို့ တော်သေးတယ်း)

လွင်ပြင်လှိုင်းငယ် said...

မီးမီးလေး ဘော်ဒါတွေနဲ့ ပျော်နေတယ်ပေါ့လေ

ဘိုဖြူ said...

လူပျိုကြီး-အပျိုကြီး ဖြစ်ရတာမကောင်းပါဘူးဗျာ အားလုံးက ဖဲ့ချင်နေကြတယ်နော်---------------------------------------------------------
မဂျက်တို့လဲဒီလိုပဲလေ...လူပျိုကြီး-အပျိုကြီး အကြောင်းတွေ
အရမ်းကိုစိတ်ဝင်စားတယ်

ညီရဲ said...

အပျိုကြီး မမပေါ့... ဟုတ်လား ညီမ...

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes