Wednesday, December 28, 2011

Happy Birthday To You

ဒီနေ့..နှစ်ဆယ့်ရှစ်ရက်ကို..(သမီးစံ)လွန်ခဲ့တဲ့.ရက်တော်တော်ကြာကြာကတည်းက.မွေးနေ့တစ်နေ့မှန်း သိခဲ့ပါတယ်။ဒါကြောင့်..ဒီပို့စ်တင်ဖို့.အချိန်တော်တော်ရပါတယ်။အချိန်ရလွန်းလို့.ခုမှရေးဖြစ်ပါတော့တယ်း)။ (မအားဘူးဆိုတာလဲ..ကိုယ့်ဘာသာ.တစ်ယောက်တည်းလုပ်ပြီး.တစ်ယောက်တည်းရှုတ်နေတာပါ)။

ထူးထူးထွေထွေ.အနေနဲ့..ပေးစရာ.လက်ဆောင်မရှိလို့..ဒီပို့စ်လေးနဲ့.ကျေနပ်ပေးပါနော်မွေးနေ့ရှင်..း)။
ဟုတ်ကဲ့....
အခုဖော်ပြပေးမယ့်..ဒီဇင်ဘာ..နှစ်ဆယ့်ရှစ်ရက်(အသက်ကိုပြောတာမဟုတ်ပါး)ရဲ့.မွေးနေ့ရှင်ကတော့.. (သူမအား...)
jasmine ဟု..သော်လည်းကောင်း.၊
ကြောင်အတွင်းရေးမှူးဟုသော်လည်းကောင်း၊
မိဂျက်ဟုသော်လည်းကောင်း၊
ဂျက်ဂျက်ဟုသော်လည်းကောင်း၊
ကက်စမင်ဟုသော်လည်းကောင်း၊
အိပ်မက်လေးဟုသော်လည်းကောင်း၊
မဒမ်လွင်ပြင်ဟုသော်လည်းကောင်း၊ (မောလိုက်ထာ..ရေသောက်ဦးမှး)
(ဤနာမည်များနဲ့)....ဘလော့ဂါအသိုင်းဝိုင်းထဲမှာ..လူသိများ နေတဲ့...
ကဗျာရေးတဲ့ဖက်မှာ.(နှစ်ဦးစလုံး).ပါရမီ..တော်တော်“ပါ”တဲ့..ဘလော့ဂါကိုလွင်ပြင်လှိုင်းငယ်ရဲ့.ရှုမငီးတဲ့ ချစ်ဇနီးချော Jasmine Cho ဖြစ်ပါတယ်ရှင်။ (သူတို့နှစ်ဦးက စိတ်တူကိုယ်တူ..ဘလော့ဂါမောင်နှံပါ၊း)

ခင်မင်ခွင့်ရတဲ့သက်တမ်း..မကြာသေးပေမယ့်..အစ်မတစ်ယောက်လိုပဲ..ရင်းနှီးမိတဲ့သူတစ်ဦးပါ။
(ခုဆို..သမီးတောင်..တော်တော့မယ်..ဆိုပါတယ်။ မိစံတို့ကံကောင်းဂျက်း)
သများ.ဒကာ.တွေလို..ခမ်းခမ်းနားနား..ဆီဒိုးနားတို့ထရိတ်ဒါးတို့က..မှာမပေးနိုင်တော့.
မွေးနေ့ရှင်ကို.အားတော့နာသားရှင့်။စားစရာကလည်း..အရမ်းရှာရပါတယ်း)။
အရင်ဆုံး..Birthday Wish လုပ်ပါမယ်။






 




ဆုတောင်းပြီးပြီဆိုတော့...
အစာပြေ.စားထားအုံးနော်..မချက်ရသေးဘူး (နှစ်ယောက်တစ်ခုနော်း)

အစိမ်းတိုင်းစားရင်..ပိုကောင်းပါတယ်..ဘီတာမင်အပြည့်ပါတယ်လေး)

စောစောက..အရွက်တွေ..ချက်လိုက်တော့..ဒီလိုလေးရပါတယ်။
(မသိရင်တော့.ကိုယ်တိုင်ချက်တာပေါ့လေး)

ပထမတော့စဉ်းစားသေးတယ်..အစ်မချော.အိမ်က.ဂဏန်းတွေ.သွား“မ”မလားလို့
(နောက်တော့.ကြောက်လို့..မသွားရဲတော့ဘူး )

ဒါလည်းနှစ်ယောက်တစ်ပွဲပဲနော်း)

ဒါကြီးကုန်အောင်..တစ်လုတ်တည်းနဲ့စားနိုင်ရင်..မွေးနေ့ရှင်က
သမီးရင်းကို.ပေးပါမယ်တဲ့း))

စားပွဲပြီးတော့..အချိုပွဲလာပါမယ်....


တစ်ယောက်တခုပေါ့.(ပြီးရင်.ကိုယ့်ဘာသာရှင်းနော်း)


ဒီအိမ်ကတော့..ကျွေးစရာ.ဒလောက်ပါပဲရှင်..း)။
မ၀သေးဘူးဆိုရင်..မွေးနေ့ရှင်အိမ်..ထပ်သွားကြဖို့.လမ်းညွှန်ပါရစေး)။


သမံစီးရဲ့.ပလဲဆန့်ပါး))





“မွေးနေ့ရှင် မာမီဂျက်....(မိတ်ကပ်ပြင်တာဟုတ်ဘူးနော်.. ဟိဟိ)
ယနေ့မှစကာ..
နောင်နှစ်ပေါင်း.တစ်ရာ့နှစ်ဆယ်တိုင်အောင်
ချစ်သောမိသားစုနဲ့..
ပျော်ရွှင်ဖွယ်..နေ့ပေါင်းများစွာကို..အမြဲ.ပိုင်ဆိုင်နိုင်ပါစေရှင်”


ချစ်ခင်လေးစားလျှက်..


17 comments:

  1. မံစိ။
    စားစရာတွေ များလှချည်လား။ ကိုယ်တိုင်ချက်ထားတာ မဟုတ်လို့ထင်တယ်။း)

    မွေးနေ့ရှင် ဘလော့ရှင် မြင်မြင်တကာ အဆင်ပြေကြပါစေ။

    ReplyDelete
  2. မွေးနေ့ ပွဲလေးမဖိတ်ပဲလာစားသွားပါတယ်
    မွေးနေ့ပွဲကျင်ပပေးတဲ့ နှမတော်နှင့်မွေးနေ့ ရှင်အစ်တော်တို့
    ပျော်ရွှင်နိုင်ပါစေရှင်

    ReplyDelete
  3. အံမယ် သမံစီး ပျောက်ချက်သား ကောင်းနေတာ ခုမှ ပေါ်လာတော့တယ်..ပစ်ပစ်က မုန့် ကျွှေးမလို့ တဲ့..ပစ်ပစ်ဆီကို မဖြစ်မနေ သွားလိုက်ဦး
    မွေးနေ့ ရှင် မဒမ်လွင်ပြင် ခေါ် ဂျက်ဂျက်.. မွေးနေ့ မှသည် တိုတိုလွင်ပြင်နဲ့ အတူ ကျန်းမာပျော်ရွှင်စွာဖြင့် ဆထက်တိုး ဘလော့ဂင်းနိုင်ပါစေဗျား..

    ReplyDelete
  4. ဖွယ်ဖွယ်ရာရာစုံလင်စွာနဲ့ ဂျက်မွေးနေ့ပွဲလေးကို
    ကျင်းပပေးထားတဲ့ သမီးစံဆီကိုအလည်လာရင်း
    မွေးနေ့ရှင်လေးနဲ့သမီးစံတို့အတွက်တောင်းဆုလေးချွေခဲ့တယ်။
    ဘဝရပ်တည်မှုကိုလိုအင်ဆန္ဒတွေပြည့်ဝပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းစွာ
    ဖြတ်ကျော်နိုင်ကြပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. သမီးစံရေ ခ၇ီးထွက်နေတာ မနေ့ ကမှ ပြန်ရောက်လို့ တက်ဂ်ထားတာ ကို ရက်လွန်မှရေးပေးတော့မယ်။

    ReplyDelete
  6. မွေးနေ့ရှင်လဲ ပျော်ရွှင်ချမ်းမြေ့ပါစေ
    မွေးနေ့တင်သူလဲ ပျော်ရွှင်ပါစေ
    မကျေနပ်တာက လာလဲလာရသေး နှစ်ယောက်တပွဲတဲ့အေ
    မမဂျက်ရေ တော့မွေးစားသမီးက ကပ်စေးနှဲလှချည်လား ဟိဟိ

    ဒိုးကန်

    ReplyDelete
  7. မီးမီးလေးရေ ကျေးဇူးပါနော်။အစားတွေအတွက်ကော ပုံတွေအတွက်ကော
    စေတနာတွေအတွက်ပါ ပါပါးနဲ့ မာမားက ကျေးဇူးပါနော်

    ReplyDelete
  8. ပာက်ပီးဘက်ဒေးမကြီးဂျက်..

    ReplyDelete
  9. ဟား ဟား ဟား စားသွားပြီဗျာ။ အစိမ်းတွေတော့ချန်ခဲ့တယ် သမံစီးရေ။ :P သတင်းလေးအတွက် ကျေးကျေးပါခင်ဗျာ။ အစ်မဂျက်ဆီသွားအော်လိုက်အုံးမယ်။ :D

    ReplyDelete
  10. မိစံရယ်
    ညီးနှယ်အေ
    အလကားရတာကို ကျွေးတာတောင်မှ နှစ်ယောက်တစ်ခုတဲ့
    ဘယ်လောက်ကပ်စေးနည်းတယ်ဆိုတာ သိသာနေပြီ.
    အအေးကျတော့လည်း ကျသလောက်ရှင်းတဲ့...
    ဒါတောင် သူများမွေးနေ့မို့
    သူ့မွေးနေ့သာဆို ရေနဲ့ ငရုပ်သီးများ ဖျော်တိုက်မလားမသိဘူး :P :P
    မွေးနေ့ရှင်လဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ
    ငါ့ညီမလဲစိတ်ရောကိုယ်ရော ကျန်းမာချမ်းသာပြီး အမြန်စွံပါစေနော်..

    ReplyDelete
  11. သမီးတော်မှဖြစ်မယ် ဟွင်းဟွင်း လက်ခံလိုက်နော် ဒါမှ...

    ReplyDelete
  12. သမီးရေ
    အားလုံးကိုကျေးဇူးတင်ပါတယ်-သားအမိချင်းကျေးဇူးပြောရတာမမိုက်ပါဘူးဟာ
    ချက်တတ်လိုက်တာ အိမ်ရှင်မကြီးကျနေတာပဲ အမေလက်ရာမှီတယ်

    ReplyDelete
  13. Happy birthday ပါ မမရေ...
    မိစံဧည့်ခံတာလေးတွေ တစ်ဝကြီးစားသွားတယ်နော်...:P:P

    ReplyDelete
  14. happy birthday ပါ

    မိစံချက်ထာလေးတွေ စားသွားတာ ဗိုက်ကို ကားသွားတာဘဲ အောက်ဆုံးက ဗူးတွေ အဝသောက်လိုက်လို့လေ

    ReplyDelete
  15. မမဂျက်အတွက် စိတ်မကောင်းစွာ နောက်တစ်ခေါက်ဆုတောင်းပေးသွားတယ်နော်

    ReplyDelete
  16. မွေးနေ့ရှင်ဂျက်မရော၊မွေးနေ့ဆုတောင်းပေးတဲ့ သမန်စီး သမီးစံရော စိတ်ချမ်း
    သာလို့ ကိုယ်ကျမ်းမာပါစေကြောင်းပါဗျား...၊

    ReplyDelete
  17. ငါသည်ကား အခြားသူမဟုတ်...
    မွေးနေ့ပွဲသို့ မပင့်ဘဲရောက်လာသော
    ဘုန်းကြီးတစ်ပါးသာဖြစ်ပါပေ၏။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..