Wednesday, September 21, 2011

ဘလော့ဂါဆိုတာဘာလဲ?(တဂ်ပို့စ်)


အိန်းကွယ်…သမီးစံဒီနေ့ညနေပဲ စာမေးပွဲပြီးသွားပါပြီ။ဟူးးး..မောပါ့ကွယ်..ဖြီးရတာ အဲ ဖြေရတာလဲတယ် မလွယ်တာကိုး..ပြီးတော့ အိမ်ရောက်တယ်ဆိုရင်ပဲ လွယ်အိတ်လေးဘေးချလို့ ကိုယ့်ဘလော့အိမ်လေးကို သော့လေးဖွင့်ကာ ၀င်မလို့ရှိသေး အိမ်ပေါက်ဝမှာ အမှာစာတစ်စောင်က ဆီးကြိုနေလေရဲ့ ဖတ်ပြမယ်နော်။စာလေးကတော့နည်းနည်းရှည်တယ်.. “ဒီလိုပါ” သို့… အစ်မသမီးစံ “Candy ကိုခွင့်လွှတ်… ဟင် (သမီးစံအသက်ရှုဖို့မေ့သွားပါတယ်။) ဘယ်လိုဖြစ်ရတာတုန်း… နောက်ကားတွေကျော်တက်ကုန်ပြီပေါ့ တခဏတွင်းမှာပဲ အတွေးတွေများကုန်ပါတယ်း) နေပါဦးလေ သေချာအောင်ဖတ်ကြည့်အုံးမှဆိုပြီ အိပ်ထဲကမျက်မှန်ကောက်တပ် ပြန်ကာဖတ်ကြည့်တော့ စာက တစ်မျိုးပြောင်းသွားပါသည်။ အစ်မသမီးစံ စာမေးပွဲပြီးရင် ရေးဖို့ခေါင်းစဉ်လေးပေးထားပါသတဲ့။(ခုလိုကျတော့ စာကတစ်ခြားစီဖြစ်သွားလေရဲ့) တော်သေးပါရဲ့ မျက်မှန်ကယ် ပေလို့ပေါ့ နို့မို့ဆို စားရချည်သေးရဲ့..နော် ညီမ Candyး) စာကမဆုံးသေးဘူးတော့် အောက်မှာရှိသေးလေရဲ့ ဆက်ပြီးရှုစားကြည့်တဲ့အခါမှာတော့ ညီမငယ် ဂျက်လေယာဉ် အဲ “ဂျက်ဂျက်”က သမီးစံရေးပေးပါ မရေးပေးရင် အာဘွား…တဲ့း) (အာဘွားကထပ်ဖြည့်ထားတာပါ။) တစ်ခုခုတော့ “ရွေး”မှ “ရ”တော့မယ့်သဘောပေါ့နော်း) ။နောက် ထပ် မောင်ငယ် တစ်ဦးကတော့ အဲ… ဒီကလေးလေးကျတော့လိမ္မာသားရှင့် သူ့အစ်မကိုမြင်တတ်တယ် နတ်သမီး“စံ”တဲ့။ဘယ်သူရှိရမှာတုန်း “မောင်ဘုန်း”ပေါ့။ ဒီကလေးလေးအသက်ရှည်အုံးမှာ ဒီ့ထက် ဟီးး။တော်သေးတာ ပေါ့မောင် ဘုန်း ရယ်.. “နတ်”သမီးကိုစာလုံးပေါင်းမှန်လို့..သူ့ကားတွေမှာသုံးတဲ့ “နပ်” နဲ့သာ မှားလို့ကတော့ သမီးစံ “မူလီ”နဲ့ နှစ်ပါးသွား ရမှာ မြင်ယောင်သေး :P။နောက်တစ်ဦးကတော့ သားလေး“အိပ်ရာ”ပါ သူကတော့ ဗိုက်က လေး နှိပ်ပြီး ကျွန်တော့ဆီ လာလည်တဲ့ အစ်ကို၊အစ်မ အားလုံးကို ရေးပေးစေ ချင်ပါသ တဲ့ လေ။ “သြော်..သူ့ခမျာနေမကောင်းတဲ့ကြားက ရေးရရှာတယ်လေ” ဆိုပြီး တလောက တောင် မာလကာ သီးအူတိုင်တွေနဲ့ သတင်းသွားမေးလိုက်သေးတယ်။ဘယ်လိုလဲ မောင်အိပ်ရာ ကျန်းခန့်သာလို့ ..မာပါစရှင်။း) စာက မဆုံးသေးဘူးရှင့် နောက်ထပ်တစ်ယောက်ကြီးများ တောင်ကျန်သေး လေရဲ့ သူကတော့ “မောင်ခင်မောင်ချင်းဆိုတဲ့ “တောင်း”ကလေးပေါ့။သူကတော့ ကိုယ့်ကိုရည်ညွှန်း၊ မညွှန်းမသိပါ။ ဒီလူ့ကိုပြောသလိုလို၊ဟို…လူ့ကိုပြောသလိုလို “ညာတာပါတေး” နဲ့.. “စီဘောက်မှာ သွားအော်တာ ထွက်တောင်မကြည့်ဘူး.ဘာ…ညာ ” ဆိုပြီး ၀ါးလုံးရှည်နဲ့ သိမ်း တဂ်ထား တာ ကို ဖတ်လိုက်ရပါတယ်။ အံမယ်..ပြီးတော့ သူကရေးထားသေးတယ်ရှင့်..ကျွန်တော် “ချွတ်တား”လေးပါတဲ့။အင်း သူရေးတဲ့ “ချွတ်တား”ဆိုတာ ဟိန္ဒူလို “အရူး”ကိုခေါ်တာသိရင် ဒီကောင်လေးဘယ်လိုနေမလဲသိချင်စမ်းပါဘိ။ (အခုမှတော့ စိတ်မကောင်းဖြစ်မနေပါနဲ့“မောင်ငေး”ရယ် အရှိကိုအရှိအတိုင်းပဲပေါ့..နော်။ :D)
ကဲ…ဒီလို..ဒီလိုချစ်ဖို့ကောင်းတဲ့ မောင်၊ညီမလေးများက..ချစ်ဖို့ကောင်းတဲ့ ဒီက“အပျိုကြီးနတ်သမီးစံ” ကိုချစ်ချစ်ခင်ခင်တဂ်လာလေတော့လည်း (အို..ထပ်နေတာပါပဲလားနော်။ သည်းခံကြပါရှင် ပို့စ်မရှည်.. ရှည်အောင် ဆွဲဆန့်နေတာပါး) တတ်နိုင်သမျှဖျစ်ညှစ်ကာ “ပါချ” အဲ..ဖွာတေး “ရေးချ”ပေးရတာပေါ့ရှင်။
သူတို့လေးတွေအားလုံးရဲ့ တူညီတဲ့တဂ်ပို့စ်လေးကတော့“ဘလော့ဂါဆိုတာဘာလဲ”တဲ့။
ဒီခေါင်းစဉ်ကတော့ ခုမှစာဖြီးပွဲ အဲ စာမေးပွဲ (မှားပြန်ပီနော်) ဖြေပြီးပြန်လာတဲ့ သမီးစံအတွက်တော့ အင်မတန်လွယ် တဲ့မေးခွန်း ပါပဲ။ကဲ ဖြေပြမယ်နော်။

What is blogger?
Blogger is defined as……………………

ကဲ ဘယ်လိုလဲ ဒီအဖြေမကောင်းလား ! ဒီမေးခွန်းသာ စာမေးပွဲမေးခွန်းဆိုရင် ပေးမှတ်ရဲ့တစ်ဝက်လောက်က အသာလေးပဲနော်။စာမေးပွဲမေးခွန်းမဟုတ်ပဲ ဘလော့ဂါအချင်းချင်းကမေးတဲ့ မေးခွန်းဆိုတော့ ဒီလိုဖြေပုံမျိုးနဲ့ ဆိုရင် သမီးစံတော့ “နှစ်၊တစ်လက်မစာ” မိမှာအသေအချာပါပဲရှင်း)။
အမှန်ကတော့ ဒီမေးခွန်းဟာ ကိုယ့်လို အရာရာမှာ “ဘလော့ပါးမ၀သေးတဲ”့သူတစ်ယောက်အတွက်တော့ အနည်းငယ် ခက်ခဲတယ်လို့ဖြေပါရစေ။သမီးစံဘလော့ရေးတာ စာရေးတတ်ချင် လို့ပါ၊“ရသ”စုံတဲ့စာပေ အမျိုးမျိုးကို သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်အောင် “ဖတ်တတ်”ချင်လို့ပါ၊ ပြီးတော့ တစ်ယောက် အကြောင်း တစ်ယောက် “ဂဂနန” မသိကြသော်လည်း ချစ်ခင်စွာနဲ့တစ်ဦးကိုတစ်ဦး ဖေးမကူညီ တတ်တဲ့ ဘလော့ဂါ တွေကို “လေးစားအားကျ”လို့ဖြစ်ပါတယ်။“ဂဂနန”မသိဘူးဆိုတာလဲ စာဖြစ်ရေးတာပါ တကယ်တော့ဘလော့ ဂါများဟာ အင်မတန်မှ ချစ်ဖို့ကောင်းကာ “ရိုးသား၊ပျူငှာကြသူများ”ပါ။(ကိုယ်…လည်းပါတာကိုး)။

ကဲပါလေ..ဒီတစ်ခါတော့ “အတည်ပေါက်နဲ့နောက်ပြီး” စရေးပါတော့မယ်ရှင့်။

ကိုယ့်စိတ်နဲ့နှိုင်းပြောရရင်တော့ဖြင့်………. ဘလော့ဂါဆိုတာဟာ….

“နိုးကြား၊တတ်ကြွသူ” ဘလော့ဂါလုပ်မှတော့ မနိုးကြား၊မတတ်ကြွလို့မရတော့ပါဘူး။ ပြည်တွင်းဘလော့ဂါများ ဆို “သာ”လို့တောင်ဆိုးပါသေးတယ်ရှင်။(နေ့စဉ်၊နေ့တိုင်းကွန်နပ်ရှင်က တယ်ကောင်းပြီး ဖြတ်ဖြတ် လူး နေ တာကိုး)။နော်.အစ်မရွှေစင်ဦး(အဖော်ညှိလိုက်တာ)၊ပြည်ပဘလော့ဂါများအနေနဲ့လည်း ကွန်နစ်ရှင်ကပြည်တွင်း ထက်ပိုကောင်းနေပေမယ့်လို့ ကိုယ်စီ၊ကိုယ်စီ ကိုယ့်ဘလော့အိမ်လေးကို အမြဲတမ်း update ဖြစ်အောင်ဂရု စိုက်ကြရပါတယ်။အားတဲ့သူကျတော့လည်း အားတဲ့အလျှောက် မအားတဲ့သူများကျတော့လည်း ကိုယ့်အလုပ် ချိန်ထဲ က ဖဲ့ ပြီး ဘလော့လေးအတွက် “နိုးကြားတက်ကြွစွာနဲ့ ပျော်ရွှင်စွာဘလော ဂင်း”ကြတယ်မ ဟုတ်ပါ လား ရှင်။
နောက်ပြီး..ဘလော့ဂါဆိုတာ..

“သည်းခံတတ်သူ” ဘလော့ဂါတွေဟာ ပုတုဇဉ်တစ်ဦးဖြစ်ပေမယ့် သူများတကာတွေထက်သည်းခံနိုင်သူလို့ သမီးစံအနေနဲ့ ယူဆထားပါတယ်။ဒီဘလော့ရေးတယ်ဆိုတာဟာလည်း ကိုယ့်အတွက် ဘာမှအ ကျိုးစီးပွား မဖြစ်ပေမယ့် အပင်ပန်းခံရေးတာကိုမှ အားမနာ “တစ်ချို၊တစ်ချို့”သော သူတွေရဲ့ ကူညီအားပေး မှုအပြင်၊ပြစ်တင်ဝေဖန်မှုတွေကိုပါခံရပါတယ်။ဒါကတော့ သက်တမ်းရှည်ကြာ ဘလောဂင်းနေကြတဲ့ အစ်ကို၊အစ်မ အများစုရဲ့ “ရံဖန်ရံခါ” ၊ “တစ်ခါတစ်ရံ” ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်တွေပါ။ဒါတွေကိုတောင် အတတ်နိုင်ဆုံးလျစ်လျူရှုကာ..သည်းခံနိုင်ကြလေရဲ့..။ လေးစားမိပါရဲ့ရှင်။သမီးစံတောင် လောလောဆယ် သည်းခံနေရပါတယ်။တစ်မျိုးထင်မသွားကြပါနဲ့နော်..“ချစ်စနိုး”နဲ့စတာကို “ချစ်စနိုးနဲ့ သည်းခံ”နေရတာပါ။ အကြောင်းစုံကတော့..လောလောဆယ် ကိုယ့်ကို “အပျိုကြီး”လို့ “ဂျက်ဂျက်၊မောင်ချင်း၊ မောင်ဘုန်းနဲ့ အိပ်ရာတို့ကခေါ်တဲ့ကိစ္စ”ပါ။(တော်တော်ကြီးမားပါတယ်း)။“အပျိုကြီး”ဆိုတာ အများသိကြတဲ့ အတိုင်း ပဲကိုး..။ဂုဏ်ပုဒ်တွေကိုတော့မရေးတော့ပါဘူး။ (ခေါင်းကျိန်းလို့ပါ။း)။တကယ်လည်း တိတိကျကျ. မသိပါဘူးရှင်။ဒီလိုနဲ့…အမြင်မှန်များရကြလေမလားလို့ဆယ်တန်းတုန်းကပုံလေး တင်ပေးထားလိုက် ပါတယ်။ ဒါကိုလည်း ရိပ်မိတယ်ကြတယ်ရှင့် “အိမ်ကတူမလေးပုံလား”တဲ့။(ဒါကြောင့် “ဒီဟာလေးတွေ” ဘလော့ဂါ ဖြစ် နေကြတာထင်ပါရဲ့။းP) သမီးစံ ဒီလိုရေးလို့ “အပျိုကြီး”ခေါ်တာ မကြိုက်ဖူး မထင်ကြ ပါနဲ့။ကြိုက်လွန်း လို့ဟိုဖက်ကန်းတောင်လွန်ပါသေးတယ်။(တစ်သက်လုံးမ“စွံ”မှာပဲစိုးရိမ်တာပါ။အမေ့ကို “ငှက်ပျောပင်” စိုက် ခိုင်းရ မှာအားနာလို့)။ကြော်ငြာပြီးသားတောင်ဖြစ်သေး..နော် အစ်မချေား)(ညှိလိုက်ပြန်ပြီ)။ နောက်ပြီးဘလော့ဂါဆိုတာ……..
“သနားတတ်သူ၊ကူညီတတ်သူ” ဒါကို မယုံရင်တစ်ယောက်ယောက်က..အန်တီတင့်ဆီမှာ ပိုက်ဆံသွား ချေးကြည့် ပါလား!။ မပေးရင်သမီးစံပေးမယ်။(အဲ..တစ်ခုတော့ရှိတယ်နော်။ အတိုးနဲ့မှရမယ်း)။ ဟုတ် တယ် နော် ..အန်တီ (ညှိလိုက်ပြန်ပြီ)။ အန်တီ့ဆီသွားရင် မိန်းကလေးဆိုပေး မှာသေချာတယ်သိလား။ ဘာလို့လဲ ဆိုတော့..သားတွေရှိတာကိုး :D။(ပြန်မပေးနိုင်ရင် အတိုးနဲ့သိမ်းမယ့်သဘောမှာရှိလို့လေး)။ နောက်တာ ပါ အန်တီရှင့်..စိတ်ဆိုးပါနဲ့နော်။ဘလော့ဂင်းကြသူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အကူအညီတောင်း တယ်ဆိုတာ “ချစ်ခင်လေးစား”တဲ့ အမူအရာပါပဲရှင်။ ဘလော့ဂါအများစုကတော့ အကူအညီတောင်းလေ ပိုကြိုက်လေပါပဲ။“သနားကမား”နဲ့တောင်းတဲ့အကူအညီဆို ပိုလို့တောင် ပေးချင်ကြလေရဲ့..။ မယုံလျှင်နီးစပ် ရာဘလော့ဂါများဆီ “ဤနည်း” ဖြင့် အကူအညီတောင်းကြည့်ကြပါလေ။:D
ဆက်ပြီးရေးရရင်ဖြင့် ဘလော့ဂါဆိုတာ……
“ပျော်တတ်သူ” အကြီးတန်း၊အလတ်တန်း၊မူလတန်း၊သူငယ်တန်း အသီးသီးမှာရှိကြကုန်သော ဘလော့ဂါများရဲ့ပို့စ်တွေကိုဖတ်ကြည့်လိုက်ပါ။ ပျော်ရွှင်ခြင်းနဲ့ပတ်သက်လို့ အနည်းဆုံး မပါဘူးဆိုရင်တောင် ၀တ်စပေါက်လေးနဲ့ လက်သည်းကွင်းပိတ်လေးကတော့ဖြင့် အလှူအိမ်မှာလို “မပါမဖြစ်” ငါးပိချက်တစ် ခွက် လိုပါပဲ။ပို့စ်တင်တိုင်းထည့်တတ်ကြပါတယ်။သမီးစံတို့ဆို ဘာပြောကောင်းမလဲနော် “ပွပလောင်းလန်” နေတာ ပါပဲ။ ရေးတိုင်းထည့်ပါတယ်။(ဟုတ်ဟုတ်..မဟုတ်ဟုတ် စပြီးပြုံးတာကအရင်ပါ) ၊ဆိုရိုးစကား လေးတောင် ရှိသေး ..ဘာတဲ့ “ပျော်ပျော်နေသေခဲ၊ ပေါ်အောင်နေအမေဆဲ” တဲ့… (နောက်က“စာ”က အခုခေတ်နဲ့ လိုက်ဖက်သွားအောင်Remixလုပ်ပြီး ရေးထားတာ)။နောက်ပြီး ဘလော့ဂါအချင်းချင်း အိမ်တွေလျှောက်လည်ကြ သက်ဆိုင်ရာစီဘောက်အသီးသီး မှာ“အော်ကြ၊ဟစ်ကြ”၊စိတ်ညစ်နေရင်၊၀မ်းနည်းနေရင် အားပေးကြနဲ့ ပျော်ရွှင် စရာ ဘယ်လောက်ကောင်းလဲနော်။သမီးစံလဲ ဘလော့ရေးရတာ အင်မတန်ပျော်ပါတယ်ရှင်။
ဆိုတော့ကာ………..
အားလုံးခြုံပြောရရင်ဖြင့်…..“အညာစောင်” ကအနွေးဆုံး….
လို့..
“မဆိုလိုပါဘူး”းP
ရေးရင်း ရေးရင်းနဲ့ ဒီ ဘလော့ဂါဆိုတာ ဘာလဲဆိုတဲ့ ပို့စ်ဟာ “နာယကဂုဏ်ခြောက်ပါး”နဲ့သွားညီနေလေရဲ့…
(အမှန်ကတော့ တမင် မညီ၊ ညီ အောင် ညှိရေးထားတာပါ။)
ထကြွ၊နိုးကြား
သနား၊သည်းခံ
ဝေဖန်၊ထောက်ရှု
ဤခြောက်ခု..
ကျင့်သူ“နာယက”တဲ့ ….။

ကိုယ်လည်းရေးလိုက်ရော.. နာယကနေရာမှာ“ဘလော့ဂါ”ဖြစ်သွားပါတယ်။(သဘူတောကြပါသလားရှင်)

(အင်း..ဒီပို့စ်လေးရေးရင်းရေးရင်းနဲ့“မျက်လုံးတွေ”ကစာတွေကိုပဲ“၀ါး”ချင်သလိုလို၊ဘလော့ဂါအစ်ကိုအစ်မတွေကိုပဲ“၀ါး” ချင်သလိုလို…မောင်ညီမလေးတွေကိုပဲ“၀ါး”ချင်သလိုလို..အဆိုးဆုံးကတော့.. ညနေတုန်း က ကျောင်းကအပြန် မိုးမိထားလို့လူက“ဖျား”ချင်သလိုလိုဖြစ်နေတာပါပဲ..“ဟတ်ချိုး၊”..အဟွတ်..အဟွတ်..။အင်းမဖြစ်သေး ပါဘူး လေ ဆေးသောက်ထားအုံးမှ မနက်ဖြန် ဧရာဝတီအရေးကလည်းရှိသေးတယ်။)

ဒီတဂ်စာလေးအတွက်ဒီနေ့တော့ဒီလောက်ပါပဲရှင်။
သတိတရနဲ့တဂ်လာပေးတဲ့မောင်ညီမလေးတို့ကိုလည်းသမီးစံကကျေှးဇူးအထူးပါရှင်…။
အာဘွား.. !

အမှားပါရင်သည်းခံပေးဖို့ကိုလည်းအနူးအညွှတ်တောင်းပန်ပါတယ်။
နည်းနည်းသော့သော့လေးရေးထားလို့ပါး)

“ပျော်ရွှင်ချမ်မြေ့ကြပါစေရှင်”

ဆက်ပြီးတော့...
ဒီတဂ်ပို့စ်လေးကို.........Link
ရဟန်းဘလော့ဂါများဖြစ်ကြပါသော…
ဘုန်းဘုန်း ရွှေဝန်းရတနာ၊ဘုန်းဘုန်းချယ်ရီမြေ၊ဘုန်းဘုန်းသီတဂူစတား၊ဘုန်းဘုန်းအလင်းစက်တို့အား..သမီးစံမှ ဂါရ၀တရားရှေ့ထားလို့ တဂ်လိုက်ပါတယ်ဘုရာ့။

နောက်ပြီး..
ကဗျာအရေးကောင်းတဲ့ အစ်ကိုသျှင်နေမင်း
အပျိုကြီးဆီကညီမတစ်ယောက်တောင်းပြီးမသိချင်ယောင်ဆောင်နေတဲ့ မြစ်ဆုံ
ပျိုမေတို့အတွက်ဘလော့ ဂါဗြူတီစလွန်းပိုင်ရှင် သနပ်ခါးမြတ်ကြည်၊ (သနပ်ခါးမေလို့ခေါ်တာကြိုက်ဖူးဆိုလို့း) ကျွန်တော်သိသမျှ၊ မှတ် သမျှ ဘလော့ ပိုင်ရှင် မန္တလာသူ သယ်ရင်း Mishell
အွန်လိုင်းပေါ်မှ ရက်အနည်းငယ်ပျောက်ပြီး ပြန်ရောက်လာတော့ အိပ်ရာနဲ့ မောင်ချင်းအတွက် လက်ဆောင်တွေပါလာတဲ့ ညီမအိပ်မက်စေရာ
အခုမှ စတင်သိကျွမ်းခွင့်ရတဲ့ San Htun တို့ကို ဆက်ပြီး တဂ်ပါတယ်။

(မရေးပဲမနေကြပါနဲ့နော် အားငယ်တတ်လို့ပါးP )





20 comments:

  1. သမီးစံရေ
    စိတ်ကူးတွေမှားနေတယ် အညာစောင်မနွေးဘူး
    ကြမ်းကြမ်းကြီးဟမြင်ဘူးတယ်...
    တစ်ခြားစောင်ပြောင်းလိုက်နော်...
    ဂဂနနမသိပေလို့ပဲ ရေးထားတာ (ဖလန်းဖလန်းထနေတာပဲ)အဲတာစွယ်စုံ
    ပြောတဲ့စကားနော်..jas ပြောတာဟုတ်ဘူး. ရေးပေးတာကိုပဲ
    ကျေးဇူးတွေထပ်တစ်ရာနော်....အာဘွား(၁၀)
    ချစ်ခင်တဲ့ jasmine

    ReplyDelete
  2. သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲလား..
    တဂ်ဆိုတာမြင်ရင် အဲဒီ blogကို မှတ်မှတ်ထားပြီး တစ်နှစ်လောက်ကို မလာတော့တာ..ဟီးဟီး
    ဒီနေ့ စမှတ်တယ် သမံစီးရေ...

    ReplyDelete
  3. ဂျက်ရေ >> စောင်ပြောင်းလိုက်ပြီနော်။“ဂျပ်ခုတ်”စောင်း)
    ကိုရင်သာပျော့ရှင့် >>သမီးစံ..ရေးတတ်သလိုရေးထားတာပါ။
    ခေါင်းစဉ်နဲ့စာပိုဒ်မကိုက်ရင်လည်းဖြည့်ဖတ်ပေးပါရှင်။
    မလာပဲနဲ့တော့မနေလိုက်ပါနဲ့။ :(

    ReplyDelete
  4. ဧရာဝတီ အတွက် အားမွေးထားတဲ့ သမီးစံ ရဲ့ ပျော်စရာ ဘလော့ဂ်ဂါ ဘဝ လေးကို လာရောက်ဖတ်ရှု အားပေးသွားပါကြောင်း

    ReplyDelete
  5. တဂ်ပို့စ်လေးဖတ်ကောင်းကောင်းနဲ့ တီတင့်ကိုစေတနာဗလပွနဲ့ 'မ' ထားတာကိုးး))အတိုးရမယ်ဆိုရင် အနစ်နာခံပြီးချေးလိုက်ပါ့မယ် သမီးစံရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အဖြူရောင်နတ်သမီးSeptember 22, 2011 at 6:17 PM

    Blogger အကြောင်းလေး လာဖတ်သွားတယ် ညီမလေးရေ...

    ReplyDelete
  7. ရေးရမယ်ပေါ့နော်၊ အဟင့် .. အကြွေးမှတ်ထားလိုက်နော် :)

    ReplyDelete
  8. ရေးထားတာလေး ဖတ်လို့ကောင်းလိုက်တာ အပျိုကြီး သမီးစံလေးရေ။ ရယ်စရာတွေ ကြားညှပ်ပြီး ပြောပြောတတ်တာက ဖတ်လို့ အရမ်းကောင်းတယ်။ သိလား။ စာဖြီးပွဲက ပြီးသွားပီပေါ့နော်။ အနားယူပါဦး။ အားမွေးလိုက်ပါဦး။

    ReplyDelete
  9. အစ်မသမီးစံရေ စာမေးပွဲ မှာ အမှတ်ကောင်းကောင်းရပါစေ။
    အပျိုးကြီးဆီက ညီမတစ်ယောက်တောင်းလို.မသိချင်ယောင်ဆောင်တာ
    မောင်မောင်မဟုတ်ဘူးလေ-- အပျိုးကြီးလေ
    မောင်မောင်ကတော. နာမည်ကြီးထမင်းငတ်ရမယ်. ကိန်းဖြစ်နေပီ-- ဟိဟိ
    စာအရေးအသားတွေ အရမ်းကောင်းတယ်။( ညီမ မျက်နှာနဲ. )
    ခင်တဲ.
    မောင်မောင် (မြစ်ဆုံ)

    ReplyDelete
  10. တော်တော်စိတ်ဝင်စားအောင် ဆွဲဆန့်ရေးတတ်တယ်။ မြန်မာစာဂဏ်ထူး အဲလေ- ဂုဏ်ထူးရမှာပေါ့။ ဆယ်တန်းမှာ။ ကျွန်တော်က တော်ရုံတန်ရုံရှည်တဲ့စာဆို မဖတ်ချင်ဘူး။ သမီးစံဟာတော့ ဆုံးအောင်ဖတ်လိုက်တယ်နော်။

    ReplyDelete
  11. အင်း တဂ် လို့ ရေရမှာ သူများအကုန်ရေပြီမှဘာရေးကမှန်တောင်သိဘူး...
    ရေပြီတဲ့ နေ့  အကြောင်းကြားစာပို့ လိုက်မယ်...ခဏလေးတော့ စောင့် ပါ
    ကွယ်....သမီစံလေရယ်...

    ReplyDelete
  12. ချင်းလေး၊တောင်းလေး၊အရူးလေးခေါ်ချင်သလိုသာခေါ်ပါလေ။ အပျိုကြီးလို့သာနောက်မဖော်ကြွားပါနဲ့..ဘဝတူနေလို့ပါ။:P:P
    ပေါ်အောင်နေအမေဆဲ တဲ့လား..မိုက်လိုက်တာ.ခုမှကြားဖူးလို့
    အထူးအဆန်းဖြစ်သွားမိပါတယ်အစ်မရေ။စာမေးပွဲဖြေနိုင်တယ်ဟုတ်?
    နေပါဦး..မေးပါရစေ..တဂ်ပို့စ်ရေးတာဘာကိစ္စအန်တီတင့်သားက
    လေးတွေကိုလှမ်းမျက်စောင်းထိုးလိုက်ရတာတုန်းဗျ?:P အစ်မနော်..အစ်မ.ဟွန်း........:D:D

    ReplyDelete
  13. ဟားဟား... ရီရတယ်ဗျို့.... ရေးသွားပုံများ... :D

    ReplyDelete
  14. ဂျက်ဂျက်ကို ပတ်ပြေးနေတာ မိစံက လာချောင်းတော့လည်း ...

    ReplyDelete
  15. @SHWE ZIN U
    ဟုတ်ကဲ့..အားပေးတာကျေးဇူးအထူးပါရှင်။

    ReplyDelete
  16. အဟမ်း..အဟမ်း !
ွှအစ်မရွှေစင်ဦးရှင်.အားပေးတဲ့အတွက်အထူးကျေးဇူးပါနော်။
    အန်တီတင့်ရှင်..အနစ်နာခံပြီးချေးပေးမယ်ဆို.သမီးစံကိုအရင်ချေးပါနော်း)
    အစ်မနတ်သမီးရှင်..ကျေးဇူးကမ္ဘာပါရှင်။နောက်လည်းအားပေးပါနော်။:P
    မြတ်ကြည်..အကြွေးရဘူး။ဒါပဲ.:D
    ဘုန်းဘုန်းတောက်ပ..မနားရပါဘူးဘုန်းဘုန်းရယ်း(
    မြစ်ဆုံရေ.အစ်မမှာညီမရှိဘူးကွဲ.အဲ.မောင်တော့ရှိတယ်း)
    Mishell..ရေ ဂဏ်ထူးမှန်းပေးတာကျေးကျေးပါး))
    အစ်ကိုသျှင်နေမင်းရှင်.ရပါတယ်.စောင့်ပေးပါ့မယ်.မရေးလို့တော့ရဘူးနော်။
    မောင်ချင်းရဲ့..ကြွားမှာပဲ.အပျိုကြီးပဲး))
    Candy နှမရေ..အားရပါးရရယ်ပါရှင်။
    အစ်ကိုစန်းထွန်း.ဟီးးး.မိစံကလာချောင်းတော့ဘယ်လိုဖြစ်သွားတုန်းတော့်း)

    ReplyDelete
  17. အဟမ်း..အဟမ်း !
ွှအစ်မရွှေစင်ဦးရှင်.အားပေးတဲ့အတွက်အထူးကျေးဇူးပါနော်။
    အန်တီတင့်ရှင်..အနစ်နာခံပြီးချေးပေးမယ်ဆို.သမီးစံကိုအရင်ချေးပါနော်း)
    အစ်မနတ်သမီးရှင်..ကျေးဇူးကမ္ဘာပါရှင်။နောက်လည်းအားပေးပါနော်။:P
    မြတ်ကြည်..အကြွေးရဘူး။ဒါပဲ.:D
    ဘုန်းဘုန်းတောက်ပ..မနားရပါဘူးဘုန်းဘုန်းရယ်း(
    မြစ်ဆုံရေ.အစ်မမှာညီမရှိဘူးကွဲ.အဲ.မောင်တော့ရှိတယ်း)
    Mishell..ရေ ဂဏ်ထူးမှန်းပေးတာကျေးကျေးပါး))
    အစ်ကိုသျှင်နေမင်းရှင်.ရပါတယ်.စောင့်ပေးပါ့မယ်.မရေးလို့တော့ရဘူးနော်။
    မောင်ချင်းရဲ့..ကြွားမှာပဲ.အပျိုကြီးပဲး))
    Candy နှမရေ..အားရပါးရရယ်ပါရှင်။
    အစ်ကိုစန်းထွန်း.ဟီးးး.မိစံကလာချောင်းတော့ဘယ်လိုဖြစ်သွားတုန်းတော့်း)

    ReplyDelete
  18. အဟမ်း..အဟမ်း !
ွှအစ်မရွှေစင်ဦးရှင်.အားပေးတဲ့အတွက်အထူးကျေးဇူးပါနော်။
    အန်တီတင့်ရှင်..အနစ်နာခံပြီးချေးပေးမယ်ဆို.သမီးစံကိုအရင်ချေးပါနော်း)
    အစ်မနတ်သမီးရှင်..ကျေးဇူးကမ္ဘာပါရှင်။နောက်လည်းအားပေးပါနော်။:P
    မြတ်ကြည်..အကြွေးရဘူး။ဒါပဲ.:D
    ဘုန်းဘုန်းတောက်ပ..မနားရပါဘူးဘုန်းဘုန်းရယ်း(
    မြစ်ဆုံရေ.အစ်မမှာညီမရှိဘူးကွဲ.အဲ.မောင်တော့ရှိတယ်း)
    Mishell..ရေ ဂဏ်ထူးမှန်းပေးတာကျေးကျေးပါး))
    အစ်ကိုသျှင်နေမင်းရှင်.ရပါတယ်.စောင့်ပေးပါ့မယ်.မရေးလို့တော့ရဘူးနော်။
    မောင်ချင်းရဲ့..ကြွားမှာပဲ.အပျိုကြီးပဲး))
    Candy နှမရေ..အားရပါးရရယ်ပါရှင်။
    အစ်ကိုစန်းထွန်း.ဟီးးး.မိစံကလာချောင်းတော့ဘယ်လိုဖြစ်သွားတုန်းတော့်း)

    ReplyDelete
  19. အဟမ်း..အဟမ်း !
ွှအစ်မရွှေစင်ဦးရှင်.အားပေးတဲ့အတွက်အထူးကျေးဇူးပါနော်။
    အန်တီတင့်ရှင်..အနစ်နာခံပြီးချေးပေးမယ်ဆို.သမီးစံကိုအရင်ချေးပါနော်း)
    အစ်မနတ်သမီးရှင်..ကျေးဇူးကမ္ဘာပါရှင်။နောက်လည်းအားပေးပါနော်။:P
    မြတ်ကြည်..အကြွေးရဘူး။ဒါပဲ.:D
    ဘုန်းဘုန်းတောက်ပ..မနားရပါဘူးဘုန်းဘုန်းရယ်း(
    မြစ်ဆုံရေ.အစ်မမှာညီမရှိဘူးကွဲ.အဲ.မောင်တော့ရှိတယ်း)
    Mishell..ရေ ဂဏ်ထူးမှန်းပေးတာကျေးကျေးပါး))
    အစ်ကိုသျှင်နေမင်းရှင်.ရပါတယ်.စောင့်ပေးပါ့မယ်.မရေးလို့တော့ရဘူးနော်။
    မောင်ချင်းရဲ့..ကြွားမှာပဲ.အပျိုကြီးပဲး))
    Candy နှမရေ..အားရပါးရရယ်ပါရှင်။
    အစ်ကိုစန်းထွန်း.ဟီးးး.မိစံကလာချောင်းတော့ဘယ်လိုဖြစ်သွားတုန်းတော့်း)

    ReplyDelete
  20. This comment has been removed by a blog administrator.

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..