Friday, September 23, 2011

တို့ကျောင်း..

ဘလော့ဂါမိတ်ဆွေ..အစ်ကို၊အစ်မများ မောင်ညီမလေးများတို့ရေ..။စာမေးပွဲနောက်ဆုံးနေ့က
သမီးစံကျောင်းမှာဘာလုပ်ခဲလဲသိချင်ကြဘူးလားဟင် ..! အဲဒီ့နေ့က သမီးစံ ကျောင်းမှာ “ပိုကာဆွဲ”.. အဲလေ
ကျောင်းကိုတစ်ဝက်ပြည့်အောင်ပတ်ပြီး...ဓာတ်ပုံရိုက်ခဲ့ကြောင်းပါရှင်။(တပတ်လုံးတော့မပတ်နိုင်ပါဘူး..မောလို့း)
တစ်ချို့ကျောင်းသားများကတော့ထင်ကြမှာပဲ..ဒီအစ်မကြီး..စာမေးပွဲမဖြေနိုင်လို့..နှုတ်ဆက်တဲ့အနေနဲ့
ကျောင်းကြီး ကို ဓာတ်ပုံ ပတ် ရိုက်နေ တယ် လို့လေ..တ ကယ်တော့ ကိုယ် လည်းကိုယ့်အကြောင်းနဲ့ကိုယ် ကုန်ကြမ်း ရှာနေရတာ သူတို့လေးတွေမှ မသိကြတာကိုး နော..။ လျှောက်ရိုက်တုန်းကတော့ ဟိုလူကကြည့် ဒီ လူ ကကြည့်နဲ့ တော်တော်လေးအနေ ခက် ပါတယ်ရှင်။(ဘလော့ဂါလုပ်ရတာ အဲဒီ့အခက်အခဲလေးတော့ရှိလေ ရဲ့ နောက်တော့နေသားကျ သွားမှာ ပါလေ နော်)။သူငယ်ချင်းတွေကလည်းမေးကြတယ်..နင်က လူတွေ မရိုက်ပဲ ကျောင်းကိုပဲ ရိုက်နေတယ်..ဘာလုပ်ဖို့လဲတဲ့...။ပြောလိုက်ချင်ရဲ့.“.ငါကဘလော့ဂါလေလို့” အဲ လိုပြောရင်.. သူတို့က နားလည် မှာမ ဟုတ်ဘူး...။မျောက်ကို အုန်းသီးကျွေးသလို ပဲဖြစ်နေ မှာလေ..ဟီးးးးး။(အမှန်ကတော့ သူတို့ကောင်း လို့ ဒီ လိုရိုက်ခွင့် ရခဲ့တာပါ။ ဟိုဟာကလှတယ် ဒီမြင်ကွင်း က မကောင်းဘူးနဲ့ အကြံပေးကြလို့ပါ။)သမီးစံ သူငယ်တန်းကနေ ခုချိန်ထိ သူငယ်ချင်း ကံကောင်း ပါတယ် တွေ့တဲ့သူအားလုံးက ကိုယ့်အပေါ် တစ်နည်းနည်းနဲ့ အနစ် နာခံကြသူ ချည်းပါပဲ ။ပြော မနာဆို မနာတွေပါ။အဲဒီတော့ သမီးစံက ဆိုးပါတယ်။ဒါ့ကြောင့် သူငယ်ချင်းတွေ အပေါ် တစ်ခုခုပြောမှားဆိုမှား ရှိခဲ့ရင် ၊ ရှိလာရင် ခွင့်လွှတ်ပေးဖို့ ကြိုတင်တောင်း ပန်ထား ပါရစေ။ကိုယ် ဆက်လျှောက် ရမယ့် ဘလော့ဂါခရီးက အရှည်ကြီးကိုးးး သမီးစံကို“စ”ရင်လည်း လုံးဝစိတ်မဆိုးတတ် ပါဘူးဆို တဲ့အကြောင်း .. သတင်းကောင်းပါး အသိပေးထားပါရစေရှင်။အရမ်းကြီးလဲ မ“စ” ပါနဲ့နော်..။ အသည်းငယ် တတ်လို့ပါ..။ (အပျိုကြီးဖြစ် မယ့် လူ ဆိုတော့ လည်း....း))
ကဲပါလေ.....ကြော်ငြာဝင်နေတာနဲ့ လိုရင်းကိုမရောက်တော့ဘူးး)။

ဟုတ်ကဲ့ပါ ..အင်မတန်မှလှပ၊သာယာ၊ခန့်ညား၊စိုပြေ၊သစ်လွင်လှပါသော..သမီးစံတို့ကျောင်းကြီးနဲ့
မိတ်ဆက်ပေးချင်လို့ပါ (ကြွားတာဟုတ်ပါဝူးနော် အဟမ်း...အဟမ်း !) ဒီကျောင်းကြီးက ပြီးခဲ့ တဲ့နှစ်ကမှ ဆောက် လို့ပြီးသွားတာပါ။ အားလုံးပေါင်း မြေညီထပ်အပါအ၀င် အထပ်သုံးထပ်ရှိပါတယ်။နာ ဂစ်ပြီးမှ ဆောက် တဲ့အဆောက် အဦးဆိုတာ မြင်တာနဲ့သိကြမှာပါ။( လေးဖက်လေးလံ အပေါက်တွေ ချည်းပဲကိုး) ၊ဆောက်ထား တာ အင်မ တန်စနစ် ကျပါတယ်။ (မိုးအရမ်း ရွာ ရင်တော့ ကော် ရစ် တာ ကို မထွက်ရဲဘူး မလုံလို့ ..ဟိ..)။ကြားမိလိုက်ကြတယ်မှတ်လား..ပြီးခဲ့တဲ့ မတ်လလောက် က တောင်ကြီးအေး သာ ယာကျောင်းကြီး ပြိုသွားလို့ဆိုပြီးတော့လေ။(ပြောပြရင်လည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသ လိုပါ ပဲလေ ပြောတော့ ပါဘူး ။)ဟုတ်ကဲ့..ဒီနည်းပညာတက္ကသိုလ်ကျောင်းကြီးကတော့ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့စွန်မှာ တည်ရှိကြောင်းပါရှင်။ရန်ကုန်ကသွားမယ်ဆိုရင်တော့ တစ်နာရီတိတိကား စီးရပါတယ်။ မနက်ရှစ်နာရီခွဲမှာ ကျောင်းတံခါးပိတ်ပါတယ်။သမီးစံတို့ဘယ်တော့မှမမှီပါဘူး။ကိုးနာရီမှကျောင်းကိုရောက်ပါတယ်။
ဒါ့ကြောင့်မလွယ့်တလွယ်အပေါက်ကကျော်တက်ရပါတယ်။(အဲဒီ့အပေါက်ကိုတောင်ရိုက်မလို့ သူငယ်ချင်းတွေ က ၀ိုင်းဆွဲထားကြလို့)း)။ဆိုးပါတယ်ဆိုနေ....... ။ညနေကျတော့ သုံးခွဲလွှတ်ပါတယ်။ ဖယ်ရီကားတွေကေ တာ့ လေး နာရီ မှထွက်ပါတယ်။ကျောက် တန်းရေလယ် ဘုရားနဲ့လည်းနီးနီးလေး.ရယ်.။ ကားခငါး ဆယ်ပဲပေး ရတယ်။ ထန်းရည်ဝိုင်းကလည်းပေါလို့ အဲ. ဖွာတေး..( ဘာတွေလျှောက်ပြောမိနေပါလိမ့်)။ ပါချုပ် နာမည် ကတော့ ဒေါက်တာ အောင်ကျော်မြတ် ဖြစ်ကြောင်းပါ။မော်ကွန်းထိန်းနာမည်ကတော့ ဒေါက်တာထွန်းထွန်းပါ။
ဒုတိယမော်ကွန်းထိန်းကတော့ မိတ်ကပ်ခင်စန်းဝင်း . အဲလေ. ဒေါ်ခင်စန်းဝင်းဖြစ်ကြောင်းပါ။
ဒီပို့စ်ရေးခါနီးမှနာမည်တွေမေးလာတာ..ဟိဟိ။ကြော်ငြာဝင်ပါရစေ..။ပါချုပ်ကြီးက လူပျိုကြီးပါ။ သူ့ရှေ့မှာ သမီး ရည်း စားနှစ်ယောက် လက်တွဲပြီးလျှောက်သွားရင်တောင် မိဘခေါ်တတ်လေ့ရှိတဲ့ သဘော ထားပြည့်ဝ သူကြီးပါ။းP

ဟုတ်ကဲ့.... .ဒါလောက်ဆိုရင်တော့ ကျောင်းအကြောင်းနဲ့ပတ်သက်လို့ဖူလှုံသွားပါပြီ။ဆက်ပြီးတော့ ဓာတ်ပုံများ နဲ့မိတ်ဆက်ပေးပါရစေ..............။


ဒါကတော့..ကျောင်းအ၀င်လမ်းတစ်ဝက်က ရိုက်ထားတာပါ။


ဒီနေရာက ကျောင်းဘဏ်ဏာရေးကနေလှမ်းရိုက်ထားတာပါ အမိုးချွန်ချွန်နဲ့အဆောက်အဦးလေးကတော့
ပါချုပ်ရုံးခန်း..မော်ကွန်းထိန်းရုံးခန်း ရှိတဲ့နေရာလေးပါ။
(သိတယ်မှတ်လား ရိုက်တာတောင်အဝေးကလှမ်းရိုက်တာ အနားတောင်မသီဘူး ဟိဟိ)


အရမ်းကြည့်လို့ကောင်းလို့ နောက်တစ်ပုံထပ်ရိုက်ထားတာ !


ဒါကတော့ work shop တွေပါ။ဘာတွေသင်လဲ?ဟုတ်လား..
မသိဘူးလေ ။အထဲကိုတောင်စာမေးပွဲဖြေမှဝင်ရတာ
(အခန်းမလောက်ရင် အဲဒီထဲမှာဖြေရတယ်လေ)


ဒီနေရာကတော့..ကျောင်းကနေ အ၀ကိုပြန်ရိုက်ထားတာပါ။ကျောက်ခင်းလမ်းကတော့
ကျောင်းသားတွေ ကျောင်းပြီးသွားရင် ဘ၀င်မမြင့်အောင်၊အောက်ခြေကနေ“သွားတတ်အောင်”
အချောမသတ်ပဲ ကျောက်ခဲတွေဖြည့်ခင်းပေးထားတာပါ။း)


ဒီပုံကတော့..ဒုတိယမြောက်လှေခါးကနေ လှမ်းရိုက်ထားတာပါ
ညနေကျောင်းဆင်းရင် ကျောင်းသားတွေ ဖယ်ရီစောင့်ရင်း ဘောလုံးကန်တဲ့နေရာပေါ့။
ပါချုပ်ရောင်းလှည့်ရင်တော့..အခုလိုပဲ၊ရှင်းလင်းနေပါတယ်။


ဒါကတော့ အပျိုကြီးတို့အတွဲ..အဲလေ..ဟုတ်ပါဘူး အပေါ်ဆုံးထပ်လှေကားကနေလှမ်းရိုက်ထားတာပါ။


ဒီပုံကလည်း ဟိုးးးးးးးး အပေါ်ဆုံးထပ်ကနေလှမ်းရိုက်ထားတာ
သမီးစံနောက်က အခန်းမှာ ME တွေစာသင်နေတယ် (ရှုး တိုးတိုး )



ဘွဲ့နှင်းသဘင် ဘေးတံခါးပါ ဘေးနှစ်ဖက် မှာနှစ်ပေါက်စီ နောက်မှာတစ်ပေါက်
အားလုံးငါးပေါက်ပေါ့နော် (ပိုကာဆွဲတာဟုတ်ဘူးနော်)အခုမြင်ရတဲ့အပေါက်ကတော့ ဘေးပေါက်ပါ
သူ့အရှေ့မှာ တစ်ပေါက်ရှိပါတယ်။


အခုမြင်နေရတာကတော့ “ကွန်ပျုတာ Room” လို့ခေါ်ပါတယ်။
မှတ်မှတ်ရရပြောရရင်..အဲဒီ့နေ့မှ ဖွင့်ထားတာပါ။ဆရာမနှစ်ယောက်ဝင်ပြီး ပါဝါကြိုးတွေဖြုတ်ရောင်း
အဲ.. လိုက်စစ်နေတာတွေ့ခဲ့ရပါတယ်။
သမီးစံလည်း အလွမ်းပြေ သေချာကြည့်ခဲ့လေရဲ့...။

ဒါကလည်း ဟိုးအပေါ်ဆုံးထပ်ကနေ လှမ်းရိုက်ထားတာပါ ရှေ့တည့်တည့်က အမိုးချွန်အဆောက်အဦးကတော့
ဘဏ်ဏာရေးငှာနဖြစ်ပါတယ်။ စောစောကသမီးစံရိုက်ခဲ့တဲ့နေရာက ဘယ်ဘက်ကရေရင်နှစ်ပေါက်မြောက်ပေါ့။


ဒီစေတီလေးကတော့... ကျောင်းက မ တည်ပြီး တည်ထားတဲ့ ကျောင်းရဲ့ စေတီလေးပေါ့ရှင်
ဘုရားလေးစေတီလို့ အမည်တွင်ကြောင်းပါ။



ဒါက ကန်တင်းသွားတဲ့လမ်းပါ။အစိမ်းရောင်အမိုးနဲ့ ဖျင်တဲလေးကတော့ သစ်ပင်ပေါက်လေးတွေ
ထားတဲ့နေရာပါ


ဒါက ကျောင်းရဲ့ အနောက်ဖက်မြင်ကွင်း စိမ်းစိမ်းစိုစိုနဲ့ လှတယ်နော်.. မိုးရာသီဆိုရင်တော့
မြွေနဲ့တစ်ခါတစ်ခါတိုးလေရဲ့း) (မကြောက်ပါနဲ့ မြတ်လျှောလေးပါပဲ :P )


မိန်းထဲမှာဆို အဓိပတိလမ်းပေါ့နော်! ဒါက ကျောင်းဆောင်အဟောင်းရဲ့အ၀င်လမ်းပါ။



ဘက်စ်ကားဂိတ် (ရှေ့ကတစ်ယောက် ကားခရှာနေတယ် လွယ်ရင်ထုတ်ပေးလိုက်ပါဦးနော်)
မောင်ချင်းတို့၊အိပ်ရာတို့၊မြစ်ဆုံတို့ဆို ဘာပြောကောင်းမလဲနော်။ :)
အပြေးအလွှားသွားမှမြင်ယောင်သေးးP



ဒီအဆောင်က အာခီဆောင်ပါ။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အဲဒီမှာပဲတက်ရပါတယ်။
သူတို့က ပုံမှန်မဟုတ်တော့လေ သိတယ်မှတ်လား !
အဆောင်သပ်သပ်ခွဲထားရတယ် ။း)


စီမံရေးရာငှာနပါ။ တာဝန်ရှိလူကြီးမင်းနာမည်က ဦးတင်မြင့်တဲ့ သမီးစံအဖေပေါ့။း)
တစ်ချို့ကလည်း ခေါင်းဖြူကြီးလို့ခေါ်ကြလေရဲ့..။သမီးစံတို့ကတော့ ဦးကျော်ဟိန်းလို့ခေါ်ပါတယ်။




စီနီယာ အစ်မတစ်ယောက်နဲ့ အမှတ်တရ
(အဟမ်း..အဟမ်း ! ကြော်ငြာ )


“ဘွဲ့နှင်းသဘင်ပါ” အဲလိုပဲ အခန်းအနားမရှိရင်တော့ ဂိုထောင်ပါပဲ။
အဲဒါတွေမကြိုက်တာပေါ့ ...ဟွင်း။(ထည့်ထားတာက Drawing ခုံတွေပါ။)


ဒါက အိမ်ပြန်ဖို့ ကားစောင့်ရင်းနဲ့ ရိုက်လိုက်တာ ..။
အထဲက ကျောင်းခေါင်းစီးက အကြီးကြီးဆိုတော့ အပြင်ကမုဒ်ဦးလေးက
အလိုလိုသေးသွားရတာ။တံခါးပေါက်အစိမ်းကတော့ “၀င်ပေါက်”ပေါ့။

ဟုတ်ကဲ့....နောက်ဆုံးအနေနဲ့ပြောရရင်တော့..

နည်းပညာတက္ကသိုလ် (သန်လျင်)မှာ သင်ကြားပေးတဲ့ ဘာသာရပ် (၁၀)ခုရှိပါတယ်။
စီစဉ်ပြရရင်တော့ဖြင့်......
(၁)အလကားနေအလကား Drawing ခဲတံပဲချွန်၊ အချိန်ပြည့်ပုံပဲဆွဲနေရတဲ့.. Archi Major
(၂)“ဘိလပ်မြေတစ်ဆ၊သဲငါးဆ” ဆောင်ပုဒ်အတိုင်းမပျက်မကွက်လိုက်နာတဲ့ Civil Major
(၃)ပျက်တဲ့စက်ကိုပြင်ရင်“ဆုတ်”၊မကောင်းတဲ့စက်ကိုပြင်ရင်“ပစ်”ရတဲ့ Mechanical Major
(၄)မီးလာနေတုန်းပလတ်ပေါက်ထဲလက်ထိုးထည့်ရင်တစ်သက်လုံးလေမဖြတ်တော့ဘူးလို့ပြောတဲ့ EP Major
(၅)Circuit ဆင်တယ် ပြီးရင်ပျက်တယ်၊ဆင်တယ်ပျက်တယ်.လုံးလည်ချာလည်လိုက်နေတဲ့ EC Major
(၆)Program တွေကို အလွတ်ကျက်တဲ့နေရာမှာ “ပြိုင်စံရှား”တော်တဲ့ Information Technology Major
(၇)စက်ရုပ်တွေအကြောင်းသင်တယ်။ Robot ဆိုတာဘာလဲမေးရင်မသိတဲ့ Mechatronics Major
(၈)ဓာတုပစ္စည်းတွေအကြောင်းသင်တယ်၊ဘီယာချက်တာသင်တယ်။ပြီးရင်ကိုယ့်ဟာကိုမြည်းပြီးအမြဲမူးနေတဲ့ Chemical Major
(၉)ရာဘာနဲ့ပလတ်စတစ်အကြောင်းတွေသင်တယ်..။သင်္ကြန်ရောက်ရင်ကော်ခွက်တွေကိုယ်တိုင်လုပ်ပြီးရေပက်တဲ့ PR Major
(၁၀)ကျောင်းသားတွေ ပြောလို့ရရင်ရ မရရင် ရေနံလောင်းပြီး “........”တဲ့ Petrol Major
(စကားမစပ်...တစ်ကျောင်းလုံး “Queen”က Petrol Major မှာရှိပါတယ်။)


ပျော်စေပျက်စေနောက်တာပါရှင်..။တကယ်တော့အဲသလိုမဟုတ်ပါဘူး။
(သမီးစံ ဘာမေဂျာလဲ မမေးနဲ့ အလျော့ပေါ့ဆုံးရေးထားတာ ကိုယ့်မေဂျာပဲ ဟဲဟဲ )

စာဖတ်သူအပေါင်း.....

“ စိတ်သွားတိုင်းကိုယ်ပါ၊ လူသွားတိုင်းဖိနပ်ပါ၊ လိုရာဆန္ဒများ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေကြောင်း ”

ခင်မင်လေးစားစွာဖြင့်...

Image and video hosting by TinyPic

27 comments:

  1. အဲ့လို ဓာတ်ပုံလေးတွေနဲ့ တင်ရင် သိပ်ကြိုက်... ဒါနဲ့ လူပုံက တစ်ပုံပဲပါတယ်... နောက်ဆိုများများတင်နော်... အစ်မက ရန်ကုန်မှာနေတာလား... မသိပါဘူး... ပြည်ပကပဲထင်လို့... ရန်ကုန်မှာလည်း blogging နိုင်တယ်ဆိုတော့ connection တော်တော်ကောင်းပုံပဲနော်... :D

    ReplyDelete
  2. အားမနာဘူး။ ရေးမယ်နော်။ စိတ်မဆိုးကြေးနော်။ ကဲ ရေးပြီဗျာ။ အဟမ်း အဟမ်း။ သမီးစံက အပျိုကြီးဆိုတာ ဟုတ်လား။ မဟုတ်လောက်ပါဘူး။ လျှောက်ပြောတာနေမှာပါ။ ပုံထဲမှာ ငယ်ငယ်လေး ရှိသေးတဲ့ဥစ္စာ။ သမီးစံစာဖတ်ရတာ ဟာသမဟုတ်တာကို ဟာသဖြစ်အောင် ရေးတတ်တယ်နော်။ အမှတ်ပြည့်ပေးတယ်။ ရော့ ၁၀-မှတ် ၁-ပြန်ဖြုတ်။ နောက်တာပါ။ ၁-ပြန်မဖြုတ်ပါဘူး။ ဒီထက် စာကိုလေ ပုဒ်ထီး၊ ပုဒ်မတွေ၊ စာပိုဒ်တွေကို ဂရုတစိုက်သေချာရေးထားရင် ဖတ်လို့အရမ်းကောင်းမှာ သိလား။ ပြောသာပြောလိုက်ရတာ စိတ်ဆိုးသွားပြီလား မသိ။ အင့်...မဆိုးလောက်ပါဘူး။ ပြောနေရင်းနဲ့ ဘယ်ရောက်သွားမှန်းလည်း သိတော့ဝူး။ တော်ပီနော်။ ကျန်းမာပျော်ရွှင်ပါစေဗျာ...

    ReplyDelete
  3. ဟုတ်တယ်ကန်ဒီရေ
    အစ်မက ရန်ကုန်မှာပဲနေတာပါ
    ကျောင်းမပြီးသေးလို့ညီမ
    ကျောင်းပြီးရင်တော့ ရေစက်ချရင်းနဲ့
    ခြင်ကျားပူကိုလာခဲ့ပါ့မယ်ရှင် :P
    ကွန်နစ်ရှင်ကောင်းပုံကတော့ ဖလန်းဖလန်းပဲညီမရေ.
    ဖြတ်ဖြတ်ကိုလူးလို့း))

    ReplyDelete
  4. ကျောင်းကတော့ ကြည့်ရတာ တော်တော်မဆိုးဘူး ကောင်းတယ်လို့ ပြောရမယ် သစ်ပင်များများစိုက်ပြီး အပင်ကြီးတွေ များလာပြီး အရိပ်ရရင်တော့ အေးချမ်းပြီးပျော်ဖို့ ပိုကောင်းမယ်နော်။ စာမေးပွဲဖြေနိုင်တယ် မဟုတ်လား။ အောင်မြင်ပါစေ ညီမလေးရေ။

    ReplyDelete
  5. အပျိုကြီးတော့ ကြော်ငြာထည့်ပြီ .... အဟီး ....

    ReplyDelete
  6. စီနီယာအမကြီက ပဲခူးစုက လာမသိဘူနော်.......
    မြင်ဖူးသလိုလိုနဲ့  မေးကြည့် ပေးပါ...
    အနော်ကို သိရဲ့ လားလို့ ..းP

    ReplyDelete
  7. ဘုန်းဘုန်းတောက်ပ..အရမ်းအရမ်းကျေးဇူးတင်ပါတယ်ဘုရာ့
    သေသေချာဂရုစိုက်ပြီးပြောပေးလို့အထူးကျေးဇူးပါဘုန်းဘုန်းး)
    ပြောပါပြီးသော်ကော ဘုန်းဘုန်းရယ် သမီးစံက စိတ်ဆိုးတတ်ပါဘူးဆို ;P
    အစ်မချောရှင်..ပေးတဲ့ဆုနဲ့တစ်လုံးတစ်ဝပြည့်ပါစေရှင်း))
    မောင်ဘုန်းရ..ငါ့ပုံကိုလက်ခံတာဒီဘလော့ပဲရှိတာကိုးကွယ့် ကြော်ငြာရတာပါ့း)
    အစ်ကိုသျှင်နေမင်းရေ..စီနီယာအစ်မက သန်လျင်သူပါပဲ တွေ့ဖူးမှာပေါ့ရှင်
    :P အစ်ကို့ကိုသိလောက်ပါတယ်။မေးကြည့်ပေးမယ်နော်း))
    ပြီးရင်မုန့်ကျွေးရမယ်နော် ဟဲဟဲ

    ReplyDelete
  8. မင်္ဂလာပါသမီးစံရေ... ကျောင်းတော်ကြီးဆီမှ ပညာရပ်ပေါင်းစုံကို စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့် သင်ကြားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ သမီးစံကို နိုင်ငံခြားတစ်နေရာကနေ ၀ပ်ဆိုက်သုံးနေတာလို့ ထင်နေတာ။ မြန်မာပြည်က တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်က ကမ္ဘာနဲ့ယှဉ်ပြီး အင်တာနက်ကနေ အမြင်တွေ ဗဟုသုတတွေကို ရှာဖွေနိုင်တာဆိုတော့ သမီးစံက အရမ်းတော်လို့ပေါ့။ တကယ်ပြောတာပါ။ ပြည်တွင်းမှာ တက္ကသိုလ်ကျောင်းသူ/သားအများစုက အဲလိုမဟုတ်ကြဘူးလေ... သမီးစံပိုသိမှာပါ... တကယ်ချီးကျူးပါတယ် သမီးစံရေ....(အပျိုကြီးလုပ်မှာဆိုပြီး ကြေငြာထားတော့)ဘာဆုပေးရမှာတုန်း။ အနာဂတ်မှာ မိသားစုအတွက်၊ တိုင်းပြည်အတွက် ဘသာသာ သသနာအတွက် ထွန်းတောက်လာမည့် ကြယ်တစ်ပွင်ဖြစ်ပါစေ။ အော် သမီးစံအဖေ ဦးကျော်ဟိန်းကိုလဲ ကျန်းမာချမ်းသာပါစေကြောင်း....

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  9. တို့ ကျောင်း ..အလန်းကလေးများ တွေ့ လိုက်ပီ
    ဦးရာလိုက်လို့ ချည်
    အချိုရည်မှာ ဘီယာပေါင်း မောင်တို့ စာသင်ကျောင်း
    အဲ..မှားလို့  သမီးစံတို့ စာသင်ကျောင်း
    ဘီယာသောက်ရင်မမူးတဲ့ဆော့ဝဲ ထွင်တဲ့ဘာသာ၇ှိလား..ကြော
    မကြောရင် နကို လာခေါ်မဲ့ ဒါဘဲ ကျန်တာ မန်ဒါလီ

    ခင်မင်စွာဖြင့် လူပျိုလေး အိုဘစံ..အဲလဲ့

    ကဗျာမူရင်း ..(ပန်းကလေးများ ပွင့်တော့မည်
    ဖူးတန်ဝင့်လို့ ချီ
    ရွှေရည်မှာငွေရည်လောင်;
    ငါတို့ စာသင်ကျောင်း)
    ၂တန်းမှာသင်ရတဲ့ကဗျာလားမသိဘူး
    အော်သင်္ခါရသဘောတရားတွေပါလား သမိစံရယ်

    ReplyDelete
  10. ကျောင်းလေးက လှတယ်နော်..သေသေချာချာ ဓာတ်ပုံရိုက်တင်ပေးထားတာပဲ..

    ReplyDelete
  11. ဦးမောင်တော်တယ်..ကဗျာစပ်တားP
    ဟုတ်တယ်စန်းထွန်းရဲ့လူကောမလှဘူးလား ဟီးး

    ReplyDelete
  12. တစ်ကျောင်းလုံး “Queen”က Petrol Major မှာရှိပါတယ်ဆိုတော့
    အဲတာသမီးစံရဲ့ major ပဲဖြစ်ရမယ်....
    ဓါတ်ပုံလေးတွေကရိုက်တဲ့သူလှတော့ သူတို့လေးတွေလဲ
    မလှချင် လှချင်နဲ့လိုက်ပြီးလှနေရတာပါ။

    ReplyDelete
  13. ဓာတ်ပုံလေးတွေစုံစုံလင်လင်နဲ့ ဗဟုသုတရတယ် သမီးစံရေ။
    တက္ကသိုလ်ကျောင်းသားဘဝကို ပြန်သတိရတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. အယ် သူများတွေက အစ်မ သမီးစံဆိုလို့ အသက်ကြီးပြီထင်နေတာ ..လွဲ ပဟဲ့.. ငယ်ငယ်လေး ရှိသေးတာကိုး
    သမီးစံ တို့ ကျောင်းကိုကြည့်ရင်း အိမ်မက်တို့ ဒဂုံ တက္ကသိုလ်လေးကို လွမ်းမိပါတယ်( ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ ချုံပုတ်တွေလဲ လှုပ်နေပြီကွာ..) JK
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  15. ဂျက်ရဲ့Petrol Major ကမိန်းကလေးလက်မခံဘူးကွဲ့
    အဲဒါကိုအစ်မကနောက်ပြီးရေးထားတာ ဟိဟိး))
    အန်တီတင့်ရှင်.အားပေးလို့အထူးကျေးဇူးပါ။
    တက္ကသိုလ်ဘ၀ကတော့.ကျောင်းပြီးမှသတိရတတ်ကြတာပါရှင့်
    လောလောဆယ်တော့သမီးစံကကျောင်းအမြန်ပြီးချင်တာပဲသိလို့
    ပျော်ရကောင်းမှန်းလည်းသိပါဘူးအန်တီရယ် :P
    အိမ်မက်နှမရေ..ဘယ်ကငယ်ရမှာလဲကွယ့်း))
    တမီးရှံ အတက်ကြီးပြီရှင့် စိတ်ပျိုလို့ကိုယ်နုနေတာပါရှင် ဟိဟိ
    အားလုံးကိုချစ်ခင်စွာဖြင့်
    သမီးစံ

    ReplyDelete
  16. သမီးစံရေ.. ကြော်ငြာကြောင့်ထင်ပါ့.. ကွန်မင့်တွေစီနေတာပဲ..ဟဲဟဲ..
    သမီးစံကို နိုင်ငံခြားတစ်နေရာကနေ ဘလော့သုံးနေတာထင်နေတာ... ပြည်တွင်းကနေ တက္ကသိုလ်ကျောင်းသူတစ်ယောက်က အင်တာနက်စာမျက်နှာကနေ ဗဟုသုတတွေကို ရှာမှီးနေတာတွေ့ရတော့ တကယ်ဝမ်းသာမိပါတယ်..။ တက္ကသိုလ်ကျောင်းသူ/သားဆိုတာ အဲလိုကိုဖြစ်နေရမှာ။ ပြည်တွင်းမှာ တက္ကသိုလ်ကျောင်းသူ/သားအများစုက အဲလိုမဟုတ်ဘူးလေ။ သမီးစံပိုသိမှာပါ။ သမီးစံကို တကယ်ချိုးကျူးပါတယ်..။ အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ပါစေ... အော်... သမီးစံအဖေ ဦးကျော်ဟိန်းကိုလဲ ကျန်းမာချမ်းသာပါစေကြောင်း...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  17. ဘုန်းဘုန်းချယ်ရီမြေ.ဘုန်းဘုန်းပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရာ့
    ဦးကျော်ဟိန်းကသမီးစံအဖေအစစ်ဟုတ်ဘူးဘုန်းဘုန်းရဲ့
    အဖေနဲ့နာမည်တူနေတာပါ။
    တပည့်တော်ရေးတာမရှင်းမရှင်းဖြစ်တွားတယ်ဘုန်းဘုန်း.း))
    ပျော်ရွှင်ချမ်းမြေ့ပါစေဘုန်းဘုန်း
    ရိုသေစွာဖြင့်

    ReplyDelete
  18. သမန်စီးလေး အပျိုကြီး တကယ်လုပ်မှာလားပြောစမ်းပါး)

    ခင်တဲ့ အမ
    မဒိုးကန်

    ReplyDelete
  19. ဒါပေါ့မမဒိုးကန်ရဲ့ ဟီးးး
    အမေ့ကိုတောင်ငှက်ပျောပင်စိုက်ခိုင်းထားပြီးပြီး :P

    ReplyDelete
  20. Hi sister,thanks for school photo,I also finish by Civil in 2005 that school.I miss school:(,New building is beautiful.I inform all of my friends in Singapore ,your blog have school photo.If u arrive in Singapore,u can contact me.suyeephyoe@gmail

    ReplyDelete
  21. ဟယ်တော့်..စိတ်မကောင်းလိုက်တာ.အစ်မ“စိုး”ရဲ့ကွန်မန့်ကို
    သမီးစံမှားဖျက်ပစ်လိုက်ပြီတော့်..အစ်မစိုး..ရှင်ထပ်ပြီးမန့်ပေးပါရန်
    ပန်ကြားပါတယ်ရှင်။ဆောဒီးပါအစ်မရယ်။
    မစုရီရှင့်..ဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်
    ပြီးမှ မောင်းမထုတ်နဲ့နော် ဟီးး
    အီးမေးလ်ကိုလည်း invite လုပ်လိုက်ပါပြီရှင်

    ReplyDelete
  22. ရေးဘူး။ ရေးဘူး။ စိတ်ဆိုးတယ်။ စိတ်ကောက်တယ်။
    ရေးဘူးကွာ။ လုံးဝရေးဘူး။ ရေးဘူးဆိုရေးဘူးပဲ။ ဒါပဲ...ဟွန့်။:(

    ReplyDelete
  23. အော..ရုတ်တရက်ကြည့်လိုက်တာ ပုသိမ်နည်းပညာ..မှတ်တာ..ပြောရအုန်မယ်..မြန်မာတစ်နိုင်ငံလုံးကနည်းပညာကျောင်းတွေက..ဒီပုံတွေပဲဟ

    ReplyDelete
  24. သမီးစံက သန်လျင်ကျောင်းကကိုး. ခုထိကျောင်းမပြီးသေးဘူးဆိုတော့ ကျွန်တော်တို့ထက် အများကြီးငယ်တာပေါ့.. ဒါပေမယ့် လူမှုရေးအလုပ်တွေကို ကျွန်တော်တို့ထက်တောင် ပိုလုပ်နိုင်တဲ့အတွက် လေးစားပါတယ်ဗျာ..

    ကျွန်တော်က ကျောက်ဆည်ကျောင်းက ပြီးတာလေ.. ကြာပါပြီ.. လာမည့် ၃၀ ရက်နေ့ မှာလဲ ကောင်းကောင်းဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..

    စိုင်းစိုင်း Z@!'s Life

    ReplyDelete
  25. ညီမလေး..အမတို့မေဂျာကိုအဲလိုပြောတယ်ပေါ့နော်...ဟွန်းးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  26. သမီးစံတို့သန်လျင်ကျောင်းက ကျနော်တို့ ပြည်ကျောင်းထက် ပိုလှတယ်နော်... ကျနော်တို့ ကျောင်းက တော့ထဲမှာဂျ... ( ကိုယ့်မေဂျာကို ကျတော့ ညွန်းတယ်နော် ပြိုင်စံရှားတဲ့ ဘာတဲ့ အိုင်တီ.... ဟုတ်တယ်နော်.... ဟေ့ နာတို့... EC ကို လာမပြိုင်နဲ့နော်... နာတို့လဲ circuit calculation တွေကို အလွတ်ကျက်ပီး ဖြေလာတာနော်.... ဟွန်းးးးးးးးးး ) ဘလော့ဂါ တယောက်အနေနဲ့ အောင်မြင်တာ ဂုဏ်ယူပါတယ်ဗျာ... အားပေးပါတယ်... မမ သမီးစံ.. ဖတ်ခွင့် လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးးးးးးးးးးးးး

    ReplyDelete
  27. ကျောင်းကြီးကို လာလည်သွားတယ်နော်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..