Wednesday, September 7, 2011

ခေတ္တ၊ခဏ..

ကဲ...ဘော်ဘော်တို့ရေ..သမီးစံ..မအားတော့ဘူးကွယ်..ဒါ့ကြောင့်အိမ်လေးခဏထားခဲ့ရအုံးမယ်။ အနည်းဆုံးတော့နှစ်ပတ်ပေါ့။အများဆုံးကတော့သုံးပတ်ခွဲ(မမူးလောက်ပါဘူးနော်...းP) ကြာမယ် ထင်ပါတယ်..ပထမ တော့ကွယ်.. တစ်ခါတုန်းက.. ပုံပြင်လေးနဲ့ လာသမျှလူတွေကို စောင့်ဖမ်းမလို့ပါပဲ။ နောက်တော့.. ပို့စ်အသစ် တင်တာ မတွေ့ရင်. .ယုန်ထင်၊ကြောင်ထင်.ထင်ကုန်မှာစိုးလို့ပါ ။ သမီးစံတစ်ယောက်အသစ်မ တင်နိုင်ရ အောင်ဘယ်တွေ များပျောက်နေပါလိမ့်။ “ပါ”များသွား ပြီလားဆို ပြီးတော့လေ. (အထင်ခံရလည်းမနည်းပါဘူးနော်း))..။ အဲသလိုမဟုတ်တဲ့အကြောင်းလေး.. ပြောပြရင်းနဲ့နှုတ်ဆက်ချင်လို့ပါ။ ဒါကြောင့်မို့. ပိုင်ရှင်မရှိပေမယ့်.. အိမ်လေးကိုလာ လည်စေ ချင်ပါတယ်။ အထဲမှာလည်း facility အပြည့်ထည့်ထားပေးခဲ့ပါတယ်။ (ဘာရယ်ညာရယ်ဟုတ်ပါဘူး.. လူရှိန်တာပေါ့နော်..)။ ကြည့်စရာရှိတာတွေ၊ ဖတ်စရာရှိတာတွေ၊ လှန်လှောပြီးတော့သာဖတ်သွား ၊ ကြည့်သွားကြပါလို့...နော.. ပြီးရင်လည်းသပ်သပ် ရပ်ရပ်လေးပြန်ထားသွားအုံးနော်..(ချို၊ချင်း၊စေရာ၊မိဘုန်း၊ဂျက်တို့ကိုပြောပါတယ်..အဲဒီ“မျောက်မူးလဲ”လေးတွေကအတော်ဆိုးတာကိုး:D)။
ခုချိန်မှာတော့...ဘယ်သူ့ဆီမှမသွားနိုင်သလို ..ဘယ်သူ့ဆီမှလဲမအော်နိုင်၊ မမန့်နိုင်လို့ဝမ်း“မ”သာနိုင်ပါရှင်။ အဲဒီအတွက် စိတ်လည်း မကောင်းပါဘူးနော်။ဒီကြားထဲ..စာမေးပွဲရှိတော့..ဖြေနိုင်အောင်လို့..ဓာတ်လိုက်၊ဓာတ်ကင်...လည်း လုပ်ဖို့ ရှိသေး အဟီး(“ဘုန်းဘုန်းချယ်ရီချက်”မသိပါစေနဲ့နော်သယ်ရင်းတို့..:P).ဒါကြောင့်မို့. .ဘုန်းဘုန်းများ၊ အစ်ကို၊အစ်များ၊ မောင်ညီမလေးများတို့ရေ. .တာ့တာပါနော်...။ခဏတော့ခွဲကြအုန်းစို့ကွယ်..။

“......ပြန်လည်ဆုံတွေ့ကြပါအုံးစို့ကွယ်......”

ခင်မင်လေးစားလျှက်..




15 comments:

ချယ်ရီမြေ said...

ဟားဟား... `ဇယန္တော´ အောင်ဂါထာ သက်စေ့ရွတ်ပြီး ဓာတ်ကင်ပေးလိုက်ပါ့မယ် သမီးစံရေ... အောင်မြင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မောင်ဘုန်း said...

ဟုတ်ပါပြီ .... ကြည့်ထားလိုက်မယ် ... အပျိုးကြီး ...
ဒါနဲ့  .... အဲ့ဒီ ပုံက အပျို ကြီးရဲ့ တူမလေးပုံထင်တယ်နော်
ကဲ ...ဆုတောင်းပေးအုံးမယ် ....
အပျို ကြီး တစ်ယောက် အခုဖြေမဲ့ သီလရှင် ဝင်ခွင့်စာမေးပွဲ အောင်မြင်ပါစေလို့ 
ဆုတောင်းလိုက်ပါတယ် ......:D

Anonymous said...

အိမ်း...စောင့် ရအုံးမှာပ....

သျှင်နေမင်း

jasmine(တောင်ကြီး) said...

ဟယ်တော့ ဘယ်သွားတာလဲ
မသိရဘူးလား.....
ဟီးဟီး
စိတ်ချ စောင့်ကြည့်နေမယ်..
နေ့တိုင်းလဲလာမယ်။
ချစ်တဲ့

ချယ်ရီမြေ said...

ဟားဟား..... `ဇယန္တော´အောင်ဂါတာနဲ့ ဓာတ်ကင်ပေးပါ့မယ်...
အောင်မြင်ပါစေ သမီးစံရေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Anonymous said...

ချမ်းမြေ့ပါစေ ညီမ

ရွှေစင်ဦး

အိမ်မက်စေရာ said...

တစ်ခုခုပဲ နော်.. စာပေးပွဲ တစ်ခုထဲ တင် မကဘူးထင်တယ်..( jk )
မြန်မြန်ပြန်လာနော်....မျှော်နေမယ်
ခင်တဲ့
အိမ်မက်

သမီးစံ said...

အခုလိုစကားလေးတွေကြားတော့..
အတိုင်းမသိဝမ်းသာမိပါတယ်..
တစ်ခြားကိစ္စရယ်လို့ထူးထူးထွေထွေမရှိပါဘူး..။
(မြန်မြန်ရှင်းမှ..နို့မို့ဆိုမလွယ်ဘူး :P)
စာမေးပွဲနီးနေလို့ပါ။း)
ဘာသာကနည်းနည်းများတယ်ကွဲ့...
စာတော့ကျေနေပါပြီ(ကျောအောက်ထားအိပ်လို့းP)
ကြားမှာပိတ်ရက်တွေခံလိုက်တော့..နှစ်ပတ်လောက်သွားတာကိုးရှင့်
း)))
နားလည်ပါနော်.. :D
ခင်မင်လျှက်..

Candy said...

စာမေးပွဲဖြေနိုင်ပါစေနော်.... :D

KMC@ချင်းလေး said...

ပါသွားတယ်အထင်ခံရလည်းမနည်းဘူးဆိုလို့ရယ်လိုက်တာအဝှာတောင်အောင့်သွားတယ်..ကန်တော့ကန်တော့..ဗိုက်တောင်အောင့်သွားတယ်ပြောချင်တာပါ။ :P

တောက်ပကြယ်စင် said...

ပိုင်ရှင်မရှိတုန်းလေး လာလည်သွားတယ်ဟေ့။ (စားစရာရှိတာလေး ကိုယ့်ဘာသာကိုယ် ခူးခပ်ယူစားသွားပါတယ်။ အဲ ဟုတ်ဖူး ဖတ်စရာရှိတာတွေ ရှာဖတ်သွားတယ် ပြောတာ။ ဟီး။) စာမေးပွဲ ဖြေနိုင်ပါစေနော်။ (မိန်းခလေးဖြစ်နေပေမယ့် ရယ်စရာလေးတွေတော့ ကြားညှပ်ညှပ်ပြီး ပြောတတ်သားနော်)။ ကျန်းမာပျော်ရွှင် အောင်မြင်ပါစေ မိစံရေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော့ဘန်နာထဲက မျက်လုံးပြူးပြူးကောင်မလေးဟာ သမီးစံရဲ့ ပုံထင်ပါရဲ့ ။
ခုလည်း ဘယ်တွေလျှောက်လိမ့်နေပါလိမ့်..
အစစအဆင်ပြေပါစေညီမလေး
စာမေးပွဲလည်းဖြေနိုင်ပါစေနော်

8Yar said...

ဟောဂျာ။ လုပ်ပြီ သမံစီးတို့ကတော့။ တတ်နိုင်ဘူး သူမရှိတုန်းမွှေလိုက်အုံးမယ်။ အဲလေ စောင့်ရှောက်ထားပါ့မယ်လို့။ ဟီး..

san htun said...

စားမေးပွဲ ဖြေနိုင်ပါစေနော်...အိမ်လေးကိုလည်း ပိုင်ရှင်မရှိတုန်း ဂျွှမ်းထိုးမောက်ခုံဖြစ်အောင် လုပ်ထားလိုက်မယ်..စိတ်သာချ... :D

မောင်မောင် said...

စာမေးပွဲ ဖြေနိုင်ပါစေ

ခင်တဲ. မောင်မောင် (မြစ်ဆုံ)

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes