Friday, September 23, 2011

Save The Ayeyarwaddy !

အခုတလောဘလော့ဂါမောင်နှမတွေဆီမှာ.အဆင့်ဆင့်ပျံ့နှံ့နေတဲ့စိတ်မကောင်းစရာသတင်းတစ်ရပ်ကတော့...
မြန်မာပြည်ရဲ့အသက်သွေးကြော..မြစ်ကြီး“ဧရာဝတီ”ရဲ့ဝမ်းနည်းဖွယ်..နေ၀င်ချိန်ကိုတဖြည်းဖြည်းနီးကပ်လာနေ
ပြီဆိုတာပါပဲ။ပထမတော့အေးမလိုလိုနဲ့.ခုချိန်မှာတော့.အခြေအနေတွေဟာတော်တော်ဆိုးနေပြီဆိုတာသိလိုက်ရပါတယ်။
ဒီကနေ့မှာဒီစီမံကိန်းကိုကန့်ကွက်ပါကြောင်းမိမိတို့ဘလော့မှာတညီတညွတ်တည်းတစ်နေ့တည်း
တင်ကြဖို့ဘလော့ဂါအားလုံးကိုအစ်မရွှေစင်ဦးမှအကြောင်းကြားထားတာတွေ့လိုက်ရပါတယ်။
အစ်မရေ…ကြာသလားလို့…စိတ်ခေါ်ရင်ဖွာမခတ်ကြေးနော်..ကဲ….လာလေရော့။

“ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါတယ်”

သမီးစံမြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပေမယ့် မြစ်ကြီး “ဧရာဝတီ” နဲ့ ကျောင်းသုံး ဖတ်စာအုပ်ထဲမှာ လောက်ပဲ ရင်းနှီးခဲ့တာပါ။(မြန်မာလူမျိုးမပီသဘူးပြောရင်လည်းကျေကျေနပ်နပ်ကြီးခံယူပါတယ်။)..ဒါပေမယ့် ခုချိန်မှာကြားနေရတဲ့ သတင်းတွေ ၀င်လာတဲ့အီးမေးလ်တွေကို ဖတ်ပြီး “ဧရာဝတီ”မြစ်ကြီးနဲ့ တော်တော်ရင်းနှီးနေပါပြီ။ ကောင်းသော ရင်းနှီးခြင်းနဲ့တော့မဟုတ်ပါဘူး။ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးနဲ့ ပါ။ (သြော်….“ဧရာဝတီကိုဘယ်သူကယ်တင်ပါ့”!....။)ဒီအဖြစ်အပျက်အတွက် ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ? ၊ဘယ် သူ့ကို အပြင်တင်သင့်ပါသလဲ?၊ ကိုယ့်ဘာသာကိုယ်ပြန်မေးမိပါတယ်။အဆုံးမှာတော့ “….ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစား ၊ ကိုယ်ကောင်းဖို့ပဲကိုယ်ကြည့်၊ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်၊ဖြစ်လာတာ ကို အများက ခံ”.. ဒီလိုစိတ်ဓာတ်ရှိတဲ့သူတွေကို နားလည်မှုမပေးနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိ ပါတယ်။ (မည်သူ့ကိုမျှမရည်ရွယ်ပါ၊တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ။ကားပြာလေးလည်းကြောက်ပါသည်၊
ပဲထမင်းလည်းမစားဝံ့ပါရှင်း)၊ကိုယ်ငယ်ငယ်တုန်းက..သိထားတာကတော့ “ဧရာဝတီ”ဆိုတာ မြန်မာပြည်ရဲ့ ဆန်အိုးကြီးပါ။ ခုတော့…ဒီဆန်အိုးကို ခွဲတော့မယ်လို့သိလိုက်ရတော့..ဘယ်လိုပြောရမှန်းမသိအောင် ၀မ်းနည်း မိပါတယ်။ ဒီဆန်အတွက် လောက်င၊ဖူလှုံတဲ့သူတွေဆိုထားတော့…ဒီဆန်ကိုနေ့စဉ်မှီပြီး စားသောက်နေရတဲ့ ဘ၀တွေအတွက်ကော..ဘယ်လိုလုပ်ကြမလဲ?စဉ်းစားမိပါတယ်။
(မစဉ်းစားတဲ့သူတွေကတော့ရှေ့တိုးနေကြလေရဲ့…)။
စကားမစပ်ပြောရအုံးမယ်……အမေတို့ပြောတာကြားဖူးတယ် “တရုတ်ကဖိ၊ရှမ်းကအိ၊ရှိသည့်ဗမာ နောက် ကသာ” တဲ့..။ (မှန်လိုက်လေခြင်းနော်) ..။ ရှမ်းက အိ မအိ တော့ မသိပါ။ လောလောဆယ်တော့ ဗမာတွေပြားပြားဝပ်နေပါပြီ (ရိုသေတတ်ပုံများပြောပါတယ်။)..။ မဟုတ်ဘူးလားရှင်.. ဘယ်နေရာ ကြည့် လိုက်ကြည့်လိုက် တရုတ်-မြန်မာ၊မြန်မာ-တရုတ် ချစ်ကြည်ရေး..ဆိုတာ နေရာတိုင်းတွေ့ နေရတယ် မဟုတ်ပါလားနော်..။ရှိတာတွေလည်းကုန်နေပါပြီ (သမီးစံမပြောဘူးနော်း) ။အခုချိန်မှာတော့ ကျွန်မတို့နိုင်ငံရဲ့ အသက်သွေးကြော “ဧရာဝတီ”မြစ်ကြီးကတော့.. တရုတ်-မြန်မာ ချစ်ကြည်ရေးထဲ ရောက်လု ဆဲဆဲဖြစ်နေပါပြီရှင်။သြော်………“ဧရာဝတီ” ကို ဘယ်သူကယ်တင့်ပါ့….။
ဒီပို့စ်ရဲ့ခေါင်းစဉ် လေးအတွက်တော့ ..ဒီလောက်ပါပဲရှင်။ ခံစားနေရတာတွေကို ရင်ထဲရှိတဲ့ အတိုင်းရေးချလိုက်ရင် “တန်း”၀င်ရမှာ စိုးရိမ်လို့ပါ……။ ကိုယ်က အခုမှ “ညန်မာပြည်”မှာ ပဲရှိသေးတာ..။ တော်တော်ကြာ IP Address ကြည့်ပြီး လာခေါ်သွား ရင်ဒုတ် ကောက်မဟုတ်ပါလားနော်..။ အစ်ကိုအစ်မ၊မောင်ညီမလေးတို့တွေလို “ဆင်ဆာစာလုံး”မပါပဲ လိုရင်းရောက်အောင် .. မရေးတတ် လေတော့လည်း…….ဒီလောက်နဲ့ပဲ နှစ်သိမ့်ပေးကြပါရှင်…။ တစ်ခုတော့ရှိပါတယ်.. ကန့်ကွက်ပါတယ်ဆိုတဲ့ စာတန်းလေးကိုတော့..ဘာကိုမှဂရုမစိုက်ပဲ ရဲရဲ ၀ံ့ဝံ့ ရေးလိုက်တာ ပါ။
မိခင်“ဧရာဝတီ” အတွက် ရေးထားတဲ့ ကဗျာလိုလို စာလေးတော့ရှိလေရဲ့……..
“ ဧရာဝတီမှပေးစာ ……”

သင်တို့အတွက်...ငါဟာအိုမင်းသွားပြီလား
သင်တို့အတွက်...ငါဟာယိုယွင်းနေပြီလား
သင်တို့အတွက်...ငါဟာအသုံးမ၀င်တဲ့မြစ်တစ်စင်းဖြစ်နေပြီလား
ကြားရလို့မှမသင့်တော်...ငါ့အပေါ်ရက်စက်ကြတော့မယ်တဲ့။
ငါပေးတဲ့ဆန်ကိုစား...ငါကျွေးတဲ့သယံဇာတကိုမှီပြီး
ငါ့အပေါ်ဒီလိုနည်းနဲ့ကျေးဇူးဆပ်ကြမယ်တဲ့လား...
ကျေးဇူးမတင်ချင်နေပါ..ကျေဇူးတော့မကန်းကြပါနဲ့။
ငါ့ဘ၀..အစကတည်းက...
ရိုးရိုးသာမာန်မြစ်တစ်စင်းဖြစ်ခဲ့ရင်ကောင်းသား
ခုတော့ဖြင့်...လုပ်ရပ်လိုက်ကြတာ
ရက်စက်လိုက်ကြတာ..
ငါ့ကိုဆက်ပြီးမစီးဆင်းစေချင်တော့ဘူးတဲ့
လောကကြီးက...ဒီလိုကျတော့...တရားသတဲ့လား
အေးချမ်းစွာနဲ့…..
တသွင်သွင်စီးဆင်းနေတဲ့ငါ့ဘ၀ကို
မမြင်ချင်ကြတော့ဘူးလား။
အစဉ်အဆက်ပြုလာခဲ့တဲ့ကျေးဇူးကိုမှ
မထောက်ညှာ..ငါ့အပေါ်ရက်စက်ကြတော့မတဲ့လား
အခုတော့….
ငါ့အတွက်ဆိုပြီး… အဖြူအမည်းမသဲကွဲ
အဝေးကလာနေတဲ့
ကံကြမ္မာမှုံပြပြလေးကိုပဲ လက်မှိုင်ချကာ
စောင့်မျှော်နေရုံပေါ့…….။
-----------၊၊-----------------


“အမေ့ဘ၀လေး..ထာဝရ အေးချမ်းပျော်ရွှင်နိုင်ပါစေ ”
ဆန္ဒပြုရင်း...........

ချစ်သမီး “စံ”


image source : from google

8 comments:

  1. ညီမ ရေ

    ဧရာဝတီ အတွက် ညီမ ရဲ့ ကန့်ကွက် တဲ့ပိုစ့် လေးကိုဖတ်သွားတယ်နော်

    အမ တို့ အားလုံး ကန့်ကွက်ကြမယ်
    အမိဧရာဝတီ ထာဝရ ရှင်သန်ရမည်

    ချစ်တဲ့
    အမရွှေစင်

    ReplyDelete
  2. ကံကြမ္မာ မှုံပြပြလေး မဟုတ်ပါဘူး
    လက်မှိုင်လဲ မချပါဘူး ညီမငယ် စံ
    သားသမီးတိုင်းအတွက်
    အမေတွေ ဘယ်တော့မှ မအို
    မြန်ပြည်သူသားတိုင်းအတွက်
    ဧရာ ဘယ်တော့မှ မအို
    ထာဝရ နိုပျိုစီးဆင်းစေရမယ်


    ခင်မင်တဲ့
    seesein

    ReplyDelete
  3. အင်း...ရေပြီးမှတော့ ကြောက်မနေပါနဲ့ 
    အဖော်တွေအများကြီပဲဟာ...:p
    ဧရာဝတီအတွက် ဖော်ဝပ်မေးတွေဖြန့် ပြီ
    ပိုပေးကြရင်တော့ ကောင်းတယ်...
    ကျွန်တော်လည်မကြာခင်ပြန်လာတော့ မှာ
    လေဆိပ်ကနေအင်းစိန်မရောက်ရင်တော့ 
    ဘလောဂ်ဂါသမီးစံအားတွေချင်ပါသေတယ်....

    ReplyDelete
  4. ကဗျာလေးကောင်းလိုက်တာ အစ်မရယ်... ဧရာဝတီအတွက် ပိုစ့်လေး လာအားပေးတာ.. :D

    ReplyDelete
  5. အပျိုကြီးရေ ... ကျနော် လည်း ကန့် ကွက်ပါတယ် ... မရေးတက်လို့ သာမရေးတာပါ ... အပျိုကြီးလိုပဲ ဧရာဝတီအတွက် ခံစားမိပါတယ် .....

    ReplyDelete
  6. အစ်မရွှေစင်..ဆက်လက်ချီတက်ကြပါစို့ရှင်။
    အစ်မစစ..ဟုတ်ကဲ့..ထပ်တူထပ်မျှပါပဲရှင့်။
    အစ်ကိုသျှင်နေမင်းရှင့်.လာခါနီးရင်အီးမေးလ်ပို့လိုက်ပါ။လိပ်စာထည့်ပေးလိုက်မယ်လေ.နော်။း)လေဆိပ်ကနေလာရင်တော့ဆယ့်ငါးမိနစ်လောက်ပဲကြာပါတယ်
    နောက်နေ့မှအိမ်ကနေအေးအေးဆေးဆေးလာလည်းရပါတယ်။ :D
    ညီမငယ်ကန်ဒီ..အားပေးတဲ့အတွက်ကျေးဇူးပါညီမရယ်။မရေးတတ်ရေး
    တတ်ရေးထားတာပါ။း))
    မောင်ဘုန်းရေ.....မရေးတတ်ရင်..ကားနဲ့ပမာပြုပြီးရေးလေဟား))

    ReplyDelete
  7. မြစ်ဆုံရေကာတာစီမံကိန်းအား အပြန်အသတ်ကို ကန့်ကွက်ရန်သဘောတူပါတယ် သမီးစံရေ..
    ဧရာဝတီဘယ်တော့မှမအို အမြဲတမ်းနုပျိုလန်းဆန်းစွာဖြင့် ထာဝစဉ်စီးဆင်းနိုင်ပါစေဟု

    ချမ်းမြေ့ပါစေ
    ချယ်ရီမေ

    ReplyDelete
  8. မြစ်ဆုံဆည်စီမံကိန်းအား အကြွင်းမဲ့ ကန့် ကွက်သည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..