Thursday, September 29, 2011

Blogger သတင်းထောက် သမီးစံနှင့်အမှတ်ရဖွယ် Anniversary တစ်ခု


ခေါင်းစဉ်ကြီးကတော့ ခန့်ခန့်ကြီးပဲနော်း))
(သတင်းထောက် ငှား ချင်တဲ့သူများရှိရင် ဆက်သွယ်နိုင်ပါတယ်း) 

တောင်းပန်လွှာ

အောက်ဖော်ပြပါ အချက်အလက်များထဲမှ တစ်စုံတစ်ခုသော်လည်းကောင်း အများစုသော်လည်းကောင်း မှားယွင်းမှုများ ရှိနေပါက သတင်းထောက် သမီးစံ၏ ပေါ့လျော့မှုကြောင့်ဟုသာ ယူဆပေးစေလိုပါသည်ရှင်။

အသေးစိပ်ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ အစ်မ မြသွေးနီ ရဲ့ ဆိုဒ်မှာ ရှုစားအားပေးနိုင်ကြောင်းပါရှင်...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က(အတိအကျပြောရရင်တော့ ၂၅-၉-၂၀၁၁ ရက်ပေါ့) သမီးစံပွဲနှစ်ပတ်လည်ပွဲ တစ် ခု ကို တက်ခွင့်ရခဲ့ပါတယ်။အထင်မကြီးပါနဲ့ရှင်... လူကြီးလူကောင်း တစ်ယောက် အနေနဲ့မဟုတ်ပါဘူး။ အစ်မ မြသွေးနီရဲ့ ဘလော့ စာမျက်နှာမှာတွေ့လို့ အစ်မကို(comment ထဲမှာ)မေးကြည့်တော့ “လာလို့ရ တယ်ညီမ လာခဲ့ပါ”..။ လူငယ်တွေ အတွက်ကျင်းပပေးတဲ့ပွဲလေးမို့ လာရောက် အားပေးစေ လိုကြောင်း အကြောင်းပြန်စာ ရလို့ အံ့သြ၀မ်းသာစွာ နဲ့သွားရောက်ခဲ့တဲ့ ပွဲလေးပဲဖြစ်ပါတယ်။ (ပရိတ်သတ်တစ်ဦးအနေနဲ့ပေါ့။)
သမီးစံ ဒီပွဲကို တစ်ယောက်တည်းမသွားရဲပါဘူး။(သတ္တိခဲပဲနော်) ဒါ့ကြောင့် သူငယ်ချင်း သုံး ယောက်ကို နှစ်ရက်ကြိုတင် (လိုက်ခဲ့ပေးဖို့) ညှိထားခဲ့ပါတယ်။ ကံမကောင်း၊ မထောက်မစွာ နဲ့ပဲသူငယ်ချင်းနှစ်ယောက်က အရေးပေါ်ကိစ္စတွေပေါ်လာလို့ မလိုက်နိုင်ခဲ့ ပါဘူး ။ တော်သေးတာပေါ့ရှင်..တစ်ယောက်ကျန်ခဲ့လို့ပေါ့။နို့မို့ဆို သမီးစံတစ်ယောက် ဒီပွဲလေး နဲ့ဝေးရ အုံးမှာ။ဒါ့ကြောင့်...သည်းညည်းခံပြီး လိုက်ခဲ့ပေးတဲ့ သူငယ်ချင်းကိုလည်း ဒီနေရာ ကနေ ကျေးဇူး တင်ကြောင်း ပြောချင်ပါရဲ့ရှင်။ (ကိုယ့်မှာအဲဒီ့အကျင့်က လည်းတစ်မှောင့်.. ဘယ်သွားသွား တစ်ယောက်ယောက်ပါမှ..ကျန်တဲ့နေရာမှာသာတစ်ယောက်ထဲ ချဲတာ။ လူများပြီး နေရထိုင်ရ ခက်မယ့်နေ ရာမျိုးဆို တစ်ယောက်တည်းမသွားရဲဘူးရှင့်းP )။ဖြစ်မယ့်ဘလော့ဂါ.. အသွင်တစ်မျိုး ဆိုသလို ပေါ့ရှင်. ကိုယ်ကနိုင်ငံကြော်ဖြစ်မယ့်သူဆိုတော့လည်း သွားလေရာဘက်စ်မန်းပါမှ :D။(ဖျာခင်းလိုက်တာပါ.စိတ် ဆိုးတော်မမူကြပါနဲ့ရှင်.. ကြုံတုန်းလေးပြောရတာ :P )

ဟုတ်ကဲ့..ပရိတ်သတ်ကြီးရှင်(အဆိုတော်တွံတေးသိန်းတန်အသံနှင့်ဖတ်ပေးပါရန်)..သမီးစံတို့သူငယ်ချင်းနှစ်ယောက် သွားဆော့..အဲလေ..သွားရောက်ခဲ့တဲ့ပွဲလေးကတော့ ရွှေဂုံတိုင်မီးပွိုင်အနီး ၊တော်ဝင်နှင်းဆီခြံ၊ သီရိ ခန်းမ...မှာကျင်းပပြုလုပ်တဲ့ "ဖူးငုံ"ဆယ်ကျော်သက်မဂ္ဂဇင်း ရဲ့ကိုးနှစ်ပြည့်နှစ်ပတ်လည်အခမ်း အနား ပဲဖြစ် ပါတယ်ရှင်။ဒီပွဲလေးဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ ကဏ္ဍအသီးသီးကို အသက် ၀င်နေ အောင် ကဏ္ဍအသီးသီးမှာပါဝင်တင်ဆက်နေတဲ့လူငယ်တွေနဲ့ပုံဖော် တင်ဆက်တဲ့ မဂ္ဂဇင်း တစ်စောင်ရဲ့ ပွဲ လေးဖြစ်တယ် လို့ သိရပါတယ်။ဒီပွဲကတော့ ပွဲလမ်းသဘင်တွေနဲ့ သိပ်မအပ်စပ်တဲ့ သမီးစံအတွက်တော့ ပထမဦးဆုံး စာနယ်ဇင်းအတွေ့အကြုံဖြစ်သလို... ဗဟုသုတတွေ အများကြီး ရခဲ့တဲ့ပွဲလေးပါပဲ။
ဒီလိုနဲ့..သမီးစံတို့ သူငယ်ချင်းနှစ်ယောက် (မေးရင်းစမ်းရင်းနဲ့) တော်ဝင်နှင်းဆီခြံရောက်တော့ လူတော်တော် များများ ရောက်နေပါပြီ.(နည်းနည်းတော့လန့် သွားပါတယ်.. အားလုံးက လူကြီးလူကောင်းတွေကိုး၊)။နောက်တော့ခပ်တည်တည်နဲ့ပဲ Reserved စာတန်းပါတဲ့ ခုံတစ်ခုံမှာ နှစ်ယောက်သား  ၀င်ထိုင်လိုက်ပါတယ်..။
ကဲ..အခုချိန်ကစလို့...Blogger သတင်းထောက် သမီးစံ တစ်ယောက် စပြီးတော့ သတင်းတွေ ရယူတော့ မှာ ဖြစ်ပါတယ်ရှင်။ :P
ဆက်လက်ပြီးတော့...ဖူးငုံဆယ်ကျော် သက်မဂ္ဂဇင်း (ခေါ်)သက်ဝင် နေတဲ့မဂ္ဂဇင်း နှစ်ပတ်လည်ရဲ့ ကဏ္ဍ အသီးသီးမှာပါဝင်တဲ့အခန်းများကဏ္ဍကိုဓာတ်ပုံနှင့်တကွတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။
(ဓာတ်ပုံတွေကတော့ သည်းခံပြီးကြည့်ကြပါရှင်..အဆင်မပြေဖြစ်တဲ့အပြင် တော်တော်လည်း“၀ါး”နေလို့ပါ။)


 အခမ်းအနားအပြင်အဆင်ဖြစ်ပါတယ်။ရိုးရိုးလေးပါပဲ..အခမ်းအနားတော်တော်များများကတော့
အ၀ါရောင်ပဲသုံးတာများပါတယ်။(သမီးစံကတော့ စာလုံး Design ကိုတော်တော်ကြိုက်ပါတယ်။)

နှစ်ပတ်လည်အခမ်းအနားလေးစတင်ပါပြီရှင်..။


ပထမဦးဆုံး ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းရဲဝိုင်းတော်သားများမှ နှစ်ပတ်လည်အထိမ်းအမှတ်ကဗျာလေးကို အင်္ဂလိပ်လို မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုသွားတာတွေ့ရပါတယ်။တကယ်တော့ ၀ိုင်းတော်သားတွေက စင် အပြည့် ပါပဲ အားလုံးဝိုင်းရိုက်ကြတော့သမီးစံလဲ မိတာလေးပဲရိုက်လိုက်တာ သုံးယောက်ပဲပါပါတယ်။
(သတင်းထောက်တော်ချက်ဟု............မှတ်ပါလေ...)
အားလုံးက လူငယ်လူရွယ်လေးတွေချည်းပါပဲရှင် ဆယ်ကျော်သက်မဂ္ဂဇင်းလို့
ပြောဖို့မလိုအောင် ငယ်ရွယ်တက်ကြွသူများဖြစ်နေတာကို
အံ့သြစွာတွေ့ခဲ့ရပါတယ်။


အခမ်းအနားမှူးကတော့စာရေးဆရာ“ညီမင်းညို”ဖြစ်ပါတယ်။ဆက်လက်ပြီး အခမ်းအနားမှူးမှ ဒီအစီအစဉ် တင်ဆက်မှုဟာအသက်ဝင်နေတဲ့မဂ္ဂဇင်းရဲ့စီစဉ်တင်ဆက်မှုဖြစ်တာကြောင့်ကျွန်တော်ဟာမဂ္ဂဇင်းရဲ့“မာတိကာပါ”တဲ့။
ထို့နောက်အခမ်းအနားမှူးမှပဲ “ထူးခြားတဲ့အစီအစဉ်”အဖြစ်..ကဏ္ဍအသီးသီးအတွက် တင်ဆက် ချိန်မှာဆယ်မိနစ်.ပရိတ်သတ်များ ထဲမှတင်ဆက်သွားတဲ့အစီအစဉ် အပေါ် “ပါဝင်ဆွေးနွေး” ခွင့်ငါးမိနစ်ကိုပါ ထည့်သွင်းစီစဉ်ထားပါကြောင်းပြောကြားသွားပါတယ်။ပရိတ်သတ်နဲ့ဖက်တူညီတဲ့အစီအစဉ်လေးပေါ့ရှင်။



ပထမဦးစွာ အခမ်းအနားမှူးမှ teen magazine ၀ိုင်းတော်သားများနဲ့မိတ်ဆက်ပေးပါတယ်။


ဆက်လက်ပြီး အသက်ဝင်နေတဲ့မဂ္ဂဇင်းရဲ့ တင်ဆက်မယ့်အစီအစဉ်တွေကိုပြောပြပေးပါတယ်။

ဆက်လက်ပြီးတော့...အခမ်းအနားမှူးမှမဂ္ဂဇင်းရဲ့..တာဝန်ရှိအယ်ဒီတာတစ်ဦးဖြစ်သူဆရာမ..မသီတာ (စမ်းချောင်း) ရဲ့ကိုယ်ရေးအကျဉ်းဖတ်ပြကာ ဆရာမ အားစင်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါတယ်။ (အခမ်းအနားမှူးမှ အစီအစဉ်တစ်ခုမတင်ပြမီ စီစဉ်တင်ဆက်သူ၏ ကိုယ်ရေးအကျဉ်းကို အရင်ဖတ်ပြပါသည်။) အခမ်းအနား မှူးရဲ့ဖတ်ကြားချက်အရ.ဆရာမ မသီတာ(စမ်းချောင်း)ဟာ ၁၉၆၆ ခုနှစ်ဖွားဖြစ်ကာ ဟားဗတ် တက္က သိုလ် မှ ဘွဲ့ရရှိခဲ့ပြီး မြန်မာပြည်တွင်လည်း ဆရာဝန် တစ်ဦးဖြစ် ကြောင်း ကိုပါ လေးစားစွာသိမှတ် လိုက်ရပါတယ်ရှင်။
ဝတ္တုတို၊၀တ္တုရှည်များကိုလည်း စဉ်ဆက်မပြတ်ရေးသားကာ.“နေ၀န်းနီကာရံများ”ဟု အမည်ရသော စာအုပ်တစ်အုပ်လောလောဆယ်ထွက်ရှိထားကြောင်းသိရပါတယ်။
ဆရာမကလည်း ဆယ်ကျော်သက်မဂ္ဂဇင်းရဲ့အယ်ဒီတာဆိုတဲ့အတိုင်း အသက်အရွယ်နဲကမလိုက်အောင် တတ်ကြွ၊ဖြတ်လတ်နေတာကိုတွေ့ခဲ့ရပါတယ်။ဆရာမရဲ့အမှာစကားထဲမှ မှတ်ထားမိလိုက်တာကတော့ မိဘ တော်တော်များများဟာ သားသမီးတွေကို သူတို့ရဲ့အုပ်ထိန်းမှုအောက်မှ မလွတ်မြောက်စေ ချင်တဲ့ အကြောင်း၊ ဒီ..“ဖူးငုံ”.မဂ္ဂဇင်းဟာ လူငယ်တွေကို မိဘရဲ့အုပ်ထိန်းမှု အောက်ကလွတ်မြောက်ကာ ကိုယ်ပိုင်ဆုံးဖြတ်ချက် နှင့် မိမိဘ၀ ကိုအောင်မြင်စွာဖြတ်သန်းနိုင်စေရန် ရည်ရွယ်ပါကြောင်း. ..စသည်.စသည်ဖြင့် အမှာစကားထဲမှာ ထည့်ပြော သွားတာ တွေ့ရပါတယ်။ သမီးစံနားလည်၊မှတ်မိ သလောက်ပြန်ရေးထားတာပါ..။ လူငယ်တွေအပေါ် ထားတဲ့မဂ္ဂဇင်းရဲ့ ရည်ရွယ်ချက်တွေ အများကြီးပြောသွားပါသေးတယ်ရှင်..
အခုမှ အသစ်စက်စက် သတင်းထောက်ဆိုတော့ အသံဖမ်းစက်လည်း “ပါ” မသွားဘူးရှင့်..။ဒါ့ကြောင့် အလုံးစုံမမှတ်မိတာကိုခွင့်လွှတ်စေချင်ပါသည်။ (အမှန်ကတော့ မ၀ယ်နိုင်လို့ပါ ။)

ဒါကတော့ Cover Story Contents အတွက် သရုပ်ဆောင်ချစ်သုဝေနဲ့Teen Magazine ရဲ့ဓာတ်ပုံဆရာ အောင်ကျော်မိုး(New Image)တို့ရဲ့တင်ဆက်မှုပါ။တကယ်အသက်ဝင်တဲ့အစီစဉ်ပါပဲရှင်။
ထို့နောက်အခမ်းအနားမှူးမှကဗျာကဏ္ဍအတွက်ကြေငြာလို့အပြီးမှာ စာရေးဆရာမြေမှုန်လွင်ရဲ့ “သာရေး၊နာရေး”ကဗျာကို အဆိုတော် သားစိုး၊ဒေးဗစ်ဘေတာတို့မှ မိုက်ကက်ဂျက်ဆင်ရဲ့“နာရေး”ပုံများကို အသုံးပြုကာ..တီးလုံး တွေနဲ့ “မြိုင်မြိုင် ဆိုင်ဆိုင်” ဆိုသွားလိုက်တာ သမီးစံတစ်ယောက် ဓာတ်ပုံရိုက် ဖို့တောင် မေ့လျော့သွားလေရဲ့..။
ဒါ့ကြောင့် ဒီအစီအစဉ်အတွက် သမီးစံမှာ ဓာတ်ပုံပြစရာသက်သေမရှိကြောင်းပါရှင်း)။ (သည်းခံကြပါရန်)
ဒီကဗျာလေးထဲက အကြိုက်ဆုံးစာသားလေးကတော့.“သေတာတောင်မလွတ်မလပ်နဲ့”တဲ့.။
(ကိုယ့်အလှည့်ကျရင်တော့အဲလိုအဖြစ်မခံနိုင်..လွတ်လွတ်လပ်လပ်သေရအောင်..
ဒီအတိုင်းကုတင်ကြီးပေါ်တင်ထားခိုင်းလိုက်မယ်.စိတ်ကူးလိုက်သေး..း))
(တစ်လမ်းလုံးအဲဒီ့အတိုင်း“မ”သွားတော့မကောင်းဘူးလားရှင် :P )

တော်တော်ကောင်းတဲ့ကဗျာလေးပါပဲရှင်..ကိုသားစိုးရဲ့တီးလုံးသံပါ.“ပါ”သွားတော့ပို့လို့တောင်အသက်ဝင်သွား ပါတယ်။

ပြီတော့..ပရိတ်သတ်များရဲ့ ငါးမိနစ်စာကဏ္ဍမှာ မောင်ငယ်တစ်ယောက်က သူ့ကဗျာလေးကို ရွတ်ပြသွား ပါသည်။ကဗျာတိုလေးဖြစ်ပါတယ်။သမီးစံမမှတ်မိတော့ပါ။အဲ.သူ့ကလောင်နာမည်လေးတော့မှတ်မိလိုက်ပါတယ်။“ထက်မြတ်”တဲ့။ (အင်း..ဒီသတင်းထောက်တော့ အလုပ်ပြုတ်တော့မှာပဲနော်)

ဆက်လက်ပြီး..“အုတ်တချပ်၊သဲတစ်ပွင့်”ကဏ္ဍအတွက် ဆရာမသင်းပပနှင့် ဆရာမခင်ဆုမြတ်ထွန်းတို့မှ “မသန်သူနှင့်စွမ်းသူ”ခေါင်းစဉ်လေးဖြင့်ရွှေမင်းသားဖောင်ဒေးရှင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ညီမငယ် မေဇင် အောင်၊ နောက်ထပ်မောင်ငယ်တစ်ဦး(အမည်မမှတ်မိ) တို့နဲ့အတူပူးပေါင်းတင်ဆက် သွားတာ တွေ့ရပါတယ်။ ညီမငယ်မေဇင်အောင်မှာ မသန်စွမ်းသူဖြစ်သော်ငြားလည်းဘ၀ကို တန်ဖိုးရှိစွာ ဖြတ်သန်းနေသူတစ်ဦး ဖြစ်ကြောင်းသိရပါတယ်။
ထို့နောက်ပရိတ်သတ်အတွက်ငါးမိနစ်စာကဏ္ဍမှာ.တက်ရောက်လာသူတစ်ဦးမှ.မသန်စွမ်းသူများအပေါ်ဖေးမကူညီစောင့်ရှောက်သင့်ကြောင်း၊
မသန်စွမ်းသူများအနေဖြင့်လည်းဘ၀ကိုစိတ်အားငယ်စွာမဖြတ်သန်းပဲ“Dream Do Come True” လာစေရန်ကြိုးစားသင့်ကြောင်း..စသည်ဖြင့်.ပါဝင်ဆွေးနွေးသွားပါတယ်ရှင်။သမီးစံလည်း ဆွေးနွေးမလို့ “ထ” ရပ်လိုက်ပါသေးတယ်။ ကိုယ့်အရပ်ကပုတော့ မမြင်ကြဘူးဖြစ်သွားတယ်။ ဟိဟိ
(နောက်တာပါ တကယ် “မဆွေနွေး” ခဲ့ပါဘူး။)

ဆက်လက်ပြီး..“၀တ္ထုကဏ္ဍ”အဖြစ်
 






ဆရာမလင်းဆက်နွယ်၊ဆရာမမြရည်ဝင်း၊ဆရာမစပယ်ဖြူနု..တို့မှ“လွမ်းတမှုန်ရီ”အမည်ရှိဝတ္ထုကိုအသံထွက်ရွတ်ဖတ်တင်ဆက်သွားတာကိုတွေ့ရပါတယ်။
(၀တ္ထုထဲကအတိုင်းဂျပန်ပြည်ကိုရောက်သွားတဲ့ မြန်မာ အမျိုးသမီး တစ်ဦးနဲ့ ဂျပန်အဖွားအိုတို့ရဲ့ ပြောစကားများနဲ့အသက်ဝင်စွာတင်ဆက်သွားတာဖြစ်ပါတယ်)
ထို့နောက်..ပရိတ်သတ်အတွက်ငါးမိနစ်ကဏ္ဍမှာဧည့်သည်တော်တစ်ဦးမှ နိုင်ငံတော်၏ မဏ္ဍိုင်ကြီးလေး ခု ဖြစ် တဲ့မီဒီယာအခန်းကဏ္ဍဟာပြည်သူများအတွက်အရေးကြီးပါကြောင်း..။ဒါ့ကြောင့် မီဒီယာများ အနေဖြင့် လည်း ပြည်သူများအတွက် တတ်နိုင် သလောက်ပံ့ပိုးပေးစေလိုကြောင်း ..ဆွေးနွေးသွားပါတယ်။

ဒီပုံကတော့..နောက်ထပ်ပရိတ်သတ်တစ်ဦးမှ.ပထမတစ်ဦးရဲ့အမြင်အတွက် တိုးတက်နေတဲ့ဒီ ခေတ်ကြီး ခုခေတ်ကအွန်လိုင်းကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတာဖြစ်တဲ့အတွက် လူတိုင်း “မီဒီယာသမား” ဖြစ်နိုင်ကြောင်းဆွေးနွေးသွားတာဖြစ်ပါတယ်။
ဆက်ပြီးတင်ဆက်သွားတာကတော့ ဆရာမ“ဧကရီဗိုလ်” ရဲ့“ကမ္ဘာကျော်များရဲ့လက်ရာ များ”ခေါင်းစဉ်အောက် က ခေါင်းစဉ်ခွဲဖြစ်တဲ့“ကမ္ဘာသိမိန့်ခွန်း”ပဲဖြစ်ပါတယ်။


၁၉၉၂ ခုနှစ်တွင်..အသက် ၁၃ နှစ်သာရှိသေးသည့် ကလေးငယ်မှ ပြောကြားခဲ့သော မိန့်ခွန်းကို ဆရာမ ဧကရီဗိုလ်မှ ဘာသာပြန်..တင်ဆက်သွားတာဖြစ်ပါတယ်။အားကျ၊အတုယူဖွယ်ပါပဲရှင်။



ကဲ…သမံစီး…“နင်ဘာလုပ်မလဲ” သူများသားသမီးတွေ ဆယ့်သုံးနှစ်နဲ့ကမ္ဘာသိနေပြီ။(ကိုယ့်ကိုယ်ကိုယ်ဆုံးမ)

နောက်ထပ်တင်ဆက်သွားတဲ့ကဏ္ဍကွဲလေးကတော့ “ဖန်တီးသူတို့အပြော”ဖြစ်ပါတယ်။


အဆိုတော်များဖြစ်ကြတဲ့ “သြရသနဲ့စန္ဒီမြင့်လွင်”တို့မှ ဆရာမမြတ်သီတာလွင်၊ ဆရာမခြူးဟန်ကျော် တို့နဲ့စန္ဒီမြင့်လွင်ရဲ့သီချင်းလေးအတွက် သြရသ မှ ဖန်တီးဖြစ်ခဲ့ပုံ လေးကို အင်တာဗျူးတစ်ခုအနေနဲ့ တင်ဆက်သွားတာဖြစ်ပါတယ်။

လောလောဆယ်တော့အိမ်ကချိတ်ထားတဲ့ ကွန်နစ်ရှင်ကို 
ရွာသာကြီးကို ပို့ထားရတာကြောင့် 
ကျန်တဲ့အကြွေးလေး မနက်မှပဲ ဆပ်ပါရစေရှင်း)

13 comments:

  1. ငါ့ကောင်မလေးချစ်သုဝေပါတာပေါ့နော် အလဲ့ ခြေထောက်နာနာနဲ့  လာလိုက်တာ အတော်လေးရောက်လာပါရော တမီးစံ တစ်ယောက်
    အဆင်ပြေစွာနဲ့  အတင်းတွေ..အဲမှားလို့  သတင်းတေါ ထောက်လှမ်းနိုင်ပါ
    စေလို့ 
    ခင်မင်စွာဖြင့် တမီးစံ ၇ဲ့ အိုဘစံ

    ReplyDelete
  2. အပျိုကြီး က... သတင်းထောက် လည်း လုပ်တာပဲနော် ...

    ReplyDelete
  3. I read your blogger journalist. Try to go outside without a companion.I think you can be a good author! Work hard!

    ReplyDelete
  4. ဒီလို တက်တက်ကြွကြွ လုပ်နေတဲ့ အစုအဖွဲ့ကို တက်ကြွစွာ သွားရောက်ပြီး သတင်းယူနိုင်ခဲ့တဲ့ အပြင် အခု ဖတ်ခွင့်ရအောင် တင်ဆက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။

    ReplyDelete
  5. စွယ်စုံရေ ကျိုးနေလို့ပဲ...မကျိုးရင်ဘယ့်နယ့်နေမယ်မသိ
    ...မှာလို့ပါ..သမီးစံကိုရေးရမှာ အပေါ်က့ါန်မက်ဖတ်ပြီး..စိတ်တိုလို့
    သမီးစံရေ...ဘာလို့ အခန်းအနားမှာဓါတ်ပုံမရိုက်တာလဲ
    အမမြသွေးနီထဲကြည့်ထားလို့တော်သေးတာပေါ့.ဒေါ်အေးသာကြော့
    သူကမှ ဟုတ်တုတ်ရောက်ခဲ့သေးတယ်နော်....
    ချစ်တဲ့ jasmine

    ReplyDelete
  6. အားမနာပါဘူး။ သတင်းထောက်ငှားချင်လို. အန်တီမိမိစံ ရေ ၊ နောက်ဆိုရင်ဆက်သွယ်မယ်နော် ဟဲဟဲ
    ခင်တဲ.
    မောင်မောင်

    ReplyDelete
  7. အသေအချာ သတင်း ထောက်ထားတာပဲ...

    ReplyDelete
  8. မနေ့ည လာသေးတယ်။ ကွန်နက်ရှင်ကလေ ခရုနဲ့ နင်လားငါလားပဲ သိလား။ ပြီးတော့ လှိုင်းလိုပဲ တက်လိုက်ကျလိုက်နဲ့ဆိုတော့ ဘာမှ လုပ်မရဘူး။ ဟီး။ အပျိုကြီး မိစံ နေကောင်းတယ်မလား။ မောင် (စွယ်စုံကျမ်း) ရှိသလို မိစံ (စွယ်စုံရလည်း ရှိသပေါ့နော်)။ ရွာသာကြီးကို ပို့ထားရတဲ့ ခနက်ရှင်ကို ပြန်ယူပီးပြီလား?

    ReplyDelete
  9. သမန်စီးကို အကြံပေးချင်တာကတော့
    သတင်းထောက်လုပ်မယ်ဆိုလျှင်
    အရင်ဦးဆုံး ဂျူဒိုကရာတေးအပြင် အပြေးလဲလေ့ကျင့်ထားပါ.
    တရုတ်မှာလိုနောက်ကလိုက်ရင်ပြေးနိုင်အောင်လို့ပါ
    မဒိုးကန်ကတော့မပြေးနိုင်လို့ သတင်းထောက်မလုပ်ဘူးကွယ် ဟဲဟဲ

    ReplyDelete
  10. သတင်းထောက်လေး သမီးစံရေ။ အရည်အချင်းအပြည့်ပါပဲ။
    တီတင့်လည်း သတင်းထောက်တစ်ယောက် ရှာနေတာနဲ့အတော်ပဲး)
    စိတ်ဝင်တစ်စား ဖတ်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ဟလို ဟလို သတင်းထောက် မလေး ရေ

    အခုရော ဘာသတင်းတွေ များ ထောက်လှန်းနေလည်း သိချင်ပါတယ် ဧရာဝတီ သတင်းမှန် များပြောကြားပေးပါအုန်း

    ခင်မင်တဲ့
    အမရွှေစင်

    ReplyDelete
  12. သမီးစံရေ...
    ဒုတိယပိုင်း သွားဖတ်လိုက်ဦးမယ်...။

    ReplyDelete
  13. အမီးစံရေ... သမီးလို့ မခေါ်ဘူးနော်။တော်ကြာ မေမေလို့ ပြန်ခေါ်မှာ ချိုးလို့...အဟီး

    လာလည်သွားတယ်ကွယ်။ သူများတွေများ ရေးတတ်လိုက်တာ စာစီတာညီလို့။ အားပေးနေမယ်။ သတင်းထောက်လုပ်မယ်ဆိုလည်း သတိထားဦး။ သတင်းထောက်တွေက လူဦးရေတိုးလာပြီး နေရာပေးရမှာစိုးလို့ ပြသနာ အရင်ရနေဦးမယ်။ ဒိုးကန်ပြောသလို ဘာလေး ညာလေး သင်ထားနော်။ ဟဲ ဟဲ


    ခင်မင်လျှက်
    အလွမ်းမြို့

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..