Tuesday, September 27, 2011

ကဗျာ

အရွယ်ရောက်ခဲ့ပြီ

အချစ်ဆိုတာ မီးခြစ်ဆံတစ်လုံးဆို

မီးဆံကုန်ပေမဲ့ ကိုယ်ဟာ မီးမတောက်ခဲ့သူ

တစ်ယောက်ပါ ...

သူတစ်ယောက်တည်းအတွက်

ကိုယ်မြင်း ကိုယ်စိုင်းပြီးတော့လည်း

ဒုန်စိုင်း ထွက်ခဲ့ရသူပါ ..

အချစ်ရဲ့ သူရဲကောင်းရွေးပွဲမှာ

ပိရိသေသပ်စွာ လှည့်ဖြား

အသတ်ခံခဲ့ ရသူ ...တစ်ယောက်

စောင်းအိုတစ်လက် ပိုက်ကာ

တိုးတိတ်ငြိမ်သက်စွာ ဒူးထောက်ခဲ့ရပြီ

အခုတော့ လည်း

ဘာမှမရှိတဲ့ ကောင်းကင်အောက်မှာ

ဘာနဲ့မှ မငြိတွယ်အောင် ကိုယ် နေထိုင်တက်ပါပြီလေ ..။

ရေးသူ - ည

မှတ်ချက်။   ။ ကဗျာလေးနဲ့မဆီမဆိုင်..ခုတလော အပျိုကြီး အိမ်ကလူတွေကို ပေါက်ကွဲနေပါသည်။

17 comments:

  1. စိတ်လျှော့ပါဗျာ...အိမ်ကလူတွေကမကြာခင်အသုံးဝင်လာမှာပါ:D
    (ရေးသူ..နေ့)

    ReplyDelete
  2. ကိုယ်မြင်း ကိုယ်စိုင်းပြီးတော့လည်း

    ဒုန်စိုင်း ထွက်ခဲ့ရသူပါ ..
    အတ္တကို ကျောပိုး
    ကိုယ်လှေ ကိုယ်ထိုးပြီး
    ခပ်ဆိုးဆိုးလေး တော့  မမိုက်လိုက်ပါနဲ့  သမီးစံ

    ReplyDelete
  3. တကယ်ရင့်ကျက်သွားပြီဆိုတဲ့သဘောလား အပျိုကြီး မိစံရေ။

    "အချစ်ဆိုတာ မီးခြစ်ဆံတစ်လုံးဆို
    မီးဆံကုန်ပေမဲ့ ကိုယ်ဟာ မီးမတောက်ခဲ့သူ
    တစ်ယောက်ပါ ..."

    အဲဒါလေးကို သဘောကျတယ်ကွယ့်။ စိတ်ကို နည်းနည်းလျှော့။ ပေါက်ကွဲနေတယ်ဆိုလို့ပါ။

    ReplyDelete
  4. ခေါင်းစဉ်ကအရွယ်ရောက်ခဲ့ပြီ ဆိုပဲ
    ဘယ်သူအရွယ်ရောက်တာလဲ?
    ဘာမှမရှိတဲ့ကောင်းကင်အောက်မှာ
    ဘာနဲ့မှမငြိတွယ်အောင် ကိုယ်နေထိုင်တတ်တယ် ဆိုတော့
    အရမ်းကောင်းပါ၏။
    ချစ်တဲ့ jasmine

    ReplyDelete
  5. မောင်ချင်းရေ..မလျှော့နိုင်တော့ဘူးဟ နေအုံးအဲဒီ့အကြောင်းကို
    ငါပို့စ်တစ်ခုရေးအုံးမယ်
    အန်ကယ်သျှင်ရေ.တမီးရှံကိုမတားနဲ့..း))
    ဘုန်းဘုန်းတောက်ပ.တပည့်တော်လည်းအဲဒီ့စာသားလေးကိုကြိုက်တယ်ဘုရာ့
    ဂျက်ရေ.ဘယ်သူအရွယ်ရောက်တာလဲဆိုတော့.အိမ်ကအပျိုကြီးကြောင်လေးပါ
    ကွယ်..း))

    ReplyDelete
  6. စိတ်လျှော့ တငယ်ချင်း ဆောင်းကြွတ်မှ ခေါင်းစွတ် တွေ သွားမရောင်း
    တော့နဲ့ လေ ထားလိုက်တော့ နော်ကလေးမ
    နောက်ကျနေပီ မနေ့ ကဆိုရင်ကိုမှီသေးတယ်
    ကျောင်းမှန်မှန်တက်ပါ
    ခင်မင်စွာဖြင့် အိုဘစံ

    ReplyDelete
  7. အသာလုပ်ပါ အဒေါ်ရဲ့..

    ReplyDelete
  8. အခုတော့ လည်း

    ဘာမှမရှိတဲ့ ကောင်းကင်အောက်မှာ

    ဘာနဲ့မှ မငြိတွယ်အောင် ကိုယ် နေထိုင်တက်ပါပြီလေ ..။
    အဲ့စာသားလေးကြိုက်တယ်။
    သမန်းစီးလေးက ကလေးပဲရှိသေးတာကို ဘာလို့အပျိုကြီးခေါ်တာလဲ။

    ReplyDelete
  9. ရေးသူ ညဆိုတာ.. မမလား... ဘယ်သူတုန်း.. မရှင်းမလင်းတွေ မလုပ်နဲ့နော်... ဟဲဟဲ

    ReplyDelete
  10. အပျိုကြီးပေါက်ကွဲနေတဲ့ပုံကို မြင်ဖူးချင်လိုက်တာ :P

    ReplyDelete
  11. ဦးမောင်လျှောဘူးလျှော့ဘူးး)
    ကိုရင်...ကိုရင်မသိလို့နော်.သိရင် သမီးစံကိုအပြစ်ပြောမှာဟုတ်ဘူး။
    မမစိုးရှင်.. အပျိုကြီးဇာတာပါလို့နေမှာပေါ့အစ်မရယ်း))
    ကန်ဒီရေ..အဲဒါအစ်မရေးတာဟုတ်ဘူးကွယ်.အိမ်က မောင်အလိမ္မာတုံးလေး
    ရေးထားတား))
    မြတ်ကြည် သိချင်ရင်အိမ်လာကြည့်းP
    ကိုတူးရှင် ကျေးကျေးပါ။
    ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်
    ချစ်ခင်စွာဖြင့်
    သမီးစံ

    ReplyDelete
  12. သမီးစံရေဒေါသရှေ့ထားရင်မှားတတ်တယ်ကွယ့်စိတ်ကိုလျှော့၂ဘာတွေမကျေမနပ်ဖြစ်နေတာလဲသမီးစံရယ်...


    သမီးစံအစစအရာရာအဆင်ပြေပါစေ...

    ReplyDelete
  13. မီးခြစ်ဆံက ရေစိုနေလို့ မီးမတောက်တာ ဖြစ်မယ် ဟိဟိ.. ဒါနဲ့ မြင်းစီးပြီး ဘယ်ကိုများ ဒုန်းစိုင်းသွားတာတုန်း။ စောင်းအိုကြီးတော့ ပိုက်မနေပါနဲ့ ဂစ်တာအိုဆို တော်သေး .. အင်း ဘာနဲ့မှ မငြိတွယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့

    ReplyDelete
  14. အပျိုကြီးရေ ... ဒီလောက်လည်း စိတ်မကြီးနဲ့ လေ ....

    ReplyDelete
  15. အဲဒီမီးက ပူလောင်တယ်လို့ပြောကြတယ်... မတောက်တာပဲံကောင်းမယ်ထင်တယ် သမီးစံရေ..(p) ကဗျာဆရာတစ်ယောက်ရဲ့ ကလောင်လက်စွမ်းတော့မဟုတ်လောက်ဘူး။ ခံစားချက်ရဲ့ ပေါက်ကွဲသံစဉ်ပဲ ဖြစ်မယ်ထင်တယ်နော်.. မီးတောက်ပြီး ငြိတွယ်ပေအာင်ဆုတောင်းပေးရမှာလားကွယ်..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  16. ဘုန်းဘုန်းရွှေဝန်း..တင်ပါ့ဘုရာ့.စိတ်လျှော့ထားပါတယ်ဘုန်းဘုန်း။
    အစ်မချောကတော့ လုပ်ပြီး)) ဘာမှ မငြိတွယ်ချင်ယောင်ပဲ
    ဆောင်လိုက်ပါ့မယ်။
    စိတ်ကြီးတယ်မောင်ဘုန်း ရ၀ူးးးးး)
    ဘုန်းဘုန်းချယ်ရီမြေဘုရာ့ ချမ်းမြေ့ပါတယ်ဘုန်းဘုန်း။

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..