Monday, September 26, 2011

မောင်နဲ့ကျမ...

ဟုတ်ကဲ့..ခေါင်းစဉ်မြင်ပြီး “ဖျား”သွားကြပြီမှုတ်လား?

ဆက်လက်ရှုစားအားပေးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ :D




မောင်..

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချစ်တွေကို

ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ

ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....။

အဲဒီနေ့က သူအကျီင်္အဖြူလေးကို

ဝတ်ထားတာလေးကနိုင်းနိုင်းတို့သန့်သလို ချောသလိုသူက

သန့်သန့်ချော ချောလေးနဲ့မို့ကျမရင်ထဲ“ဟတ်ထိ”သွားရတာပေါ့။

ကျမနဲ့ကမေဂျာပါတူတာဆိုတော့တက်ရတဲ့အခန်းချင်း လည်းတူတယ်။

ကျမလေဆရာတွေစာသင်ချိန်မှာတောင်သူ့ကိုငေးကြည့်ရင်းရင်ထဲတိုးတိုးချစ်လာရသူပါ....။ သူကတော့ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ကျမကိုမှမဟုတ်ပါဘူး။ဘယ်မိန်းကလေးကိုမှရှိတယ်လို့ မထင်တာ။ ကျမ လည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...

တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေး တယ်။ မြွေမြွေချင်း ဆိုတော့ ခြေမြင် တာပေါ့။ သူတို့က လည်း ကျမရင်ထဲက မောင်ရဲ့အချစ်ကို လိုချင်နေ ကြတာ လေ...ကျမ မသိဘူးများ ထင်နေကြလား။ ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမ ဘယ်လိုလုပ် ရမလဲ။ အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့သူ့ကိုရေလာမြောင်း ပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အရှေ့ စား ပွဲ ၀ိုင်းမှာထိုင် သူ့မျက်နှာ လေးကို ငေးကြည့်။ ဒါကျမနေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။

မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့ကျောင်းတက် ရမှာ နောက် ဆုံး နေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆို တော့ မောင့် မျက်နှာလေးကိုတွေ့နိုင်ဖို့ အတွက် မောင့်အ ချစ်ကို ကျမရမှဖြစ် တော့မယ်။ မောင်ဖွင့်မ ပြောရင် ကျမ မောင့် ကို ချစ်ပါ တယ်လို့မိန်းကလေးတန်မယ့်လာပြောတော့မယ်။

မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို ကျမ စောင့်နေ လိုက် တယ်...ဒီနေ့ မှမောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့...

ဟာ...ဟိုမှာ..

မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တစ်ယောက်ပါနေကြ။ အခု ကံကြမ္မာက ကိုယ့် ဘက် ကို လိုက်နေ လို့လားမသိ။ မောင်တယောက်တည်း။မောင်ရေ....မောင်ကို ချစ်တယ်...ကျမ ဘယ် လို ဖွင့်ပြော ရမှာလဲ၊ ကျမတခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တစ်ခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ကျမနှလုံးသားတွေအရည်တွေပျော်ကုန်ပါပြီ..မောင်ရယ်...ဒါပေမယ့် မောင်က ဒီအတိုင်းပဲလှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊ဘာပဲဖြစ်ဖြစ် မောင့် ကို ကျ မ ချစ်နေကြောင်း မောင် သိအောင် ဖွင့်ပြောရမယ်။

"မှောင်" (မခို့တရို့နဲ့ … :P)

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကိုအပြုံး တစ်ခု လက် ဆောင် ပေး လိုက်တယ်။ မောင်...ကျမ ကို ရက်ရက်စက်စက်စကားတခွန်းပြောပြီး လှည့် ထွက်သွား တယ် ။မောင်ရယ် ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။မှောင်....မှောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတစ်မျိုး"

.........တဲ့

ဟင့်..ခုတော့မေ့အချစ်မြှားစူးပြီပေါ့ရှင်။

ကျမကြေကွဲစွာနဲ့အော်ဟစ်သီဆိုလိုက်ပါတယ်။

“ မလွမ်းရဲသေးဘူးမှောင်ရယ်…ကုလားနဲ့မထားခဲ့ပါနဲ့….” ရယ်လို့...။

:-)..... :-).....:-).....:-).....:-)



ရယ်မောခြင်းဖြင့်၊ဘ၀အမောတွေ...ဖြေနိုင်ကြပါစေရှင် :P

E-mail ပို့ပေးတဲ့သူငယ်ချင်းကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်း..။

ချစ်ခင်စွာဖြင့်...

Image and video hosting by TinyPic

9 comments:

  1. တမီးစံလေးရေ ....တစ်ခုခုတော့လွဲနေသလားလို့ ..
    ရက်စွဲများမှားနေသလား........တမီးစံပို့ မှာ
    စနေဖြစ်နေတယ်..GMT Time Zone မှားနေသလား
    တစ်ချက်စစ်ကြည့်ကွာ..ခင်မင်လေးစားလျှက်..အိုဘစံ ဟက်ဟက်

    ReplyDelete
  2. ခေါင်းစဉ်ကြည့်ပြီးဝမ်းသာသွားတာ
    ဟငါ့သူငယ်ချင်း သမန်စီးတော့ကျွတ်ပြီဆိုပြီး.....
    ဟင်း စိတ်ညစ်ရပါလား...ဖတ်ကြည့်လိုက်တော့လဲ....
    တစ်ကယ်ပဲအချစ်မြားစူးတာလေား....
    မြားကသန့်ရဲ့လားတရုတ်ကားတို့ ကီုးရီးယားကားတို့ထဲကလို
    အဆိပ်တွေလူးထားလားမသိဘူး
    သေချာစစ်ပါအုန်း......
    ချစ်တဲ့ jasmine အာဘွား...

    ReplyDelete
  3. ဟုတ်..ဦးမောင်..ဆောတီး ပြင်လိုက်ပြီရှင့် ကျေးကျေးပါး))
    ဂျက် မြှားကသန့်မသန့် ကျုပ်လည်းသိဘူးလေတော်း)
    ပျားရည်လူးရင်လည်းလူးထားမှာပေါ့ အေရယ်..ဟုတ်ဘူးလား ဟိဟိ
    သေသေချာစစ်ကြည့်လိုက်မယ်တိလား။
    အာဘွား !

    ReplyDelete
  4. ဟူးးးးးးးးးးးးးးးးးးတော်သေးတာပေါ့။(တိန်..အရေးထဲ..:P)
    အစ်မကြီးရေ...ကျနော့်ပို့စ်မှာအစ်မကြီးကိုသက်သက်အပျော်
    စထားတာနော်..စိတ်မဆိုးဘူးမလား?စိတ်ဆိုးတယ်ဆိုရင်တော့
    သိတယ်နော်...အဟင်းဟင်းဟင်း.....:D မြန်မြန်စွံပါစေဗျာ။

    ReplyDelete
  5. တမီးစံ လာရယ်သွားတယ်။:D

    GMT Time Zone ကိုဘယ်ဟာရွေးရလဲပြောပြ။ မစိုးသိသေးဘူး။:(

    ReplyDelete
  6. သူတို့က အဲဒီလိုကို ချစ်တတ်တာနော်။ မောင့်အချစ်မြားစူး...
    မလွမ်းရဲသေးဘူး မေရယ်...ကုလားမနဲ့ မထားခဲ့ပါနဲ့...သီချင်းဆိုပြတာနော်။ စိတ်မဆိုးကြေး...ဒန် တန် တန်

    ReplyDelete
  7. စ.စမ်းဘာ မောင်ချင်းရယ်.မြန်မြန်စွံစေချင်တာ
    မြန်မြန်စားချင်လို့မှုတ်လား.တော်တော်ကောင်းတယ်း)
    အစ်မစိုး(၃)မိနစ်ပဲစောင့် :P
    စိတ်မဆိုးပါဘူးဘုန်းဘုန်းတောက်ပရယ်.
    မိုင်နာပါနော် ဘုန်းဘုန်းးD
    အားလုံးကိုချစ်ခင်စွာဖြင့်

    ReplyDelete
  8. ဟဟဟ အခုမှဖတ်မိတယ် ရယ်သွားတယ်
    ဘာပြောရမလဲမသိလို့ :P

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..