Friday, September 30, 2011

ဘလော့ဂါသတင်းထောက် သမီးစံနှင့် အမှတ်ရဖွယ် Anniversary တစ်ခု (၂)


ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာ

"ဧရာဝတီ မြစ်ဆုံ ဆည်စီမံကိန်းအား နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့က တည်ဆောက်ရန် ရပ်နားလိုက်သည်" ဟု ကြားသိရသည့်အတွက် ဘလော့ဂါ မောင်နှမ များနှင့်ထပ်တူ သမီးစံ မှ အတိုင်းမသိပျော်ရွှင်ဝမ်းမြောက် မိပါသည်။
ချစ်သော" ဧရာဝတီ" မြစ်ကြီး.. မြန်မာပြည်သားများနှင့်အတူ
"ထာဝရ"..ပျော်ရွှင်စွာဆက်လက်စီးဆင်းနိုင်ပါစေကြောင်း..
တောင်းဆုချွေကာဆုတောင်းပေးလိုက်ပါတယ်ရှင်။

ဟုတ်ကဲ့ ဆက်လက်ပြီးတော့...
အိမ်က "အင်တာပျက်"ကို ရွာသာကြီးက ပြန်ခေါ်လာပြီဖြစ်တဲ့အတွက်
ကျန်နေသေးတဲ့ ဇာတ်သိမ်း ပိုင်း အဲလေ နောက်ဆုံးအပိုဒ်လေး ဆက်ရေးပါ့မယ်။း))


ဆက်လက်ပြီး..ပရိတ်သတ်တစ်ဦးမှ ကဗျာ လေးတစ်ပုဒ် ရွတ်ဆိုတာ
ပါဝင်ဆွေးနွေး သွားတာ တွေ့ရပါတယ်။
(အမှန်တကယ်တော့ ဓာတ်ပုံရှင်မှာ သမီးစံ မသိလိုက်တဲ့ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်ရှင်။)

နောက်ထပ်ကဏ္ဍခွဲလေးတစ်ခုကတော့ “Positive Pages ”အမည်ရတဲ့ HIV ဝေဒနာရှင်တစ်ဦးရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးကို အသံထွက် ဖတ်ပြပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။


ဒီကဏ္ဍလေးကိုတော့ စာရေးဆရာမ  “သိသု” မှ ဝေဒနာသည် “မဗေဒါလှိုင်း”မကွယ်လွန်မီ ရေးပို့ခဲ့တဲ့ ၀တ္ထုလေးကို အသံထွက်ရွတ်ပြပြီး တင်ဆက်သွားပါတယ်။

ဆက်လက်ပြီး..ပရိတ်သတ်အတွက် ငါးမိနစ်ကဏ္ဍ မှာ တက်ရောက်လာသူ သွားဖွား၊မီးယပ် ဆရာဝန်ကြီးမှ လူငယ်တွေကို HIV ရောဂါနဲ့ပတ်သက်လို့ ရှောင်ရှားသင့်တဲ့အချက်တွေကို ပါဝင်ဆွေးနွေးသွားပါတယ်။
ဆက်လက်ဆက်သွားတာကတော့ “ကဗျာ” ကဏ္ဍဖြစ်ပါတယ်

သက်ဝင် မဂ္ဂဇင်း ရဲ့ “မာတိကာ” ဆရာ“ညီမင်းညို” မှ ဂစ်တာဆရာတစ်ဦးနှင့် စာရေးဆရာ၊ကဗျာဆရာ “တာရာမင်းဝေ” ရဲ့ ကဗျာရှည်အား သံစဉ်များဖြင့် ရွတ်ပြသွားပါတယ်။ နှစ်သက်မိတဲ့ စာကြောင်းလေးတစ်ခု ကတော့."ဥပုဒ်သည် သီလကျိုးတော့ ဘုရားရှိခိုးရင်း ရှက်နေသည်"တဲ့..။
နောက်ထပ်ကဏ္ဍတစ်ခုကတော့ ဘလော့ဂါများအတွက် “Blog Digest” အစီအစဉ်ပါပဲရှင်

Blog Digest အစီအစဉ်အား တာဝန်ယူတင်ဆက်ပေးသူ များကတော့ အပြင်လောကမှာကော အွန်လိုင်း ဘလော့ စာမျက်နှာများတွင်ပါ စာရေးဆရာမ များဖြစ်ကြတဲ့ “အစ်မ မြသွေးနီ နဲ့ အစ်မ မြလေးသျှင်” တို့ပဲ ဖြစ်ပါတယ်။ဒီကဏ္ဍလေးမှာ အွန်လိုင်းပေါ်မှာ စာတွေရေးသားနေကြတဲ့ ဘလော့ဂါများရဲ့အကောင်းဆုံး စာမျက်နှာများကို စာဖတ်သူ ပရိတ်သတ်များနဲ့ မိတ်ဆက် တင်ပြပေးတဲ့ ကဏ္ဍလေးဖြစ်ပါတယ်။ ဆက်လက်ပြီးအစ်မ မြသွေးနီ နှင့် အစ်မ မြလေးသျှင် တို့မှ “ဖူးငုံ”မဂ္ဂဇင်းမှာ လစဉ်အလိုက် ဖော်ပြခြင်းခံခဲ့ရတဲ့ ဘလော့ဂါများရဲ့ ပို့စ်များကို အမြည်းအနေနှင့် Notes ထုတ်ကာ ဖတ်ပြ သွားတာကို တွေ့ရပါတယ်ရှင်။ 
ဖတ်ပြခဲ့တဲ့ ဘလော့ဂါများရဲ့ ပို့စ်များကတော့…


ဘလော့ဂါ မချော(အစိမ်းရောင်လွင်ပြင်) ရဲ့ “အပင်နှင့်တူသောသူများ” ဗီစီဒီ အဲလေ Essayး)


ဘလော့ဂါ ကိုမြစ်ကျိုးအင်းရဲ့ “ကမ္ဘာပျက်ခြင်း” ၀တ္ထု

ဘလော့ဂါ အစ်မနှင်းနဲ့မာယာရဲ့ “ဆွမ်းအုပ်ကြီး” Essay

အစ်မနှင်းနဲ့မာယာရဲ့ projector ပေါ်က ဘလော့ပို့စ်ကိုရိုက်လိုက်တာ ရှေ့ကနတ်သားတစ်ပါးရဲ့ ဦးခေါင်းကြီးကင်မရာထဲ ၀င်လာလို့သေသေချာမရိုက်လိုက်ရပါဘူးရှင့်။ဒါကြောင့်မူရင်းပို့စ်ကိုပဲ screen ဖမ်းပြီး တင်ပေးလိုက်ရတာပါ။(နောက်တစ်ခေါက်ထပ်ရိုက်ဖို့မမှီတော့လို့ပါရှင်)

(နောက်ထပ် ဘလော့ဂါများရဲ့ အက်ဆေးနှစ်ပုဒ် ကျန်ပါသေးတယ်..။ သတင်းထောက်ရဲ့ပေါ့လျော့မှုကြောင့် ဖော်မပြနိုင်တာကို ခွင့်လွှတ်ကြပါရန်………) 
ဒီသတင်းထောက်တော့ “များ”နေပြီနော်း)))(ချောင်းရိုက်ခံရတော့မယ်)

ဒါကတော့ “ရသ၀တ္ထုတိုရွေးချယ်ခြင်း”ဘလော့မှာ“၂၀၁၁-ဧပြီ”လအတွက် ပထမဆုရရှိခဲ့တဲ့အစ်မမြသွေးနီရဲ့ “သမီးရဲ့မျက်လုံးလေး” အမည်ရှိ ၀တ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။

ဆက်လက်ပြီး ပရိတ်သတ်အတွက် “ငါးမိနစ်ကဏ္ဍ”မှာ 

စာရေးဆရာမ တစ်ဖြစ်လည်း ဘလော့ဂါ အစ်မချောအိမာန်(မန္တလေး)မှ “လူငယ်”များအနေဖြင့်.မိမိ တတ်မြောက်ထားသောနည်းပညာများ ကို “အလွဲသုံးစား” မပြုလုပ်သင့်ကြောင်း၊ ယခုလောလောဆယ်တွင် ဘလော့ဂါအများစုကြုံတွေ့နေရသောစီဘောက်များမှ
“ယဉ်ကျေးမှု”မရှိသောစာသားများနှင့်ပတ်သတ်၍လည်းမိမိ ဘလော့မှ စီဘောက်ကို ဖြုတ်ထား ရသည်အထိ စိတ်အနှောင့်အယှက်ဖြစ် နေရကြောင်း၊ “ကိုယ်ကျင့်တရား” ကို အလေးထားသည့် အတွက်. မိတ်ဆွေ ဘလော့ဂါများထံတွင် မိမိအမည်ကို အသုံးပြုကာ“မယဉ်ကျေး” သောစာများ ရေးသားထားခဲ့ပါက ချောအိမာန်(မန္တလေး)မဟုတ်ပါကြောင်း အသိပေးကာ  ပါဝင် ဆွေးနွေး သွားပါတယ်ရှင်။

ဒီတစ်ခေါက်တင်ဆက်မယ့်ကဏ္ဍလေးကတော့စာရေးဆရာ“လင်းသိုက်ညွှန့်(မြန်မာ့မြေ)”ရဲ့ ဆောင်းပါးကဏ္ဍဖြစ်ပါတယ်။
ယခုခေတ်လူငယ်တော်တော်များများဟာစာကြည့်တိုက်နဲ့
အလှမ်းဝေးတဲ့အကြောင်းကိုဆွေးနွေးတင်ဆက်သွားတာဖြစ်ပါတယ်။

အကြောင်းအရာကတော့ လူငယ်တွေကို စာများများ ဖတ်စေချင်တဲ့အကြောင်း.၊မြန်မာနိုင်ငံတွင်လည်း စာကြည့်တိုက်များ ဒီ့ထက် ပေါများစေလိုကြောင်း(မှတ်မိသမျှ) စသည်ဖြင့် လူငယ်ပီပီတက်ကြွစွာ ဟောပြော သွားပါတယ်။
ဆက်လက်သွားတာကတော့ “အခြားကဏ္ဍများ” ပဲဖြစ်ပါတယ်

တင်ဆက်ကြသူမျာကတော့ဆရာဟန်ဇော်၊ဆရာမယုယ၊စာရေးဆရာပေါက်စလေးဆရာဝေမိုးနိုင်(မုံရွာ)တို့ပဲဖြစ်ပါတယ်။
ဒီကဏ္ဍလေးမှာတော့ ဆရာဟန်ဇော်နှင့်ဆရာမယုယတို့မှ ထွေရာလေးပါးများကို ဟာသနှောကာ ပြောပြီးနောက် ဆရာဝေမိုးနိုင် နဲ့အင်တာဗျူးကာ ပရိတ်သတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ “ဝေမိုးနိုင်(မုံရွာ)” ဆိုသည်မှာ အသက် ဆယ့်ခြောက်နှစ်သာရှိသေးတဲ့လူငယ်လေးဖြစ်ပြီး ၀တ္ထုတိုလေးများကို အသက် ဆယ့်သုံးနှစ် ကတည်းက စတင်ရေးသားခဲ့တယ် လို့သိရပါတယ်ရှင်။ ဆရာဝေမိုးနိုင်ဟာဒီဇင်ဘာမှာ ပထမနှစ်စတက်မယ့်ဆယ်တန်းအောင်ပြီးစလူငယ်လေးပဲရှိသေးတာကိုအံ့သြစွာသိခဲ့ရပါတယ်ရှင်။
ဒီဇင်ဘာရောက်မှာ တက်ရမှာဆိုတော့ သမီးစံတို့ကျောင်းဟုတ်ဘူးပေါ့နော်။း))
(တစ်မျိုးမထင်ပါနဲ့ကျောင်းမှာတွေ့ရင် မိတ်ဆက်ပြီးတော့ 
အော်တိုလေးဘာလေး ရေးခိုင်းမလို့ပါ… ဟဲဟဲဟဲ )


သမီးစံအနှစ်သက်ဆုံးဝတ္ထုများထဲမှ “မျောက်လက်”၀တ္ထု ပိုင်ရှင် စာရေးဆရာ “မင်းလူ”ဖြစ်ပါတယ်။
ဆက်လက်တင်ဆက်သွားတဲ့ ကဏ္ဍလေးကတော့ “ကြယ်ပွင့်တို့ရဲ့အတိတ်ပုံရိပ်”ဖြစ်ပါတယ်။

စီစဉ်တင်ဆက်သူများကတော့ သရုပ်ဆောင် “ရဲတိုက်”နဲ့Interviewer “မခင်လေးမြင့်”တို့ပဲဖြစ်ပါတယ်။ ရဲတိုက်ကိုတော့သိပြီးမှာပါနော်။မခင်လေးမြင့်ကလည်းစာပေအသိုင်းအ၀ိုင်းမှာ အောင်မြင်နေတဲ့ Interviewer တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ရဲတိုက် ငယ်ငယ်တုန်းက အကြောင်းလေးတွေ ဗျူးသွားတာပါ။
လောလောဆယ် ကိုယ်မြင်နေရတာကတော့“ရဲတိုက်”ကို“ဘေးတိုက်” အနေအထားနဲ့ပါ။းP
နောက်ဆုံးအစီအစဉ်လေးကတော့"ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း"မှတာဝန်ရှိသူများရဲ့
ကျေးဇူးတင်စကားပြောကြားတဲ့အစီအစဉ်ပါတဲ့ရှင်


အယ်ဒီတာ “ဆရာ ဦးမျိုးမြင့်ညိမ်း” မှ ကျေးဇူးတင်စကားပြောကြားနေတာဖြစ်ပါတယ်။



ထို့နောက် အယ်ဒီတာချုပ် "ဆရာဦးဝင်းငြိမ်း" မှ ကျေးဇူးတင်စကားပြောကြားပါတယ်။
ဆရာက သူ့ကိုယ်သူ "CEO"မဟုတ်ပါဘူး "SEO" (Sleep Editor) ဖြစ်ကြောင်း
အရွှန်းဖောက်ကာ ပြောသွားခဲ့ပါသေးတယ်။


"ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း" ရဲ့"ကိုးနှစ်ပြည့်"နှစ်ပတ်လည်အခမ်းအနားမှာ ပါဝင်တင်ဆက်သွားကြတဲ့
ဖူးငုံရဲ့ ၀ိုင်းတော်သားများအား အမှတ်တရ လက်ဆောင် ချီးမြှင့်တဲ့ အစီအစဉ်ဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ အမှတ်တရ ရိုက်ခဲ့တဲ့ပုံလေးပါ။


ပရိတ်သတ်ကြီးရှင်..နောက်ဆုံးပိတ်အိပ်နဲ့လွယ်တဲ့အနေနဲ့ရိုက်ခဲ့သူလေးကတော့ဖြင့်
အားလုံးသိပြီးဖြစ်မှာပါ သရုပ်ဆောင်ချစ်သုဝေဖြစ်ပါတယ်။ချစ်သူ့ဝေဘေးနားက 
နဖူးပြောင်ပြောင်၊အသားမည်းမည်း၊ပါးစပ်ပြဲပြဲ နဲ့တစ်ယောက်ကတော့ သိကြပြီးတော်မူတဲ့အတိုင်း ကိုရီးယား မင်းသမီး "ဂျင်ဆန်းမီ"ဖြစ်ပါတယ်ရှင်။(ရေးရတာ အရသာရှိလိုက်တာ ဟိဟိ)
("မီး" ကိုချောတယ်ပြောရင် "ရေ" အ၀ တိုက်ပါ့မယ် ) :P

နောက်ဆုံးတစ်ခုအနေနဲ့...

"ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း" ကိုးနှစ်ပြည့်မှသည်...နှစ်ပေါင်းများစွာတိုင်အောင် လူငယ်တွေအတွက် အကျိုးရှိတဲ့ မဂ္ဂဇင်းတစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ပါစေရန် သမီးစံမှ 
ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဖူးငုံရဲ့ ၀ိုင်းတော်သားများလည်း ကိုယ်၊စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့တာဝန်ကိုယ်စီ
ဆက်လက်ထမ်းရွက်နိုင်ပါစေ။

ကျေးဇူးအထူးတင်ပါသည်

"ဖူးငုံမဂ္ဂဇင်း"ကိုးနှစ်ပြည့်အခမ်းအနားအားကိုယ်တိုင်တက်ရောက်အားပေးခွင့်ရအောင်ဖိတ်ခေါ်ပေးတဲ့ အစ်မမြသွေးနီအားလည်းကောင်း၊"အပင်နှင့်တူသောသူများ"ခေါင်းစဉ်အတွက်လင်ခ့်ပေးခဲ့သောအစ်မ ချော(အစိမ်းရောင်လွင်ပြင်)အားလည်းကောင်း၊
ဖော်ပြပါ သတင်းများအတွက် ဘလော့ ဂါသတင်း ထောက် သမီးစံအား စပွန်ဆာအဖြစ် ကူညီပံ့ပိုး ပေးကြပါသော "ပြုတ်ပြုတ်ပြုန်းကုမ္မဏီ"နှင့် "တက်တက်ပြောင်" ဂျာနယ်တိုက်မှ တာဝန်ရှိ လူကြီး မင်းများ အားလည်းကောင်း၊ကူညီလိုက်ပါပေးခဲ့သူ သူငယ်ချင်း အားလည်းကောင်း၊ ဖတ်ရှုအားပေးကြကုန် သော ဘလော့ဂါသူငယ်ချင်းများအားလည်းကောင်း အထူးပင် ကျေးဇူးတင်ရှိကြောင်းပါရှင်။

ချစ်ခင်စွာဖြင့်...

Image and video hosting by TinyPic

16 comments:

  1. ဟဲ့ သမီးစံ တော်တော်လေးတူတာဟ တိုတိုပြောနေ တော်ကြာနေ ဂျင်ဆန်းမီ ကြားလို့  ကိုယ့်ကိုယ်သတ်သေသွားအုံးမယ်နော်

    ReplyDelete
  2. ဟားဟားရေပဲ အဝတိုက်မှာဆိုတော့ မပြောတော့ပါဘူး။ တော်ကြာ သွားဖွားမီးယပ်နဲ့ တွေ့မှာဆိုတော့ မရယ်ရဲဘူးဗျ။ :-)

    ReplyDelete
  3. ကြွရောက်လာသော သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...
    နောက်ဆုံးသမီးစံကဓါတ်ပုံတူတူတွဲရိုက်ချင်တယ်ဆိုလို့ ခွင့်ပြုပြီးရိုက်ခဲ့ရပါတယ်
    ခုလိုအသေးစိတ်ကိုသေချာဖော်ပြပေးတဲ့ သမန်းစီးကိုလဲ
    ကျွန်မတို့ အနုပညာရှင်များကိုယ်စား ကျွန်မကပဲ
    ကျေးဇူးတင်ပါတယ်လို့.....
    ချစ်သုဝေ... အဲလေ ယောင်တတ်လိုက်တာ ဘာဆိုင်လို့လဲနော်..
    jasmine

    ReplyDelete
  4. နောက်အစီစဉ်တစ်ခုကတော့ တရုတ်ချောင် ၈ျင်းဆန်းမီ ရဲ့
    စေးစပ်ကြောင်းလှန်လက်ထပ်မင်္ဂလာနာမည်ပေးကင်ပွန်းတပ်နတ်တင်
    ဆွမ်းသွတ်..အဲမှားလို့  မင်္ဂလာဆွမ်းကြွေးဖြစ်ပါတယ်ခင်ညား
    သတို့ သားကတော့ ကျနော် မောင်(စွယ်စုံကျမ်း)...အဟမ်းအဟမ်း မှ
    ဆက်လက်ပြောပြမှာဖြစ်ပါတယ် သတို့ သားမှာ တာရာပွကြီးဖြစ်ကြောင်းပါခင်ညာ...............

    ReplyDelete
  5. အပျိုကြီး ဂျင်ဆန်းမီလေးရေ နေကောင်းလားဗျာ...ချစ်သုဝေနဲ့ နင်လားငါလားပဲဟ။ ဆံပင်နဲ့အ၀တ်အစားလေးပဲ ကွာတဲ့ဥစ္စာ။ ရေတိုက်မှာလား။ မြန်မြန်တိုက်ဟ။ ရေဆာလှပြီ။

    ReplyDelete
  6. စုံလင်ပါပေ့ သတင်းထောက်ရယ်..း)

    ReplyDelete
  7. ဟယ် ဂျင်ဆန်းမီလား ဆောင်းဟေဂျိုလာသွာသကွယ်း)

    ကဲ ပျော်ရွှင်ပါစေ သတင်းထောက်ပေါက်စရေ
    သူရချစ်သုဝေကိုတောင်ရအောင်ရိုက်လိုက်သေးး)

    ခင်တဲ့
    အမ
    မဒိုးကန်

    ReplyDelete
  8. အဟိ... ရဲတိုက်ကမိုက်တယ်နော်.... ရဲတိုက်နဲ့တော့ တွဲမရိုက်ခဲ့ဘူး... ဟွန်း
    ဆက်လက် ထောက်လှမ်းနိုင်ပါစေ...
    ခင်တဲ့..
    Candy

    ReplyDelete
  9. ဖြစ်ပြီ ဖြစ်ပြီ
    ဒီလောက်ဆို သတင်းထောက်လုပ်စားလို့ရပြီ..
    နောက်တစ်ခေါက်ဆို အသံဖမ်းစက်လေးပါယူသွား
    ဒါမှ ဘေးက အတင်းပြောတာတွေပါ သေချာမှတ်လို့ရမှာ ဟိဟိ
    ဒါနဲ့ အဲဒီနေ့က ခရမ်းရောင်နဲ့ အစ်မချောချောခန့်ခန့်ကြီးကိုတွေ့လိုက်တယ်မဟုတ်လား
    သူ့ကို မုန့်မေကျွးခိုင်းခဲ့ဘူးလားး)
    ကျုပ်ရဲ့ စာကိုများ ဗီစီဒီတဲ့ ဟတ်ဟတ်
    ဗီစီဒီက နောက်တော့မှ မင်းသားတစ်ယောက်ယောက်နဲ့ တွဲပြီး ထုတ်မယ်ကွယ်
    အခုတော့ ဟုတ်သေးဘူး
    စုံစုံလင်လင်လေး ဖတ်လိုက်ရလို့ ကျေးဇူးပါ ညီမ မိစံ
    မမြသွေးဆီမှာနဲ့ ညီမဆီမှာ ၂ခုပေါင်းလိုက်တော့ ကိုယ်တိုင်တက်လိုက်ရသလို ပြည့်စုံသွားပါပြီ...

    ReplyDelete
  10. တက်တက်ပြောင် ကုပ္မဏီကို လင့်ခ် ထင်လို့ သွား နှိပ်မိလိုက်သေးတယ်။ တုံးချက်က။ သမီးစံ ဒီ ထက်ပိုပြီး စာတွေ အများကြီး၊ အများကြီး ရေးနိုင်ပါစေ။
    မွမွ
    မြတ်ကြည်

    ReplyDelete
  11. မိုက်တယ်ကွာ..တို့အစ်မကတော့။သတင်းထောက်ပီသပါပေ့ဗျာ။ဒါနဲ့နောက်တစ်ခေါက်ဆိုကြိုပြောနော်၊
    စပွန်ဆာလေးဘာလေးပေးချင်လို့ပါအစ်မရာ...:P:P

    ReplyDelete
  12. ဟယ်...လှလိုက်တာ(ချစ်သုဝေလေးပြောပါတယ်။)
    ဘေးကကလေးမလေးကလည်း မျက်နှာလေးကြည်ကြည်လင်လင်နဲ့
    လီဟန်နီနဲ့တူသလိုလို၊ ဂျင်ဆန်းမီလိုလိုနဲ့ တော်တော်ချစ်ဖို့ကောင်းတာပဲ။
    မစိုး ပိုစိတ်ဝင်စားမိတာကတော့ လက်ကောက်ကြီးပဲ။:P

    ReplyDelete
  13. သမီးစံ ..အဲ.. ဂျင်ဆန်းမီရေ...
    မသိသေးတာတွေ၊ မမြင်လိုက်ရတာတွေ၊ လွတ်သွားတဲ့ အချက်အလက်တွေ ပြန်သိ၊ ပြန်မြင်၊ ပြန်တွေ့လိုက်ရလို့ အင်မတန်မှ ၀မ်းသာ ကျေနပ်မိပါတယ်။ အခုလို ဟာသဇ၀နဥာဏ်လေးနဲ့ ပြည့်ပြည့်စုံစုံရေးထားတော့ ဖတ်ရင်း ပြုံးမိပါတယ်။ teen မှာလည်း တတ်စွမ်းသရွေ့ ပါဝင်ဖို့ ရေးသားနိုင်ကြောင်း ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  14. သမီးစံရေချောတယ် တကယ်ပါ ရေတော့သောက်တော့ဘူးနော်

    ReplyDelete
  15. နာ့ကောင်မလေးနဲ့ တွဲရိုက်တာ ဂျင်ဆန်းမီဟုတ်လား...

    သမီးစံက ချောလိုက်တာ....

    ဘယ်မလဲ ရေ.....

    ReplyDelete
  16. ၀ါးးးးးး နှစ်ယောက်တွဲရိုက်တဲ့ပုံက အတော်ချောတယ်ဗျာ ချစ်သုဝေကိုပြောတာနော် ကဲကဲ သမီးစံလည်း ချော်းးးးး အဲ ချော အယ်ဒီချောလေးတစ်လုံးရေးဖို့ ငါ့လက်တွေကလည်းနော် တုန်နေလိုက်တာ အင်းနာတို့တစ်နှစ်ပြည့်ရင်လည်းဖိတ်ဦးမှ ပါလားနော်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..